Saturday, December 3, 2011

လူ - နဲ့ - ကျီးကန်း ပြဇာတ်




ကျီးကန်း တစ်ကောင်က ယာခင်းတစ်ခုကို ဖြတ်ပြီး ပြန်လာတော့ လူတစ်ယောက် နဲ့ တွေ့တယ်။

ကျီးကန်း --- " မင်္ဂလာပါဗျာ "

လူ --- မင်္ဂလာပါ ၊ ခင်ဗျားတို့ နိစ္စဓူဝ ဒီလိုပဲ အစာရှာလိုက် ပြန်လာလိုက်နဲ့ ပဲလား ၊ ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ ၊

ကျီးကန်း --- ၃၇၆ နှစ်


လူ --- အမ်....... နည်းနည်း နောနော အသက်လားဗျာ ၊ ဒီအတွင်း ခင်ဗျား ဘာတွေ လုပ်ဖြစ်တုန်း ။

ကျီးကန်း --- ဘာမှ မလုပ်ခဲ့ရ ပါဘူးဗျ ၊ ဘာတွေ များကော ထပ်လုပ် ရဦးမှာလဲ ၊ အစာစားတယ် ၊ ရေသောက်တယ်၊ မျိုးဆက် ပြန့်ပွား အောင် လုပ်တယ် ၊အိပ်တယ် ၊ ဒါပဲပေါ့ -- အဟက် ၊

လူ --- ဖြစ်မှဖြစ်ရလေ ကျီးကန်းရယ် ၊ ဒီအသက် ဒီအရွယ် အထိ ဒါနဲ့ ပဲ အချိန်ကုန်ခဲ့ သတဲ့လား ၊ ရှက်စရာ ဗျာ ၊ဒီလောက် နှစ်အကြာကြီး နေခဲ့တာတောင် ခင်ဗျားမှာ အခြား ဖွံ့ဖြိုးမှု ဘာမှ မရှိတော့ဘူးလား ၊ အံ့ပါ့၊ မိုက်ပါ့ ၊

ကျီးကန်း --- အိမ်း ၊ ဂလိုတော့လဲ ဘယ်ဟုတ် ပါ့မလဲလေ ၊ အသိဥာဏ် ဆိုတဲ့ဟာက အသက် ရှည်တိုင်း အသက် ကြီးတိုင်း ရနိုင်တာမျိုး ရယ်မှ မဟုတ်တာ ၊လေ့လာမှု သင်ယူ မှတ်သားမှုနဲ့လဲ ဆိုင်သေးတာကိုး ဗျ ၊

လူ --- ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ ၊ အသက် ၃၇၆ နှစ် ဆိုတာ လောက မှာ တော်တော်ကြီး ကို ကြာရှည်တဲ့ နှစ်ဗျ၊ ကျုပ်သာ အဲလိုနေရမယ် ဆိုရင် တက္ကသိုလ် မှာ ပညာစုံ အတတ်စုံသင်ပြီးလောက်ပြီ ၊ အိမ်ထောင် လည်း အခါ နှစ်ဆယ် လောက် ကျနေလောက်ပြီ ၊ အသက်မွေးဝမ်းကျောင်းမှု လည်း စုံလောက်ပြီ ၊ ရာထူးတွေ လည်း တက်ပြီ။ စီးပွားရှာရင် ကျိကျိတက် သူဌေး ဖြစ်လောက်ပြီ ၊ ဘဏ်မှာ ငွေတစ်ရာ ကို တစ်မတ်နှုန်း နဲ့ စုရင်တောင် ခုလောက်ဆို သန်းပေါင်း ရာချီ နေလောက်ပြီ ၊ခင်ဗျား အဲ့သလောက် ပိန်းရသလားဗျာ ၊ အင်းလေ -- ဒါကြောင့်မို့လဲ ကျီးကန်း ဖြစ်နေရတာ ထင်တယ် ၊

ကျီးကန်း --- အမလေးဗျာ ၊ ဟာဟ ၊ ကျုပ်ကဖြင့် မရှက်သေးဘူး ၊ ကျုပ်တို့ ကျီးကန်းတွေ နေတဲ့ အနှစ် သုံးရာဟာ ခင်ဗျားတို့ လူတွေ နေတဲ့ အနှစ်သုံးဆယ် နဲ့ပဲ နှိုင်းကြည့်ပါဦး။ ခင်ဗျားတို့ နှစ်သုံးဆယ် အတွင်း လုပ်ခဲ့တဲ့ မိုက်မဲမှုမျိုး ကျုပ်တို့ဆီမှာ တစ်ခါမှ မရှိဘူးဗျ ၊ ကျုပ်တို့ ကျီးကန်းတွေ အချင်းချင်း စစ်မတိုက်ဘူး ၊ ငွေတိုး ချေးမစားဘူး ၊ဘဏ်တိုက်မှာ ငွေမစုဘူး ၊ တက္ကသိုလ် ပညာရပ်တွေ မရှိဘူး ၊ အသိတွေ အတတ်တွေက ၀င်တဲ့ မာနတွေ မရှိဘူး ၊အချင်းချင်း ခြိမ်းခြောက် ငွေမညှစ်ဘူး ၊ အပေါစား ကဗျာ တွေ ၀တ္ထုတွေ မရေးဘူး၊ ကျီးကန်းမ တွေက လင်သားကို သစ္စာမဲ့တာ မရှိဘူး၊ ကျီးကန်းထီး တွေကလည်း ကိုယ့် အိမ်သူ သက်ထား အပေါ် ဖောက်ပြားတာ မရှိဘူး၊ ကပ်ဖား ရပ်ဖား မရှိဘူး၊ ခြောက်တွန်းမယ့် သူ မရှိဘူး ၊ လူလိမ် မရှိဘူး ၊ ကြောင်သူတော် မရှိဘူး ၊ တတ်ယောင်ကား မပါဘူး ၊ ကဲ --- ပြောစမ်းပါဦး ကိုယ့်လူ ၊
..........................
..........................................................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...