Sunday, December 18, 2011

သတ္တုဓာတ် ချို့တဲ့ခြင်း


သတ္တုဓာတ်ချို့တဲ့ခြင်း

(၁) ဆိုဒီယမ်
ဆိုဒီယမ်သည် ဆဲလ်ပြင်ပတွင်ရှိသော အရည်များ ညီမျှမှုနှင့် အဆက်ဆစ် ဗေ့စ်ညီမျှမှုတို့ကို ပုံမှန်ဖြစ်အောင် ထိန်း သိမ်း ပေးပါသည်။ အာရုံကြော (နာမ်ကြော) နှိုးဆွမှုထုတ်လွှင့်ခြင်းကို ကူညီ ပေးပါသည်။ ဆိုဒီယမ်ဓာတ် ချို့တဲ့ပါက ကြွက်တက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ စိတ်မဝင်စား ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ဆိုဒီယမ် ဓာတ်လွန်ကဲ ပါက သွေးတိုး ရောဂါဖြစ်တတ်ပါသည်။

(၂) ကလိုရိုဒ်
ကလိုရိုဒ်သည် အရည်နှင့် အက်ဆစ် ဗေ့စ်ညီမျှမှုကို ထိန်းသိမ်းပေးပါသည်။ အစာခြေခြင်းကို ကူညီပေး ပါသည်။ ကလိုရိုဒ်ချို့တဲ့ပါက ကြွက်တက်ခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း၊ စားသောက် ချင်စိတ်မရှိခြင်းနှင့် ကလေးများတွင် ကြီးထွားမှု လျော့နည်းခြင်းတို့ ဖြစ်တတ်ပါသည်။ ကလိုရိုဒ်လွန်ကဲပါက အန်ခြင်းနှင့် ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်ပါ သည်။

(၃) ပိုတက်စီယမ်
ပိုတက်စီယမ်သည် တုန့်ပြန်မှုအများ စုတွင် ကူညီပေးပါသည်။ ပရိုတင်းများ ပြုလုပ်ခြင်း၊ ဆဲလ်များပုံမှန်ဆောင်ရွက် ခြင်း၊ အာရုံကြောနှိုးဆွမှုထုတ်လွှင့်ခြင်း၊ နှလုံးကြွက်သားများ ကျဉ်း၊ ကျုံ့ခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။ ပိုတက်စီယမ် ချို့တဲ့ပါက ကြွက်သားများ အားနည်းခြင်း၊ လေဖြတ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း တို့ဖြစ်တတ် ပါသည်။ ပိုတက်စီယမ်လွန်ကဲပါက အန်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ဖြစ်တတ် ပါသည်။

(၄) ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်သည် အရိုးများနှင့် သွားများတွင် အဓိကကျသော သတ္တု ဓာတ်ဖြစ်ပါသည်။ ကြွက်သားများ ပုံမှန် ကျုံ့ခြင်းနှင့် ဆန့်ခြင်း ဖြေလျော့ခြင်း (အထူးသဖြင့် နှလုံးကြွက်သား) ကို ဆောင် ရွက်ပေးပါသည်။ အာရုံကြောများ၏ လုပ်ငန်းဆောင်ရွက်ခြင်း၊ သွေးခဲခြင်း၊ သွေးဖိအားနှင့် ရောဂါခံနိုင်ရည် တိုက်ခိုက် ခုခံနိုင်မှုများတွင်လည်း ကူညီပေးပါသည်။ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့ပါက အရိုးပွခြင်းနှင့် ကလေးများတွင် ကြီးထွား မှု နှေးကွေးခြင်းတို့ ဖြစ်တတ်ပါသည်။ ကယ်လ်ဆီယမ်လွန်ကဲသော ရောဂါကို မသိရှိသေးပါ။ ပိုနေသော ကယ်လ်ဆီယမ်များကို စွန့်ထုတ်ပစ်လိုက် ခြင်းကြောင့်ဖြစ်ပါသည်။

(၅) ဖော့စ်ဖရပ်စ်
ဖော့စ်ဖရပ်စ်သည် အရိုးများ၊ သွား များနှင့် ဆဲလ်များတွင် အစိတ်အပိုင်း အနေဖြင့် ပါရှိပါသည်။ မျိုးရိုးနှင့်ဆိုင်သော အရာဝတ္ထုများတွင် လိုအပ်ပါသည်။ စွမ်း အင်များကို ပြောင်းလဲပေးပါသည်။ အက်ဆစ်-ဗေ့စ်ညီမျှမှုကို ထိန်းသိမ်းပေး ပါသည်။

(၆) မဂ္ဂနီစီယမ်
မဂ္ဂနီစီယမ်သည် အရိုးများအတွက် လိုအပ်ပါသည်။ ပရိုတင်းဓာတ်များတည် ဆောက်ခြင်း၊ အင်ဇိုင်းများ ဆောင်ရွက်ခြင်း၊ ကြွက်သားများ ကျုံ့ခြင်း၊ အာရုံကြောနှိုးဆွ မှုထုတ်လွှင့်ခြင်းနှင့် သွားများကို ကူညီ ပေးပါသည်။ မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ပါက မုန့်ချိ အိတ် (ပန်ကရိယ)မှ ဟော်မုန်းထုတ်လုပ် မှုကို လျော့နည်းစေပါသည်။ အားနည်း ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများကို ဖြစ်စေ ပါသည်။ ၄င်းဓာတ်လွန်ကဲပါက ဖြစ်ပေါ်လာ သော ရောဂါ လက္ခဏာများကို မသိရှိသေးပါ။

(၇) ဆာလ်ဖာ
ဆာလ်ဖာသည် ပရိုတင်းတည် ဆောက်မှုအတွက် လိုအပ်ပါသည်။ ဘိုင် အိုတင်၊ သိုင်ရာမင်း (ဗီတာမင်ဘီဝမ်း) နှင့် အင်ဆူလင်အစိတ်အပိုင်းတစ်ခုအနေ ဖြင့် ပါဝင်ပါသည်။ ခန္ဓာကိုယ်အဆိပ်ဖယ် ထုတ်ခြင်းလုပ်ငန်းစဉ်တွင် ကူညီပေးပါသည်။ ဆာလ်ဖာဓာတ်ချို့တဲ့ပါက ဖြစ်ပေါ်လာသော ရောဂါ လက္ခဏာ များကို မသိရှိ သေးပါ။ လွန်ကဲပါက ကြီးထွားမှုကို လျော့ နည်းစေပါသည်။

Ref:Health Care Journal
မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...