သည်းခြေအိတ် ကျောက်တည်ရောဂါ ဘာကြောင့်ဖြစ်
သည်းခြေအိတ် ကျောက်တည် ရောဂါ (Gallstone)
ဟူသော ရောဂါသည်
လူအများကြားတွင် ကြားဖူး နားဝ ရှိနေကြသော ရောဂါ အမည်တစ်မျိုးပင်ဖြစ်သည်။ လူ
အများလည်း ဖြစ်လေ့ရှိကာ အချို့ မှာလည်း ဆေးသောက်ကာ ပျောက်သွားလေ့
ရှိကြသော်လည်း အချို့မှာမူ ခွဲစိတ်ကုသမှုခံယူသည် အထိ ရောဂါ
ပြင်းထန်ခဲ့ကြသူများ လည်း ရှိခဲ့ကြမည်ဖြစ်သည်။
သို့သော် အဆိုပါရောဂါ သည် မည်သို့သော
အကြောင်းများ ကြောင့် ဖြစ်ပွား လာရသည်၊ မိမိ၏ ခန္ဓာကိုယ် အတွင်းသို့
ကျောက်များ မည်သို့သော အကြောင်းများ ကြောင့် ဝင်ရောက် လာသည်ကိုမူ သိရှိသူ
နည်းပါ နေသေးကြောင်း Fame ကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာ ပါမောက္ခ ဒေါက်တာ
ခင်မောင်လွင် က ပြောသည်။
ကျွန်တော် ဆေးခန်းထိုင်ပါ
တယ်။ကျွန်တော့်ဆေးခန်းကိုလာ ပြကြတဲ့ သည်းခြေအိတ်ကျောက် တည်ရောဂါ
လူနာအများစုက ဒီ ရောဂါဘာကြောင့်ဖြစ်မှန်းမသိကြ ဘူးဟု ဒေါက်တာခင်မောင်လွင်
ကပြောသည်။ သည်းခြေအိတ်တွင် ကျောက် တည်ခြင်းနှစ်မျိုးရှိသည်ဟု သိရ
ပြီးတစ်မျိုးမှာ အဆီကြောင့်ဖြစ် သည့် ကိုလက်စထရော ကျောက် တည်ခြင်း
(Cholesterol Stone) အခြားတစ်မျိုးမှာ စားသောက် လိုက်သည့် အစားအစာများတွင်
ကြေးနီ၊ သံဓာတ်ထုံးဓာတ် အစရှိ သည့် သတ္တုဓာတ်များကြောင့်ဖြစ် သည့် Pigment
Stoneတို့ဖြစ် ကြောင်း သိရသည်။
ကျောက်တည်ခြင်းနှစ်မျိုးစ လုံးသည်
ခန္ဓာကိုယ်မှချေဖျက်နိုင် သည့် ပမာဏထက် ကျော်လွန် စားသုံးလိုက်မိသည့်
အစားအစာ များကြောင့်ဖြစ်ရခြင်းဖြစ်ကြော င်း သိရသည်။ သည်းခြေ ကျောက်တည်
နေတဲ့ကျောက်တွေကို ခွဲစိတ် ကြည့်လိုက်ရင် မပျော်ဝင်တဲ့အ နည်ကျကျောက်တွေနဲ့
ဖွဲ့စည်း ထားတာကို တွေ့ရလိမ့်မယ်ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။
သည်းခြေအိတ်ကျောက် တည်ခြင်းဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ အနောက်
တိုင်းအစားအစာ(Western Diet)များစားသုံးခြင်းကြောင့်ြ ဖစ် သည်ဟုသိရသည်။
ကမ္ဘာပေါ်တွင် သည်းခြေ အိတ်ကျောက်
တည်ရောဂါဖြစ်ပွား မှု အများဆုံးသောနိုင်ငံများမှာ အမေရိကန်၊ချီလီ၊ပီရူး
စသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။ သည်းခြေအိတ် ကျောက် တည်ရောဂါသည်
အစားအ သောက်ကြောင့်လည်း ဖြစ်ပွား တတ်သကဲ့သို့ မျိုးဗီဇကြောင့်လည်း
ဖြစ်ပွားတတ်ကြောင်း သိရသည်။ မျိုးဗီဇကြောင့်ဖြစ်နိုင်ခြေရှိ တဲ့ကြားထဲမှာ
Environmental Factor လို့ခေါ်တဲ့ အစားသောက် အနေအထိုင်ပါမဆင်ခြင်ရင်
ပိုဖြစ်နိုင်တယ်ဟုဒေါက်တာခင် မောင်လွင်က ပြောသည်။
မြန်မာလူမျိုးများသည် သည်းခြေအိတ်
ကျောက်တည် ရောဂါဖြစ်စေတတ်သည့် မျိုးဗီဇ မပါရှိသဖြင့် မြန်မာလူမျိုးများ
တွင်ဖြစ်ပွားသည့် အဆိုပါရောဂါ သည် အစားအသောက်အနေအ ထိုင်ကြောင့်သာ
ဖြစ်ပွားလေ့ရှိသ ဖြင့် ကြိုတင်ကာကွယ်၍ရရှိနိုင်
သောရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။
အဆိုပါရောဂါသည် အမျိုး သားများထက်
အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အသက်လေး ဆယ်ကျော်သူများတွင်
အဖြစ်များ လေ့ရှိကြောင်းသိရသည်။ အသက် လေးဆယ်ကျော် အမျိုးသမီးများတွင်
အဆိုပါရော ဂါဖြစ်ပွားနိုင်ခြေမှာ ၂၅ ရာခိုင်နှုန်း ရှိပြီး
အမျိုးသားများတွင်မူ ၈ ရာ ခိုင်နှုန်းသာရှိကြောင်းသိရသည်။ ထို့အပြင် အသက်၇၅
နှစ်ကျော် အမျိုးသမီးများတွင် နှစ်ဦး လျှင်တစ်ဦး ဖြစ်ပွားလေ့ရှိပြီး ဖြစ်
ပွားနှုန်း ၅၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ သည်းခြေအိတ်တွင် ဖြစ်
သည့်ရောဂါအားလုံးသည် သည်း ခြေအိတ် ကျောက်တည်ခြင်း ကြောင့်
ဖြစ်ပွားသည့်ရောဂါများ ပင်ဖြစ်သည်။
သည်းခြေအိတ်ရောင်တာ ပဲဖြစ်ဖြစ်၊
ပိုးဝင်တာပဲဖြစ်ဖြစ်၊ သည်းခြေအိတ်ကြီးပိတ်သွားလို့ပဲ ဖြစ်ဖြစ်၊
သည်းခြေအိတ်ပြည် တည်ပြီး ပေါက်သွားလို့ပဲဖြစ်ဖြစ် နောက်ဆုံး
ကုန်ကုန်ပြောရရင် သည်းခြေအိတ်မှာ ကင်ဆာဖြစ် တာအထိ သည်းခြေကျောက်
တည်လို့ပဲဟု ဒေါက်တာခင် မောင်လွင်ကပြောသည်။ သည်းခြေအိတ်ကျောက် တည်ရောဂါသည်
အမျိုးသမီးများ တွင်ဖြစ်ပွားနှုန်းပိုမိုများပြားပြီး 5Fs နှင့်
အကျုံးဝင်သည့် အမျိုး သမီးများတွင် ဖြစ်ပွားနိုင်ခြေပိုမို
များပြားကြောင်းသိရသည်။
5Fs ဟူသည်မှာFemale အမျိုးသမီးဖြစ်ခြင်း၊
Fat ဝခြင်း၊ Forty လေးဆယ်ကျော်ခြင်း၊ Fertile ကလေးမွေးထားဖူးခြင်းနှင့်
Fair အသားအရေ လတ်ဆတ်ဖြူ ဝင်းခြင်း စသည်တို့ဖြစ်ကြောင်း
ဒေါက်တာခင်မောင်လွင်ကပြော သည်။ သည်းခြေကျောက်တည်
ခြင်းနှစ်မျိုးရှိသည်ဖြစ်ရာ ပထမ တစ်မျိုးဖြစ်သည့် ကိုလက်စထ
ရောကျောက်တည်ခြင်း Cholesterol Stone သည် အဆီအစားများ
ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်ြ ပီး အဆိုပါအမျိုးအစားတွင် ဖြစ်ပွား
သည့်ကျောက်မှာ အဆီကျောက် ဖြစ်သည့်အတွက် ဆေးသောက်၍ ခြေဖျက်ရနိုင်ကြောင်း
သိရသည်။
အခြား တစ်မျိုးဖြစ်သည့် သ
ထ္ထုဓာတ်များပါဝင်သည့်ကျောက် တည်ခြင်း Pigment Stone သည် မာကျောသည့်
သတ္တုဓာတ်များဖြင့် ဖွဲ့ စည်းထားသည့် ကျောက်ဖြစ်သ ဖြင့် အများစုမှာ
ခွဲစိတ်ကုသမှုခံယူ ရလေ့ရှိကြောင်း သိရသည်။ Cholesterol Stone သည်
အမျိုးသမီးများတွင် အဖြစ်များ သည်။ အမျိုးသားများတွင် သည်း
ခြေကျောက်တည်ခြင်း ဖြစ်ပွားပါ က Pigment Stone အဖြစ်များ ကြောင်းသိရသည်။
သည်းခြေ ကျောက်တည် ခြင်းကို
ဖြစ်ပွားစေသည့် အစားအ စာများမှာ ဆီကျော်များ၊အချိုရည် များဖြစ်ကြောင်းသိရ
သည်။ ထို့အပြင် အရက်သောက် ခြင်း၊အသက်လေးဆယ်ကျော် သွေးဆုံးပြီးသည့်
အမျိုးသမီးများ လည်းဖြစ်ပွားတတ်ကြောင်း သိရ သည်။
ပုံမှန်လမ်းလျှောက်ပေးခြင်း၊ ပန်းသီး၊ နာနတ်သီးစားခြင်း၊ ပဲပိစပ်၊
ပဲပုပ်စားသုံးပေးခြင်း စသည့် အချက်များသည် သည်း ခြေကျောက်တည်ခြင်း အား ကာ
ကွယ်နိုင်ကြောင်း သိရသည်။
Ref:7 Days News
မေမွန်ကျော်
0 comments:
Post a Comment