Wednesday, December 7, 2011

ခဏ ခဏ ချိန်းတာများတယ်

by Moenge Aung on Wednesday, December 7, 2011 at 6:11pm
Good Health
 ဒေါက်တာမိုလာ

 မောင်အဝှာ။       ။ဆရာ ဟို တစ်နေ့က အန်တီကြီးက ပြောသွားတယ်။ သွားဆေးကုတာ တစ်ခါတည်း မပြီးဘူးတဲ့။ ခဏခဏ လာနေရတာပဲ။ တစ်ခါတည်း ပြီးအောင် ဘယ်သူမှ မလုပ်ကြဘူး။ အချိန်ဆွဲ ကုတယ်တဲ့။ ဆရာရေ ဒါကို ဘယ်လိုပြောမလဲ။
ဒေါက်တာနိုး။      ။အကြောင်းတရားရှိလို့ အကျိုးတရား ဖြစ်လာတာပဲ။ ဘယ်လိုပဲ ပြောပြော အကြောင်းမဲ့တော့ မလုပ်ကြပါဘူး။ အကျိုးတရား ကောင်းချင်လို့ လုပ်ရတာပဲ။
 မောင်အဝှာ။    ။ဆရာရယ် အဝှာတွေ အဝှက်တွေ လုပ်မနေနဲ့ တဲ့တိုး ပြောပါလား။ နားမလည်လို့ မေးမှ ပိုပြီး နားမလည်တော့ဘူး။
ဒေါက်တာနိုး။     ။မင်းကလည်း ရှင်းရှင်းကြီးကိုကွာ၊ တော်တော် ဒုံးဝေးတာပဲ။ တစ်ခုစီ ပြောပြမယ်ကွာ။ မင်း ပိုနားလည် လာမှာပါ။ မင်းကိုလည်း ပြန်မေးမယ်ကွာ။ သွားနာလို့ လာတဲ့လူက မျက်နှာကြီး ရောင်လာရင် ငါတို့ ဘာလုပ်ပေးလဲ။

 မောင်အဝှာ။     ။သွားနာပြီး မျက်နှာရောင်လာရင် ဖြစ်တဲ့ အကြောင်းရင်း စစ်ဖို့နဲ့ အရောင်ကျဖို့ပဲ လုပ်တာပဲဟာ။
ဒေါက်တာနိုး။     ။အေးပေါ့။ ဒီတော့ ဆေးသောက် ခိုင်းရတယ်။ ဓာတ်မှန်ရိုက် ခိုင်းတယ် ပေါ့ကွာ။ ပြန်ချိန်း ရတာပဲပေါ့။ ဒီကြားထဲမှာ ဆေးမှန်မှန် မသောက်လို့ ဆေးမတိုးလည်း ပြန်ချိန်းပြီး ကုရသေးတာပဲ။ ဒီတော့ တစ်ခေါက်တည်း မပြီးဘူးပေါ့ မဟုတ်ဘူးလား။
 မောင်အဝှာ။     ။ဒါတော့ ဟုတ်တာပေါ့။ ဒီလို ကိစ္စမျိုးကတော့ ပြန်ချိန်းမှာပေါ့ တခြားဟာတွေကော ...။
ဒေါက်တာနိုး။     ။သွားဖာချင်လို့ လာတဲ့လူတွေလည်း ကြည့်ပါလား။ ကိုယ့်အသိတရားနဲ့ကိုယ် ကျန်းမာရေးအရ စစ်ဆေးဖို့ လာတဲ့လူနဲ့ နာမှ သွားဖာချင်တဲ့လူ ဘယ်သူများလဲကွာ။

မောင်အဝှာ။     ။ လာတဲ့ လူအများစုက နာမှ သွားဖာချင်ကြတာပေါ့ ဆရာရယ် တွေ့နေတာပဲ။
ဒေါက်တာနိုး။      ။အေး ကျန်းမာရေး အသိနဲ့ သတိရှိတဲ့သူကျတော့ ကြိုတင် ကာကွယ်တာဆိုရင် ချက်ချင်း ဖာပေးလို့ ရတာပေါ့။ နာမှလာတော့ ချက်ချင်း သွားဖာလို့ မရတော့ဘူး။ နာတာကို ကုနေရတော့ သွားဖာဖို့အတွက် ရက်ချိန်းဖို့ ဖြစ်လာတာပဲလေ။
 မောင်အဝှာ။      ။ဒါလည်း ဟုတ်တယ်။ စောစော လာခဲ့တဲ့သူဆိုရင် တစ်ခါတည်းပြီးတာပဲနော်။
ဒေါက်တာနိုး။      ။အေး ဒါပေမဲ့ စောစောသိလို့ ကြိုတင်ပြင်ဆင်လည်း ပြန်ပြီး ချိန်းရတာရှိတာပဲ။ သွားစိုက်တာ မျိုးပေါ့ကွာ။ သွားစိုက်တာလည်း မချိန်းလို့ ရသလား။တစ်ခါတည်းနဲ့ စိုက်လို့ ရသလား။
 မောင်အဝှာ။     ။မရဘူး၊ တချို့လည်း ချိန်းရတဲ့ အကြိမ် များတယ်လေ။
ဒေါက်တာနိုး။      ။အေး အရှင်စိုက်သူတွေဆိုရင် ပုံစံခဏခဏ ယူရတာရှိတယ်။ သွားစိုက်ပြီးလည်း အသားကျတဲ့ အချိန်ထိ ပြုပြင်ရတာတွေ ရှိတာပဲလေ။ ဒါမျိုးကျ ဘယ်လိုလုပ်မလဲ။ မချိန်းရင် ခံရတဲ့သူက လူနာလေ။ အိမ်ဆောက် မယ်ဆိုရင် Plan လေးနဲ့ဆောက်ရင် Design လှတာပေါ့။ သွားစိုက်တာလည်း Plan လေးရှိရမှာပေါ့။ ဒါမှDesign လှမှာလေ။ ရိုးရိုးလေး လုပ်ရင် ရိုးရိုးလေးပဲ ဖြစ်မှာ။
 မောင်အဝှာ။     ။  ဟုတ်တယ် ဆရာ။ ကျွန်တော် သဘောပေါက်ပြီ။ သွားစိုက်တာက အနည်းဆုံး ခုနစ်ခေါက်လောက် ချိန်းရတာနော်။
ဒေါက်တာနိုး။     ။ ဘယ်ကမလဲကွ၊ သွားညီအောင်မှာယူရတဲ့ ပညာရပ် ဆိုင်ရာတွေဆိုရင် အနည်းဆုံး နှစ်နှစ်လောက် ကြာတာ၊ ဒီနှစ်တွေအတွင်းမှာ ဘယ်လောက် ချိန်းရမလဲ စဉ်းစားကြည့်ပေါ့။ မချိန်းလို့ရမလား။ စဉ်ဆက်မပြတ် ပြုပြင်ချိန်ဆရတဲ့ အချက်တွေ ရှိတယ်လေ။ ဒီလို အခြေအနေမျိုးမှာ မင်း ဘယ်လိုလုပ်မလဲ။ ချိန်းရမှာပဲလေ။
 မောင်အဝှာ။     ။ဒါကို လူတွေ သိအောင် ပြောပြရင် ကောင်းတာပေါ့။ ဒီတော့ အရင်တုန်းက လူတွေက အဲဒီလို ချိန်းနေရင် ငွေစွဲ ယူတယ်လို့ ထင်တာ။
ဒေါက်တာနိုး။      ။အေး နောက်တစ်မျိုးရှိတယ်။ သွားမြစ်တွင်းကုသမှုဆို ပုံမှန်ချိန်းဆိုတာကို လိုက်နာတဲ့လူက ကုသမှုကို အောင်မြင်တာပဲ။ မလိုက်နာတဲ့ သူတွေပဲ သွား ဆုံးရှုံးကြတယ်။ တစ်ခါချိန်းရင် တစ်ခါတည်း ပြီးပြီလို့ ထင်နေကြသူတဲ့ အတွက် မကောင်းဘူးပေါ့။
 မောင်အဝှာ။     ။ဒါကြောင့် ဆရာတို့ ခဏ ခဏချိန်းတာကိုး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...