တရားခံဘယ်သူလဲ Who is Defendant
oud Cuckoo Land created a doc.
ခေတ်မီ
ဖွံ့ဖြိုး တိုးတက် မှုသည် လူနေ မှုအဆင့်အတန်းကို မြှင့်တင် ပေးပါသည်။
လူတိုင်း လည်း လိုလား ကြပါသည်။ ခေတ် မီ ဖွံ့ဖြိုး တိုးတက် တော့ လူတိုင်း
သက် သောင့် သက် သာ ဇိမ်ကျကျနေနိုင်ကြသည်။ မြင်းလှည်း၊
နွားလှည်းစီးရာမှ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကား၊ သင်္ဘော၊ လေယာဉ်ပျံဖြင့်
တစ်ဆင့်ပြီး တစ်ဆငက့် လူတွေအချိန်တိုတိုနဲ့လိုရာ ...ခရီးကိုရောက်နိုင်သည်။ သက်သောင့်သက်သာနေနိုင်ကြသည်။ ထို့အတူ ရေဒီယို နားထောင်နေရာက TV ကြည့်နိုင်လာကြ သည်။
ကွန်ပျူတာကိုင်လာကြသည်။ အင်တာနက်ကြည့်နိုင်၊ ခေတ်မီလာကြ သည်။ အဲဒီလိုပါပဲ စားသောက်ရာမှာ လည်း အဆင်သင့် ချက်ပြုတ်စားသောက်နေနိုင် ကြသည်။ ရယ်ဒီမိတ်တွေ ထွက်လာကြသည်။ အဲဒီလို တိုးတက်လာကြတော့ သက်သောင့်သက်သာနေလာကြတော့ ကိုယ်တိုင် လုံ့လဝီရိယမစိုက်ထုတ်ကြ တော့ ကာယလေ့ကျင့်မှုတွေမရှိ ရေနွေးနဲ့ အဆင်သင့်ပြုတ်ပြီးစား၊ ရေနွေးနဲ့ အဆင် သင့် ကော်ဖီမစ်တွေ ဖျော်သောက်၊ သက် သောင့်သက်သာ ရှိလိုက်တာ၊ အဆင်သင့်ခူးခပ် စားနိုင်ကြတောမကြိုက်ဘယ်မှာ ရှိမှာလဲ။
ကွန်ပျူတာကိုင်လာကြသည်။ အင်တာနက်ကြည့်နိုင်၊ ခေတ်မီလာကြ သည်။ အဲဒီလိုပါပဲ စားသောက်ရာမှာ လည်း အဆင်သင့် ချက်ပြုတ်စားသောက်နေနိုင် ကြသည်။ ရယ်ဒီမိတ်တွေ ထွက်လာကြသည်။ အဲဒီလို တိုးတက်လာကြတော့ သက်သောင့်သက်သာနေလာကြတော့ ကိုယ်တိုင် လုံ့လဝီရိယမစိုက်ထုတ်ကြ တော့ ကာယလေ့ကျင့်မှုတွေမရှိ ရေနွေးနဲ့ အဆင်သင့်ပြုတ်ပြီးစား၊ ရေနွေးနဲ့ အဆင် သင့် ကော်ဖီမစ်တွေ ဖျော်သောက်၊ သက် သောင့်သက်သာ ရှိလိုက်တာ၊ အဆင်သင့်ခူးခပ် စားနိုင်ကြတောမကြိုက်ဘယ်မှာ ရှိမှာလဲ။
ဟိုတုန်းက လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်ကျော်လောက်က မြန်မာနိုင်ငံတွင် ဆီးချို၊ သွေးတိုး သိပ်မဖြစ်ကြ။ အနောက် နိုင်ငံတွေ ခေတ်မီပါတယ်ဆိုတဲ့နိုင်ငံတွေ မှာ အဲဒီရော၈ါတွေ တော်တော်ခေတ်စား နေနှင့်ပြီ။ ဒါက လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်ကပါ။ ယခုတော့ ကျွန်တော်တို့ တွေလည်း ခေတ်မီလာကြပြီ။ သူတို့နိုင်ငံ မှာဖြစ်နေတဲ့ရော၈ါတွေ ကျွန်တော်တို့ဆီ မှာလည်း ဖြစ်ကုန်ကြပြီ။ ဆီးချို၊ သွေးတိုး၊ နှလုံး ဒါတွေက ဟိုတုန်းက သိထားတာ က သူဌေးရောဂါတဲ့။
သူဌေးတွေ အဆီ အစိမ့်တွေစားကြပြီးဖြစ်တာ။ အခုတော့ ဒီမှာလည်းဖြစ်နေကြပြီ။ ဘာကြောင့် ဒီလို ဖြစ်တာလဲ။ ခေတ်မီဖွံ့ဖြိုးလို့၊ အဲဒါလည်း မဟုတ်သေးပါဘူး။ ခေတ်မီဖွံ့ဖြိုးတော့ ကောင်းတာပေါ့။ အဝေးမှာရှိတဲ့လူနဲ့စကား ပြောလို့ရတယ်။ ဘယ်နေရာမှာ ဘာဖြစ် နေတာလဲဆိုတာတောင် အင်တာနက်က မိနစ်ပိုင်းအတွင်း သိနိုင်တယ်။ ဒါဆိုရင် ဘာလဲ။ စဉ်းစားဆင်ခြင်ဉာဏ်လို့ထင်ပါ သည်။ ကျန်းမာရေးအသိကတော့ အဓိက ပါပဲ။ ကျန်းမာရေးအသိရှိရမယ်။ အဲဒီလို သိတော့ ဆင်ခြင်နိုင်မယ်။
ရယ်ဒီမိတ်အစားအစာ
-အသင့်စား နိုင်တယ်၊ ကရိကထမများပါ။ စဉ်းစားရ မှာက ဒီအစားအစာတွေတာရှည်ခံအောင် ဘာတွေထည့်ထားလဲဆိုတာပဲ။ အဲဒီရဲ့ ဆိုးကျိုးကို သိရမည်။ ရယ်ဒီမိတ်ဆိုတော့ သိပ်အလုပ်မလုပ်ရ။ ရေနွေးနဲ့ ပြုတ်ထည့် လိုက်ရုံပဲ။ အိမ်ရှင်မတွေ ကြိုက်တာပေါ့။ နောက်ဆက်တွဲဘာဖြစ်သလဲ။ အိမ်ရှင်မ တွေ လေ့ကျင့်ခန်းသိပ်မလုပ်ရတော့ဘူး။
ဆီကြော်မုန့်များ
- ဘယာကြော်၊ ပဲ ကပ်ကြော်၊ အာလူးကြော်ပူပူနွေးနွေးကြော် ကြော်၊ ရယ်ဒီမိတ်ပဲ ကြော်ထားကြော် ထား ကောင်းပါတယ်။ အဆင်သင့်စားရုံ ပဲ။ အရေးကြီးတာကတော့ ဘာဆီနဲ့ ကြော် တာလဲ။ စားအုန်းဆီလား၊ အကြော်ခံဆီ လား၊ ဒါက အရေးကြီးသည်။ ကိုလက် စထရော သိပ်များနေရင်တော့ သိတယ် မဟုတ်လာ။ အသည်းအဆီဖုံးမယ်၊ နှလုံး သွေးကြောကျဉ်းမယ်၊ သွေးတိုးမယ်လေ။ တစ်ခါတလေကျတော့ အိမ်က အိမ်ရှင်မ တွေက သွေးတိုး၊ နှလုံး၊ အဆီတက်မှာ စိုးလို့ ပဲဆီသန့်သန့်နဲ့၊ ဆီနည်းနည်းနဲ့ ချက် ပြုတ်ပေးပါတယ်။ အပြင်မှာကျတော့ ကြော်လှော်ထားတဲ့ မုန့်တွေစားလိုက်တော့ ဘာထူးသေးလဲ။ အဆီတက်တာ ဆန်းပါ့ မလား။ ဆင်ခြင်နိုင်ကြဖို့ ပြောပြချင်တာပါ။
စားသင့်တဲ့အစားအစာများ
- အသား၊ ငါး၊ ကြက်ဥ၊ နို့ စတာတွေက ပရိုတင်းဓာတ်ကိုပေးတယ်။ စားကောင်း တယ်။ အရွက်က စားလို့ မကောင်းဘူး။ အန္တရာယ်မရှိ၊ အရွက်ကြတော့ သိပ်မစား ကြ။ ကိုယ့်ကို ဒုက္ခတွေတလှေကြီးပေး မယ့်ဟာတွေကြတော့ စားလိုက်ကြတာ။အလှူတစ်ခုတွင် လူတစ်စုနဲ့ အတူစား ဖူးကြမှာပေါ့။ သတိထားကြည့်ပါ။ ဝက်ဆီ ပြန်၊ ငါးနှပ်၊ ဟင်းချို၊ တို့စရာ၊ ချဉ်ဟင်း အစုံထည့်ထားသည်။ ဘယ်သူများ ချဉ် ရည်ဟင်း၊ အသီးအရွက်တွေ နှိုက်စားကြ သလဲ။ ဝက်သားအရင်ထည့်စားကြသည်။ အသား၊ အဆီတွေ ရွှဲနစ်အောင်ထည့်ကြ သည်။ မျှတတဲ့အစားအစာ မစားကြ။ မျှမျှတတ ထည့်မစားကြ။ အိမ်မှာ ချဉ် ဟင်းတွေ စားနေကြရလို့ အလှူမှာ စားရ ကံကြုံလို့ ဆီပြန်ဟင်းစားတာလို့ ပြော တာတောင် ကြားခဲ့ရသည်။ ဆင်းရဲခြင်း၏ ဒုက္ခ၊ ဒီထက်ဆိုးတာက ကျန်းမာရေးအသိ မရှိတာဘဲ။ ဆင်းရဲသားကလည်း သေမင်း တမံ ဟင်းကိုမှ ရွေးစားကြသည်။ သူတို့ လည်း သူဌေးရောဂါဖြစ်ချင်နေကြရှာ သကိုး။ အသီးအရွက် လတ်လတ်ဆတ် ဆတ် စားနိုင်ဖို့လိုသည်။ ကောင်းတာက ကိုယ့်ဟာ ကိုယ်တောင်စိုက်ထားရင် ဒီထက် လတ်ဆတ်တာ မရှိတော့ပြီ။ ပိုး သတ်ဆေးလည်း ကင်း၊ ဆေးလည်း မဆိုး ထားတဲ့ လတ်လတ်ဆတ်ဆတ်စားရမည်။
မသောက်သင့်တဲ့အရာများ
- ဟို တုန်းက မိတ်ဆွေတွေလာကြရင် လက် ဖက်ရည်ဆိုင်သွားသောက်ပြီး စကားပြော ကြမည်။ ခုတော့ ခေတ်မရှိ၊ အရက် သောက်ကြမည်၊ လိုက်တဲ့အရက်ဆိုင်တွေ အားလုံးပျက်စီးနေကြပြီ။ အကြံအဖန်လေး ရတော့တဲ့အခါ မိသားစုဝမ်းဝဖို့ ကလေး တွေ ကောင်းကောင်းစားရပါစေတော့လို့ စိတ်ထဲမထား၊ ရတဲ့ပိုက်ဆံနဲ့ အပေါင်း အသင်းနဲ့ အရက်ဆိုင်ရောက်သွားကြသည်။ အိမ်က မိန်းမတွေလိုက်လာကြပြီး ဈေးဖိုး တောင်းကြသည်၊ ရန်ဖြစ်ကြသည်။ အရက်သောက်တော့ ကလီစာတွေ ထိခိုက်ကုန်သည်။ သွေးတိုး၊ အဆီတက်၊ အသည်းထိခိုက်ပြီးတော့ သေပေါ့ဗျာ။ ဆေးလိပ်လေးတမြမြနဲ့၊ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်း ဖြစ်ရသည်။ ဒါလည်း သောက်ကြတာပါပဲ။ဘာလိုနေလဲ။ ကျန်းမာရေးအသိပညာ ကောင်းကောင်းလိုသည်။ သိပြီးရင် ကိုယ်တိုင်ကျင့်ကြံနေရမည်။ သိရုံသက် သက်နဲ့ မလုံလောက်။
စားသင့်တဲ့စိတ်
- စိတ်ညစ် သိပ်မခံ နဲ့၊ စိတ်ဖိစီးမှု သိပ်မများအောင် တတ် နိုင်သလောက် ဒေါသ၊ မာန်မာန၊ အာဃာတတွေ လျော့နေရပါမယ်။ ဒါ တွေက သွေးတိုး၊ နှလုံးထိခိုက်တတ်ပါ တယ်။ သိပ်စိတ်ညစ်ရင် အရက်သောက် လို့လည်း မရပါ။ မူးပြီးအိပ်ပျော်မယ်။ တစ်ခဏတာ စိတ်ညစ်တာ ပျောက်မယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ် ထိုင်တတ် အောင် စိတ်ကို တတ်နိုင်သလောက် လျော့ရပါမယ်။ မသိကျိုးကျွံပြုပြီး ပြိုင် လာသမျှကို အရှုံးပေးလိုက်ပါ။ သင့်နှလုံး စိတ်အေးချမ်းသာရှိလာပါလိမ့်မည်။
posted by Healthcare Journal
0 comments:
Post a Comment