ယုံတာကို အကျင့်ခံရမှာပေါ့။
ဆက်ပြောရအုံးမယ် သားရေ မင်းကတော့လွတ်လပ်ရေးနေ့မှာ မွေးတော့ လွတ်လပ်မူကို
မင်းမြတ်နိုးတတ်ပြီး လွတ်လပ်မူကို ထိမ်းသိမ်းတတ်ရမှန်းသိနေတယ်၊ မင်းရဲ့
လွတ်လပ်မူကို ထိပါးမယ့် အရေးကာကွယ်ဖို့ မင်းက အမြဲ သတိရှိခဲ့တာပေါ့၊
သတိရှိရမယ်ဆိုတဲ့ အသိနဲ့ ပညာနဲ့ အတွေ့အကြုံကို မင်းတန်းဖိုးထားခဲ့တယ်၊
အချိန်ပေးခဲ့တယ်။ ဘယ်လောက်ပဲ ရှိရှိ ဒီမှာကတော့ သည်မှာက
ယုံကြည်မူပျောက်နေတယ်၊ ယုံကြည်မူက ခွေးလည်းမဆွဲဘူး ချလည်းမစားဘူး
မတရားကျင့်ခံရလို့ ရှက်ပြီးပုန်းနေတာ၊ လူတော်တိုးဖို့ အလှပြင်ရုံရှိသေးတယ်
အလိုမတူပဲ အကျင့်ခံပြီ၊ သူရှက်ပြီပေါ့ သားရေ။
ကိုပီတာတို့ ဆယ်တန်းတုံးက အဖြစ်ပျက်တစ်ခု သတိရမိတယ် ၊
ဆယ်တန်းအောင်စာရင်း မထွက်ခင်ညမှာ အတန်းထဲက ပိုက်ဆံရှိပြီး ခတ်ချောချော
အတန်းထဲက ကောင်မလေးက အောင်စာရင်းမကပ်သေးပဲ သူအောင်ပြီဆိုတာ ကြိုသိခွင့်ရပြီး အောင်ပွဲခံတာပေါ့၊ မိဘတွေက ပိုက်ဆံ အရှာကောင်း
တော့ မုံ့ဘိုးများများရလာတယ်၊ လာပြောတဲ့ သူကလည်းမိဘ တွေယုံလောက်တဲ့ သူပဲဖြစ်ရမယ်၊ ဒါဆို လာပြောတဲ့လူက ခေသူမဟုတ်ဘူးပေါ့၊ သူ
အောင်လို့ပျော်တာထက် မိဘတွေက သူငယ်ချင်းတွေနဲ့ သွားစားခွင့် ထွက်ခွင့်ရလို့ ပိုပျော်နေတာ ပေါ့၊ ကိုပီတာတို့ ဗရုပ်အုပ်စုတောင် သူတို့က အဖက်
လုပ်ကျွေးသေးတယ်၊ နောက်ကြ ပြောင်ကြနဲ့ ပျော်စရာကြီး ည နက်မှ လမ်းခွဲကြတယ်၊ သူအိမ်က စောင့်ခေါ်တဲ့ အဒေါ်ကြီးတွေက ပြုံးပြုံး၊ ပြုံးပြုံး နဲ့
တို့ကျောင်းက မောင်နှမတွေ လမ်းခွဲခဲ့ ကြတယ်။
မနက်ရောက်တော့ အောင်စာရင်းမှာ သူနာမည်က ပါမလာဘူးသားရေ၊ ညက စားထားတာတွေ အန်ချရတော့မလို၊ ညက ထိုင်ခဲ့တဲ့ဆိုင်နား သွားမထိုင်
ရဲဘူး၊ ဘယ်တတ်နိုင်မလဲ ဖြစ်လာတော့ ပိုခံစားရတဲ့သူ သွားအားပေးရတော့ဒါပေါ့၊ လာပြောတဲ့သူကို ဘယ်သူလဲလို့ မေးကြတာပေါ့ တိုမြန်မာပြည်
ကလူတွေက တလွဲကောင်းလေ၊ မသိချင်ပါနဲ့ သူလည်းစေတနာနဲ့ ပြောတာပါ၊ လက်သည်မပေါ်ဘူး ဒါပေမယ့် သူကတော့ လမ်းမထွက်ရဲတော့ဘူး၊
သူကိုကြည့်ပြီး ပြုံးပြရင်တောင် လှောင်ပြုံးဖြစ်နေပြီ။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်ကျွေးပြီး အရှက်ဝယ်ရတဲ့ ကိန်း ယုံကြည်မူကို မတရားလုပ်ခံလိုက်ရပြီ။
ပြောတဲ့သူက မျက်စိရှန်းတာလား ထင်မြင်ချက်လားမသိ သူအဖေကို ခင်ဗျာ သမီးအောင်တယ် လို့ညက ကြားတယ် ဘာကျွေးမလဲ လို့ဘုမသိဘမသိ
လာမေးရင် လှမ်းမေးရင်၊ ကိုယ့်ဒီလိုချမ်းသာလာအောင် အဘက်ဘက်က သတိထားပြီး ကြိုးစားစောင့်ရှောက်ခဲ့တာတွေ၊ ကိုယ်ကို ဆရာ ဆရာ လို့
ခေါ်နေတဲ့ တပည့် တွေ၊ အောင်မြင်သူဆိုပြီး ရင်ကော့ထားတာတွေ၊ ကိုယ့်မိသားစု မြင်ရင် နေရာပေးချင်သူတွေ၊ အားလုံး ရဲ့မေးခွန်းကို သမီးလေး
အောင်တယ်လို့ ညက ကြားမိတယ်ဆရာ ဂုဏ်ထူးဘယ်နှစ်ဘာသာလဲ၊ ခင်ဗျာက စီးပွားရှာတာတင်မကဘူး သားသမီး ထိန်းတာပါ တော်တယ်၊
လို့ပြောလာရင် သူ၊ သူ့အဖေ၊ သူကို အော်ဆဲပြီး ရိုက်မလား၊ ငါညံလို့ ငါအတွေ့အကြုံအရ မဖြစ်သေးတာကို ယုံမိတာ ငါသမီး သနားပါတယ်၊
ငါညံတာ ငါညံတာ။ သူအောင်မြင်ခဲ့သမျှဟာ သူအတွက်မလုံလောက်တော့ဘူး ဆိုဒါသူသိသွားပြီလား။
သားရေ ကိုပီတာတို့ ဆီမှာ ဒီလိုအဖြစ်မျိုးဆက်ဖြစ်တုံးပဲ၊
ဘာဒီမိုကရေစီမှ မရသေးဘူး ဖိနှိပ်ထားတုံး နားလည့်ပါးရိုက်လုပ်တုံး၊ ဦးသိန်းစိန်ကို ယုံပါ
တယ်၊ယုံတယ်၊ လုပ်ပေးမှာပါ၊ အောင်စာရင်းက မထွက်သေးဘူး၊ အားလုံးခေါ်ပြ ပေးမှာပါ၊ ဖြစ်မှာပါ၊ ရုပ်ရှင် ရိုက်အောင်ပွဲခံ၊ဟိုတိုင်းပြည် လက်တို့
ဒီတိုင်းပြည် လက်တို့ ၊ရရင် ပေးရင် လာကူနော်၊ ရုပ်သိမ်းပေးပါ၊ ပြောတဲ့သူပြော၊ ပေးမှာပါ ၊ ကြည့် သူတို့က ပေးမှာမို့လို့ နိုင်ငံရေး အကျဉ်းသားတွေ
ယုံကြည်ချက်ကြောင့်၊ အမှန်တရားကို ချစ်တတ်သူတွေ၊ ပေးဆပ်သူတွေကို ၊ လွတ်ပေးတော့မှာ၊ ငါတို့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံထဲ ပါဝင်လာတော့
မှာ စာရင်းပါတော့မှာ၊ ဒီရက် အတွင်းလွတ်မှာပါ၊ သေစမ်း အားလုံးသေစမ်း၊ ဒီလိုဖြေရုံ ဒီလောက်ဖြေရုံနဲ့ အောင်မယ်ထင်တာကိုး အားလုံး ကျတယ်။
အာစီယံ နံပတ် ၀မ်းဖြစ်ရုံနဲ့မရပါ၊ အမေရိကန်လာရုံနဲ့မအောင်ပါ၊ NLD ၁၉၉၀ အောင်နိုင်မူ ဖျက်ဆီးပြီး မှတ်ပုံတင်ရုံနဲ့ မဖြစ်ပါ၊ ရုပ်ရှင်တွေ ရိုက်ပြ၊
အဆိုတော် တွေနဲ့ နေပြလည်းမရပါ၊ ယုံကြည်မူက ခွေးတောင်မစားတော့ပါ၊ မတရားကျင့်ခံနေရပြီ။
ဆရာတော်တွေကို လူထွက်ခိုင်းပြီ၊ တရားဟောခွင့် ပိတ်လိုက်ပြီ၊ သူခိုးက လူဟစ်လို့ရပြီ၊ နိုင်ငံရေးအကျဉ်းသားမရှိပါတဲ့။
သူခိုးကလူဟစ်နေပြီ ပေါ့။ ယုံတာကို ယုံရင် အကျင့်ခံရမှာပေါ့။
ကိုပီတာ
စမ်းချောင်း
--
I pray for you. please pray for me.
peter l ure

0 comments:
Post a Comment