Thursday, December 29, 2011

၂၀၁၂ ခုနှစ်အတွက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်း နေရာများတွင် မြန်မာပါဝင်

by Moenge Aung on Thursday, December 29, 2011 at 4:34pm
Planet



CNN သတင်းဌာနက ၂၀၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်း နေရာ ၉ ခုကို ရွေးချယ် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအား နံပါတ် ၃ နေရာတွင် ထည့်သွင်း ဖော်ပြထားကြောင်း  သိရှိရသည်။ CNN က ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်သည့် Lonely Planet, Altour, Smarter Travel, Orbitz, Travel+Leisure, Budget Travel တို့မှ တာဝန်ရှိသူများ၊ အယ်ဒီတာများ၏ အကြံပြုချက်များအရ ယခုစာရင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံအား ဖော်ရွေပျူငှာမှုနှင့် ဧည့်ဝတ်ကျေပွန်မှုရှိသော နေရာတစ်ခုအဖြစ် နာမည်ကျော် Lonely Planet မှ အယ်ဒီတာ ရောဘတ်ရိဒ်က ရည်ညွန်းခဲ့သည်။ CNN ၏ ၂၀၁၂ ခုနှစ်အတွက် သွားရောက် လည်ပတ်စရာ ထိပ်တန်းနေရာများတွင် အင်္ဂလန်နိုင်ငံက နံပါတ် ၁ နှင့် မက္ကစီကိုနိုင်ငံရှိ World of the Maya က နံပါတ် ၂ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ်အတွက် CNN က ရွေးချယ်ခဲ့သည့် သွားရောက် လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်းနေရာ ၉ ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။



မြန်မာနိုင်ငံအား သွားရောက်လည်ပတ်စရာ ကမ္ဘာ့ထိပ်တန်း နေရာအဖြစ်
ရွေးချယ် ဖော်ပြထားသည့် သတင်းအား CNN ဝက်ဘ်ဆိုက်တွင် တွေ့ရစဉ်)
 ၁။ အင်္ဂလန်
၂။ မက္ကစီကိုရှိ World of the Maya

၃။ မြန်မာ
၎။ ချီကာဂိုမြို့
၅။ St. Vincent and the Grenadines
၆။ နယ်သာလန်
၇။ ကနေဒါရှိ Atlantic Canada
၈။ ဥရုဂွေး
၉။ အော်လန်ဒိုမြို့

Source: CNN

1 comment: