Monday, December 5, 2011

ဘိုးသူတော်ဦးနုရဲ့ ပညာပေး စကားပုံ

by Moenge Aung on Tuesday, December 6, 2011 at 10:04am
 
 
- အယုတ်တ၇ားကိုလည်း အလိုမရှိ နှင့် မဟုတ်စကားကိုလည်း မဆိုဘိနှင့် အယုတ်တရားကို အလိုရှိက ဘဂဝါ၏ စကားကို ပယ်ရာကျသည်။ မဟုတ်စကားကိုဆိုဘိက သမာဓိတ၇ားကို ပြယ်ရာကျသည်။
-အထက်ကိုလည်း မလှမ်းပါနှင့် အပျက်ကိုလည်းမမှန်းပါနှင့်။
  အထက်ကိုလှမ်းက အခက်အခဲကြောင့် ပမ်းရသည်။ အပျက်ကိုမှန်းက အရှက်အမဲကြောင့် နွမ်းရသည်။
-မျက်စိမြင်ချင်လို့ ငရဲမီးမခတ်နှင့် လက်ရှိလင်ကို လည်း သရဲကြီးမမှတ်နှင့် ။

  မျက်စိမြင်ချင်လို့ ငရဲမီးခေတ်တော့ မျက်လုံးအိမ်မှာ ကွဲတတ်သည် ။ လက်ရှိလင်ကိုသရဲကြီးမှတ်တော့ တစ်သက်လုံးအိမ်ထောင်ပျက်တတ်တယ်။
 -ဇီးပြားကိုလည်း အပိုမကြိုက်နှင့် ရည်းစားကိုလည်း အလိုမလိုက်နှင့် ။
  ဇီးပြားကို အပိုကြိုက်တော့ သွားကြိမ်းလို့ ဝမ်းပျက်မယ် ။ ရည်းစားကိုအလိုလိုက်တော့ အမှားတိမ်းလို့ ပန်းပျက်မယ် ။
- လိမ်မော်သီးအစိမ်းကိုလည်းမစားနှင့် အချိန်မတော်ကြီးချိန်းတာမသွားနှင့်
   လိမ်မော်သီးအစိမ်းစားမိတော့ ချဉ်ဖန်ဖန်နဲ့ ခါးတတ်တယ် ။ အချိန်မတော်ကြီးချိန်းတာသွားမိတော့ရည်ငံမှုနဲ့ မှားတတ်တယ် ။
- အလိုကြီးလို့ ငွေရှာမလောနဲ့ ဒုတ်ခရတတ် ပွေတတ်တယ်။
-အကိုကြီးအရွယ်မို့ မေကညာမေ၇ာနဲ့ မုချ အရှက် ကွဲတတ်တယ် ။
-ငွေရှိတိုင်းလည်း အရမ်းမကြွားနဲ့ လှောင်ရယ်မှုနဲ့ ကဲ့ရဲ့မယ်။
-အမေ မသိတိုင်းလည်း လမ်းတကာမသွားနဲ့ အောင်သွယ်ကောင်းလို့ ညားတတ်တယ်။
-တဲအိုနားလည်း ထမင်းအိုးမတည်နဲ့ မတော်တဆမီးလောင်မယ်။
-ခဲအိုနားလည်း အပျင်းကြောမဖြေနဲ့ မတော်ခဏ ပျက်ကြမယ် ။
-ခရီးမောလို့ မြက်ပုံမလူးနဲ့ မြက်မွှေးစူးလို့ ယားတတ်တယ်။
-သမီးချောလို့ သမက်ကုန်မကူုးနဲ့ သားမက်ခလေးတွေ များတတ်တယ်။
-အိပ်ချင်တိုင်းလည်းမငိုက်နဲ့ အချောင်းအနှိုက်ခံရမယ် ။
-စိတ်ဝင်စားတိုင်းလည်း မကြိုက်နဲ့ အမြှောင်မယားဖြစ်တတ်တယ် ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...