ရင်သွေးငယ်တွေ Facebook သုံးသလား ဖေဖေ မေမေ သတိထား .
by So Min Oo on Saturday, December 17, 2011 at 1:58am
Social site ဆိုတဲ့လူမှု ကွန်ရက်တွေဟာ အင်တာနက် လောကမှာ အကြီးအကျယ် မင်းမူလာ တာနဲ့အမျှ အသုံးပြု သူတွေရဲ့ အာသာ ကလည်း ပိုပြီးပြင်းပြ လာပါတယ်။ လူမှု ကွန်ရက်က ဘယ်လို အကျိုးေ ကျးဇူး ရှိတယ်၊ ဘယ်လိုကောင်းတယ်၊ ဘယ်သူတွေ အတွက် တော့မရှိမဖြစ်ဘဲ စတဲ့ သတင်းတွေက မကြာမ ကြာကြား နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ စိတ္တဗေဒ ဆိုင်ရာ သုတေသန ပြုမှု တစ်ရပ်မှာတော့ ကမ္ဘာ့ လူသုံးအများဆုံး လူမှု ကွန်ရက် ဖြစ်တဲ့ Facebook နဲ့ ပတ်သက်ပြီး မိဘဖြစ် သူတွေရဲ့ ခံစားချက်တွေ ပေါ်ထွက် လာကြပါ တယ်။
မိဘတွေက သူတို့ရဲ့သား သမီးတွေ၊ Facebook အသုံးပြုခြင်း နဲ့ ဆက်စပ်လို့ စိတ်မချမ်း မသာဖြစ်နေ ရတာပါ။ အရွယ် ရောက်ပြီးသား သားသမီးတွေ အတွက်မဟုတ်ဘဲ ပညာသင်ကြား နေကြတဲ့ အရွယ်ငယ် ငယ် ကလေးငယ် သူငယ်တွေ အတွက် ပါ။
ဘာကြောင့်လဲဆိုတော့ အသက် (၁၂)နှစ်အရွယ်၊ (၁၃)နှစ်အရွယ် ကလေးတွေဟာ အခုအချိန်မှာ Facebook ကိုရူးရူးမူးမူး အသုံးပြုနေ ကြတယ်လို့ စစ်တမ်းကောက်ယူမှု တွေမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ပိုင်းမိဘ တွေက သူတို့သားငယ်၊ သမီးငယ်တွေရဲ့ပညာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ဝင်လာခဲ့ကြ တာပါပဲ။ အစောဆုံး အခြေအနေတုန်းက တော့ ပညာရေးသုတေသီချို့က လူမှုကွန်ရက် တွေအသုံးပြုခြင်းနဲ့ ပတ် သက်ပြီး ဝေဖန်တာလေးတွေ ရှိခဲ့ပါ တယ်။ လူမှုကွန်ရက်အသုံးပြုခြင်း ဟာ ကလေး သူငယ်တွေကို အမြင် ကျယ်စေတယ်လို့ပြောရင် မှန်တယ် လို့ယူဆနိုင်ပေမယ့် အများအားဖြင့် ကတော့ အကောင်းထက် အဆိုး ဘက်ကို သွားနေတဲ့ အရာဖြစ်တယ် လို့ သူတို့တွေက ကလေးတွေရဲ့ ပညာရေးအတွက် ပြောခဲ့ကြတာပါ။ ကလေးတွေရဲ့စိတ်ဟာ အရမ်းနုနယ် ပြီး ပုံမှန်လုပ်နေကြ အလုပ် တွေထက် ပိုမိုဆန်းပြား တာတွေကို သဘောကျ တတ်လို့ လူမှုကွန်ရက်မှာ သူတို့မြင် တွေခံစားကြရတဲ့ အရာတွေက သူတို့ ရဲ့ပညာရေးထက်ပိုပြီး အရေးကြီး သယောင်ယောင် ဖြစ်စေတယ် လို့လည်း အဲဒီစိတ်ပညာ ရှင်တွေက ပြောခဲ့ကြပါ သေးတယ်။
အခုတော့ အဲဒီအရာတွေက တကယ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ ကို အတည်ပြုလို့မရသေးပေမယ့် မိဘဖြစ်သူတွေရဲ့ စိတ်ထဲမှာတော့ လူ မှုကွန်ရက်အလွန်အကျွံသုံးစွဲကြတဲ့ သားသမီးဖြစ်သူတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။သုတေသ နပြုချက်အရမိဘဖြစ်သူငါးဦးမှာလေး ဦးဟာ သားသမီး ဖြစ်သူတွေရဲ့ Facebook ကို အလွန်အကျွံသုံးစွဲ လာမှုကိုစိုးရိမ် နေကြတဲ့ သဘောတရား တွေတွေ့ရှိနေရပြီး တကယ်လို့ သား သမီးတွေကမသုံးစွဲသေးရင်တောင် တစ်နေ့သုံးစွဲ လာကြရင်ပညာရေးတွေ ထိခိုက်လိမ့်မယ်ဆိုတဲ့အသိနဲ့ စိုးရိမ် မကင်းဖြစ် နေကြတယ်လို့ သိရပါ တယ်။ နောက်ပြီး Facebook, Twitter အစရှိတဲ့လူမှုကွန်ရက်တွေဟာ အ သုံးပြုတဲ့ ကလေးတွေရဲ့ အသက်ရှင် နေထိုင်မှုတွေအပေါ် အကြီး အကျယ် လွှမ်းမိုးနိုင်မှု ရှိတယ်လို့ ယုံကြည်တဲ့ မိဘဦးရေကလည်း (၈၀)ရာခိုင်နှုန်း အထိတောင်ရှိနေတဲ့အတွက် စိတ် ပညာရှင်တွေရဲ့တွေ့ရှိမှုဟာ အမှန် တရားတစ်ခုလို့ပဲ လက်သင့် ခံရမှာပါ။ မိဘဖြစ်သူ သုံးဦးထဲကတစ်ဦး မှာ အွန်လိုင်းနဲ့ပတ်သက်ပြီး ယုံကြည် နေတဲ့ အရာက အင်တာနက်ဟာ ကလေးတွေရဲ့အသိဝဉာဏ်ကို အခြားလူတွေပေးနိုင်တဲ့ အရာထက်ပိုပြီး လွှမ်းမိုးမှုတွေပေး နိုင်တဲ့အတွက် အွန် လိုင်းပေါ်မှာ တစ်နေ့လုံး အချိန်ဖြုန်း နေတဲ့ သားသမီးတွေရဲ့ အနာဂတ် ဟာ လက်တွေ့ဘဝနဲ့ ပတ်သက်ပြီး အခက် အခဲတွေဖြစ်လာနိုင်တယ်ဆိုတာပါပဲ။
လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း “အွန်လိုင်းပေါ်၌ မိတ်ဆွေပေါများခြင်း သည် လက်တွေ့ဘဝ၌အကျိုးမရှိ” ဆို တဲ့ မနုဿဗေဒပညာရှင်များရဲ့ သုတေသနပြုမှုတစ်ရပ်ကို တွေ့ရှိခဲ့ရ ပါတယ်။ အမှန်စင်စစ်အားဖြင့် အွန်လိုင်းပေါ်မှာ မိတ်ဆွေများကို အထူးတလည်ရှာဖွေနေခြင်းဟာ လက်တွေ့ဘဝမှာ ဘယ်လိုမှ အသုံး မဝင်ဘူးလို့ မပြောနိုင်ပေမယ့် အကျိုး ကျေးဇူးရှိတယ်လို့လည်း အတိအကျ ပြောလို့မရပါဘူး။ တစ်နေ့တစ်နေ့ အွန်လိုင်းပေါ်တက် သူငယ်ချင်းတွေ နဲ့ချက်တင်ထိုင်ပြီး ဘာမှဖြစ်မလာတဲ့ လူငယ်တွေက တစ်နေ့တခြား ပိုပြီး တွေ့လာရတာမို့ အဲဒီ မနုဿဗေဒ ပညာရှင်တွေရဲ့ တွေ့ရှိမှုဟာလည်း လက်သင့်ခံလောက်တဲ့ အခြေအနေ မှာရှိနေပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိ မှုတွေအားလုံးဟာအင်တာနက်အသုံး ပြုသူတွေ၊ လူမှုကွန်ရက်အသုံးပြုသူ တွေကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ လွဲမှားတဲ့ အသုံးပြုမှုတွေကို မလုပ် ကြဖို့ သတိပေးနေတာပဲလို့ ခံစားမိ ပါတယ်။ အဲ့ဒါကြောင့် သုတေသန ပြမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ ပေါလ်ဟောင်းဝပ်က မိဘဖြစ်သူတွေ ကို အကြီးအကျယ်မစိုးရိမ်ကြဖို့ နှစ် သိမ့်ထားပါတယ်။
သူက “မိဘတွေ အနေနဲ့ ကလေးတွေရဲ့ ပညာရေး အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စိတ် ဖြစ်တာကို ကျွန်တော်စာနာပါတယ်။ တကယ်တော့ လူမှုကွန်ရက်တွေမှာ ကလေးတွေ အချိန်ဖြုန်းနေတာ ဟာလည်း မိဘတွေအတွက်တော့ စိတ်ပျက်စရာပါ။ ဒါပေမဲ့ သေသေ ချာချာစဉ်းစားကြည့်ရင် အခုအချိန်မှာ ပညာရေးနယ်ပယ်ကိုပဲဖြစ်ဖြစ် ဘယ် နေရာမှာမဆို အင်တာနက် ရဲ့ အကူ အညီကို ယူနေရသလို များပြားတဲ့ ဗဟုသုတအရင်းအမြစ်တွေကလည်း လေ့လာသူတွေကို အချိန်တိုအတွင်း ပြည့်ဝစေတာမို့ အဆိုးနဲ့ပဲကြည့်နေဖို့ မလိုအပ် ပါဘူး။ လူမှုကွန်ရက်တွေကို ဘယ်လို သုံးသင့်တယ်၊ အင်တာ နက်ကို ဘယ်လိုအရာတွေအတွက် အသုံးချရမယ်ဆိုတာနဲ့ပတ်သက် ပြီးတော့သာ သားသမီးတွေနားလည် သဘောပေါက် အောင် ကြိုးစား ရမှာ ပါ” လို့ စိုးရိမ်စိတ်ကြီးမားနေကြတဲ့ မိဘဖြစ်သူတွေကို သဘာဝကျကျ သုံးသပ်ပြခဲ့ပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်နဲ့ အွန် လိုင်းမှာ မိတ်ဆွေဖွဲ့ခြင်းတွေကို ဆန့် ကျင်နေတဲ့ ပညာရှင်တွေကတော့ အွန်လိုင်းပေါ်ကနေ အချောင်ရတဲ့ ဗဟုသုတအရင်းအမြစ်တွေ၊ တခြား သူတွေရဲ့ကူညီမှုတွေဟာ လူတစ် ယောက်ရဲ့ စစ်မှန်တဲ့ အရည်အသွေး တွေကို လျော့ကျ စေတယ်လို့ ဆက် ပြီး ပြောနေကြလို့ မိဘဖြစ်သူတွေဟာ သူတို့ရဲ့ စိတ်သက်သာမှုကို ဘယ်လို ရှာရမလဲ မသိဘူးဖြစ်နေပါတယ်။ အဲဒါအပြင်မကြာခဏဖြစ်နေတဲ့ အွန် လိုင်းပေါ်က နေတစ်ဆင့် ဖြားယောင်း သွေးဆောင်ခံရမှုတွေဟာ အရွယ် မရောက်သေးတဲ့ သမီးဖြစ်သူတွေရှိ တဲ့ မိဘတွေအတွက်တော့ ရတတ် အေးဖို့ မလွယ်ကူပါဘူး။
အဲဒါကြောင့် လူမှုကွန်ရက်တည်ထောင်သူတွေအနေ နဲ့ပဲဖြစ်ဖြစ် လူကြီးမိဘတွေ၊ ဆရာသ မားတွေအနေနဲ့ပဲဖြစ်ဖြစ် အွန်လိုင်း အသုံးပြုတဲ့ကလေးတွေကို ပညာရေး နဲ့ပတ်သက်ပြီး ပိုကောင်းတဲ့အစီအစဉ် တွေဖြည့်ဆည်းနိုင်အောင် ကြိုးစားဖို့ နောက်ဆုံး အကြံဉာဏ်ပေးခဲ့ကြပါ တယ်။ စိတ်ပိုင်းဆိုင်ရာ သုတေသန အဖွဲ့အစည်း Nominent Trust ရဲ့ ဒါရိုက်တာ ချုပ်ဖြစ်သူ Annika Small ကတော့ “ဒီအစီအစဉ်နဲ့ပတ်သက်ပြီး ပြုလုပ်ကြသူတွေအားလုံးကို ဂုဏ်ပြု ပါတယ်။ ဒါပေမဲ့ မိဘတွေစိတ်ထဲမှာ ခံစားနေရတဲ့ ဝေဒနာကို ဘယ်လိုဖြေ မလဲဆိုတဲ့ အချက်ကအရေးကြီးပါ တယ်။ အွန်လိုင်းကို ကောင်းကောင်း မွန်မွန်အသုံးချပြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကြီးထွားမှုမှန်ကန်တဲ့ ကလေးတွေဖြစ်လာဖို့ လမ်းဝညွှန်နိုင် ရမှာပါ” ဟု ဆိုခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ တွေရဲ့ မိဘတွေက ဘယ်လိုခံစားမှု ရှိတယ်မသိပေမယ့် နိုင်ငံတကာမှာ တော့ Facebook, Twitterအစရှိတဲ့ လူမှုကွန်ရက်တွေက သားသမီးတွေရဲ့ ပညာရေးကို အကြီးအကျယ်ထိခိုက် စေတယ်လို့ ယုံကြည်နေကြတဲ့ မိဘ တွေရှိနေတယ်ဆိုတဲ့အကြောင်းကို ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက် ပါတယ်။
http://mratnaing.wordpress.com/
0 comments:
Post a Comment