ကိုယ့်မီဒီယာကို အထင်ကြီးလှချည်လား ဆရာကြီးရယ် ....... (ကိုဝင်းနိုင်)
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက အခုအခါ အတိုက်အခံပါတီ မဟုတ်တော့ဘဲ ၊ အာဏာရ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မောင်နှမပါတီလိုဖြစ်နေပြီဆိုတော့ သာမာန်ပြည်သူများမှာ သတင်းမီဒီယာတွေ
ကိုပဲ အားကိုးအားထားပြုပါတော့တယ် .................... တဲ့ မီဒီယာ တို့ရဲ့ ဆရာကြီး လူထုစိန်ဝင်းရဲ့
Weekly Eleven ဂျာနယ်ပါ “အောက်ခြေက လူတွေအတွက် သံတော်ဆင့်” ဆိုတဲ့ ဆောင်းပါးက
ကောက်နှုတ်ချက်ပါ၊
"ကိုယ့်မီဒီယာကြီးကို အထင်ကြီးလှချည်လား ဆရာကြီးရယ်"
သန်းခြောက်ဆယ်သောပြည်သူများကြားမှာ ဂျာနယ်စောင်ရေ ဘယ်လောက်များထုတ်နေလို့ ဒီစကားကို
ဆိုရတာပါလဲ၊ ဆရာကြီးတို့ရဲ့ခြောက်ရာကျပ်တည်းဟူသော ဂျာနယ်ရောင်းဈေးဟာ အောက်ခြေက
လူတွေအတွက် မိသားစု ဟင်းတစ်နပ်စာရနိုင်ပါတယ်၊
အောက်ခြေက ပြည်သူတိုင်းရဲ့ မျှော်လင့်ချက်ဟာ
ဒေါ်အောင်ဆန်းစုကြည်ပါ။ ဆရာတို့ ဂျာနယ် မရောက်တဲ့ ဝေးလံခေါင်းဖျား တိုင်းရင်းသားဒေသတွေက
ပြည်သူတွေရဲ့ မျော်လင့်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ထိုင်းနိုင်ငံမှာ တနေ့ ၁၂ နာရီလုံး ပုဇွန်ခွာမှ
ဘတ် ၃၀ သာရတဲ့ မြန်မာလူမျိုးအားလုံးရဲ့ မျော်လင့်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒီနေရာမှာ
ဒီစကားကိုဆိုရတာ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ လုံးဝ မပါဘဲ ဓမ္မဒိဋ္ဌာန်ကျကျ မြင်ကြည့်ခြင်းပါ။
ဆရာကြီးလိုပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဒီလိုစကားမျိုးထွက်လာတော့ အရမ်းအံ့သြမိပါတယ်၊ ဂရုဏာ ဒေါသောနဲ
့ပြောခြင်းမျိုးလား၊ နောက်ထပ်ပေါ်ထွက်လာနိုင်တဲ့တတိယ အုပ်စုအတွက် အဂတိစကားလား ထင်ယောင်
ထင်မှားဖြစ်မိပါတယ်။
မီဒီယာအပေါ်မှာ သြဇာရှိတယ်ဆိုတိုင်း ပြည်သူကို အထင်သေးတဲ့စကားမျိုးပြောတာ လုံးဝကန့်ကွက်ပါတယ်၊
ဒေါ်စု ဘာလဲ၊ ဘယ်လဲ ဆိုတာ (ခေတ်စကားနဲ့ပြောရင်) အားလုံးပေါက် ပါတယ်။ ပေါက်ပြီးသားပါ။
ခုချိန်မှာ ဒီလိုကြိုကန်လိုက်တာဟာ သဘောရိုးမဟုတ်ဘူးလို့ ယူဆမိကြောင်းပါ ဆရာကြီးခင်ဗျား .......
ကိုဝင်းနိုင် (facebook.com/goldenwinnaing)
ထားလိုက်ပါတော့ ကိုဝင်းနိုင်ရယ်။
မောင်နှမ ပါတီလို့ ပြောတာပဲ။ မောင်နှမ ဆိုတာ တည့်ဖို့မှ မလိုတာ။
မောင်နှမ ပါတီဆိုတာ မြန်မာနိုင်ငံမှာ ပေါက်ဖွားလာတဲ့ ပါတီအားလုံးကို မောင်နှမပါတီလို့ ပြောလိုက်တာနေမှာပါ။ တခါတလေ ဦးနှောက်ထဲ အောက်ဆီဂျင် ရောက်တာနည်းရင် အဲသည်လိုတွေ ဂရောင်ချောက်ချား ပြောတတ်ပါတယ်။ ဆရာကြီးကိုတော့ ဗွေမယူတော့ပါဘူး .... သူပဲ အရင်က မင်္ဂလာရှိကြောင်း ဆောင်းပါးတွေ ရေးနေတာမဟုတ်လား
မောင်နှမပါတီလို့ ခေါ်ပြီးရင် လင်မယား ပါတီလို့ ခေါ်အုန်းမှာ။ တိတ်တိတ်ပုန်း မီဒီယာသမားတချို့က ဒီလိုပါပဲ။
ဟဲ ဟဲ ဟဲ .....
(ဒီမိုဖက်တီး)
0 comments:
Post a Comment