ကျွန်တော်ဖတ်ဖြစ်တဲ့ စိတ်ပညာဆောင်းပါးလေးပါ
Yar Zar
စိတ်ရောဂါတွေအကြောင်း ဖတ်ဖြစ်လို့ ပြန်လည်ပြောပြချင်ပါတယ်။ စိတ်ရောဂါ လို့မခေါ်နိုင် တဲ့ စိတ်အခြေအနေလေးတွေကတော့ လူတိုင်းမှာရှိကြပါတယ်။ဒါပေမဲ့ ရောဂါလို့ဆိုရလောက် အောင်ဖြစ်လာပြီဆိုရင်တော့ နည်းလမ်းတကျကုသသင့်သလို ရှက်နေကြောက်ရွံ့နေ စရာမလို ဘူးထင်ပါတယ်။ကဲပါလေ....Bipolar Disorder (ဘိုင်ပိုလာ ဒစ်စ်အော်ဒါ) ခေါ်တဲ့ စိတ်ဝေဒနာ အကြောင်း ရေးပါမယ်။(1)ဘိုင်ပိုလာ ဒစ်စ်အော်ဒါ ရောဂါဆိုတာ ဘာလဲ
ဘိုင်ပိုလာ ဒစ်စ်အော်ဒါကို နောက်တစ်မျိုးပြောရရင်တော့ အကြီးအကျယ် စိတ် အတက်အကျ မြန်တာ တစ်ပြိုင်တည်း ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါဖြစ်ပါတယ်။ စိတ်အနေအထားရော၊ စွမ်းအင်ရော၊ လုပ်ဆောင်မှုတွေပါ အလွန်အမင်း ရွှေ့ပြောင်းတဲ့ရောဂါမျိုးပါ။ အဲဒီလို ပြောင်းလဲမှုဖြစ်တဲ့အခါ တချို့က သိမ်သိမ်မွေ့မွေ့ ဖြစ်ခဲ့ပေမယ့် တချို့မှာတော့ လှုပ်လှုပ် ခတ်ခတ် ငိုငိုရယ်ရယ်နဲ့ လူသိသူသိကို ဖြစ်လေ့ရှိတာမျိုးပေါ့။ လူတစ်ဦးနဲ့တစ်ဦးဖြစ်တာ မတူပါ ဘူး။
USမှာတော့ လူဆယ်သန်းလောက်မှာ ဒီရောဂါဖြစ်နေပြီး ယောက်ျားနဲ့မိန်းမ ဖြစ်ပွားမှု ဆတူလောက်ပဲရှိသတဲ့။ဒီရောဂါက နာတာရှည်ရောဂါမျိုးပါ။ တချို့ဆိုရင် တစ်သက်လုံးဖြစ် သွားတတ်ပါတယ်။ ရောဂါရှင်များမှာတော့ ခပ်ကြမ်းကြမ်း အရူးထတာမျိုးနဲ့ စိတ်ဓာတ်ကျတာ မျိုး တစ်ပြိုင်တည်း ဖြစ်တတ်ပြီး အဲဒါမျိုးက ရက်တွေ လတွေကြာတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ လူကြီးပိုင်းဝင်ခါနီးအချိန်တွေ
(၂) ဘိုင်ပိုလာရဲ့ တက်ကြွလွန်းတဲ့ လက်ခဏာများ
- အလွန်ပျော်ရွှင်မှု၊စိတ်ဓာတ်တွေ
- ရုပ်စွမ်းအားနဲ့ ဥာဏ်စွမ်းအားတွေ တိုးမြင့်လာပြီး လှုပ်လှုပ်ရှားရှား တရားလွန်အောင် လုပ်ခြင်း။
-အတွေးအမြင်တွေ၊ကြံဆမှုတွေ လျင်မြန်နေခြင်း
-စကားအပြောများပြီး သာမန်ထက်စကားတွေ မြန်နေခြင်း
- ကြီးကျယ်လွန်းတဲ့ ရည်မှန်းချက်တွေကို ပြောနေခြင်း
-အန်တရယ်ဖြစ်မှာ မကြောက်ခြင်း
-မတွေးတော၊မဆင်ခြင်နိုင်ဘဲ ငွေသုံးမှု၊လိင်ဆက်ဆံမှုနဲ့ အရက်သောက်မှုတွေ ဖြစ်နေခြင်း
-အိပ်ရေးနည်းလာပေမယ့် မောပန်းမှု မဖြစ်ခြင်း။
(၃) ဘိုင်ပိုလာရဲ့ စိတ်ဓာတ်ကျလက်ခဏာများ
-အားအင်တွေ ဆုံးရှုံးသွားခြင်း
-၀မ်းနည်းမှု ကြာရှည်ခြင်း
-စွမ်းအင်များ၊ လှုပ်ရှားမှုများ လျော့နည်းသွားခြင်း
-ငြိမ်ငြိမ်မနေနိုင်ဘဲ စိတ်တိုလွယ်ခြင်း
-ဘာမှ အာရုံမစိုက်နိုင်၊ဆုံးဖြတ်ချက် မချနိုင်ဖြစ်ခြင်း
-ပူပန်မှု၊စိတ်သောကရောက်မှု စတဲ့ ခံစားမှုတွေ လွန်ကဲလာခြင်း
-နှစ်သက်လေ့ရှိသောအားကစား(သို့
-အပြစ်ရှိသလို၊မျှော်လင့်ခြင်း
-ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့တွေးနေခြင်း
-အစာကို အလွန်စားခြင်း (သို့) လုံးဝမစားနိုင်ခြင်း
-အိပ်စက်မှု မူမမှန်ဖြစ်ခြင်း (အလွန်အိပ်ခြင်း (သို့) မအိပ်နိုင်ခြင်း)
(၄) ဘိုင်ပိုလာရဲ့ ရောဂါနှစ်မျိုးပေါင်းမှုဆိုတာ ဘာလဲ
တက်ကြွလွန်းတဲ့ လက်ခဏာများနှင့် စိတ်ဓာတ်ကျခြင်းလက်ခဏာနှစ်မျိုး တစ်ချိန်တည်းမှာ ဖြစ်ခြင်း၊ရောဂါလက်ခဏာနှစ်မျိုး
(၅) ရောဂါရဲ့ အလျင်အမြန် ဖြစ်ပွားလှည့်ပတ်မှုက ဘာလဲ
တစ်ခါတစ်လေ ဝေဒနာရှင်တစ်ချို့မှာ အဲဒီလို အစွန်းရောက်လက်ခဏာမျိုး(အလွန်စိ
(၆) ဘိုင်ပိုလာ ဒစ်စ်အော်ဒါ ဖြစ်စေတဲ့ အချက်များ
အဓိက အကြောင်းအရင်း အချက်ကို မသိရသေးပေမယ့် ဆေးသိပ်ပံပညာရှင်များကတော့ အကြောင်းအမျိုးမျိုးကြောင့်ထွက်
(၇) ဘယ်လို ကုသရမှာလည်း
ဘိုင်ပိုလာ ဒစ်စ်အော်ဒါကို လုံးဝ ပျောက်ကင်းအောင် ကုသလို့မရပေမယ့် ငြိမ်သွားအောင်တော့ ကုသနိုင် သတဲ့ ။တိတိကျကျဆေးပေးနိုင်ရင် အကောင်းဆုံးအဆင့်အထိတော့ နေကောင်းသွားကြတာပါ။ သင့်တော် တဲ့ ဆေးသောက်ရမှာကတော့ အဓိကကုသပေးနည်းပါပဲ။စိတ်ကုထုံး
ဆေးတိုက်ကျွေးတဲ့ အခါ တက်ကြွလွန်းတဲ့ အတွက်ရော၊ စိတ်ဓာတ်ကျတဲ့အတွက်ရော ဆေးနှစ်မျိုးတိုက် ကျွေးရမှာဖြစ်သလို စိတ်အတက်အကျမြန်တဲ့ ဖြစ်ရပ်တွေ အကြိမ်နည်းသွားအောင်လည်းကာကွယ်ေ
ဘိုင်ပိုလာ ဒစ်စ်အော်ဒါဆိုတဲ့ စိတ်အတက်အကျ အလွန်မြန်ပြီး စိတ်မထိန်းနိုင်တဲ့ရောဂါကို ဆယ်ကျော် သက်တွေမှာ အဖြစ်များတာမို့ ဆယ်ကျော်သက်အရွယ်တွေ အရွယ်ပြောင်းချိန်မှာ မိဘများ အထူးဂရုစိုက်ရ မှာပါ။ မဟုတ်ရင် ရောဂါက အရိုးစွဲသွားတတ်ပါတယ်။ အိမ်တစ်အိမ်မှာ (သို့) မိသားစု တစ်စုမှာ စိတ်ဝေဒနာ ရှင်ရှိနေပြီဆိုရင် တစ်အိမ်လုံး စိတ်မချမ်းမသာဖြစ်ကြရတာမျိုးလေ။
0 comments:
Post a Comment