Tuesday, December 6, 2011

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားများအတွက် ပညာရေးရံပုံငွေဂီတဖျော်ဖြေရေးနှင့် ဈေးရောင်း ပွဲတော်ကျင်းပမည်

by Myit Makha Mediagroup on Tuesday, December 6, 2011 at 6:55pm
ဝင့်သင်ဇာကျော် (မြစ်မခ)
ဒီဇင်ဘာ ၆၊ ရန်ကုန်မြို့။

၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် သုဝဏ္ဍမိုးလုံလေလုံအားကစားရုံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားများအတွက် ပညာရေးရံပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်တွင် အဆိုရှင်ပေါင်း တစ်ရာခန့် ပါဝင်သီဆိုမည်ဖြစ်ကြောင်း သိရှိ ရသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်းမှာ တိုင်းရင်းသားပြည်သူများတွင်  ပညာတတ်လူငယ်များ နည်းပါးလျက်ရှိပြီး အခက်အခဲအကြပ်အတည်းများနှင့်ကြုံတွေ့နေရသော တိုင်းရင်းသားပြည်သူများ ရှိနေသောကြောင့် အဆိုပါ တိုင်းရင်းသားပြည်သူများအား ကူညီ ထောက်ပံ့နိုင်ရန်အတွက် ရံပုံငွေပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။


“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားအကျိုးပြုလုပ်ငန်းတွေထဲမှာ ဒီမိုကရေစီကွန်ယက်ဆိုပြီးဖွဲ့ခဲ့တယ် အဲ့မှာ ပညာရေးကွန်ယက်လည်းပါတာပေါ့နော် အဲ့ဒါကြောင့် ကျွန်တော်တို့ လက်လှမ်းမီသလောက် ကွန်ယက်တွေကို တည်ဆောက်နေတဲ့ အချိန်အတွင်းမှာ တိုင်းရင်းသားဒေသတွေမှာ ဒုက္ခရောက်မှုတွေ ပိုများတယ် ပညာတတ် နည်းတယ် တိုင်းရင်းသားဒေသတွေမှာ ပညာရေးအရ အထောက်အကူဖြစ်စေနိုင်မယ့် အကူအညီမျိုး တွေ အတွက် ပညာရေးရံပုံငွေ ရှာဖွေတာ”ဟု ပညာရေးရံပုံငွေပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသူ ကိုဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ပညာရေးရံပုံငွေပွဲမှ ရရှိလာသော အကျိုးအမြတ်များကို အကူအညီလိုအပ်နေသော တိုင်းရင်းသား ပြည်သူများအတွက် အသုံးချသွားမည်ဖြစ်ပြီး မည်သည့်ဒေသများသို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်းကို ဒီမိုကရေစီကွန်ယက်မှ သွားရောက်လေ့လာနေကြကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အခက်အခဲအဖြစ်ဆုံး တိုင်းရင်းသားနယ်မြေတွေကို သွားပြီးတော့ လှူမှာပါ အဲ့ဒီအတွက် တိုင်းရင်းသားနယ်မြေတွေအတွက် ကျွန်တော်တို့ ဒီမိုကရေစီကွန်ယက်တွေအတွင်းက ဆင်းနေတဲ့နေရာတွေနဲ့ အခက်အခဲတွေကို ကျွန်တော်တို့ လေ့လာနေတယ် လေ့လာပြီး ဘယ်နေရာမှာတော့ ဘယ်လောက်အခက်အခဲဖြစ်နေတယ် အဲ့နေရာမျိုးတွေကို သွားပြီး ကူနိုင်အောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပမည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်တွင် The Trees (R ဇာနည် ၊ ဟဲလေး ၊ ဖိုးကာ၊ အစိုင်း ၊ ဥာဏ်လင်းအောင် ၊ ထွန်းအိန္ဒြာဗို ၊ ၀ိုင်းစုခိုင်သိန်း) အဖွဲ့ ၊ Emperor (ဇော်ဝင်းထွဋ် ၊ အဲလက်(စ်) ၊ ဘိုဖြူ ၊ ဖြိုးကြီး ၊ သျှီ ၊ အိမ့်ချစ် ) ၊ Hip Hop (ACID ၊ ကြက်ဖ ၊ cyclone၊ ရသ ၊ ယုန်လေး ၊ snare ၊ ငယ်ငယ် ၊ စန္ဒီမြင့်လွင် ၊ jenny ၊ Blue Berry )၊ Specturm (ထူးအယ်လင်း ၊ လင်းနစ် ၊ နွဲ့ယဉ်ဝင်း ၊ ကဗျာဘွဲ့မှူး ၊ မီးမီးခဲ ၊ သံသာဝင်း ) ၊ Lazy Club (ဇော်ပိုင် ၊ L လွန်းဝါ ၊ ထက်နေကြည် ၊ ဖြူဖြူကျော်သိန်း ၊ ချမ်းချမ်း ၊ ယုဇန ၊ အေသင်ချိုဆွေ) တို့ ပါဝင်ပြီး အခြားသော အဆိုရှင်များလည်း ပါဝင်သီဆိုပေးမည်ဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...