ဖေဖေ သိပ်ကြောက်တာပဲ သမီးရယ်။
အာမတော့ မခံဘူး၊ ဘယ်နှစ်နှစ် ခံမယ်အာမခံတော့ မရှိဘူး အကို၊ တရုပ်ပစ္စည်းကဒီလိုပါပဲ၊။
အောက်စက်ကို ပိုက်ဆံပေးဝယ်ရမည့် အရေး၊ တွန့်သွားတယ်၊အိမ်ရောက်မှ
ပျက်သွားရင် ဒုက္ခပါ၊။
ပြီးခဲ့ရက် အနည်းငယ်က မိတ်ဆွေ တစ်ယောက် လက်ကိုင်ဖုံးအခွံဝယ်ရာတွင်ပျက်သွားသည်၊ သူကပိုက်ဆံ
ပေါများတော့ ကြွားစရာ၊ ကျနော်ကတော့ဝေဒနာကိုပိုက်ဆံမပေးရဲပါ၊ အကုသိုလ်ကို ၀ယ်သလို ဖြစ်မှာ ကြောက်သည်၊ အသုံးမတဲ့ရင် ထိုင်ဆဲနေမိမှာပဲ၊ မကောင်းတဲ့စက် ၀ယ်မိတဲ့ဘ၀က အိမ်က

သေသေချာချာ စမ်းသပ်ဝယ်လာခဲ့သော ပစ္စည်းသည်၊ အိမ်ရောက်တော့ အံမကျ၊ ဖြစ်နေပြန်သည်၊
ဆိုင်ပြန်ပြေး ပြီး ပြန်လဲခဲ့ရသည်။
နိုင်ငံခြားမှာ နေစဉ်က ဒီလိုဖြစ်ရင် ဆိုင်ရှင်က အနေရခက်တော့မည်၊ ဒီမှာက
အေးဆေးပါ။ ရောင်းမိသော
ကျနော်တို့ကိုလည်း မန်နေဂျာ၏ အပြောအဆို ခံရတော့မည်။ ဒီမှာ
နေ့စဉ်ဖြစ်နေကျပါ။ လူတိုင်းဒါကို
အိမ်ဦးခန်းမှာ ထားနေရသည်၊ ကျနော်တို့ အုပ်ချုပ်သူများကလည်း ဒီလိုမျိုး
ခဏခဏပြင်တတ်သည့်
ဥပဒေကို သုံးနေသမျှ ကျနော်အနေနှင့် ဘာပြော ရမလဲ၊ ဘာပြောနိုင်မှာလဲ။
ကျနော်တို့ အိမ်နီးခြင်း နိုင်ငံများသည် တခြားနိုင်ငံများသို့ တင်ပို့သော
ကုန်ပစ္စည်းထက် ကျနော်တို့ နိုင်ငံကို
တင်ပို့သော ပစ္စည်းမှာ အရည်အသွေး နိမ့်ပါးလွန်းလှသည်။ ကျနော်တို့ ဘာမှ
မတတ်နိုင်ပါ၊ ကျနော်တို့ကို
အုပ်ချုပ်သူများသည် ကျနော်တို့ကို တန်းဖိုးမှ မထားတာ၊။
တစ်ခါက ကလေးသုံးရန် တံဆိပ်ပါသော ခြင်ဆေးခွေ ၀ယ်ယူသုံးစွဲမိသည်၊ ခြင်များ
ပြုတ်ပြုတ် ကျကုန်သည်၊ ကောင်းလိုက်တဲ့ ခြင်ဆေးခွေ ဟုကျနော်ပြောမိသည်၊
ကျနော်ကို ပညာတတ်ကြီး ကိုတတ်ပကြီး လိုအထင်ကြီး သော ကျနော်မိသားစုက လည်း
တခြားသူတွေကို သုံးသင့်ကြောင်း ကောင်း
ကြောင်း သတင်းပေးကြသည်။ သိပ်မကြာ ထိုခြင်ဆေးခွေသည် လူကိုဘေးဒုက္ခဖြစ်စေသော
ခြင်ဆေးခွေ
ဖြစ်နေသည်၊ ရှက်မိပါသည်။
နို့မှုန့်များတွင် မယ်လမင်းပါလာသဖြင့် အခြားနိုင်ငံများ
အရေးယူမူလုပ်ကြသည်၊တချို့ နို့မှုန့်များသည် ကလေးငယ်များ ရင်သား အစမတန်
ကြီးထွားလာစေသည် ကိုဖတ်ရပြန်သည်၊ သမီးလေး အတွက်
နို့လှိုင်လှိုင် ထွက်ပေးသော မဟေသီကို သမီး၏ ဆပ်မကုန်သော
ကျေးဇူးရှင်နေရာမှာ ထားမိသည်မှာ
ဘုရားပေးသော ကျေးဇူးသာဖြစ်သည်။
ကိုယ့်နိုင်ငံမှ ထွက်သော အချိုရည် သောက်မိသော် ကျနော်သမီး၏
နှုတ်ခမ်းများသည် အ၀ါရောက်ဆိုးဆေး
များအမြဲစွဲကျန်ခဲ့ကုန်သည် ကျနော်တို့ နိုင်ငံသားများ နေ့စဉ်သုံးစွဲနေသော
အစားအသောက် များစွာသည်
လူသားများ သုံးရန်မသင့်ပေ၊ ဒါဆိုရင် ကျနော်တို့ ကမ္ဘာပေါ်ရှိ လူများထက်တွင်
တဆင့်နိုမ့်ကျနေပေသည်။
ကျနော်တို့ အိမ်နီးခြင်း နိုင်ငံများ၏ အချင် ဘ၀ကို ကျနော်တို့ရောက်နေပြီ၊
လက်ရှိ ကျနော် နိုင်ငံမှ ထုတ်
ကုန်များသည် ယနေ့မြန်မာ ရုပ်ရှင်လို လုပ်ချင်သလို လုပ်နေသည် ကျနော်
မိသားစု နေစဉ် ဒါပဲအားပေး
နေကြသည်၊ အရှင်လတ်လတ် ဖဲ့စား ခံနေရသည်။
သမီးငယ်ကို ကြည့်ပြီး ၈၈ ကျောင်းသားများ လို ကျနော် အစိုးရကို
ဆန္ဒပြချင်သည်၊ ဟေ့မင်းတို့ ဘာလုပ်
နေကြတာလည်း ငါတို့ကိုလည်း ကြည့်ပါအုံး၊ ၀င်ငွေနည်းရတဲ့ထဲ
မီတာကတက်မလို့လား၊ အဆင့်တန်းမှီ
တဲ့ ကလေးအစားစာ တွေထုပ်ပါလား၊ အာမခံမရှိတဲ့ နိုင်ငံခြား ပစ္စည်းတွေ
ဖျက်ဆီးပစ်၊ လမ်းတွေကို
ရေရှည် ခိုင်ခံအောင်ပြင်ပါ၊ စ သည် စ သည်တို့ ပြောချင်ပါတယ်၊။
ဒါပေမယ့် ဖေဖေ ကြောက်တယ်သမီး ရယ်၊ ဘုန်းတော်ကြီးကို ကျောင်းတိုက်ကနေ
ဖယ်ခိုင်းပြီး လူထွက်ခိုင်းတော့ မယ်၊ ခုအစိုးရက အရမ်းလည်တာ သမီးရဲ့
အမေစုကိုတောင် ချုပ်ကိုင်ထားနိုင်တာ၊
အဖေကြောက်တယ် သမီးရယ်၊ သမီးလေးကို မကောင်းမူကို တွန်းလှန်တတ်တဲ့
ဝိညာဉ်ထည့်ပေးချင်တယ်။
အဖေကြောက်တယ်၊ကိုဌေးကြွယ် ပြောသလို အဓမ္မနဲ့ ဓမ္မ
ခွဲခြားတွန်းလှန်ချင်ပါတယ်၊ ဦးသိန်းစိန်တို့က
သိပ်လည်တာ၊သူတို့က သေနတ်ကောင်းကောင်းပစ်တတ်တယ် ၊ ဖေဖေကြောက်တယ် သမီး။
တိုင်းသူပြည်သားတွေ ကြောက်နေရတဲ့ နိုင်ငံက ဘယ်တော့မှ မတိုးတက်ဖူး ဆိုတာ
၆၅နှစ် ထောင်ကျနေတဲ့
ကို အံဘွယ်ကျော် အဖေကို ပြောဖူးတယ်၊ ဖေဖေ တို့ကြောက်လို့ သူတို့လို
လူကောင်းတွေ အထဲရောက်တာ
ဖေဖေ သိတယ်၊ ဖေဖေတို့ ကြောက်လို့ ဖေဖေတို့ တိုင်းပြည် ဒီလိုဖြစ်နေတာကို သိပါတယ်။
သမီးရယ် ဖေဖေငိုချင်တယ်၊ သိပ်ကြောက်တာပဲ သမီး။ ။
ကိုပီတာ
စမ်းချောင်း
--
I pray for you. please pray for me.
peter l ure

ကိုလူဗို ဘလော့မှ ဆောင်းပါများကို နှစ်သက်သောကြောင့်  ရှယ်သွားပါတယ်ခင်ဗျာ ၊နောက် အကြောင်းအရာများကိုလည်း ကူးယူဖေါ်ပြခွင့် ပြုပါ၊
ReplyDelete