အမေ့ မှာတမ်းများ
ကျွန်တော့်အမေသည်စာမရေးတတ်၊ မဖတ်တတ်ပါ။
အမေ၏ဆုံးမစကားတို့သည် ရှင်းသည်၊ တိကျသည်၊ ပြတ်သားသည်၊ နားလည်လွယ်သည်။
ပါဠိစာသားများ မပါဝင်ပါ။
ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်း
ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ
အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့၎င်းးပစ္စည်းများတန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင်
အဖိုးအနဂ္ဃထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏
မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်း။
"သတိမမူဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။
အသက်သည်အမွေတစ်ခုဟု အမေက ကျွန်တော် သိစေချင်သည်။ ဒီအသက်အမွေကို
အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင်
နေထိုင်စေချင်သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ
အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောခဲ့သည်။
ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဟု
ကျွန်တော်နားလည် သဘောပေါက်ပါပြီ။ အမေက ပြောဖူးသည့် အမေ့ မှာတမ်းများကို...အမေ့ ကိုချစ်သောသားသမီးတိုင်းအတွက်…
ကျွန်တော်အလျှင်းသင့်သလိုပြောပြပါမည်..။
အမေမှာတမ်း-၁
အမေ့ မှာတမ်း-၁ "မွေးလာကတည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"(ရွှေအာလူး)
0 comments:
Post a Comment