Monday, December 5, 2011

အာရှအနွယ်ဖွား ကျောင်းသားများကို ခွဲခြားဆက်ဆံလာသော အမေရိကန်တက္ကသိုလ်များ

by General Knowledge on Tuesday, December 6, 2011 at 1:50pm
Monday, 05 December 2011 03:46 စောပြည့်ညို
 


Lanya Olmstead သည် ဖခင်အမေရိကန်နှင့် အမေတိုင်ပေသူ တို့မှ အမေရိကန် ဖလော်ရီဒါ ပြည်နယ် တွင် မွေဖွားခဲ့သူဖြစ်သည်။ သို့ရာတွင် သူမသည် ဟားဗတ်တက္ကသိုလ်တွင် ကျောင်းဝင်ခွင့် လျှောက် ထားစဉ်က လူမျိုးအမည် နေရာတွေင် လူဖြူအဖြစ်စာရင်းပေးခဲ့သည်။

“ကျမ အမေက ပြောထားတယ်၊ ကျောင်းဝင်ခွင့်တွေမှာ လူမျိုးရေး ခွဲခြားမှုရှိတယ်၊ အဲဒါကြောင့် ကျမ အာရှသားလို့ မရေးတာ” ဟုပြောဆိုခဲ့သည်။


နှစ်အတော်ကြာကတည်းက အာရှနွယ်ဖွားအမေရိကန် နိုင်ငံသားများသည် ကျောင်းဝင်ခွင့်လျှောက်ထား ရာတွင် အခက်အခဲများ ရှိခဲ့သည်။ အမေရိကန်နိုင်ငံရှိ ကောလိပ်များတွင် လူဦးရေအချိုးအစားနှင့် ကြည့်ပါက အာရှနွယ်ဖွား ကျောင်းသားဦးရေမှာ နည်းနေသေးကြောင်း တွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အာရှနွယ်ဖွား ဦးရေမှာ ၆ ရာခိုင်နှုန်းထိရှိသည်။ ကျောင်း ၀င်ခွင့် လျှောက်ထားရာတွင် အာရှနွယ်ဖွားများ၏ ရမှတ်သည် အခြားသော လူမျိုးများထက် သာလွန်နေကြောင်း တွေ့ရသည်။
ကျောင်းသားများ၏ လူမျိုးကို ဖော်ပြရာတွင် အာရှနွယ်ဖွားဟု ဖော်ပြမထားသော ကျောင်းသား ဦးရေလည်း များပြား လာခဲ့သည်။

Olmstead သည် ဟားဗတ် တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားသစ်တဦး ဖြစ်သည်။ သူမသည် အာရှလူမျိုးနွယ်ဝင် အစည်းအရုံးတွင် အဖွဲ့ဝင်တဦးဖြစ်ပြီး အထက်တန်းအောင်မှတ်မှာ ၄.၀ နှင့် SAT ရမှတ်ပေါင်း ၂၄၀၀ တွင် ၂၀၁၅ မှတ် ရရှိခဲ့သည်။

သို့ရာတွင် သူမ၏ မျိုးရိုးအား တောင်းခံလာရာ (Multiethnics) မျိုးနွယ်စု ပေါင်းစုံဟု တင်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။ သူမ၏ အတွေ့အကြုံကို အခြေခံကာ အခြားအာရှအနွယ်ဝင် ကျောင်းသားများအား လူမျိုးအမည်ကို ဖြည့်စွက်ရာတွင် အာရှနွယ်ဖွားဟု မထည့်ရန် အကြံပေးခဲ့ကြောင်း သိရသည်။

မိခင်ကိုးရီးယားနှင့် ဖခင်အမေရိကန် မှမွေးဖွားလာသူ Jodi Balfe သည်လည်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပေမဲ့၊ မိမိ၏ အာရှအနွယ်ဖွားကို လျို့ဝှက် လျှောက်ထားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိ၏ မျိုးနွယ်ကို ရောင်းဝယ်သလို ခံစားရကြောင်း ပြောဆိုခဲ့သည်။

၁၉၆၅ ခုနှစဟ် မတိုင်မှီက အာရှတိုက်သားများ အနေဖြင့် အမေရိကန်ပြည်ထောင်စု ကောလိပ်များတွင် ကျောင်းဝင်ခွင့်ရရှိရန် ခက်ခဲသည်။

၁၉၉၇ ခုနှစ်က ပရင်စတန် တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းတခုတွင် အာရှနွယ်ဖွားများ၏ ရမှတ်မှာ အမေရိကန်လူဖြူများ အပါအ၀င် အခြားသော မျိုးနွယ်စုဝင်များထက် သာလွန်ကြောင်း တွေ့ရသည်။ အာရှနွယ်ဖွား ကျောင်သားတဦး၏ ကျောင်းဝင်ခွင့် အတွက် SAT ပျဉ်းမျှ ရမှတ်မှာ ၁၅၅၀၊ အမေရိကန် လူဖြူများအတွက် ရမှတ်မှာ ၁၄၁၀ နှင့်လူမဲများ အတွက် ၁၁၀၀ သာရှိသည်။
လူမျိုးရေးအရ ခွဲခြားမှုမရှိသည့် ကျောင်းများတွင် အာရှအနွယ်ဝင် ကျောင်းသားများ များပြားကြောင်း တွေ့ရသည်။ နာမည်ကျော် ဘာကလေ တက္ကသိုလ်တွင် အာရှနွယ်ဖွား ကျောင်းသားဦးရေ ၄၀ ရာခိုင်နှုန်း ကျော်ရှိသည်။

အော်ရီဂွန် တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ Steven Hsu သည် ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် လူမျိုးရေး ခွဲခြားမှု ရှိနေသည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦး ဖြစ်သည်။ ယေးလ်၊ ဟားဗတ်၊ ပရင်စတန်နှင့် ပင်ဆေဗေးနီးယား တက္ကသိုလ် အာဏာပိုင်များအား ကျောင်းဝင်ခွင့် လျှောက်ထားရာတွင် လူမျိုးရေး ခွဲခြားမှုရှိကြောင်းသတင်းနှင့် ပတ်သတ်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

စောပြည့်ညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...