မိမိကိုယ့်သာ..ကိုးကွယ်ရာ
by Shwe Aeim Si on Saturday, December 10, 2011 at 4:35pm
သူငယ်ချင်းရေ....မင်းသိလား မာသားထရီဇာတို့ ၊ မဟာဓမ္မဂန္ဒီ၊ သမ္မတလင်ကွန်း။ ဗိုလ်ချုပ်အောင်ဆန်း တို့လိုသမိုင်းမှာလူတွေရဲ့ကြည်ညို လေးစားခြင်းကိုခံရတဲ့သူတွေဟာရုပ်ရည်လည်းမချောကြပါဘူး၊ဥာဏ်ပညာလည်းအထူးထက်မြက်တဲ့သူတွေ မဟုတ်ကြပါဘူး။ ရုပ်ရည်ချောတာဥာဏ်ကောင်းတာတွေထက်ကျမတို့တန်ဖိုးအထားဆုံးအရာတွေက
- ရိုးသားခြင်း၊
- သတ္တိရှိခြင်း၊
- ဇွဲရှိခြင်း၊
- စိတ်ထားမွန်မြတ်ခြင်း၊
မိမိကိုယ့်မိမိရိုသေလေးစားပါ။ ကိုယ့်ကိုကိုယ်ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကိုရိုသေလေးစားဖို့အတွက် ဥာဏ်ပညာထူးချွန်ထက်မြက်နေဖို့(သို့)နာမည်ကြီးသရုပ်ဆောင်ဖြစ်နေဖို့ မလိုအပ်ပါဘူး။
ကြေကွဲစရာအဖြစ်မျိုးနဲ့ကြုံတဲ့အခါ(သို့ )အားလုံးဆုံးရှုံးသွားတဲ့အခါ(သို့ )ချစ်သူကစွန့်ပစ်သွား တဲ့အခါ(သို့ )အားငယ်စိတ်ပျက်နေတဲ့ အခါ (သို့ )အခြားသူတွေလောက်ကိုယ်ကပညာတတ်တစ်ယောက်ဖြစ်မလာတဲ့ အခါကျွန်မတို့အများဆုံးမေးဖြစ်တဲ့မေးခွန်းတွေက
- ဘာကြောင့်ငါ့ကိုမှ……………………. ?
- ဘာကြောင့်ခုချိန်မှ……………………?
- ဘာကြောင့်……………………………???
- ဘာကြောင့် သူတို့ လိုဘွဲ့ တွေ......????
...?? လို့မေးခွန်းတွေမေးခြင်းဟာကကျမ တို့ စိတ်ကိုရူးသွပ်သွားစေပါတယ်။
များသောအားဖြင့်ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေမှာအဖြေမရှိပါဘူး။
လောကမှာအကျိုးရှိအောင် နေတတ်သူတွေဟာ ဘာကြောင့်ဆိုတဲ့မေးခွန်းကိုမမေးကြပါဘူး။
ဘာဆိုတဲ့မေးခွန်းနဲ့ပဲသူတို့ကိုသူတို့ပြန်ဆန်းစစ်တက် ကြပါတယ်။
- ဒီကိစ္စမှာငါဘာလုပ်ရမလဲ……?”
- ဒီဖြစ်ရပ်မှာငါဘာတွေသင်ခန်းစာရလိုက်သလဲ………?…"'
- မျှော်လင့်ချက်ကင်းနေတဲ့အခါ အခြေအနေပြန်ကောင်းလာအောင် ငါဘာဆက်လုပ်သင့်သလဲ...?
အောင်မြင်သူလူအများစုကလည်း သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘ၀တွေကို ကံကောင်းတိုက်ဆိုင်မှုတစ်ခုတည်းနဲ့ရောက်ရှိလာကြတာမဟုတ်ပါဘူး။
သူတို့ကသူတို့ကံကြမ္မာကိုသူတို့ကိုတိုင်ဖန်တီးခဲ့ကြသူတွေပါ။
မိုက်ရူးရဲဆန်ဆန်မျက်လုံးစုံမှိတ်စွန့်စားပြီး အောင်မြင်တဲ့ဘ၀တွေကိုကြက်ကန်းဆန်အိုးတိုးကာရောက်လာကြတာ
မဟုတ်ပါဘူး။
သင့်မှာလည်းမျက်လုံး စုံမှိတ်ရဲတဲ့သတ္တိရှိရင်မျက်လုံးတစ်ဖက်ဖွင့်ပြီးစွန့်စားပါတဲ့။
ကဲ သူငယ်ချင်းရေ...သူငယ်ချင်းကိုကျမလည်းနောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြမယ်နော်
တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို
လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ… မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး ''
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီး ကအမျိုးသမီးကိုပြုံးပြုံးရွှင်ရွှင်ကြည့်ရင်း..နဲ့ "ကောင်းပါပြီ....နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး က ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး… အချိုတွေ သိပ်မစားနဲ့ ....." လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက အံ့သြပြီးစိတ်ဆိုးမိတာပေါ့"ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက ကျမလာကတည်းကပြောလိုက်ရောပေါ့" လို့ ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့် အရင် တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို အချိုမစားနဲ့ လို့ ပြောဆို ဆုံးမဖို့  ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ ဖြစ်မှရမယ် လေ...။"
ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ...
သူများကို ဆုံးမပြုပြင်ပေးချင်ရင် အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမ ပြူပြင်ထားဖို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့....နော်...
ဒါကြောင့်သူငယ်ချင်းရေ..
မိမိကိုယ့်မိမိရိုသေလေးစားပါ။
ကိုယ့်ကိုကိုယ်ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကိုရိုသေလေးစားဖို့အတွက် ဥာဏ်ပညာထူးချွန်ထက်မြက်နေဖို့(သို့)နာမည်ကြီးသရုပ်ဆောင်ဖြစ်နေဖို့ မလိုအပ်ပါဘူး။
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
0 comments:
Post a Comment