Friday, December 16, 2011

အစာအိမ်ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများ

အစာအိမ်ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများ

အစာအိမ် ကင်ဆာ ဖြစ်ရခြင်း အကြောင်းရင်းများကို ဘယ်သူ မှတော့ အတိအကျ မသိပါဘူး။

(၁) Helicobacter pylori
H.pylori သည် ဗက်တီးရီးယား တစ်မျိုး ဖြစ်ပြီး များသော အားဖြင့် အစာအိမ်၏ အတွင်းပိုင်း မျက်နှာပြင်အား ရောဂါ ကူး စက်စေပြီး အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာအိမ်တွင် အနာဖြစ်ခြင်းတို့ကို ဖြစ် စေပါတယ်။

(၂) နာတာရှည် အစာအိမ် ရောင်ရမ်း မူ
အနီးမီးယား (Anaemia) သွေး အားနည်း ရောဂါကဲ့သို့သော ရောဂါ ရှိသူများတွင် နာတာရှည် အစာအိမ် ရောင်ရမ်းမှုရှိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေအ္တရာယ် များပြားပါတယ်။


(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အစာအိမ် ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူ များတွင်ဖြစ်နိုင်ခြေ ပိုမိုများပြားပါ တယ်။ 

(၄) မိသားစုနောက်ခံ/ နောက်ကြောင်းရာဇ၀င်
မိဘ၊ ညီအစ်ကိုမောင်နှမနှင့် သားသမီးများကဲ့သို့သော ဆွေမျိုးတစ်ယောက်ယောက်တွင် အစာအိမ် ကင်ဆာ ဖြစ်ခဲ့ဖူးပါက ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားပါတယ်။

(၅) အာဟာရချို့တဲ့မူ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အ၀လွန် ခြင်း ကဲ့သို့သော အခြေအနေ များတွင်လည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။
HPPO

Ref: Internet
မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...