ဗုဒ္ဒဘာသာသည်လွတ်လပ်သောဘာသာတရား--
ဆရာတော်ဦးဇောတိက --
မြတ်စွာဘုရားဟာ လမ်းကိုညွှန်ပြတဲ့သူပဲဖြစ်တယ်။ ကယ်တင်ရှင်မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်တာကို လိုချင်တဲ့သူမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။ ဒီဆင်းတုတော်ကိုကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ ဒီဆင်းတုတော်ကတန်ခိုးကြီးတယ် လို့ပြောနေတာ ဟာ ဘုရားဟောနဲ့ဘယ်လောက်ဝေးကွာသွားပြီလဲ။ ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ပြောတာဟာ ဗုဒ္ဒဘာသာတရားကို ဘာမှမသိတဲ့သူတွေရဲ့ အတွေးအခေါ် ပါ။ idol worship ရုပ်တုကိုးကွယ်မှုဖြစ်သွားပြီ။ ဗုဒ္ဒဘာသာတရားဟာ ရုပ်တုကိုးကွယ်မှုကို အားပေးတဲ့ဘာသာတရားမဟုတ်ပါဘူး။
ဝက္ကလိ မထေရ်အကြောင်း ကြားဖူးသလား
ကြားဖူးပါတယ်ဘုရား
အကျဉ်းချုပ်ပြောမယ်။ ဝက္ကလိမထေရ်ဟာ ဘုရားကိုသိပ်ကြည်ညိုတယ်။ ဖူးလို့အားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့နေရာမှာထိုင်ြ ပီးတော့ ဖူးနေတတ်တယ်။ အေးချမ်းတဲ့သူကို
ဖုးရတာအေးချမ်းမှာပဲနော်။ သာမနဉ္စဒသ၁နံ ဆိုတဲ့ မင်္ဂလာတရားနဲ့လည်းညီပါတယ်။
အကျိုးရှိပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားက ဝက္ကလိမထေရ်ကို မိန့်တော်မူတယ်။
ကိံတေ ဝက္ကလိ က္ကုမာနာ ပူတိကာယေန ဒိဌေန
ယော ဓမ္မံ ပသ၁တိ သော မံ ပသ၁တိ
ဓမ္မပဒ
What does it bring to you , Vakkali by looking at this physical body of filth? He who sees the Dhamma sees me.
မြတ်စွာဘုရားဟာ လွတ်လပ်သူဖြစ်တယ်။ လွတ်လပ်စေချင်တယ်။ ဒါကြောင့် --- ဒီခန္ဒာကိုယ် အပုတ်ကောင်ကို ဖူးနေတာ ဘာအကျိုးရှိသလဲ -- ဝက္ကလိ တရားကိုမြင်တဲ့သူဟာ ငါဘုရားကိုမြင်တယ် ။ တရားကိုမမြင်ရင် ဘုရားကိုမမြင်ဘူး --- လို့ မိန့်တော်မူလိုက်တယ်။ တရားကိုမြင်ပြီးလွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကိုဖူးနေယုံနဲ့ လွတ်လပ်တဲ့သူမဖြစ်နိုင်ဘူး။
သက်တော်ထင်ရှားဘုရားကိုတောင် ဖူးနေတာကိုအားမပေးဘူး။ ရုပ်ရည်ကိုဦးစားပေးတာကိုအားမေ ပးဘူးလို့လည်းဆိုနိုင်တယ်.
။ ဒီရုပ်ရည်က ဘုရားအစစ်မဟုတ်ဘူး။ အမှန်တရားကိုသိတော်မူတဲ့ ဥာဏ်တော်ကသာ
ဘုရားအစစ် ။ ရုပ်ရည်က အဲဒီဥာဏ်တော်ရဲ့ မှီရာပဲဖြစ်တယ်။
အဲဒီတော့အခုခေတ်ဆင်းတုတော်တွေကို ကိုကွယ်တာကို ဘုရားဘယ်လို
မိန့်တော်မူမလဲ။ ဆင်းတုတော်ဆိုတာ symbol ဖြစ်ပါတယ်။ ရည်မှန်းရာသင်္ကေတတစ်ခု။
ကိုယ့်မိဘရဲ့ဓါတ်ပုံဟာ မိဘအစစ်မဟုတ်ဘူး။ ဒါပေမယ့်မိဘကိုယ်စား ကြည့်စရာ
ရည်မှန်းရာပဲ။
He who sees the Dhamma sees me.
တရားကိုမြင်တဲ့သူမှ ဘုရားကိုမြင်တယ်။
အမှန်တရားကို မြင်ပြီးသိပြီး လွတ်လပ်တဲ့အခါမှာ မှ ဘုရားကို ကြည်ညိုတတ်လာတယ်. ။ထူးထူးဆန်းဆန်းပုံတော်ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုယုံနဲ့ ဘုရားကိုကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူးနော်----
the Tathagatas are only showing the way.
ဘုရားဟာ လမ်းကိုညွှန်ပြလိုက်တာပဲ ။ ညွှန်ပြတဲ့လက်ညှိုးကိုကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုးဘယ်ကိုညွှန်သလဲဆိုတာ ကို ကြည့်ပြီး ရောက်အောင်သွားရမယ်။
ဗုဒ္ဒဘာသာတရားဟာ လွတ်မြောက်မှုကို လမ်းညွှန်ပေးတဲ့ဘာသာတရားဖြစ်တယ်။
ရွှန်လန်းချမ်းမြေ့ကြပါစေ--
ကိုစိုးနိုင်
မြတ်စွာဘုရားဟာ လမ်းကိုညွှန်ပြတဲ့သူပဲဖြစ်တယ်။ ကယ်တင်ရှင်မဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်တာကို လိုချင်တဲ့သူမဟုတ်ဘူး။ ပုဂ္ဂိုလ်စွဲကိုးကွယ်ဖို့ အားမပေးဘူး။ အခုခေတ်မှာတော့ ဆင်းတုတော်ကိုတောင် ပုဂ္ဂိုလ်စွဲကိုးကွယ်နေကြတယ်။ ဒီဆင်းတုတော်ကိုကိုးကွယ်ရင် ဘယ်လိုအကျိုးများတယ်။ ဒီဆင်းတုတော်ကတန်ခိုးကြီးတယ် လို့ပြောနေတာ ဟာ ဘုရားဟောနဲ့ဘယ်လောက်ဝေးကွာသွားပြီလဲ။ ဒီဆင်းတုတော်က ဟိုဆင်းတုတော်ထက် တန်ခိုးကြီးတယ်လို့ပြောတာဟာ ဗုဒ္ဒဘာသာတရားကို ဘာမှမသိတဲ့သူတွေရဲ့ အတွေးအခေါ် ပါ။ idol worship ရုပ်တုကိုးကွယ်မှုဖြစ်သွားပြီ။ ဗုဒ္ဒဘာသာတရားဟာ ရုပ်တုကိုးကွယ်မှုကို အားပေးတဲ့ဘာသာတရားမဟုတ်ပါဘူး။
ဝက္ကလိ မထေရ်အကြောင်း ကြားဖူးသလား
ကြားဖူးပါတယ်ဘုရား
အကျဉ်းချုပ်ပြောမယ်။ ဝက္ကလိမထေရ်ဟာ ဘုရားကိုသိပ်ကြည်ညိုတယ်။ ဖူးလို့အားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားကို မြင်နိုင်လောက်တဲ့နေရာမှာထိုင်ြ
ကိံတေ ဝက္ကလိ က္ကုမာနာ ပူတိကာယေန ဒိဌေန
ယော ဓမ္မံ ပသ၁တိ သော မံ ပသ၁တိ
What does it bring to you , Vakkali by looking at this physical body of filth? He who sees the Dhamma sees me.
မြတ်စွာဘုရားဟာ လွတ်လပ်သူဖြစ်တယ်။ လွတ်လပ်စေချင်တယ်။ ဒါကြောင့် --- ဒီခန္ဒာကိုယ် အပုတ်ကောင်ကို ဖူးနေတာ ဘာအကျိုးရှိသလဲ -- ဝက္ကလိ တရားကိုမြင်တဲ့သူဟာ ငါဘုရားကိုမြင်တယ် ။ တရားကိုမမြင်ရင် ဘုရားကိုမမြင်ဘူး --- လို့ မိန့်တော်မူလိုက်တယ်။ တရားကိုမြင်ပြီးလွတ်လပ်တဲ့သူ ဖြစ်စေချင်တယ်။ မျက်နှာတော်ကို ဖူးနေတာကို အားမပေးဘူး။ မျက်နှာတော်ကိုဖူးနေယုံနဲ့ လွတ်လပ်တဲ့သူမဖြစ်နိုင်ဘူး။
သက်တော်ထင်ရှားဘုရားကိုတောင် ဖူးနေတာကိုအားမပေးဘူး။ ရုပ်ရည်ကိုဦးစားပေးတာကိုအားမေ
He who sees the Dhamma sees me.
တရားကိုမြင်တဲ့သူမှ ဘုရားကိုမြင်တယ်။
အမှန်တရားကို မြင်ပြီးသိပြီး လွတ်လပ်တဲ့အခါမှာ မှ ဘုရားကို ကြည်ညိုတတ်လာတယ်. ။ထူးထူးဆန်းဆန်းပုံတော်ထုထားတဲ့ ဆင်းတုတော်ကို ကြည်ညိုယုံနဲ့ ဘုရားကိုကြည်ညိုတတ်ပြီလို့ မဆိုနိုင်သေးဘူးနော်----
the Tathagatas are only showing the way.
ဘုရားဟာ လမ်းကိုညွှန်ပြလိုက်တာပဲ ။ ညွှန်ပြတဲ့လက်ညှိုးကိုကြည့်ရုံနဲ့ မလုံလောက်သေးဘူး။ လက်ညှိုးဘယ်ကိုညွှန်သလဲဆိုတာ ကို ကြည့်ပြီး ရောက်အောင်သွားရမယ်။
ဗုဒ္ဒဘာသာတရားဟာ လွတ်မြောက်မှုကို လမ်းညွှန်ပေးတဲ့ဘာသာတရားဖြစ်တယ်။
0 comments:
Post a Comment