ပြည်သူတို့၏ မကျေနပ်ချက်များကို လွှတ်တော်ရေးရာ ကော်မတီများသို့ တိုင်ကြားနိုင်
by General Knowledge on Sunday, December 4, 2011 at 12:28am
ပြည်သူလူထုတို့၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်သော မကျေနပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီများသို့ တိုက်ရိုက် လိပ်မူပြီး တိုင်ကြားနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာ၂၅ ရက်တွင် ကျင်းပခဲ့သော ပြည်တွင်းပြည်ပမီဒီယာ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သူရဦးရွှေမန်းက ပြောကြားရာတွင် “ပြည်သူများ၏ မကျေနပ်ချက်များကို တိုင်ကြားလိုလျှင် မိမိဥက္ကဋ္ဌကို တိုက်ရိုက် သော်လည်းကောင်း၊ သက်ဆိုင်ရာ ရေးရာကော်မတီဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူးထံကို တိုက်ရိုက် တိုင်ကြားနိုင်တယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုင်ကြားချက်များနှင့် ပတ်သက်ပြီး လွှတ်တော်ရေးရာ ကော်မတီများမှ စုံစမ်းစစ်ဆေးချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုခဲ့သည်။
ထို့အပြင် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှလည်း တစ်ဆင့်တိုင်ကြားနိုင်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်တွင် ရေးရာကော်မတီ ၁၅ ခုရှိကြောင်း သိရသည်။ အဆိုပါ ရေးရာကော်မတီများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
0 comments:
Post a Comment