Sunday, December 18, 2011

နောက်ထပ်သေချာခြင်း



ဖြတ်သန်းမှုတွေ ထူထူအလာ

သေချာခြင်းဆိုတာတွေက မရေမရာ …



(က)

မိုးကုတ်စက်ဝိုင်း အနားသတ်ဟာ

ဟိုး  ရွာအစွန်မှာလို့

ထင်မြင်မိခဲ့ အဖြေဟာလည်း

ခုတော့ 



သိရှိခဲ့ဖူးပါတဲ့

ဒီမိုကရေစီ ဆိုတာကလည်း

တကယ်က

အစရဲ့ အစသာသာ …



(ခ)

ငါနဲ့ ငါ့ဝန်းကျင်အတွက်

လိုချင်မိ ဒီမိုကရေစီဆိုတာက့ 



အသနားခံ

အပေးခံသက်သက်နှင့်ကား

မခံစားရပါသော

ဒြပ်တပါးပါတကာ့း့ 



မိမိကိုယ်တွင်၌သာ

အိုးနဲ့ဆန် တန်သမျှ

ရှိခြင်း၊ ဖြစ်ခြင်းပါတကာ့း့ 



မိမိနှင့်အတူ

ပတ်ဝန်းကျင်လူ

လွတ်လပ်မှုသဘော ကျင့်စဉ်နှောပါမှ

ရသောအရာ ဖြစ်ပါတကာ့း့  



(ဂ)



မိုးကုတ်စက်ဝိုင်း အနားသတ်ခရီးအတွက်

တလက်မအရွေ့ဟာ

အရေးပါပါသော

တကယ့် သေချာခြင်းဆိုငြားက့ 



ဒီမိုကရေစီသဘောကို

မိမိကိုယ်တွင်း

ထည့်သွင်းစားသုံးခြင်းသည် လည်းကောင့်း့ 



ဒီမိုကရေစီသဘောကို

မိသားစုငယ်အတွင်း

ထည့်သွင်းစားသုံးခြင်းသည် လည်းကောင့်း့ 



ဒီမိုကရေစီသဘောကို

မိတ်ဆွေစုအတွင်း

ထည့်သွင်းစားသုံးခြင်းသည် လည်းကောင့်း့ 



့  ထည့်သွင်းစားသုံးခြင်းသည် လည်းကောင့်း့ 

တလက်မအရွေ့အတွက်

သေချာခြင်း မြည်မည်တည်း ။           ။



လူဗိုလ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...