သူငယ်ချင်း အမျိုးအစားများ Using Facebook (Episode 4) < About Friends >
by Myanmar Jokes on Friday, December 2, 2011 at 11:56am
Facebook အကောင့်ထဲရှိ သူငယ်ချင်း စာရင်းတွင်ပါဝင်သူများကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်းအမျိုးအစား ကွဲပြားကြောင်းတွေ့ရသည်။
၁။ ထင်ပေါ်ကျော်ကြားသူ
တိကျသေချာသော အကြောင်းပြချက်မရှိဘဲ သူငယ်ချင်း (၄၀၀၀) ကျော်သူများ။ အပြင်လောကတွင် မိမိနေထိုင်ရာ လမ်းရှိ အိမ်နီးနားချင်း များပင် မိမိနာမည်ကို မသိသော်လည်း Facebook တွင် နာမည်တူများစွာထဲမှ ထင်ပေါ်ကျော်ကြားသူ။
၂။ ဂိမ်းဆော့သူ
သူတို့၏ ဝေါ်ပေါ်တွင် Mafia, Farm Ville, City Ville, Poker, Texas Empire & Alliance စသည်တို့၏ ပို့စ်များဖြင့်သာ ပြည့်နှက်နေတတ်သည်။ ထိုသူများ၏ သူငယ်ချင်းများမှာလည်း အလားတူ ဂိမ်းဆော့သူများပင်ဖြစ်နေတတ်သည်။ ထိုသူများသည် တစ်ဦးနှင့် တစ်ဦး ဓာတ်ပုံပင် မမြင်ဖူးသူများရှိသော်လည်း ဂိမ်းဆော့ရာတွင် များစွာကူညီတတ်ကြသည်။ ထိုမျှသာမက အခြား သူများကိုလည်း စိတ်ညစ်ဖွယ်ကောင်းလောက်အောင် Game Request များပို့တတ်ကြသည်။
၃။ တရားဓမ္မသမား
Facebook status တစ်ခုတင်လိုက်လျှင် မိမိယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ပိဋိကတ်ကျမ်းစာ၊ သမ္မာကျမ်းစာ၊ ကိုရန်ကျမ်းစာ များကို ကိုးကား (သို့) အပိုဒ်လိုက် ကူးယူတင်ပြလေ့ရှိသူ။
၎။ စာဖတ်သူများ
Facebook ပေါ်တွင် ပို့စ်တင်ခြင်း၊ status ရေးခြင်း၊ LIKE လုပ်ခြင်း၊ Comment ရေးခြင်းများ လုပ်လေ့မရှိသူ။ သို့သော် နေ့စဉ် Facebook ထဲသို့ဝင်ကာ အခြားသူများတင်ထားသော စာများ၊ ပို့စ်များကို အမြဲတမ်းဖတ်လေ့ရှိသူ။
၅။ လိုက်(LIKE) သမားများ
ပို့စ်တစ်ခုတင်လိုက်လျှင် ဝမ်းသာစရာဖြစ်စေ၊ ဝမ်းနည်းစရာသတင်းဖြစ်စေ၊ မင်္ဂလာဆောင်သည်ဖြစ်စေ၊ ရည်းစားကွဲသည်ဖြစ်စေ၊ ဓာတ်ပုံတင်သည်ဖြစ်စေ၊ ရန်ဖြစ်သည်ဖြစ်စေ Comment ရေးလေ့မရှိပဲ အမြဲတမ်း LIKE လုပ်လေ့ရှိသူ။
၆။ စာရှည်ရှည်မရေးသူများ
Comment များရေးရာတွင် စာသားရေးလေ့မရှိဘဲ LOL, LMAO, :D, :P ;) ^^ >.< :( စသည့်သင်္ကေတများနှင့် ခိခိ ၊ေိေိ ၊ ဟ ဟ ၊ ဟေ ဟေ ဟေ စသည့် အာမေဍိတ်များကိုသာ ရေးလေ့ရှိသူ။
၇။ မျှဝေသူများ (ဝါ) Share သမားများ
ထိုအမျိုးအစားတွင် မျိုးကွဲ (၂) မျိုးရှိသည်။ ပထမတစ်မျိုးမှာ ယုံကြည်မှုဖြင့် ရှဲသူများဖြစ်သည်။ ပို့စ်များ၊ စာများ၊ ဓာတ်ပုံများကို မိမိတို့ ကြိုက်နှစ်သက်ခြင်းတို့ကြောင့် ရှဲကြခြင်းဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ သတင်း၊ ပုလင်းကအစ အတင်းအဖျင်းထိ အကုန် ပို့စ်မှန်သမျှ ရှဲခြင်းဖြစ်သည်။ ထိုသူများတွင် တွေ့ရလေ့ရှိသည်မှာ တစ်ခါတစ်ရံ ပထမရှဲထားသော ပို့စ်မှာ ၁+၁ = ၂ ရသော်လည်း ဒုတိယရှဲထားသော ပို့စ်မှာ ၁+၁ = ၁ ဖြစ်နေတတ်သည်။
၈။ ဂျိုကာများ
Facebook ပေါ်ရှိ Group တိုင်းတွင် သူတို့ ပါနေတတ်သည်။ Facebook Fan Page များတွင် လည်း Member ဖြစ်နေတတ်သူများ။
၉။ ကြော်ငြာသမားများ
သင့်ထံသို့ တစ်ကမ္ဘာလုံးတွင် ကျင်းပနေသော events invitation များကို အဆက်မပြတ်ပို့လေ့ရှိသူ။ ဟိုနားသည်နား တွေ့ဆုံပွဲမှသည်၊ တရားပွဲ၊ ဘုရားပွဲ၊ ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းပွဲများအထိပါဝင်သည်။
၁၀။ အဆိုးမြင်သူများ
နေ့စဉ်ဖြတ်သန်း နေရသည့်ဖြစ်စဉ်များမှာ ဆက်လက်အသက်ရှင်လိုစိတ် မရှိလောက်အောင် ဆိုးရွားပုံကို မကြာခဏ တင်ရေးလေ့ရှိသူများ။ မည်မျှကောင်းသည့် သတင်းဖြစ်စေ ကာမူ မကောင်းသည့်ရှုထောင့်မှ အမြဲယူဆသူများ။ ဥပမာ - ဒေါ်လာ ၁ သန်းဖိုး ထီပေါက်သည်ကို ၂ ခါ မပေါက်ရကောင်းလား ညည်းတွားသူများ။
၁၁။ ခံစားတတ်သူများ
မိမိပတ်ဝန်းကျင်တွင် ဆက်ဆံနေရသူများ နှင့် ပတ်သက်သော ပြဿနာများ တစ်ခုခုတက်တိုင်း Facebook ပေါ်တက်ရေးလေ့ရှိသူများ။
၁၂။ သတင်းသမားများ
ဘယ်နေရာကို ဘယ်သူနှင့်ရောက်နေသည်၊ ဘာလုပ်နေသည်၊ ဘာလုပ်တော့မည် စသည်ဖြင့် Facebook ပေါ်သို့ သတင်းရေးသလို ရေးတင်နေသူများ။ ထိုမျှသာမက ဘာဝယ်လိုက်သည်၊ ဘာစားနေသည်စသည်ကို အမြဲမပြတ် ဓာတ်ပုံရိုက်တင်လေ့ရှိသူများ။
၁၃။ အချစ်ဇာတ်လမ်းရိုက်သူများ
အချစ်၊ အလွမ်း၊ အဆွေး၊ အမုန်းအကြောင်းများကို တစ်ခါနှင့် တစ်ခါ မထပ်စေရန် ကဗျာတစ်မျိုး၊ စာပိုဒ်တစ်သွယ်၊ သီချင်းတစ်ဖုံ အမျိုးစုံအောင် တင်သူများ။ လက်ရှိတွင်ကြည်နှုးနေသလောက် ခဏကြာလျှင် ချက်ခြင်းအသည်းကွဲတတ်ကြသူများ။
၁၄။ Facebook စောင့် တာဝန်ကျသူများ
မနက်မိုးလင်းလျှင် မနက်ထကြောင်း၊ "Good Morning" status နံနက်စာ ကို ဓာတ်ပုံရိုက်တင်၊ ညအိပ်လျှင်လည်း "Good Night" status ရေးပြီးမှ အိပ်တတ်သူများး
၁၅။ အစုံသုပ်
အထက်ဖော်ပြပါအချက်များကို တစ်ခုမကျန်လုပ်ဖူးသူများ။
Plz Like us
Myanmar Jokes, Myanmar Share
0 comments:
Post a Comment