Thursday, December 22, 2011

ပန်းခင်းသောလမ်း

by Moenge Aung on Thursday, December 22, 2011 at 2:34pm
 
မင်္ဂလာပွဲ ဖိတ်ကြားလွှာကို သူငယ်ချင်းဆီကနေရောက်ရှိလာတော့ ကိုယ်တိုင်ပင်တက်ရောက်ချင်ပါသည်။ အဝေးမှာ ဆိုတော့ မည်သို့မျှပင် မတတ်နိုင်ခဲ့ပါ။ စိတ်ကူးလေးပေါ်လာတာနဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် စာလေးတော့ ရေးချင်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူငယ်ချင်းမှ စာလက်ဖွဲ့အဖြစ် ဗုဒ္ဓ၏အဆုံးအမတို့ဖြင့်ရေးသားသော လက်ဖွဲ့ကိုလိုချင်သည် ဆိုတာဖြင့် အကိုက်ပင်ဖြစ်သွားခဲ့ပါတယ်။ စာကိုရေးသားပို့ပြီးချိန်မှာတော့ ကျွန်တော်စိတ်ထဲ မသိသေးသောသူများသိစေလိုတာရယ်၊ မေ့လျော့နေသူများ သတိဖြစ်စေချင်တာရယ် ကြောင့် တင်ပြချင်စိတ်ကလေးဖြစ်လာတာနဲ့ပဲ တတ်အား သမျှသောစာလေးကို အများကျိုးဖြစ်စေခြင်းငှာ တင်ပြလိုက်ပါတယ်။

အချစ်ဆုံးသူငယ်ချင်း သူရဇော် နှင့် မတင်တင်ထိုက် တို့အတွက် ကျွန်တော်၏ တတ်စွမ်းသမျှသော စာပေအနုပညာဖြင့် အဝေးတစ်မြေမှ မေတ္တာလက်ဖွဲ့
စာရေးသားလိုက်ပါခြင်းသာဖြစ်ပါသည်။ တစ်ခြားသော မိတ်ဆွေအပေါင်းလည်း ဘ၀လက်တွဲဖော်ထူထောင်မယ်ဆိုရင် ပန်းခင်းသောလမ်းကို လျှောက်လှမ်းနိုင်ကြပါစေ
လို့ မေတ္တာပို့ဆုတောင်းလိုက်ပါ သည်။
တူစုံမောင်မယ် တွဲလက်မဖြုတ်တမ်း သစ္စာတရားဖြင့် ဘ၀ခရီးလမ်းကို ဖြတ်လျှောက်ကြတဲ့အခါ ပန်းခင်းသောလမ်းကို လျှောက်လှမ်းသကဲ့သို့ အဆင်ပြေချောမွေ့ပြီး
သံသရာမှ ရုန်းထွက်နိုင်ကြသော ပါရမီဖြည့်ဖက်များ ဖြစ်ကြပါစေလို့ ဦးစွာ ဆန္ဒပြုပါသည်။
ပန်းခင်းသောလမ်း
ပန်းခင်းသောလမ်းဆိုကတည်းက ပန်းရနံ့တွေမွှေးကြိုင်ပြီး လျှောက်လမ်းရတဲ့လမ်းဟာ အဆင်ပြေချောမွေ့နေခြင်း ဖြစ်ပါတယ်။ သီလတရားတွေလုံခြုံပြီး သီလရနံ့တွေ
မွှေးကြိုင်ကာ တစ်ဦးနဲ့တစ်ဦးအပေါ်မှာ ဗြဟ္မာစိုရ်တရား(မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ)နဲ့နေထိုင်ပြီး ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့ဖြင့် လျှောက်လမ်းရင်ဖြင့်
ပန်းခင်းသောလမ်းကို လျှောက်လှမ်းခြင်းလို့ ဆိုရမှာပါ။ သီလတရားဆိုတာကတော့ လူတို့ကျင့်အပ်သော ငါးပါးသီလ စောင့်ထိန်းခြင်းပါပဲ။ သီလတရားကိုသိထား
ပေမယ့် ဘယ်လိုစောင့်ထိန်းသင့်သလဲဆိုတာကို တွေးဆကြည့်ပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ကို နှမြောကြတယ်၊ သေမှာကြောက်ကြတယ်၊ ဒီလိုဆို မှဲ့၊ ခြင်၊
 ယင်ကအစ သတ္တ၀ါတိုင်းဟာ သေမှာကြောက်ကြတာချည်းပဲ။ ဒါဆိုကိုယ်ကလည်း သူများအသက်ကိုလည်း မသတ်မိအောင် ရှောင်ကြဉ်သင့်တာပေါ့။ ညှင်းပန်း
နှိပ်စက်ခြင်းဆိုတာလည်း ပါဝင်တယ်ဆိုတာ ထပ်ပြီးသတိထားလိုက်ပါ။ သူများပစ္စည်းခိုးတာ၊ ကာမဂုဏ်မှာ မှောက်မှားတာ လိမ်လည်ပြောဆိုတာ အရက်သေစာ
သောက်စားတာ အားလုံး ဒီပုံစံကျင့်သုံးလိုက်ရင် သီလတရား ဖြည့်ကျင့်နေတယ်၊ စောင့်ထိန်းနေတယ်ဆိုတာ အမှတ်ရလိုက်ပါ။ သတိရလိုက်ပါ။ လိမ်လည်ပြော
ဆိုရာမှာ ကြမ်းတမ်းတဲ့ စကားပြောဆိုတာ ကုန်းတိုက်တဲ့စကားပြောဆိုတာ အနှစ်သာရမရှိတဲ့စကားပြောဆိုတာပါဝင်နေတယ်ဆိုတာ သတိလေး တစ်ချက်ဝင်လိုက်ပါ။
 အရက်သေစာမှာတော့ သူငယ်ချင်းက အထူးရှောင်ကြဉ်ရလိမ့်မယ်။ သီလတရားထဲမှာလည်းပါတယ်၊ ကိုယ့်အမျိုးသမီးကလည်းကြိုက်မှာ မဟုတ်ဘူး။
အရက်သေစာမှာလည်း မူးရစ်စေတတ်တာ အကုန်ပါဝင်နေမယ်ဆိုတာ ထပ်ပြီး သတိထားလိုက်ပါ။ ဒီသီလတရားတွေကို တစ်ယောက်နဲ့တစ်ယောက် မပျက်စီးရအောင်
 ဖေးဖေးမမ ကူညီသွားရမှာပါ။ ဒါဆိုရင်တော့ ရနံ့လေးတွေ မွှေးကြိုင်နေမှာပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...