Thursday, December 8, 2011

အရိုးပွခြင်းကိုကာကွယ်ရန် အစား ၁၀ မျိုး


၁။ ပန်းဂေါ်ဖီအစိမ်း (Broccoli) ပန်းဂေါ်ဖီ
အစိမ်သည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေနှင့် ဗီတာ မင်-ဘီတိြုွ့ကယ်ဝသော ဟင်းရွက်ဖြစ် သည်။ ထို့အပြင် ဗီတာမင်စီပါဝင်မှုလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ်စုတ်ယူနိုင်မှုကိုတိုးမြှင့်ပေး သည်။
၂။ ဆလပ်ရွက် ဆလပ်ရွက်သည် အရည်ပါဝင်မှု မြင့်မားသောကြောင့် အခြားအဟာရပါဝင် မှုနည်းပါးသည်ဟု အသိများသော်လည်း ၄င်းတွင် အရိုးသန်မာစေသော ကယ်လ် စီယမ်နှင့် မီတာမင်-ကေတို့အပြင် အခြား ဒြပ်ပေါင်းများလည်း ပါဝင်သည်။
၃။ ပဲတောင့်ရှည် ၄င်းသည် ဗီတာမင်-ကေ အလွန်ြွကယ်ဝသော အစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမှုကို မြင့်မားစေ ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်- ဘီအုပ်စုပါဝင်သောကြောင့် အရိုးပွခြင်း ကို ဟန့်တားနိုင်သည်။

၎။ ဂေါ်ဖီထုတ် ဂေါ်ဖီထုတ်သည်လည်း အရိုးကျန်း မာရေးအတွက် လိုအပ်သော ဗီတာမင် ကေ၊ ဖိုးလစ်အက်ဆစ် (Folic Acid)နှင့် ဗီတာမင် -ဘီတို့ြွကယ်ဝသည်။ ထို့ အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်စီ ပမာဏလည်း များစွာပါဝင်သည်။
၅။ ဟင်းနုနွယ် ဗီတာမင် ကေနှင်Folic Acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။
၆။ လက်ဖက်ခြောက် လက်ဖက်ခြောက်တွင် အရိုးကိုသန် မာစေမည်သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျီုးထက် ဆိုးကျိုးပိုများနိုင် ကြောင်းသတိချပ်သင့်သည်။
၇။ ကညွတ် ကညွတ်သည် အဟာရလွန်စွာ မျှ တသော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ၄င်း တွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင် သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာ စေသည်။
၈။ တရုတ်နံနံ ၄င်းတွင် ပါဝင်သော ဗီတာမင် ကေ (ဝမ်း) သည် အရိုးကို ဖျော့မည် Osteoclasts ခေါ် ကိုယ်တွင်းဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမှုအားကောင်း အောင်လည်း ကူညီပေးသည်။
၉။ သံပယိုသီး သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက် အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့်သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။
၁၀။ နှံစားသီးနှံများ ၄င်းတို့သည်လည်း အရိုးကျန်းမာ ရေးအတွက် လိုအပ်သော သတ္တုဒြပ်များ စွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင် သင့်သည်။

Ref: Health Care Journal
မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...