Thursday, December 8, 2011

သခင်လှကွန်း (ခ) စာရေးဆရာမိုးညိုရဲ့ ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း

by Burma VJ Media Network on Thursday, December 8, 2011 at 5:19pm
 
သခင်လှကွန်းသည် အသက် (၉၀) အရွယ်၊ (၄-၁၂-၂၀၁၁) ရက်နေ့၊ နံနက် (၆း၃၀) တွင် အမှတ် (၄၀)၊ ရန်ကင်းလမ်း၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သည်။
(၆-၁၂-၂၀၁၁) ရပ်နေ့ (အင်္ဂါနေ့) နေ့လည် (၁၁း၀၀) နာရီတွင် ထိန်ပင် သုသာန်၌ မီးသဂြိုလ်သည်။
(၁၀-၁၂-၂၀၁၁) ရက်နေ့တွင် ရက်လည်ဆွမ်းကျွေး ပရိတ်တရားတော်နာယူမည်ဖြစ်သည်။

သခင်လှကွန်း (ခ) စာရေးဆရာ မိုးညို
ဖက်ဆစ်တော်လှန်ရေ၊ လေထီးရဲဘော်ဟောင်း
(၁၉၂၂-၂၀၁၁)


ကိုယ်ရေးအထ္ထုပတ္တိအကျဉ်း -

-       ၁၉၂၂-ခု၊ သြဂုတ်လ (၃၀) ရက်နေ့၌ အဘ ဦးဘအေး၊ အမိဒေါ်ကြည်တို့မှ မွေးဖွားခဲ့သည်။
-       အမည် ဦးလှကွန်း (ဗိုလ်စိန်မောင်)။ ရေနံချောင်းအမျိုးသားကျောင်း၌ ပညာသင်ကြားခဲ့သည်။
-       (၁၉၃၉-ခုမှစ၍ တို့ဗညာအစည်းအရုံး မြို့နယ်ခေါင်းဆောင် သခင်တစ်ဦးဖြစ်သည်။
-       ၁၉၄၁-ခု နောက်ပိုင်း ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စတင် ပါဝင်လာခဲ့သည်။
-       ၁၉၄၂-ခုတွင် ဘီအိုင်အေ တပ်သို့ ၀င်ခဲ့သည်။
-       1944-ခုကုန်ခါနီးတွင် အိန္ဒိယပြည်သို့ လျှို့ဝှက် သွားရောက်ကာ ရဲဘော်သိန်းဖေမြင့်၏ အစီအစဉ်ဖြင့် ဗြိတိသျှ မဟာမိတ်တပ်မတော် ဦးစီးဌာနချုပ်က ဖွင့်လှစ်ပေးသော ပျောက်ကျားတပ်မှူးစစ်သင်တန်းနှင့် လေထီးဆင်းသင်တန်း ပညာများ သင်ယူခဲ့သည်။


-       ၁၉၄၅-ခု ဧပြီ (၉) ရက်နေ့တွင် လေထီးဆင်းတပ်မှူးအဖွဲ့ဝင်အဖြစ် တပ်ကုန်းမြို့အနောက်ဘက်၌ လေထီးဆင်းခဲ့သည်။ ပါလာသော လက်နက်စုံ (၄၀၀) ဖြင့် ဂျပန်များအား PBF ပျောက်ကျားတပ်ဖွဲ့၍ တိုက်ခိုက်ခဲ့သည်။ ဇွန်လ (၃) ရက်နေ့မှစ၍ စစ်ကြီးပြီးဆုံးသည်အထိ ဖြူး -ကျွဲပွဲဒေသတွင် ဆက်လက်တိုက်ခိုက်။ စစ်ကြီးပြီးသောအခါ ပြည်သူ့အာဏာဂျာနယ်၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကွန်မြူနစ်ပါတီ၏ ဘာသာပြန်အဖွဲ့အကြီးအကဲ (တောတွင်း)။
-       ၁၉၆၂-ခုမှစ၍ အလင်းဝင်ပြီးနောက် သတင်းစာဆရာဖြစ်လာသည်။ ၁၉၆၃-ခုမှစ၍ နိုင်ငံတော်အစိုးရ၏ မြန်မာ-အင်္ဂလိပ်သတင်းစာများတွင် နိုင်ငံခြားသတင်းအယ်ဒီတာနေရာမှ စတင်ကာ အယ်ဒီတာ ချုပ်ဖြစ်လာသည်အထိ (၁၃) နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ပြည်ထဲရေးဌာန လွတ်လပ်ရေး မော်ကွန်းကော်မတီ၏ ဆပ်ကော်မတီဝင်။
-       လွတ်လပ်ရေးမော်ကွန်းဝင် (ပထမဆင့်)နှင့် နိုင်ငံဂုဏ်ရည်ဘွဲ့ (ဒုတိယဆင့်) ချီးမြင့်ခံယူရရှိခဲ့သည်။ ဆောင်းပါးပေါင်း ပုဒ်ရေ (၂၀၀) ကျော်နှင့် ၀တ္ထုတို/ရှည်များ၊ ၁၉၄၅ -ခုနှစ်နောက်ပိုင်း၌ “မိုးညို“ အမည်ဖြင့် ရေးသားခဲ့သည်။ ဘာသာပြန် (၆) အုပ်၊ ပင်ကိုယ်ရေး (၂) အုပ်ရေးသားခဲ့ပြီး မိုးဂျာနယ်နှင့် အခြားမဂ္ဂဇင်းများတွင်လည်း ရေးသားခဲ့သည်။ (၂၀၁၀) မတ်လ နောက်ဆုံးထုတ် စာအုပ်မှာ “စစ်ရေးတာဝန်ခရီးမှ ပုံရိပ်များ“ စာအုပ်ဖြစ်သည်။
-       ဇနီး ဒေါ်ခင်ဆွေ (၁၉၉၃- ကွယ်လွန်) နှင့် အိမ်ထောင်ကျပြီး သားသမီး (၅) ဦး ထွန်းကားခဲ့သည်။

Post By
အေးမြတ်ထက် (BurmaVJ Media Network)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...