Sunday, December 4, 2011

စစ်ပွဲတော့ စစ်ပွဲ




အခု စစ်ပွဲက
ရန်သူပျောက် စစ်ပွဲ …

သွေးထွက် သံယိုမှုတွေ မပါ
လက်နက်ဆိုတာတွေ မလို
ဘက်သဘော အင်အားအပို စုနေစရာ ကဏ္ဍတွေ မရှိ …


တပွဲထိုးသမားတွေနဲ့
တစိုက်မတ်မတ်နဲ့ ရေရှည်အမြင်ရှိသူတွေ …

တင်းမာသူတွေနဲ့
အပေးအယူ၊ အလျှော့အတင်းနဲ့ ပျော့ပျောင်းသူတွေ …

အတ္တကို ကျောပိုးထာသူတွေနဲ့
ပရကို ဦးထိပ်ထား ထွေးပိုက်သူတွေ …

ရင်းနှီးမြုပ်နှံမှု တခုလို သဘောထားနေသူတွေနဲ့
အလှူသဘော ပေးဆပ် အလုပ်လုပ်နေသူတွေ …

ပုံသေနည်းကို ဦးစားပေးနေသူတွေနဲ့
လက်တွေ့ဘ၀ထဲက အကျိုးအမြတ်ကို မြင်တတ်သူတွေ …

ထာဝရအဆိုးမြင် အတိုက်အခံတွေနဲ့
အပြုသဘော ကွက်လပ်ရှာ ဖြည့်နေသူတွေ  ….

 …. စတဲ့ စတဲ့  ကွဲပြားမှုတွေကို
ဆန်တဗန်းထဲက
စပါးလုံး၊ ဆန်ကွဲ၊ မှည့်စွဲနဲ့ ခဲ၊ သလဲတွေကို ရွေးထုတ်သလိုမျိုး …
ကြံချောင်းထဲက ကြံရည်ကို ညစ်ချလိုမျိုး …
ရွှေမြေတကျင်းထဲက ရွှေစစ်စစ်ကို ကျင်ထုတ်သလိုမျိုး …
အောင်သူနဲ့ ကျသူကို ခွဲခြားပေးမယ့် အရည်အချင်းစစ် စာမေးပွဲလိုမျိုး …
မဟော်သဓာဇာတ်တော် သားလုပွဲထဲက
ဘီလူးမနဲ့ မိခင်အစစ်ကို ခွဲခြားပြသလိုမျိုး …
ခွဲခြား စစ်ထုတ်ပေးမယ့် … စစ်ပွဲ

ဒီနေရာမှာ
မေးလာစရာ မေးခွန်းကတော့
ငါ ဘာလဲ ဘယ်လဲပေါ့။    

လူဗိုလ်
၁ ။ ၁၂ ။ ၁၁




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...