သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၀န်ကြီး သိစေရန်
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
အကြောင်းအရာ၊၊ ၊၊ အခြေမခိုင်ယိုင်လဲမယ်
ဘဘ၀န်ကြီးရေ ဘယ်သူ့လက်ထက်မှာမှ မကြားဖူးတာတွေကို အရူးချီးပန်းနဲ့ ထင်ရာ မလုပ်ပါနဲ့. ဘဘကြီး မောင်သောင်းကို လေးစားသင့်တယ် အပြောင်းအလဲဆိုတာ တဆင့်ပြီးတစ်ဆင့်လုပ်ရတယ် ဥပမာ ဘဘကြီး ဒီရာထူးကိုရဖို့ တစ်ဆင့်ပြီး တစ်ဆင့်ကြိုးစားရသလို(ကပ်ဖား လဘ်ထိုး ကလိမ်ကျ) ။ ခေါက်ရိုးကျိုးနေတဲ့ နည်းပညာကျောင်းကို အောင်ဘာလေထီပေါက်လို့နေ့ချင်းညချင်း ချမ်းသာသွားသလို ရုတ်တရက်ကြီး မတိုးတတ်ချင်စမ်းပါနဲ့....။ သွားပါများ ခရီးရောက်ဆိုတဲ့ မောင်ပေါက်ကျိုင်းထုံးကို နှလုံးမူ လိုက်ပါ၊ တစ်နေ့ တစ်လံ ဆို နေပြည်တော်ဘယ်ပြေးမလဲ ဘဘကြီးရယ်....။
နည်းပညာကျောင်းတော်ကြီးကို တိုးတတ်ချင်တဲ့စိတ်က ဘဘကြီးတစ်ဆီမှာဘဲ ရှိတယ်ထင်နေလား ။ ကျွန်တော်တို့ကျောင်းတော်သားတွေဆီမှာလည်းရှိပါ တယ်...။ မရှိတာထက် မသိတာခက် ....ဘဘကြီးရဲ့ ဖြစ်ချင်တာတွေဘဲ ဇွတ်မလုပ်ပါနဲ့ ဖြစ်သင့်တာလေး ဦးစားပေးပါဦး...။ အခုဆိုရင်ကြည့် ဘဘလည်းကြားမှာပါ ဘဘကို မေတ္တာပို့နေတဲ့ ကျောင်းသားနဲ့ မိဘတွေရဲ့ အသံကိုလေ.....။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆိုရင် ကျောင်းရှေ့နားက အလေအလွင့်ခွေးလေးတစ်ကောက်ကို ကျောင်းတတ်တဲ့နေတိုင်း အစာကျွေး နေကြလေ ...ဒီနှစ်သူဆက်မတတ်ရတော့ဘူးဆိုတော့
အဲဒီအလေအလွင့်ခွေးလေးလည်း ငတ်ပြီပေါ့ဘဘရယ်..ဘဘကတော့ အခန့်သားနဲ့ အတုံးကြီးကြီးကိုက်လို့.........။
ဘဘကြီးကို မေးခွန်းသုံးခုလောက်မေးချင်ပါတယ်...ဖြေတာမဖြေတာကတော့ မဖြေတတ် တဲ့သူတွေအပိုင်းပေါ့
၁။ ဒီနှစ်စာမေးပွဲမှာ နည်းပညာကျောင်းသားတွေကို အရည်အချင်းမပြည့်မှီလို့ ဆိုတဲ့ အကြောင်ပြချက် (အကြောင်းပြချက်မဟုတ်ပါ) နဲ့ အခုလို မျိုး အောင်စာရင်းထုတ်ပေးရတာ စားဝင်အိပ်ပျော်ပါရဲ့လား.......၊(မှတ်ချက် စာလုံးရေ တစ်လုံးထက်ပိုမဖြေပါနဲ့)
၂။ မင်းတုန်းမင်းနဲ့ ငါးခြောက်ပြားအကြောင်းကို ဘဘက ၀န်ကြီးတောင်ဖြစ်တာ ဆိုတော့သိမှာပါ..ဘဘလည်း ငါးခြောက်မစားရလို့ ဒေါသနဲ့ ရိုက်တာလား မှတ်စေချင်လို့ရိုက်တာလား....။ (မှတ်ချက် ဒီမေးခွန်းကိုတော့ ဘဘကြီး ထမင်းခုနှစ်ရက်မစားဘဲ ငါးခြောက်အခန်းထဲမှာ
နေကြည့်ပြီးမှ ဖြေပါ)
၃။ သားသမီး စာမေးပွဲမအောင်မြင်သာအခါ ခံစားရသော မိဘတစ်ဦးရဲ့ ခံစားချက်ကို ခံစားဖူးပါသလား.....။(ဤမေးခွန်းကိုတော့ ဘဘကြီးဝန်ကြီးဘ၀နဲ့ မဖြေပါနဲ့ ဘဘကြီး ရာထူးကလျောပြီး သာမန် အရပ်သားဘ၀ရောက်မှဖြေပါ....ဘဘတို့ဝန်ကြီးသားသမီးတွေက ခုံနံပတ်ထိုး ၉၉ ဘေးမျဉ်းဆွဲ ၁မှတ်ရဆိုတဲ့ (စေ)တစ်လုံးပိုင်ရှင်တွေပါ)
မေးချင်တာလည်း မေးပြီးပါပြီ
စကားသုံးခွန်းလောက်ပြောချင်ပါတယ်။
၁။.မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည်ဆိုပြီးတော့ လက်ရှိဖြစ်နေတာကို သင်ခန်းစာယူပြီး အရည်အချင်းပြည့်မီသော နည်းပညာသားကျောင်းများ
ပေါ်ထွန်းရမည် ဆိုတဲ့ စကားကို လျှာကို RCလောင်းပြီး မပြောပါနဲ့..
၂။ အမြဲတမ်းခေါက်ရိုးကျိုးနေရမယ်လို့မပြောလိုပါဘူး..
ဖြည်းဖြည်ခြင်းပြောင်းလဲရမှာပေါ့...ဘဘလည်းသိမှာပါ ဖန်ခွက်အပူကြီးကို ရေခဲရေလောင်းထည့်ရင် ဘာဖြစ်တယ်ဆိုတာ သိမှာပါ..။
ကျောင်းသားဆိုတာ အစဉ်အလာမရှိတဲ့သူမဟုတ်ပါဘူး.....သမိုင်းရဲ့ တရားခံမလုပ်ချင်ပါနဲ့..
၃။ မှားတာရှိရင်လည်း အမှန်မြင်အောင် ဖတ်လိုက်ပါဘဘရယ် ကျွန်တော်က ဘဘလောက်မတတ်လို့ပါ။ ဘဘကိုစကားလက်ဆောင်တစ်ခုလောက်
ပေးချင်တယ်..အခြေမခိုင်ယိုင်လဲမယ် လို့ ဘဘလည်း RCနဲ့ လုပ်ထားဦးနော်
ဘဘ ဘာမှမသိဘူး
နည်းပညာကျောင်းသားကိုယ်စား
http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A3317344&xgs=1&xg_source=msg_share_post မှ

0 comments:
Post a Comment