မီးပြတိုက် သတင်းစုစည်းမှု
- စံနမူနာဖြစ်လာနေတဲ့မြန်မာနိုင်
ငံ ၊ - တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အနက် ၁၃ ခုတွင် သတ္တုမျိုးစုံ ထွက်ရှိ ၊
- စက်မှု(၁)ရုံးဟောင်းအား ဗီယက်နမ်နိုင်ငံမှ ဟိုတယ်အဖြစ် တည်ဆောက်မည် ၊
- မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ ၊
- နေပြည်တော်တွင် စက်မှု လယ်ယာ ဖော်ဆောင်မည် ၊
- မန္တလေးသို့ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိ ၊
- ခုံးကျော် တံတား လေးစင်း လေးလ အတွင်း တည်ဆောက်မည် ၊
- ရန်ကုန်-ဒလ ကောင်းကင်ကြိုးတံတား တည်ဆောက်မည့် အလားအလာပိုများ ၊
- ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား ၊
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
စံနမူနာဖြစ်လာနေတဲ့မြန်မာနိုင် ငံ
(နိုဝင်ဘာ
၂၉ ရက်နေ့ထုတ် Wall Street Journal က Myanmar: Dissidents’ New Model for
Freedom? ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆို ဖော်ပြလိုက် ပါတယ်။)
မြန်မာ
ခေါင်းဆောင်တွေ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့တိုး လုပ်ဆောင်နေချိန်မှာ
အရှေ့တောင် အာရှနိုင်ငံတွေက အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေဟာ
မြန်မာနိုင်ငံကို စံနမူနာပြပြီး သူတို့နိုင်ငံက အစိုးရတွေကို ထောက်ပြ
ဝေဖန်လာကြတယ်။ နောက်ဆုံး အဖြစ်တစ်ခုမှာ မလေးရှားနိုင်ငံက တက်ကြွ လှုပ်ရှားသူ
Ambiga Sreenevasan ကဆိုရင် မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့
ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေဟာ မလေးရှား အစိုးရက
လုပ်နေတဲ့ ပြည်တွင်း လုံခြုံရေး ဥပဒေ( Internal Security Act ) ပြင်ဆင်ရေး
လုပ်ဆောင်ချက်ထက် အများကြီး ပိုကောင်းတယ်လို့ ထောက်ပြ သွားခဲ့တယ်။
ပြီးခဲ့တဲ့အပတ်က
မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့ ဥပဒေမှာ ဆန္ဒပြသူတွေဟာ စက်ရုံများ၊
ဆေးရုံများ၊ အစိုးရ ရုံးများရဲ့ လုပ်ငန်းများကို မထိခိုက်စေပဲ လွတ်လပ်စွာ
ဆန္ဒပြခွင့်ရမှာ ဖြစ်တယ်။ ဆန္ဒပြခွင့်ကို ဟောပြောမယ့်သူတွေရဲ့
အချက်အလက်တွေနဲ့ အတူ ငါးရက်ကြိုပြီး ခွင့်ပြုချက် တောင်းရမှာ ဖြစ်တယ်။
မလေးရှားမှာ အသစ် ပြင်ဆင်တဲ့ ဥပဒေက ဆန္ဒပြမယ်ဆိုရင် ရက်သုံးဆယ် ကြိုပြီး
ခွင့်ပြုချက် တောင်းဖို့ လိုသလို လမ်းပေါ် အပါအ၀င် နေရာအတော် များများမှာ
ဆန္ဒပြခွင့် မရှိဘူးလို့ ပိတ်ပင်ထားတယ်။ ဒါ့ကြောင့် Ambiga Sreenevasan
မြန်မာဥပဒေက မလေးရှား ဥပဒေထက် ခြောက်ဆပိုပြီး ဒီမိုကရေစီ ကျတယ်လို့
ဝေဖန်ခဲ့တယ်။ သူက မြန်မာဥပဒေက မလေးရှား ဥပဒေထက် ပိုပြီး လစ်ဘရယ်
ကျတယ်။ သူတို့ လမ်းပေါ်မှာ စီတန်း ဆန္ဒပြတာကို ပိတ်ပင်မထားဘူး။ မြန်မာက
မလေးရှားထက် ပိုပြီး လစ်ဘရယ်ကျတဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင်တာဟာ မလေးရှား
အစိုးရအတွက် ရှက်ဖို့ ကောင်းတယ်လို့ ဆိုတယ်။ နောက်ဆုံးသူက မလေးရှား အစိုးရက
သံသယ ကြီးလွန်းတယ်လို့ ကောက်ချက် ချလိုက်တယ်။
မလေးရှား
ဝန်ကြီးချုပ် နာဂျစ်ကတော့ မလေးရှား ဥပဒေက မြန်မာ ဥပဒေလောက် မကောင်းဘူး။
ဖိနှိပ်လွန်းတယ် ဆိုတာကို လက်မခံဘဲ အဲဒီ ပြောဆိုချက်တွေဟာ အခြေအမြစ်
မရှိဘူး။ ဆန္ဒပြခွင့်က ရက်သုံးဆယ် မဟုတ်ဘဲ ဆယ်ရက်ပဲ ကြိုတင် ခွင့်တောင်းရမှာ
ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတယ်။ ၀န်ကြီးချုပ်က မလေးရှား
ဥပဒေက နိုင်ငံတကာ စံတွေနဲ့ ညီတယ်။ လမ်းပေါ်မှာ စီတန်း လှည့်လည်
ခွင့်မပြုတာဟာ ပြည်သူတွေ အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်လို့ ဖြစ်တယ်
ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ကတော့ မလေးရှားရှေ့နေ
ငါးရာလောက်နဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ပါလီမန်ရှေ့မှာ သွားပြီး လွတ်လပ်စွာ
ပြောဆိုခွင့်၊ စုဝေးခွင့်ရဖို့ အတွက် ဆန္ဒပြခဲ့ကြတယ်။
ဒါပေမယ့်
တက်ကြွ လှုပ်ရှားသူ အနည်းငယ် လောက်ကပဲ မြန်မာနိုင်ငံကို လွတ်လပ်မှုအတွက်
စံပြအဖြစ် မြင်မှာပါ။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ အပေါ် ကန့်သတ်မှုတွေ
လျှော့ပေးတာ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ခွင့် ပြုတာတွေ စတဲ့ ပြုပြင်
ပြောင်းလဲမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့
နိုင်ငံတကာ ညွှန်းကိန်းတွေမှာ နိမ့်ကျ နေတုန်းပဲ။ တက်ကြွ လှုပ်ရှားသူ တွေက
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တွေဟာ နောက်ပြန် လှည့်မလှည့် မေးခွန်း
ထုတ်နေတုန်းပဲ။ သတင်း လွတ်လပ်ခွင့်တွေ ရှိလာပေမယ့် သတင်းထောက် တွေဟာ အခုထိ
ဆင်ဆာ တင်နေရတုန်းပဲ၊
သို့သော်
မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေဟာ အခုအတိုင်းသာ ဆက်သွားနေမယ်
ဆိုရင် အရှေ့တောင် အာရှနိုင်ငံက ခေါင်းဆောင် အတော်များများ အခက်တွေ့မှာ
သေချာတယ်။
ဥပမာ ပြောရရင် မြန်မာနိုင်ငံက You Tube အပါအဝင် နိုင်ငံတကာ ဝက်ဘ်ဆိုက်
အများအပြားကို ပိတ်ဆို့ ထားတာကို ဖယ်ရှား ပေးလိုက်တဲ့အတွက် မြန်မာ
ပြည်သူတွေဟာ တစ်ချို့ အရှေ့တောင်အာရှ နိုင်ငံက လူတွေထက် အင်တာနက်ကနေ သတင်း
အချက်အလက်တွေ ပိုရနိုင်နေပြီ ဖြစ်တယ်။ မြန်မာ နိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့ အမျှ ထိုင်းနိုင်ငံမှာ
ဘုရင်နဲ့ တော်ဝင် မိသားစုကို ဝေဖန်ရင် အရေးယူခံတဲ့ ဥပဒေမျိုးတွေ အပေါ်
ထောက်ပြမှုတွေ ပိုများလာမှာ သေချာတယ်။ လက်တွေ့မှာ လည်းပဲ ဗီယက်နမ်၊
ကမ္ဘောဒီးယား၊ စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့မှာ တက်ကြွ လှုပ်ရှားသူတွေက
အစိုးရတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လွတ်လပ်ခွင့် အပေါ်
ကန့်သတ်မှုများနဲ့ ပတ်သက်ပြီး စွပ်စွဲမှုတွေ ပြုလုပ်နေကြတယ်။
မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီး ဖြစ်လာရင် အဲဒီ
နိုင်ငံတွေက လှုပ်ရှားသူတွေကို ဒီပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး
သူတို့နိုင်ငံမှာ ဆက်တောင်းဆို ကြမှာတော့ သေချာပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အနက် ၁၃ ခုတွင် သတ္တုမျိုးစုံ ထွက်ရှိ
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်
ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့်
မြို့နယ် ၃၃၀ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ
ထွက်ရှိခြင်းဖြစ်သည်။ #ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊
ကြေးနီ၊
နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊ ရွှေဖြူ၊
ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊
သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊
ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊
ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲစသည်တို့ဖြစ်ကြသည်။
ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊ ကရင်ပြည်နယ်၌
ခုနစ်မြို့ နယ်၊ ကယားပြည်နယ်၌ လေးမြို့နယ်၊ ချင်းပြည်နယ်၌ သုံးမြို့နယ်၊
စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး၌
ရှစ်မြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊
မကွေးတိုင်းဒေသကြီး၌ ၁၇ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊
မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊
ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊ ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း
သိရသည်။
စက်မှု(၁)ရုံးဟောင်းအား ဗီယက်နမ်နိုင်ငံမှ ဟိုတယ်အဖြစ် တည်ဆောက်မည်
ရန်ကုန်မြို့၊ စက်မှု(၁)လမ်းနှင့်
ကမ္ဘာအေးဘုရား လမ်းထောင့်ရှိ အမှတ်(၁)စက်မှု ၀န်ကြီးဌာန ရုံးဟောင်းအား
ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များက ဟိုတယ်တည်ဆောက်ကာ
မြှုပ်နှံမည်ဖြစ်ပြီး မူအားဖြင့် သဘောတူပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်း
နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုး သိန်းကပြောကြားခဲ့ပါသည်။
“ဆီဒိုးနား ဟိုတယ်ဘေးက
စက်မှု(၁)ရုံးဟောင်းကို ဗီယက်နမ် လုပ်ငန်းရှင်တွေက ဟိုတယ်အဖြစ်
တည်ဆောက်လုပ်ကိုင်ဖို့ မူအားဖြင့် သဘောတူပြီးသွားပါပြီ”ဟု MIC ဥက္ကဋ္ဌ
ဦးစိုးသိန်းကပြောကြားခဲ့ သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌
နိုင်ငံခြားခရီးသွားများစွာ ၀င်ရောက်လာမှုကြောင့် နေပြည်တော်၊ ရန်ကုန်၊
မန္တလေး၊ ပုဂံညောင်ဦးတို့ရှိ ဟိုတယ်များမှာ တစ်နှစ်ပတ်လုံးစာ
ဧည့်သည်ပြည့်နေသည့် အနေအထားဖြစ် ပေါ်နေကြောင်း၊ လာမည့်နှစ်များမှ စကာ ၂၀၁၅
ခုနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်မည့်
အနေအထားမှာလည်း အလုံးအရင်းဖြင့် ၀င်ရောက်လာမည့် အနေအထား ဖြစ်၍
ဟိုတယ်လိုအပ်ချက်မှာ မြင့်မားလျှက် ရှိနေသည်ဟုလည်း သိရသည်။
၂၀၁၅ ခုနှစ်အထိ နိုင်ငံခြား ခရီးသွားများ
အလုံးအရင်းဖြင့် ၀င်ရောက်လာမည်ဆိုခြင်းမှာ ယခုနှစ်၌ပင်
နိုင်ငံခြားခရီးသွားများ များပြားစွာ ၀င်ရောက်နေပြီး ၂၀၁၃ ခုနှစ် ၌
ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိခြင်း၊ ၂၀၁၄ ခုနှစ်၌
ASEAN SUMMIT အား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရှိနေခြင်းနှင့် ၂၀၁၅
ခုနှစ်ဆိုပါက ASEAN FREE TRADE AREA အဖြစ်ရောက်ရှိတော့မည် ဖြစ်သည့်အတွက်
နိုင်ငံခြားခရီးသွားများမှာ နှစ်စဉ်များပြားစွာ ၀င်ရောက်လာတော့မည်ဟု
ဆိုရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့အတွက် မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်း
ကဏ္ဍတွင် မြှုပ်နှံလိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု
ကော်မရှင်သို့ ကမ်းလှမ်းထားသည့် ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ကိုရီး
ယားနိုင်ငံများမှ လုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်ဖြင့် ကိုက်ညီပါက
အားလုံးခွင့်ပြုပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ
ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။
ယင်းအပြင် လက်ရှိဆောက်လက်စ
ဟိုတယ်များကိုလည်း အမြန်ဆုံးအပြီးသတ်ရန် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊
ပြည်တွင်းလုပ်ငန်းရှင်များ မြှုပ်နှံလိုပါကလည်း ယခု လာလျှောက်ထားပြီး
သတ်မှတ်ချက် ကိုက်ညီသည်နှင့် ချက်ခြင်းပြန်လည် ချထားပေးသွားမည်
ဖြစ်ကြောင်းလည်း သိရသည်။
“ရန်ကုန်ဟိုတယ်တွေမှာလည်း ပြည့်နေပြီ။
နေပြည်တော်လည်း ပြည့်နေပြီ။ တစ်နှစ်လုံးစာလောက် အတွက် ပြည့်နေတာ။
နေပြည်တော်-ရန်ကုန်ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတောင် ကြပ်လာပြီ။
လက်ရှိအတိုင်းတောင် နိုင်ငံခြားခရီးသွားက များလာနေတာ ၂၀၁၃ မှာ ဆီးဂိမ်း၊
၂၀၁၄ မှာ ASEAN SUMMIT တွေကို အိမ်ရှင်အဖြစ် လုပ်မှာ။ ၂၀၁၅ မှာ AFTA
လာတော့မယ်။ အဲဒီလိုဆိုရင် နိုင်ငံခြားခရီးသွားတွေ အများကြီးဖြစ်လာ
မှာမို့လို့ ဟိုတယ်လိုအပ်ချက်က ရှိနေပြီ။ အဲဒီအတွက် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ်
ဟိုတယ်လုပ်ငန်းနဲ့ မြှုပ်နှံမယ်ဆိုရင် အားလုံးကို သတ်မှတ်ချက်နဲ့ ညီတာနဲ့
လက်ခံသွားမှာပါ။ ပြည်တွင်းက လုပ်ငန်းရှင်တွေ လုပ်ချင်ရင်လည်း လာလျှောက်ပါ
ချက်ခြင်းလုပ်ကိုင်ခွင့်ပေးမယ်” ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့
ပါသည်။
သို့သော် ပုဂံဒေသအတွင်း၌ မူ နောက်ထပ်
ဟိုတယ်သစ်များ လုံးဝထပ်မံ တည်ဆောက်ခွင့်မပြုတော့ သည့်အပေါ် MIC ဥက္ကဋ္ဌ
ဦးစိုးသိန်းက “ပုဂံမှာတော့ ဟိုတယ်ထပ်ဆောက်ခွင့် မပြုတော့ဘူး။ လွတ်ကင်းတဲ့
ဥပမာ-တုရွင်းတောင်လို အစွန်လောက်နားမှာပဲ ခွင့်ပြုပေးတော့မယ်”ဟု လည်း
ထပ်မံပြောကြားခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီးများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒုတိယဗိုလ်မှူးကြီး ဖာရွတ်ခန်၊ ‘ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီး များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း (FBCCI) နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (BMCCI)မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ကေဘီအာမက်၏ ဖိတ်ကြားချက် အရ ထိုတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ဇနီး၊ မြန်မာနိုင်ငံကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတော်သမ္မတရုံး အကြံပေးအဖွဲ့ ဝင်များနှင့် အခြားဖိတ်ကြားထား သူ များတက်ရောက်ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် သည်လည်း မကြာမီရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် မည်ဖြစ်သည်။ လာမည့် ၂ဝ၁၂ ဇန်နဝါရီလ တစ်လလုံး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ကျင်းပမည့် ကုန် စည်ပြပွဲသို့လည်း မြန်မာနိုင်ငံမှ လုပ် ငန်းရှင်များနှင့် ကုန်သည်များအား လာရောက်ပြသရန် ဖိတ်ကြားမည် ဟု သိရသည်။ နှစ်နိုင်ငံအကျိုးရှိမည့် ကိစ္စများ ကို ပူးပေါင်းဆောင်ရွက်လိုသည့် စီးပွား/ကူးသန်းဝန်ကြီး မစ္စတာ ဖာ ရွတ်ခန်က ”ကျွန်တော်တို့ဟာ အိမ်နီးနားချင်း မိတ်ဆွေတွေဆိုတာ ထက် အိမ်နီးနားချင်း မောင်နှမ တွေပါ”ဟု အဆိုပါ ညစာစားပွဲတွင် ညွှန်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒုတိယဗိုလ်မှူးကြီး ဖာရွတ်ခန်၊ ‘ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီး များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း (FBCCI) နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (BMCCI)မှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေက ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ကေဘီအာမက်၏ ဖိတ်ကြားချက် အရ ထိုတွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ဇနီး၊ မြန်မာနိုင်ငံကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတော်သမ္မတရုံး အကြံပေးအဖွဲ့ ဝင်များနှင့် အခြားဖိတ်ကြားထား သူ များတက်ရောက်ကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် သည်လည်း မကြာမီရက်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် မည်ဖြစ်သည်။ လာမည့် ၂ဝ၁၂ ဇန်နဝါရီလ တစ်လလုံး ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၌ ကျင်းပမည့် ကုန် စည်ပြပွဲသို့လည်း မြန်မာနိုင်ငံမှ လုပ် ငန်းရှင်များနှင့် ကုန်သည်များအား လာရောက်ပြသရန် ဖိတ်ကြားမည် ဟု သိရသည်။ နှစ်နိုင်ငံအကျိုးရှိမည့် ကိစ္စများ ကို ပူးပေါင်းဆောင်ရွက်လိုသည့် စီးပွား/ကူးသန်းဝန်ကြီး မစ္စတာ ဖာ ရွတ်ခန်က ”ကျွန်တော်တို့ဟာ အိမ်နီးနားချင်း မိတ်ဆွေတွေဆိုတာ ထက် အိမ်နီးနားချင်း မောင်နှမ တွေပါ”ဟု အဆိုပါ ညစာစားပွဲတွင် ညွှန်းဆိုခဲ့သည်။
နေပြည်တော်တွင် စက်မှု လယ်ယာ ဖော်ဆောင်မည်
ပြည်တွင်း လုပ်ငန်းရှင် တစ်ဦးက အမေရိကန်
ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံ၍ နေပြည်တော်ရှိ ဆည်ရေသောက် လယ်မြေများကို
စက်မှု လယ်ယာသို့ အသွင် ကူးပြောင်းရေး အတွက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီးဦး
မြင့်လှိုင်က ပြောသည်။
“ဒေါ်လာသန်း ၂၀ ရင်းပြီး နေပြည်တော်မှာ
စက်မှုလယ်ယာ ထူထောင်ဖို့ ဦးကြည်စိန်(ပြည်တွင်းလုပ်ငန်းရှ င်)က သမ္မတကြီးကို
ကတိကဝတ်ပြုထားပါတယ်။ ဆည်ရေသောက်တွေကို ဟက် တာကွက်လုပ်ပါမယ်။ မကြာခင် မှာပဲ
စက်မှုလယ်ယာ ပုံပေါ်လာ ပါတော့မယ်” ဟု လယ်ယာထွက်ကုန် တိုးမြင့်ရေးဆိုင်ရာ
ညှိနှိုင်း အစည်းအဝေးတစ်ရပ်တွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့
ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းရှင်မှာ လောလောဆယ်တွင်
ဒက္ခိဏသီရိ မြို့နယ်ချိုင်းကျေးရွာအနီးတွင် သိပ္ပံနည်းကျ
စပါးစိုက်ပျိုးရေးလုပ်ငန်းကို ဧကရာချီလုပ်ကိုင်လျက် ရှိသည်။ ထို့အပြင်
ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ဝန်းကျင်မှ လယ်သမားများကိုလည်း ရိတ်သိမ်းခြင်း
ဝန်ဆောင်မှုလုပ်ကိုင် ပေးလျက်ရှိ ကြောင်း ဒေသခံလယ်သမားများ ထံမှ သိရသည်။
“စက်အကြီးကြီးနဲ့ ရိတ်ပေး တာ။ တစ်ဧကကို
ငါးသောင်းပဲ ပေးရတယ်။ တစ်ခါတည်း ခြွေပြီးသားပဲ။ လယ်သမားက စပါးကို
မခြောက်သေးရင် နေလှန်းရုံပဲ” ဟု ယင်းစက်ယန္တရားကို ငှားရမ်း အသုံးပြုခဲ့သည့်
လယ်သမားတစ် ဦးကပြောကြားသည်။ ထိုကဲ့သို့ ယန္တရားအသုံးပြုခြင်းဖြင့် အချိန်
နှင့်ငွေကြေးကုန်ကျမှုလည်း သက် သာသွားကြောင်း ဒေသခံ လယ် သမားအချို့က
ဆိုသည်။ မိရိုးဖလာစနစ်ဖြင့် လုပ်ကွက် ငယ်အဆင့်သာရှိသော အဆိုပါ
လယ်မြေများအား ဟက်တာကွက်ဖော်ထုတ်ရန်အတွက် အသေး စိတ်ပြောကြားခဲ့ခြင်း
မရှိသော် လည်း စိုက်ပျိုးရေးဝန်ထမ်းဟောင်း တစ်ဦးကမူ “အဲဒီကိစ္စက နည်း
နည်းတော့ ရှုပ်လိမ့်မယ်။ တစ်ဦး တည်းပိုင်ရင် ပြဿနာမရှိဘူး။ နှစ်
ဦး၊သုံးဦးပေါင်းမှ ဟက်တာတစ် ကွက်ရမယ်ဆိုရင် သူတို့ကို နား လည်အောင်
စည်းရုံးဖို့ ခက်ခဲလိမ့် မယ်။ ဌာနက ဘယ်လိုလုပ်ပေး မယ်ဆိုတာတော့ မသိသေးဘူး”
ဟုသုံးသပ် ပြောကြားသည်။
ထူးသန့်မန္တလေးသို့ ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိ
ပွင့်လင်းရာသီသို့ စတင်ရောက်ရှိသော
သီတင်းကျွတ်လပြည့်နေ့ နောက်ပိုင်းမှစတင်ကာ မန္တလေးမြို့သို့
ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက်လျှက်ရှိကြောင်း
ခရီးသွားလုပ်ငန်းနှင့် စပ်ဆက်နေသည့် အသိုင်း အ၀ိုင်းမှ စုံစမ်း သိရှိရသည်။
''အခုရက်ပိုင်း ခရီးသည်အ၀င်များတာကြောင့်
ယာဉ်အခက်အခဲတွေ ဖြစ်ကြတယ်။ ဒါကြောင့် အခြားယာဉ်လိုင်းတွေကနေငှားပြီး
ပို့ဆောင်နေကြရတယ်'' ဟု ခရီးသွားဝန်ဆောင် မှု လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက
ဆိုသည်။
ယခုနှစ်ခရီးသွားရာသီတွင်
ဥရောပနိုင်ငံများမှ ခရီးသည်များအပြင် အမေရိကန်လူမျိုးခရီးသည်များနှင့်
ဗီယက်နမ်လူမျိုးခရီးသည် အများအပြားပါဝင်ကြောင်း သိရှိရသည်။
''ရာသီအစဆိုပေမယ့် ခရီးသည်အ၀င် အရမ်းများတယ်။ ရုရှား၊ အီတလီ၊ အင်္ဂလန်စတဲ့
ဥရောပနိုင်ငံတွေအပြင် အမေရိကန်နဲ့ ဗီယက်နမ်လူမျိုးခရီးသည်တွေပါ ၀င်လာ တယ်''
ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
''အခုဝင်လာတဲ့ဧည့်သည် အများစုက package tour တွေများပြီး လေဆိပ်က
ကြိုပြီးတာနဲ့ နံနက် ၁၀ နာရီအမီကို မဟာဂန္ဓာရုံ ဘုန်းကြီးဆွမ်းလောင်းတာ
ပြရတယ်။နေ့လည်ပိုင်းကတော့ နန်းမြို့တွင်း၊ ရွှေကျောင်းကြီးစသဖြင့် ခရီးသည်
စိတ်ကြိုက် လည်ပတ်ပြီး ညနေ ၅ နာရီမှာ မန္တလေးတောင်ကို sunset ကြည့်ဖို့
သွားတာများတယ်။ ဦးပိန် တံတားမှာလည်း နေ၀င်ချိန်ကြည့်ကြတယ်။ ညပိုင်းကတော့
လည်ပတ်စရာ ဘာမှမရှိပါဘူး။ နောက်ရက်တွေမှ မင်းကွန်း၊ အင်းဝဘက်
ပို့ဆောင်ပေးရပါတယ်''ဟု ဆက်လက်ပြောကြားခဲ့သည်။
''Sunset ကြည့်တဲ့ မန္တလေးတောင်နဲ့
ဦးပိန်တံတားမှာက ညနေ စောင်းတာနဲ့ စုပြုံလာကြတာကြောင့် ယာဉ်ရပ်နားဖို့တောင်
အခက်အခဲရှိတယ်။ ဦးပိန်တံတားမှာက မြေ ပြန့်ဆိုတော့ အခက်အခဲမရှိပေမယ့်
မန္တလေးတောင်မှာတော့ တောင်တက် လမ်းမှာပဲရပ်ထားခဲ့ရပြီး လမ်းဆင်း
လျှောက်တက်ရတယ်။ ဒါတောင် နေ၀င်ချိန်ကြည့်တဲ့နေရာက နှစ်နေရာရှိလို့။
တစ်နေရာပဲဆိုရင်တော့ အခက်အခဲတော်တော်ရှိမယ်''ဟု ဧည့်လမ်းညွှန်တစ်ဦးက
ပြောကြားခဲ့သည်။
ခုံးကျော် တံတား လေးစင်း လေးလ အတွင်း တည်ဆောက်မည်
ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှု
အဆိုးဆုံး လမ်းဆုံလေးခုတွင် ခုံးကျော် တံတားသစ် လေးစင်းကို လေးလ
အတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ယာဉ်ကြောပိတ်ဆို့မှု အများဆုံး နေရာများ ဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေ၊ ဘုရင့်နောင် လမ်းဆုံတို့တွင် ခုံး ကျော်
တံတားများ တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော သည်။
“ရုံးဆင်းချိန်ဆို လူတိုင်းအိမ်
ပြန်ချင်တာပေါ့။ အိမ်အလုပ်တွေက ရှိသေးတယ်။ တစ်နာရီ၊ နာရီဝက် အချိန်ပိုရရင်
ရသ လို အကျိုးရှိတာပေါ့” ဟု ဦးစိုးသိန်းက ယနေ့ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တံတားသစ်လေးစင်း တည်ဆောက်ရာတွင်
အစိုးရအသုံးစရိတ် ဖြင့်မဟုတ်ဘဲ ဘဏ်များ၊ ကုမ္ပဏီ များ၏
ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်မည်ဖြစ်သည်။ လှည်း တန်းခုံးကျော်တံတားကို
ကမ္ဘာဇဘဏ်နှင့် တာမွေ ခုံးကျော် တံတားကို မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုး
တက်ရေးဘဏ်တို့က တည်ဆောက် မည်ဖြစ်သည်။ ရွှေဂုံတိုင်နှင့် ဘုရင့်
နောင်ခုံးကျော် တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီများ၏
ရင်းနှီးမြှုပ်နှံမှု (BOT) စနစ်ဖြင့် တည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခုံးကျော်တံတားများကို
တည်ဆောက်ရာတွင် ပတ်ဝန်း ကျင်ထိခိုက်မှု၊ လမ်းပိတ်ဆို့မှုမဖြစ်စေရန် တံတား
အစိတ်အပိုင်းများ သီးသန့်ပြုလုပ် စေပြီး တပ်ဆင် စနစ်အသုံးပြုမည်ဟုဆိုသည်။
ထို့အပြင် ယာဉ်ကြောပိတ် ဆို့မှု မကြာခဏဖြစ်ပွားသော ဘုရင့်
နောင်မြစ်ကူးတံတား ဘေးတွင်လည်း တံတားအသစ်တစ်စင်းကို ထပ်မံ ဆောက်လုပ်ရန်
အစီအစဉ်ရှိ ကြောင်း သတင်းရရှိသည်။
ပြည်သိမ်းရန်ကုန်-ဒလ ကောင်းကင်ကြိုးတံတား တည်ဆောက်မည့် အလားအလာပိုများ
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန် - ဒလ
ဆက်သွယ်သည့် တံတား တည်ဆောက်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် နေရာသုံးခုကို
ပမာဏရွေးချယ်ထားကာ ယင်းနေရာသုံးခုထဲမှ တစ်နေရာတွင် တည်ဆောက် သွားမည်ဖြစ်
ပြီး ကောင်းကင်ကြိုးတံတား
တည်ဆောက်မည့်အလားအလာ ပို များနေကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သတင်းရရှိသည်။
ဒလဘက်ကမ်းကို ယခုထက်
ပိုမိုဖွံ့ဖြိုးလာနိုင်ရန် ရည်ရွယ်၍ ရန် ကုန်-ဒလဆက်သွယ်သည့်
ကောင်းကင်တံတားတစ်ခု(သို့မဟုတ်) ရေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု
တည်ဆောက်ရန်အတွက် ကိုရီးယားကုမ္ပဏီတစ်ခုက ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီနှင့် လာရောက် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။
အဆိုပါကုမ္ပဏီနှင့် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ထပ်မံဆွေးနွေးမှု
များအရ ကောင်းကင်ကြိုးတံတား တည်ဆောက်မည့် အလားအလာ ပိုများနေကြောင်း၊
ယင်းကဲ့သို့ တည်ဆောက်ရန်အတွက် နေရာသုံးခုကို ပမာဏ
ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရ သည်။ ဖြစ်နိုင်ခြေရှိ တဲ့ နေရာသုံးခုကို
စဉ်းစားရွေးချယ်ကြည့်လိုက်တော့ ဘုန်းကြီးလမ်း(လမ်းမတော်)၊
ရွှေတိဂုံဘုရားလမ်းနဲ့ ပန်းဆိုးတန်းလမ်းတို့ကနေ ထိုးလို့ရနိုင်တဲ့
အနေအထားရှိတယ် . . .
''ကြိုးတံတား တည်ဆောက်မယ့်
အလားအလာပိုများနေတယ်လို့ ၊ ကိုရီးယားကုမ္ပဏီနဲ့ ဆွေးနွေးခဲ့ကြတယ်။ အဲဒီအတွက်
ဖြစ်နိုင်ခြေရှိတဲ့နေရာ သုံးခုကို စဉ်းစားရွေးချယ်ကြည့်လိုက်တော့
ဘုန်းကြီးလမ်း(လမ်းမတော်)၊ ရွှေတိဂုံဘုရားလမ်းနဲ့ ပန်းဆိုးတန်းလမ်းတို့ကနေ
ထိုးလို့ရနိုင်တဲ့ အနေအထားရှိတယ်။ ကြိုးတံ တားလုပ်မယ်ဆိုရင်လည်းတံတားရဲ့
ချဉ်းကပ်လမ်းအတွက်ကို စဉ်းစားရ မယ်။ ပြီးတော့ ရန်ကုန်မြစ်ကိုဖြတ်
မှာဆိုတော့ သင်္ဘောတွေနဲ့ လွတ် အောင်လို့ အမြင့်ကိုယူရမှာဖြစ်ပါ တယ်။
ဒီကိစ္စကချက်ချင်းကြီးလုပ် လို့မရတော့ဆွေးနွေးရဦးမှာပါ။ အဓိ ကတော့
ဒလဘက်ကမ်းကို အခုထက် ပိုမိုဖွံ့ဖြိုးစေချင်လို့ပါ'' ဟု ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ၌ ရန်ကုန်မှ ဒလ ဆက်သွယ်သွားလာမှုတွင်
ကူးတို့ရေယာဉ်၊ သမ္ဗာန်တို့ဖြင့် ဆက်သွယ်သွားလာနေရပြီး
ပန်းဆိုးတန်းဆိပ်ကမ်းမှာ ရန်ကုန်မှ ဒလသို့ ဆက်သွယ်သွားလာရာတွင်
အရေးပါသည့်နေရာဖြစ်နေကြောင်း၊ သို့ဖြစ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်
တံတားတစ်စင်း တည်ဆောက်လိုက်ပါက ဆက်သွယ်သွားလာမှု
ပိုမိုမြန်ဆန်မည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။
ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊
ကိုင်းတန်း၊ ဗားကရာ စသည့်ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်ရန်
ကောင်းကင်တံတားများထိုးမည့် အစီအစဉ်ကို ဆွေးနွေးခဲ့ဖူးသော်လည်း
မလုပ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ လုပ်ဆောင်ရန် သမ္မတမှ လမ်းညွှန်ထား
လူဦးရေ ၆ သန်းမှ ၇ သန်းအထိ
နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင်
လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊
(၂) စက်မှုဝန် ကြီး ဌာန ပြည်ထောင် စု ၀န်ကြီး ဦးစိုးသိန်း ကနိုဝင်ဘာလ ၂၈
ရက်နေ့က ကျင်းပသော မီဒီယာ များနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ
အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့်
သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက်
ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅
လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည်
ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
၎ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ
လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်
နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ
တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ
ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ
ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ
စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။
“နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။
ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့
ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ်
ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက
ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ
မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့
ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး
မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။
ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့
နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင်
မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့
ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ
ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။
အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ
အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့
ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်း မှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ
နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း
ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။
လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။
အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။
အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ၇ သန်းရှိလာတဲ့အခါမှာ
မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ
အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ
လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။
လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို
အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card စနစ်နဲ့လုပ်ဖို့
စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊
မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက
ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက်
ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့
စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်
လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက
အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ
လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို
အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး
ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။
မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ
ရန်ကုန်တွင် မိုးပျံရထားလမ်း
တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ
ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့်
လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း
သိရသည်။
"စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky
Rail လုပ်ဖို့ Investment လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ
သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့
လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို
ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင MIC
ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်
ရန်ကုန်မြို့တွင်းအပြင် မြို့ပြင်
မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့်
ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည်
ဖြစ်ကြောင်းလည်း သိရသည်။“ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို
မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက်
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့
ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို
ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့ ညပိုင်းပဲပြင်ဖို့။
နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။
ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင်
အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့
သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့
ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက
တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။
ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင်
ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့
အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။
ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ၀န်ထမ်းများ မဖြစ်စေရေး ၀န်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ
“၀န်ထမ်းတွေ အသက် ၆၀ ကျော်လို့
ပင်စင်ယူပြီးရင် အိမ်မ၀ယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက်
ရန်ကင်းမှာလို ကျွန်တော်တို့ ၀န်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့
အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့်
သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ၀န်ထမ်းတွေက လစဉ်ပေးရင်း
ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား
မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌
စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ
တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေး
မည် ဖြစ်သည် ဟု ပြောကြားခဲ့သည်။
ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်
ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့်
Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan အတိုင်း ပြည်တွင်း
ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
“Yangon City Development Plan
ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်
မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ
လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက
ဆက်လက်ရှင်းပြခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း
ဝေမာသိမ့်
(၂၀၁၁
ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်က
ဆောင်းပါးဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့ အဖြေများကို လေ့လာနိုင်အောင် မျှဝေ
ပေးလိုက်ပါတယ်။ )
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၏ နောက်ဆုံးရက် အစည်းအဝေးကို နိုဝင်ဘာ ၂၅
ရက်က နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမတွင်
ကျင်းပခဲ့သည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းသည်
ပြည်သူ့လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု အဆင့် ဝန်ကြီးများ နားနေခန်းတွင်
ပြည်တွင်း၊ပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။
ယင်းသို့
တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများ၊ လွှတ်တော်ရေးရာ
ကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေး အမြင်များ၊ မီဒီယာ သဘောထား အမြင်နှင့်
ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များနှင့် ပြည်သူ့
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ပြန်လည် ဖြေကြားချက်များကို ရန်ကုန်တိုင်းမ်
ဂျာနယ်မှ စုစည်း ဖော်ပြအပ် ပါသည်။
ဦးမြတ်ခိုင် (လျှပ်တစ်ပြက် အယ်ဒီတာချုပ်) - အခုဆို NLD က လွှတ်တော်ထဲ ဝင်လာတော့မယ်။ အဲဒီအခါ နိုင်ငံရေး Change ဖြစ်လာမလား။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း - NLD က လွှတ်တော်ထဲ ရောက်လာမှာကို လွှတ်တော်က ကြိုဆိုပါတယ်။ နိုင်ငံရေး ပြောင်းလဲ လာနိုင်လားဆိုတော့ ဒီနေ့သွားနေတဲ့
နိုင်ငံရေး လမ်းကြောင်းအရ ပြောင်းလဲသွားစရာ မရှိဘူး။ လွှတ်တော် ဥက္ကဌ
တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် ပိုတောင်ပီပြင်လာမယ့် သဘောရှိတယ်။
ဦးမြတ်ခိုင် (လျှပ်တစ်ပြက် အယ်ဒီတာချုပ်) - နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မယ်လို့လဲ ပြောနေကြတော့ သူ့ကို လွှတ်တော်က ဘယ်လို အနေထားမျိုးနဲ့ ကြိုဆိုမှာလဲ။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း - ဘယ်လို
အနေအထားမျိုးနဲ့ ကြိုဆိုမှာလဲ ဆိုတော့ နံပါတ်တစ်က သူဘယ် နေရာက ရွေးမှာလဲ
မသိသေးဘူး။ သဘောကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ေ ရွးမှာလား၊
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးမှာလား။ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ရွေးမယ်ဆိုရင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာ ဖြစ်ပါတယ်။
ဦးမြတ်ခိုင် (လျှပ်တစ်ပြက် အယ်ဒီတာချုပ်) - နောက်တစ်ခုကတော့
ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေ ရှိသေးတယ်လို့ သိရပါတယ်။
သူတို့တွေ ဘယ်ကာလမှာ အကြွင်းမဲ့ လွှတ်ပေး သွားမှာလဲ သိချင်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း - ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံ နေရသူတွေ ဒီနေရာမှာ ဒီစကားရပ်နဲ့ ပတ်သက်လို့ တစ်ဖက်နဲ့ တစ်ဖက်၊
တစ်ဖက်နဲ့ တစ်ဖက်ဆိုတာ အစိုးရနဲ့ တောင်းဆိုတဲ့ ဘက်ပေါ့။ စကားရပ်ပေါ်မှာ
အငြင်း ပွားတာတွေတော့ ရှိတယ်။ ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံ နေရတဲ့ အကျဉ်းသား သို့မဟုတ် နိုင်ငံရေး အကျဉ်းကျ ခံနေရတဲ့
အကျဉ်းသားတွေ၊ အကျဉ်းကျခံ နေရသူတွေ ရှိတယ်ဆိုရင် အများနည်းတူ သူတို့အတွက်
အမှန်တကယ်ပဲ ဆူပူမှု၊ အုံကြွမှုတွေ မပါဘဲ နိုင်ငံရေးကြောင့် ဆိုရင်တော့
နိုင်ငံတော်အနေနဲ့ အထူးကိစ္စရပ် အနေနဲ့ စဉ်းစားမယ့် သဘော ရှိပါတယ်။ လွှတ်တော်
အနေနဲ့ လွှတ်တော်ဥက္ကဌ အနေနဲ့ လွှတ်တော်ဥက္ကဌ အနေနဲ့ ပြောရမယ် ဆိုရင်
လွှတ်တော်က ဒီအစည်းအဝေး မှာပဲ လွတ်ငြိမ်း ချမ်းသာခွင့် အပါအဝင် သက်သာရာ
ရမယ့်ကိစ္စ တွေကို လွှတ်တော် အနေနဲ့ အဆိုပြု ဆောင်ရွက်ခဲ့တာ ရှိပါတယ်။
ဦးမြတ်ခိုင် (လျှပ်တစ်ပြက် အယ်ဒီတာချုပ်) -
မနေ့က သတင်းစာမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) ဆိုပြီးတော့
စွယ်တော် လာဖူးတယ် ဆိုတဲ့ သတင်း တွေ့လိုက်ပါတယ်။ တကယ်ပဲ
အနားယူသွားပြီလားဆိုတာ သိချင်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း - ဟုတ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ တကယ်ပဲ အနားယူသွားပါပြီ။
ဦးမြတ်ခိုင် (လျှပ်တစ်ပြက် အယ်ဒီတာချုပ်) - ဒီမနက်ပဲ ပါတီက လူကြီး တစ်ယောက်နဲ့ တွေ့တဲ့အခါ ဗိုလ်ချုပ်မှူးကြီးက ပါတီမှာ နာယက အနေနဲ့ မရှိတော့ဘူးလို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း - မှန်ပါတယ်။
ပါတီမှာလည်း နာယက မရှိပါဘူး။ ဒါနဲ့ ရှင်းရှင်းလင်းလင်း ပိုပြောရမယ် ဆိုရင်
ပါတီနဲ့သော်လည်းကောင်း၊ အစိုးရ အဖွဲ့နဲ့ သော်လည်းကောင်း၊ လွှတ်တော်နဲ့
သော်လည်းကောင်း၊ ပြီးတော့ တရားရေး အဖွဲ့အစည်း များနဲ့ သော်လည်းကောင်း
လုံးဝပတ်သက်မှု မရှိတော့ပါဘူး။
ပြည်ပဓာတ်ပုံ သတင်းထောက် တစ်ဦး -
ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် လာမှာပေါ့။ ကျွန်တော်တို့
နိုင်ငံရေး အပြောင်းအလဲမှာ ဘယ်လို အရေးပါသလဲ။ နောက်ပြီး ဘယ်လို
အပြောင်းအလဲတွေ မြင်ပါသလဲ။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း -
ဒီမေးခွန်းက အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ အခုလာတဲ့ သတင်း အဖွဲ့တွေ
ကတော့ များသောအားဖြင့် ကြည့်မယ်ဆိုရင် လူငယ်တွေ များပါတယ်။ လူငယ်တွေ
ဆိုပေမယ့်လို့ မိမိတို့ တကယ့် အရည် အသွေးနဲ့ မျှော်လင့်ချက်တွေ အပေါ်
အထင်သေးလို့ မရပါဘူး။ ဒါကြောင့် အခုမေးခွန်းဟာ အင်မတန် ကောင်းတဲ့
မေးခွန်းပါပဲ။ တကယ် အရေးပါတဲ့ ဟီလာရီ ကလင်တန်ပေါ့။ နိုင်ငံခြားရေး ဝန်ကြီး
သူတို့ အခေါ်တော့ SECRETARY OF STATE ပေါ့။ ဒီလိုလာမှာ အတွက် မိမိတို့
အနေနဲ့ ကြိုဆိုပါတယ်၊ ဝမ်းသာတယ်၊ ပြီးရင် မိမိတို့ဘက်က ဘယ်လို မျှော်လင့်လဲ
ဆိုတော့ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ ပုံမှန် အနေအထား မရှိဘူး။ တကယ်တမ်း
ကျတော့ မိမိတို့က ပုံမှန် ဆက်ဆံရေး ရှိစေချင်တယ်။ အခုလို လာခြင်းသည်
ပုံမှန် ဆက်ဆံရေး အတွက် လာတယ်လို့ ဆိုတဲ့အတွက် အင်မတန် ကောင်းတဲ့ကိစ္စ။
မြန်မာနိုင်ငံရဲ့ မူဝါဒကလည်း လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံရေးမူဝါဒကို
ကျင့်သုံးတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ငါးချက်ပေါ်မှာ
အခြေခံ ချမှတ်ခဲ့တဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်တယ်။ ဒီကြားမှာ မြန်မာနဲ့
အမေရိကန် ဆက်ဆံရေးဟာ အကြောင်းကြောင်း ကြောင့် ဆက်ဆံရေး ကြဲခဲ့သလို။
ပြီးတော့ ဆက်ဆံရေး အဆင့်လည်း နှိမ့်ထားတာ အသိပဲ ဖြစ်ပါလိမ့်မယ်။ မြန်မာမှာ
သံအမတ်ကြီး မထားဘူး။ ဟိုတုန်းက အမေရိကန်မှာ သံအမတ်ကြီး မြန်မာမှာလည်း
သံအမတ်ကြီး ထားတယ်။ ဒီနေ့ မရှိကြ တော့ဘူး။ မရှိခြင်းကို ကြည့်မယ်ဆိုရင်
ဆက်ဆံရေး ကျဲနေတယ်။ မကောင်းဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ သက်ရောက် ပါတယ်။ ဒီနေ့
အခါကျတော့ နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ဖြစ်လာဖို့ အတွက် လမ်းပွင့်
သွားတယ်လို့ မြင်ပါတယ်။ နောက်နောင်မှာလည်း အမေရိကန်နဲ့ မြန်မာဟာ ပူးပေါင်း
ဆောင်ရွက်မှု တိုးမြှင့် လာနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် မေးခွန်းရဲ့
အဖြေက ကောင်းတဲ့ ကိစ္စဖြစ်တယ်။ နိုင်ငံ အစိုးရတင် မကဘူး၊ နှစ်နိုင်ငံ
ပြည်သူများနဲ့ ကမ္ဘာ့အတွက်ပါ ကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ မိမိအနေနဲ့
ထင်ပါတယ်။
ဒေါ်လှလှဌေး (အေအက်ဖ်ပီ) - မကြာခင် တွေ့ဆုံသွားတဲ့ အခါမှာ စီးပွားရေး ပိတ်ဆို့မှုတွေ အတွက်ရော ဆွေးနွေးသွားဖို့ ရှိလား။ ဘာတွေများ ဆွေးနွေးသွားဖို့ရှိလဲ။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း -
ဒါနဲ့ ပတ်သက်လို့ လောလောဆယ် သိရသလောက် ကတော့ သူတို့ပေးလာတဲ့
ကမ်းလှမ်းချက်မှာ မပါဘဲနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့
အခြေပြုတယ် လို့ပဲ ယူဆပါတယ်။ ဒီကြားထဲမှာ သူတို့ဘက်က ပြောလာမယ် ဆိုရင်တော့
မိမိတို့ဘက်က အဆင့်သင့် ရှိပါတယ်။ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး
လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ ပြည်သူ့ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့
အမေရိကန်က တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံတိုင်း တွေ့ဆုံတိုင်းမှာ
မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူများ ဒုက္ခ ရောက်စေမယ့် လုပ်ရပ် မှန်သမျှ
မိမိတို့မကြိုက်ဘူး၊ မိမိတို့ ပြည်သူတွေကလည်း မကြိုက်ဘူးဆိုတာ အမြဲပဲ
ပြောဆို ဆွေးနွေးခဲ့ပါတယ်။
ဒေါ်လှလှဌေး - နိုင်ငံရေး
အခြေအနေက အရမ်း ပြောင်းလဲမှုတွေ မြန်လာတယ်။ တိုးတက်မှုတွေ ရှိလာတယ်လို့
ပြောကြတယ်။ ရှေ့ဆက်ပြီး ဘယ်လို ပုံစံမျိုးတွေ မြင်ရဦးမလဲရှင့်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း - တို့ဘက်ကတော့ ရှေ့လျှောက် ဒီ့ထက် ပိုပြီးတော့ ပြောင်းလဲမှုတွေ တိုးတက်မှုတွေ ရှိတယ်လို့ ယူဆတယ်။ နိုင်ငံရေး ပြောင်းလဲမှုတွေဟာ ထင်တာထက် မြန်တယ်လို့ မြင်တာ အမှန်ဖြစ်သလို တစ်ဖက်က ကျန်နေတာလည်း ရှိတယ်။
အရင်ခေတ်က ပြောကြမယ်ဆိုရင် သဘောသဘာဝအရ ပြောရမယ် ဆိုရင် အခြေခံ
အဆောက်အအုံနဲ့ အပေါ်ယံ အဆောက်အအုံလို့ ပြောလို့ရတယ်။ အခြေခံ အဆောက်အအုံ
ဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့ အခြေခံ အဆောက်အအုံဟာ
အရေးကြီးပါတယ်။ ပြုပြင် ပြောင်းလဲတယ် ဆိုတဲ့ နေရာမှာ အုပ်ချုပ်ရေး
အဆောက်အအုံ၊ နိုင်ငံရေး အဆောက်အအုံတွေ ပြောင်းလဲနေရုံနဲ့ ပြည့်စုံတဲ့
အနှစ်သာရ ရှိမှာ မဟုတ်ဘူး။ စီးပွားရေး ပြောင်းလဲမှ ပြည့်စုံတယ်လို့
ဆိုနိုင်တယ်။ အဲ့ဒီအတွက်လည်း ပြည်သူ ပြည်သားတွေ လိုလားလိမ့်မယ် လို့
ယူဆပါတယ်။
ဦးထူထူးကြွယ် (အထက် မြန်မာပြည် ဂျာနယ်) နေပြည်တော် သတင်းတာဝန်ခံ - နိုင်ငံတော်
ပြောင်းလဲနေပြီ ဆိုတော့ ပြည်သူတွေမှာ အောက်ခြေအဆင့် ရပ်/ကျေးအုပ်ချုပ်ရေး
အဆင့်မှာ ဒီမိုကရက်တစ် တာဝန်ခံဖို့ မရှိသေးဘူးလို့ ပြောနေကြတဲ့ အတွက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ အဲ့ဒီအမြင်ပေါ်မှာ ဘာများပြောချင်ပါသလဲ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း - မရှိသေးဘူး
ဆိုတာကတော့ ပြီးခဲ့တဲ့ အခြေအနေ ကတော့ မှန်ပါတယ်။ ဒီနေ့ပဲ ရပ်ကွက်နဲ့
ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီး ဒီနေ့ပဲ အတည်ပြု ပြဋ္ဌာန်းပြီးပါပြီ။
ဒီမိုကရေစီပုံ အပြည့်အဝ မဟုတ် သော်လည်း ဒီမိုကရေစီ ပုံစံကို စတင်ချဉ်းနင်း
ဝင်ရောက်လာပြီလို့ ပြောလို့ရမှာ ဖြစ်တယ်။
ဦးမြတ်စိုး (လယ်ယာစီးပွား) - ဒီမိုကရေစီကို
သွားနေပြီ ပေါ့နော်။ မဏ္ဍိုင်ကြီး သုံးရပ်ကတော့ တော်တော်လေး အရှိန်ရနေ
ပါပြီ။ မီဒီယာ မဏ္ဍိုင်မှာလည်း အသင့်အတင့် လွတ်လပ်ခွင့် ရနေပြီ ဆိုတော့
နောက်ပိုင်းမှာ နိုင်ငံပိုင် သတင်းစာတွေပဲ ရှိသေးတော့ ပုဂ္ဂလိက သတင်းစာတွေ
ပေါ်ထွန်းလာရေး အခြေအနေကို အဘအနေနဲ့ focus လုပ်ပေးပါ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း - ဒါနဲ့ပတ်သက်လို့
ပုဂ္ဂလိက သတင်းစာတွေ ပေါ်ထွန်းရေးအတွက် မိမိလည်း မျှော်လင့်တယ်။ ဘယ်တော့
ပေါ်လာမလဲ ဆိုတော့ အရင်ထက်စာရင် ပိုပြီး နီးစပ်လာပြီလို့ ဆိုရမယ်။
အမှန်တိုင်း ပြောမယ် ဆိုရင် လွှတ်တော်စပေါ်တဲ့ အခါမှာ မိမိတို့ ယုံယုံရဲရဲပဲ
မီဒီယာတွေကို ခေါ်တွေ့ အသေးစိတ် ထိကြည့်နိုင် မြင်နိုင်တဲ့ အထိ
ကမ်းလှမ်းလိုက်တဲ့ အခါမှာ မီဒီယာ သမားများ
ဟာလည်း မိမိတို့ မီဒီယာ စည်းမျဉ်း စည်းကမ်းနဲ့ အညီ သင့်တင့် မျှတစွာ
ဝင်လာတဲ့အတွက် ဒီနောက်ပိုင်းမှာ မီဒီယာရဲ့ ပွင့်လင်းမှုက ပိုပြီး
များလာပါတယ်။ လွှတ်တော် ခေါ်ပြီးတဲ့ အခါမှာ မိမိကိုယ်တိုင် လည်း
ပြောခဲ့ပါတယ်။ စတုတ္ထ မဏ္ဍိုင်ကို အားကိုးပါတယ်။ ဒါမှသာ ဒီမိုကရေစီဟာ
ပေါ်မယ်လို့ဆိုပြီး အစ ကတည်းကထက် စာရင် မီဒီယာရဲ့ အခန်းကဏ္ဍဟာ အများကြီး
မြင့်လာပြီး သတင်းစာ ဆိုတာလည်း ဒီရဲ့ အရှိန် တဖြည်းဖြည်း တက်သွားမယ်
ဆိုရင်တော့ အရင်ထက်စာရင် ပေါ်ထွက် လာနိုင်မယ့် သဘောရှိတယ်လို့
သုံးသပ်ပြောလို ပါတယ်။
ဦးမြတ်စိုး (လယ်ယာစီးပွား) - လက်ရှိ
ကျွန်တော်တို့ဟာ နိုင်ငံတော် အကျိုးစီးပွား အတွက် ရပ်ပြီး ရေးနေကြပါတယ်။
အမှန်တရား ဖော်ထုတ်တဲ့ အခါမှာလည်း သိပ်ပြီး လက်လွန်ခြေလွန် မဖြစ်အောင်
ဓမ္မဓိဋ္ဌာန် ကျကျ ရေးနေပါတယ်။ မီဒီယာ အပေါ် အဘအနေနဲ့ ကျေနပ်အားရမှု ရှိရဲ့လား။ ဘယ်လိုသဘောရလဲ သိလိုပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း - ကျွန်တော်
0 comments:
Post a Comment