မျှော်လင့်ချက်မဲ့အိမ်ပြန်ချိန်
ဟိုအဝေးက
ိုမျှော်ကြည့်မိပြန်တော့လည်း ဟိုအဝေးကိုမျှော်ကြည့်မိပြန်သည် ပဲ
ရှိမည်ထင်ဧ။် ဘယ်သော အခါများမှ အိမ်ပြန်ခရီးရနံ့ ဆွတ်ပျံ့နိုင်မည်လဲ ။
လွယ်ပိုးထား သည့် သမီးငယ်ဧ။် ဖျော့တော့ နေသည့် အသား အရေနှင့် ကြုံလှီနေသည့်
လက်ကလေးတွေအား အသာကိုင်တွယ်ရင်း မရွယ်အောင်ဘူ တစ်ယောက် တွေးနေမိသည်။
“ဖြစ်နိုင် ရင်အိမ်ကိုအရမ်းပြန်ချင်တာပဲ။ တစ်ခါတလေ စပါးတွေ မသိမ်းရသေးဘူး
လို့တွေးမိ တိုင်း အိပ်မက်တောင်မက်တယ်။ အခုဆိုညတိုင်းဘုရားသခင်ထံမှာ
မြန်မြန် ငြိမ်းချမ်းပါစေလို့
ဆုတောင်းမိတယ်။”ဟုအလှူရှင်တချို့ လာရောက်လှူဒါန်းထားသည့် ဘီစတစ်ထုတ်ထဲမှ
တစ်ချပ်အားသမီး ငယ်ကို ၀ါးခွံရင်း မရွယ်အောင်ဘူက ပြောသည်။
သူမနေထိုင်သည့်
ဂါးရာယာန် ရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတချို့ကြောင့် ရွာနှင့်
၁၀မိုင်ကျော် ကွာ ဝေးသည့် မြစ်ကြီးနားမြို့ပေါ်၌ ဖွင့်လှစ်ထားရှိသော
တိမ်းရှောင် လာရသူများ နေထိုင်ရာစခန်း တစ်ခုဖြစ်သည့် အင်ဂျန်ဒုံ
စခန်းသို့လွန်ခဲ့သော ၄ လကျော်ခန့်ကသူမ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ “အခု က
လေးက ၂ လကျော်ပြီ ဒီစခန်း ရောက်မှပဲမွေးဖြစ်တာ၊ ဟိုကနေမိသားစုလိုက်
ပြေးလာတာ ၊ အခုရွာကိုပြန်ချင် တာ
မှပြောမနေနဲ့တော့၊ဘယ်လိုမှပြန် လို့မရသေးဘူးဆိုလို့ ဒီမှာပဲ နေနေရတာ” ဟု
သူမကပြောသည်။
သူမကဲ့သို့ပင်
တိမ်းရှောင်လာရသူများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော် မြို့နယ်
များတွင် ဖွင့်လှစ်ထားရှိသည့်စခန်း ၇၀ကျော် ၌ အရေအတွက် စုစုပေါင်း ၇၀၀၀
ကျော် ရှိနေပြီး အများစုမှာ သား သည် မိခင်နှင့်
မူလတန်းကျောင်းနေအရွယ်ကလေးငယ်များဖြစ်ကြသည်။ လူဦးရေအနည်းဆုံးစခန်းသည် ၁၅၀
ကျော်ဖြစ်ပြီး အများဆုံး စခန်းသည် ၈၀၀ နီးပါးဖြစ်သည်။ အများစုသည်
ကိုယ့်ရပ်ကိုယ့်ဒေသရှိ စိုက်ပျိုး လက်စစိုက်ခင်းများ ၊ ကျွဲ ၊နွား ၊
တိရစ္ဆာန်များ၊ အိုးအိမ်များကို ပစ်ခွာပြီး တစ်ရပ်တစ်ကျေး ဒေသအစိမ်း သို့
့တိမ်းရှောင်လာခဲ့ရခြင်းဖြစ်ြ ကသည်။ လွန်ခဲ့သည့် ၈လကျော်ခန့်က
ဒေသတွင်းဖြစ်ပေါ်ခဲ့သော အခြေအနေများသည် သူမ ကဲ့သို့ပင်မိသားစု များစွာကို
ယခုလို ကစင့်ကလျား ဖြစ်စေခဲ့သည်။ “အဘွားက
ဒီမြေးလေးနဲ့ဒီစခန်းကိုရောက်လာ ခဲ့တာ သားနဲ့သူ့မိန်းမ ကတော့ ဟိုဘက် (မူဆယ်မှ
တစ်ဆင့် တရုတ်ပြည်) ကိုပြေး
သွားကြတယ်၊အခုထိတော့တကွဲတပြားပဲ ”ဟုတာလောကြီးရွာမှမြစ်ကြီးနာြး မို့ပေါ်ရှိ
ရှတာ ပရူ နှစ်ခြင်းသာသနာဝင်းသို့ တိမ်းရှောင်လာခဲ့ရသည့်
အဘွားကော့ဆိုင်းကဆို သည်။ ၀ိုင်းမော်မြို့ ရွှေညောင် ပင်ရွာမှ
မြစ်ကြီးနားမြို့ စီတာပူတိမ်းရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ရသည့်
မသီတာမြင့်ကလည်း“ပြောင်းလာတာ တော့ရွာလုံးကျွတ် နီးပါး ပဲ၊ ဟိုမှာနည်းနည်း
ပါးပါးပဲ ကျန်ခဲ့တယ်၊ ရှိသမျှ ကျွဲ၊ နွားအကုန်ပစ်ထားခဲ့ပြီး ပြေးလာခဲ့ရတာ၊
ဒီမှာနေရတာ အဆင်တော့ ပြေတယ်ဆိုပေမယ့် ကိုယ့်ရွာမှာလိုတော့ ဘယ် ဟုတ်ပါ့မလဲ၊
ရွာကိုပြန်ချင်တာတော့ တကယ်ကိုပါပဲ၊ ကျွန်မ တို့ရွာကိုပြန်ရမယ့် အခြေအနေက
ဘယ်တော့များမှဖြစ်လာမယ် မသိတော့ပါဘူး ” ဟုဆိုသည်။
တိမ်းရှောင်လာကြရာတွင်
အချို့မှာရွာလုံးကျွတ်လိုက် တိမ်းရှောင် လာကြခြင်းဖြစ်ပြီး ၊ အချို့မှာ
သက် ကြီးရွယ်အို ကလေးငယ်နှင့် သားသည်မိခင်များသာ တိမ်းရှောင် လာကြကာ
ယောကျာ်းသားများက လုပ်လက် စတောင်ယာအလုပ်တွေကို နေ့လယ်ဘက်မှာလုပ်ကိုင်ပြီး
ညဘက် လုံခြုံဘေးကင်းရာ တစ်နေရာ၌ အိပ်စက်ခြင်းဖြင့်
ဘ၀ကိုနေထိုင်ဖြတ်သန်းနေရခြင်ြး ဖစ်သည်။ ဤသည်မှာလည်း အနည်းငယ်သာဖြစ်သည် ။
မငြိမ်သက်သော အခြေအနေကြောင့် အများစုမှာ တိမ်းရှောင်စခန်းများ၌ပင်
ကူညီသူများနှင့် ပံ့ပိုးသူများဧ။် လှူဒါန်းမှု ဖြင့်သာရပ်တည်နေထိုင်နေရသည်။
“ဒီမှာနေထိုင်ရတာကြာလာတော့ သိပ်အားငယ်တာပဲ၊ လုပ်ကိုင်စားသောက်နိုင်တဲ့
အခြေ အနေလည်းမရှိ၊ အလုပ်ကလည်းခက်ခဲ ၊ ဘုရားကျောင်းသွားလို့မှ အလှူလေး
တောင်မ ထည့်နိုင်ဘူး ၊ဖြစ်နိုင်ရင် ရွာပြန်ပြီးပဲကိုယ့်တောင်ယာလေး
ကိုယ်လုပ်ကိုင်နေချင် တာပါပဲ ”ဟု လွန်ခဲ့သည့် ၂ လခန့်က ၀ိုင်းမော်မြို့နယ်
ရင်ကွဲတောင်ရွာမှ့ ၀ိုင်းမော်မြို့လော်ဝေါ် နှစ်ခြင်း ခရစ်ယာန် အသင်းတော
်စခန်းသို့ပြောင်းရွှေ့လာခဲ့ရသည့်  အသက် ၄၀ အရွယ် ဦးဇဇောင်းကပြောသည်။
တိမ်းရှောင်လာကြသူများ အတွက်ဖွင့်လှစ်ထားသည့် စခန်းအများစုမှာ
ခရစ်ယာန်သာသနာပြုကျောင်းများ အတွင်းဖြစ်ပြီး အားလုံး နီးပါး နေရာထိုင်ခင်း၊
အစားအသောက်နှင့် အ၀တ်အစားလုံလောက်မှု မရှိသည့် အခြေအနေဖြစ်သည်။
တချို့သောမိသားစုများသည်ကိုယ်တိုင် ချက်ပြုတ်စားကြပြီး တချို့သည်
စခန်းမှချက်ပြုတ် ကျွေးမွေးသည့် ထမင်းကိုစားကြသည်။ မည်သို့ပင်စားစား
တူညီသောအချက်မှာ အသားဟင်းလျာမဲ့ ထမင်းဝိုင်း ပင်ဖြစ်သည်။ ဆန်ကြမ်း ထမင်းပေါ်
ပုံဆမ်းထားသည့် ပဲချက်သည် အားလုံးအတွက် နတ်သုဒ္ဓါဖြစ်သည်။
“အခုဆိုလူတွေကလျှော့သွားတယ် မရှိဘဲတိုးတိုးလာတယ်၊ လူ ၄၀၀ကျော် အတွက်
တစ်နေ့ဆန် ၄ အိတ် နဲ့ အသုံးစရိတ် တစ်သိန်းရှိပါတယ်။
ဖြစ်နိုင်ရင်အားလုံးအတွက် ငြိမ်းချမ်းစေချင်တယ်။ ဆက်ပြီးဖြစ်နေမယ်ဆိုရင်
ဒေသခံပြည်သူတွေ အတွက် ၊ရေရှည်အတွက် ဆိုးကျိုးတွေပဲရှိလာလိမ့်မယ်ထင် ပါတယ်။
ဟု ရှတာပရူ နှစ်ခြင်းသာသနာဝင်း သင်းအုပ်ဆရာတော် ဦးဘောက်လာကပြောသည်။
တိမ်းရှောင်စခန်းများအတွင်း
နေထိုင်ကြသူများသည် ကချင် ၊ ရှမ်း ၊ လီဆူး စသည့် တိုင်းရင်းသား
မျိုးနွယ်များဖြစ်ကြပြီး သေချာသည်က အားလုံးနီးပါး ကိုယ့်ရပ် ကိုယ့်ရွာကို
ပြန်ချင်ကြသူများ ဖြစ်ကြောင်း တွေ့ရ သည်။ သို့ရာတွင်ယင်း၌
နှစ်မျိုးနှစ်စားကွဲပြားမှုတော့ ရှိသည်။ တချို့သည် အေးချမ်းပြီဆိုလျှင်
မူရင်းဒေသများသို့ ပြန်၍ လုပ်ကိုင်စားသောက်နိုင်ခြေရှိပေမယ့် အချို့သည်
တောင်ယာ ၊ ကျွဲ ၊ နွား ၊ အိုးအိမ် ၊ ပြန်မရနိုင်အောင် ဆုံးရှူံးမှု
ကြုံခဲ့ရပြီး တိမ်းရှောင်စခန်း၌ ရေရှည်နေထိုင်ဖို့ရန် အဆင် မပြေသလို ၊
မူရင်းဒေသပြန်လျှင်လည်း လုပ်ကိုင် စားသောက်စရာမဲ့ အခြေအနေမို့
ဝေခွဲဆုံးဖြတ်မရ အခြေအနေတွင် ရှိနေကြသည်။ “ ဒီကိုရောက်တာ ၇လကျော်ပြီ ။
ရွာမှာ လူရော တောင်ယာ ကျွဲနွား ဘာမှမကျန်တော့ဘူး ၊ ပြန်ရင်လည်း
ဘာလုပ်ကိုင်စားရမလဲ မသိ ဘူး။ ဒီမှာတော့ တစ်ခါတလေ တောင်ယာအငှား လာခေါ်တာ တွေ
တော့ ရှိပေမယ့် သူ့လူနဲ့ သူဆို တော့ရှားပါတယ်။ ကိုယ့်ဒေသမဟုတ်တော့
ဘာလုပ်ကိုင်စားရမှန်းလည်း မသိဘူး။ တော်တော်တော့ ခက်ခဲ ပါတယ် ” ဟု
နန်စန်ယာန်ရွာမှ ၀ိုင်းမော်မြို့ မခေါယန်ရွာရှိ မြန်မာနိုင်ငံ အေဂျီ
(ဧ၀ံဂေလိ) အသင်းတော် တိမ်း ရှောင်စခန်းသို့ တိမ်းရှောင်လာခဲ့ရသည့်
လီးဆူးတိုင်းရင်းသူ မယော်အန်ရွယ်က ပြောသည်။
သူတို့အားလုံးကို
ကိုယ့်ရပ်ကိုယ့်ဒေသသို့ပြန်ချင် လျှက် ပြန်ခွင့်မရသည့် အကြောင်းရင်းမြစ်အား
မေးစမ်း ကြည့်လျှင် မငြိမ်းချမ်းမှုကြောင့်ဟု တစ်ညီတညွတ်တည်း ဖြေကြမည်မှာ
အသေအချာဖြစ်သည်။ ၄င်းအပြင် လူမျိုး
၊ဓလေ့စရိုက်၊ယုံကြည်ကိုးကွယ်မှု ကွဲပြားကြပေမယ့်
သူတို့အားလုံးရင်ထဲ၌ရှိနေသည့်တူ ညီသောဆန္ဒ တစ်ခုသည် ပဋိပက္ခတွေကို
အမြန်ငြိမ်းအေးစေချင်ခြင်းပင်ြ ဖစ်သည်။ “ဘယ်အချိန်မှာဘာဖြစ်မယ်မှန်း
မသိတော့ တိုက်ပွဲ တွေ မရှိဘူးဆိုပေမယ့် ရွာကိုပြန်ဖို့ကမဖြစ်နိုင်သေးဘူး။
နှစ်ဘက်နှစ်လမ်းက နားလည်ဆောင်ရွက်ကြရင် ကိုယ့်ဒေသ ကိုယ့်ရပ်ကိုယ့်မြေကို
ပြန်ရောက်မယ်လို့ တွေးမိပါတယ် ။ အခုထိတော့ ဘာမှမသေချာသေးပါဘူး။ ”ဟု
ဦးဇေဇောင်းကပြောသည်။တိမ်းရှော င်စခန်းများအတွင်း
တိမ်းရှောင်နေထိုင်ကြသူများ၏ အဓိကဆုတောင်းသံ
သည်လည်းငြိမ်းချမ်းရေးပင်ဖြစ် သည်။ လောလောဆယ် ဖြစ်ပွားနေသော အခြေအနေများသည်
ဒေသတွင်း ရှိလူအားလုံးကို ချောက်ချားမှုများ၊ ဆွံ့အမှု များ၊
စိတ်နှလုံးမချမ်းမြေ့မှုများကို သာယူဆောင်လာခဲ့ပြီး တကွဲတပြားဖြစ်မှု ၊
အားငယ်မှု ၊ တစ်ပိုင်းတစ်စ ဖြစ်မှု များ၊ စိတ်ဒဏ်ရာများ ဖြင့်
အဆုံးသတ်စေခဲ့သည်။ အိမ်ပြန်ချိန်သည် သူတို့အားလုံး၏ တောင့်တမှု မျှော်လင့်
ချက်ဖြစ်သည်။ သို့ရာတွင် ၄င်းသည် အဘယ်မှာနည်း။ သေချာသည်က ၄င်းသည်
ငြိမ်းချမ်းရေး၌ရှိနေခြင်း ပင် ဖြစ်သည်။ ဤသို့ဆိုလျှင်
ငြိမ်းချမ်းရေးသည်အဘယ်မှာနည်း၊ ငြိမ်းချမ်းရေးသည် ပဋိပက္ခဖန်တီးသူ
နှစ်ဦးနှစ်ဘက်လုံးတွင်ရှိနေသည် ။
အာဟာရချို့တဲ့မှုကြောင့်
ကြုံလှီနေသည့် သမီးငယ်၏ လက်ချောင်းပိန်ကလေးတွေကို ကိုင်စမ်းရင်း
မရွယ်အောင်ဘူတွေးနေမိသည်က ငြိမ်းချမ်းသွားလျှင် ဖြစ်ချင် သည်များလောလောဆယ်
မဖြစ်လာနိုင်သေးလျှင် တောင် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်
ဆိုသည့်အတွေးပင်ဖြစ်ပေတော့သည်။
ဥာဏ်လင်းအောင်
ဥာဏ်လင်းအောင်
0 comments:
Post a Comment