Tuesday, December 6, 2011

ကမ္ဘာ့ အံ့သြဖွယ် ဖြစ်ရပ် (၁၀) ခု

by ဖြစ်ရပ်ဆန်းကျယ် on Tuesday, December 6, 2011 at 3:24pm
  • (၁) စင်္ကာပူ ကမ်းလွန်ပင်လယ်တွင်းမှ တစ္ဆေသင်္ဘောအုပ်စုကြီး
Photo-1
အမေရိကန်နှင့် ဗြိတိသျှ ရေတပ်နှစ်ခု၏ ရေငုပ်သင်္ဘောများပေါင်းသည်ထက်ပင် တစ္ဆေသင်္ဘော အရေ အတွက်က များပြားနေပေသည်။ သင်္ဘောများပေါ်တွင် လူလည်းမပါ၊ ကုန်လည်းမပါ။ ကမ္ဘာ့စီးပွားပျက်ကပ် ကာလအတွင်းက သင်္ဘောလုပ်ငန်းအေဂျင်စီ အချို့ကစွန့်ပစ်ခဲ့သော သင်္ဘောများဟု တချို့က သုံးသပ် ပြောဆိုကြသည်။



  • (၂) ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်များ ကျဆင်းခြင်း
Photo-2
၂၀၀၂ ခုနှစ် ဇူလိုင်လအတွင်းက ဂျေရုဆလင် Wailing Wall နံရံတံတိုင်းကြီးမှ မျက်ရည်ကဲ့သို့သော အရည်များ ကျဆင်းလာကာ လေးထောင့်ပုံ ဖြစ်ထွန်းကျန်ခဲ့သည်။



  • (၃) ဆဲလ်ဖုန်း ဖြင့်ရိုက်ထားသော ဓာတ်ပုံတွင် သေဆုံးပြီးဖြစ်သူအဖွား၏ တစ္ဆေပုံရိပ် ထင်နေခြင်း
Photo-3
အဖွားဖြစ်သူမှာ ၁၉၉၀ ခုနှစ်က ကွယ်လွန်ခဲ့သည်။ ၂၀၀၉ ခု သြဂုတ်လတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် အဖွားဖြစ်သူ၏ မျက်နှာပုံရိပ်ထင်နေခဲ့သည်။


  • (၄) မြွေနဂါးကြီးလော
Photo-4
အရှေ့ တောင်အာရှ ဘော်နီယို ကျွန်းပေါ်မှ မြစ်တစ်စင်းထဲတွင် အလွန်ကြီးမားသော မြွေကြီးတစ်ကောင် ကူးခတ်သွားနေပုံကို မြင်တွေ့ရသည်။ (Photoshop ဖြင့် ဖန်တီးထားခြင်းပေလား)။


  • (၅) ပိုလန်မှ ဧရာမသတ္တ၀ါကြီး
Photo-5
ပိုလန်နိုင်ငံသားတစ်ဦးသည် တောင်တက်နေရင်းမှ ဧရာမသတ္တ၀ါကြီးအား တွေ့ရှိခဲ့သဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။


  • (၆) ဘုရားကျောင်းနံရံပေါ်မှ နာဆာအာကာသယာဉ်မှူး
Photo-6
လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ မှ ဘုရားရှိခိုးကျောင်းနံရံပေါ်တွင် အာကာသယဉ်မှူးပုံ ထွင်းထုထားခြင်းအား တွေ့မြင်ရသည်။


  • (၇) လေတွင်မြောက်နေသော ကားတစ်စီး
Photo-7
၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် Google Earth တွင် ကားတစ်စီး လေတွင် မြောက်တက်နေပုံအား တွေ့ရသည်။

  • (၈) အိမ်နံရံပေါ်မှ ဂြိုဟ်သား ပုံရိပ်များ
Photo-8
ကနေဒါနိုင်ငံတောင်ပိုင်းမှ အိမ်တစ်လုံး၏ နံရံပေါ်တွင် ဂြိုဟ်သားနှစ်ဦးပုံ ထင်နေခြင်းအားတွေ့ရသည်။



  • (၉) တောင်တက်သမားများ ထူးဆန်းစွာသေဆုံးသွားခြင်း
Photo-9
၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ညက တောင်တက်သမား (၉)ဦး ၄င်းတို့၏ ရွက်ဖျင်တဲထဲတွင် ထူးဆန်းစွာသေဆုံးသွားခဲ့ကြသည်။ (၆)ဦးမှာ အအေးဒဏ်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။ တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာထိခိုက်မိကာ သေဆုံးခြင်းဖြစ်သည်။ ကျန်နှစ်ဦးမှာ အမျိုးအမည်မသိ ပြင်းထန် သော အားတစ်ခုကြောင့် ရင်ဘတ်နံရိုးများ ကျိုးကြေကာ သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ခန္ဓာများ ပေါ်တွင် ရေဒီယိုဓာတ်ကြွမှုများကို စမ်းသပ်တွေ့ရှိရသည်။ ဘေးပါတ်ဝန်းကျင်တွင် ၄င်းတို့၏ခြေရာများ သာရှိသည်။



  • (၁၀) လယ်သမားတစ်ဦးမှ ဂြိုဟ်သားပေါက်စလေးတစ်ကောင်ကို တွေ့ရှိခြင်း
Photo-10
၂၀၀၇ ခုနှစ်၊ မေလတွင် မက္ကစီကိုမှ လယ်သမားတစ်ဦးသည် ၄င်း၏လယ်ကွင်းထဲတွင် ဂြိုဟ်သားပေါက်စ လေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ လယ်သမားသည် ကြောက်ရွံ့သဖြင့် ၄င်းဂြိုဟ်သားလေးကို ချောင်းထဲ တွင်ရေနှစ်ကာ သတ်ပစ်ခဲ့သည်။ စမ်းသပ်မှုများအရ အရိုးအဆစ်များမှာ အိမ်မြှောင်ကဲ့သို့ဖြစ်ကြောင်း တွေ့ရသည်။Cradit : Myanmar CollectionNote : မိမိဥာဏ်ဖြင့်သာချင့်ချိန်ပါရန်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...