Thursday, December 8, 2011

(၂၁) ရာစု သူရဲကောင်းအတုများ

 


လက်သည်းကြားမှာ အပ်စိုက်
ကံစမ်းမဲ နှိုက်စရာမလိုတဲ့
ဒီဘက်ခေတ်ထဲမှာ
သူရဲကောင်းအတုတွေများတယ် ....... ။

မြင်းကောင်းကောင်းတစ်စင်းမလိုဘူး
အကပ်ကောင်းကောင်းနဲ့ 
ပလီပလာပြောတတ်တဲ့
သူရဲကောင်းဆိုတဲ့ သူတွေများတယ် ........ ။

ဓါးကောင်းကောင်းတစ်လက်မလိုဘူး
အတက် အဆုတ်နဲ့ 
ကောက်ကျစ်ရက်စက်
ယုတ်မာတတ်တဲ့
သူရဲကောင်းဆိုတဲ့ သူတွေများတယ် ........ ။

လက်ရုံရည် ၊ နှလုံးရည်ဆိုတဲ့စကား
ခင်ဗျား .... ရှာတတ်ရင်တွေမှာပါ
ချောင်ကပ်နေတဲ့
အမှိုက်ပုံတွေထဲမှာ ............ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...