Friday, December 16, 2011

“Revolution (တော်လှန်ခြင်း ) နှင့် Evolution (ဆင့်ကဲဖြစ်စဉ်)”

by So Min Oo on Saturday, December 17, 2011 at 1:31am
 
ဆင့်ကဲဖြစ်စဉ် Evolution ဟာ တော်လှန်ခြင်း  Revolution ဖြစ်စဉ်ထက် ပိုပြီးထိရောက် သလို လူ့အဖွဲ့အစည်း၊ စီးပွားရေး၊ နိုင်ငံရေး စတာတွေကလည်း ဆင့်ကဲဖြစ်စဉ် အတိုင်းပဲ သွားရပါတယ်။ ဒါကို ဘယ်လိုဆိုသလဲဆိုတော့ အရည်အသွေး တစ်စုံတစ်ရာကို ထိန်းသိမ်းထားပြီး တဖြည်းဖြည်းတိုးတက်လာ စေတဲ့ ဖြစ်စဉ်မျိုးကို ဆင့်ကဲဖြစ်စဉ် (တနည်း) ဖွံ့ဖြိုးခြင်းလို့ ခေါ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ လူ့ဘောင်လောက ဟန်ချက်ညီဖို့အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ ဒါမှလည်း ဖက်စုံ ကဏ္ဍစုံကနေ ဖွံ့ဖြိုးတိုးတက်တဲ့ လူတစ်ယောက်၊ မိသားစုတစ်ခု၊ ရပ်ကွက်တစ်ခု၊ ပြည်ထောင်စု တစ်ခု ဖြစ်ပေါ်လာမှာပါ။

တိုးတက်ခြင်းဆိုတာက ရုတ်တရက် ပိုမိုမြင့်မားသော အခြေအနေကို ရုတ်တရက် တိုးတက်သွားတာပါ၊ အဲဒါမျိုးကျတော့ ပြန်ကျဖို့ဆိုတာ သိပ်လွယ်ကူတယ်၊ ဥပမာ- ဂျပန်နိုင်ငံဟာ တစ်ခေတ်သိပ်ထတုန်းက ဟောလိဝုဒ် ကိုတောင် ၀ယ်ခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး ပြန်ထိုးအပ် လိုက်ရတာပါပဲ။ ဒါကကျမရဲ့  (ဆင့်ကဲဖြစ်စဉ် Evolution ) သီအိုရီကို ထောက်ခံတဲ့ အမြင်ကနေ ကြည့်တဲ့ အမြင်ပါ။

တဖက်မှာ Revolution ဖြစ်စဉ်ကနေ ကြည့်ရင် Revolution ဟာ Evolution လောက် ဟန်မကျတာမှန်ပေမဲ့ လိုအပ်တဲ့အခါအဆိပ်တောင် ဆေးဖြစ်သေးတဲ့ စကားလိုပေါ့။ ဥပမာ – ကလေး တစ်ယောက်ဟာ စာကိုမှန်မှန် မကျက်ခဲ့ဘူး စာမေးပွဲကလည်း နီးလာပြီး အောင်မြင်အောင် ဖြေဖို့ကလည်း လိုကိုလိုအပ်နေပြီ၊ ဒီလိုနေရာမျိုး ရောက်နေပြီ ဆိုရင်တော့ Revolution ကို မဖြစ်မနေ ပြင်းပြင်းထန်ထန်ကို အသုံးချရမှာ ဖြစ်ပါတယ်။ အဲဒီသာဓကလိုပဲ ကျမတို့ တိုင်းပြည်ဟာလည်း စာမှန်မှန် မကျက်ခဲ့တဲ့ (ဆင့်ကဲ တိုးတက်ခြင်း ပြောင်းလဲမှုဖြစ်စဉ် နှစ်ပေါင်း ၃၀ ကျော်) လောက် တခြား အာရှနိုင်ငံတွေနဲ့ ယှဉ်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ရေး၊ အဖက်ဖက်ကနေ နောက်ကျနေတာကို ကနေ့ မျက်ဝါးထင်ထင် တွေ့မြင်နေရတဲ့ အခက်အခဲတွေ၊ အနိဌာရုံတွေ၊ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ဆင်းရဲ ငတ်မွတ်မှုတွေက သက်သေပြပါတယ်။ ဒါတွေကို အဆုံးသတ်စေဖို့ ( တနည်း) ကလေး အောင်ဖို့ဆိုတာကို လိုအပ်လာတဲ့ အခါ ကလေးဟာ မခံယူရက်စရာ ပင်ပန်းဆင်းရဲခြင်း ကြားကနေ၊ စာကို ကြိုးပမ်းရမှာဖြစ်သလို၊ ကျမတို့တိုင်း ပြည်ကြီးကလည်း မခံယူရဲလောက်စရာ ပင်ပန်းခြင်း၊ ဆင်းရဲခြင်း၊ အခက်အခဲတွေကြားက နေစိန်ခေါ်ရင်း မိမိတို့လိုရာ လူ့ဘောင်သစ်ကို ဖန်တီးယူရမှာ ဖြစ်ပါတယ်။ ဒါမှသာ ပိုမိုကောင်းမွန်သော၊ သာယာဝပြောသော၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ငြိမ်းချမ်းခြင်းကို ရှေးရှုသော ဒီမိုကရေစီလူ့ဘောင်သစ်ကိုရောက်နိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တော်လှန်ရေး ဆိုတဲ့စကားကို ကျမတို့ ပြည်သူလူထုတွေဟာ ဘယ်လို တွေးတောသလဲ ဆိုတော့ လက်နက်ကိုင်၊ ကျောပိုးအိတ်ထမ်းပြီး ပစ်ခတ်သတ်ဖြတ်နေခြင်းကို တန်းပြီး ပြေးမြင်ကြတယ်၊ ဒါဟာမဆန်းပါဘူး အနှစ် သုံးဆယ်ကျော်လောက် လူတစ်စုက ယုံခိုင်းလိုက်တာတွေကို ယုံပြီး အသိဥာဏ်ပိုင်းမှာ ကျွန်ခံရင်း ကြီးပြင်းလာကြလို့ ဖြစ်ပါတယ်။ အမှန်စင်စစ်က တော်လှန်ရေးဟူသည်မှာ လူ့ဘောင်အဖွဲ့အစည်း တစ်ခုမှာ မဖြစ်မနေ လိုအပ်တဲ့ အခန်းကဏ္ဍ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ကျမတို့ သည် လက်ရှိအနေ အထား၊ အခြေအနေထက် ပိုပြီး သာလွန် ကောင်းမွန်သော၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နေမှု၊ စားမှု ပုံစံတွေကို ပြောင်းလဲ ယူလာတာဖြင့်ရင်လည်း တော်လှန်ရေးပါပဲ၊ ကျမ နားလည် လက်ခံဖွင့်ဆိုမိတဲ့ တော်လှန်ရေး ဆိုတာဟာ (ပိုမိုကောင်းမွန်တဲ့ အခြေအနေတရပ် ရရှိအောင် ပြောင်းလဲယူခြင်း) လို့ကျမ ဖွင့်ဆို ချင်ပါတယ်။ ဒါကြောင့် ကျမတို့ဟာ Evolution  ဆင့်ကဲဖြစ်စဉ်ကို လက်လွှတ် လို့မရသလို လိုအပ်တဲ့အခါမှာလည်း Revolution ကို မဖြစ်မနေ ကျင့်သုံးမှသာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်များကို ဖန်တီး နိုင်မှာဖြစ်ပါတယ်။

ဆောင်းပါးရှင် –အေးငြိမ်းသူ
http://mratnaing.wordpress.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...