ခေတ်သစ်လူငယ် သိကြစေ (၃)
၁၉၈၉ ခုနှစ်၊ မတ်လ၊ ဒုတိယ အပတ်
တစ်နေ့လုံးမြို့နယ်အတွင်းရှိ ပါတီကိစ္စများနှင့် အလုပ်များနေသည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးအတွင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ကြသော
လူငယ်အများစုသည် ပါတီများအတွင်း ရောက်ရှိသွားကြသည့် လူငယ်များ
အပေါ်မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသ များအဖြစ်ဖြင့်သာ ရပ်တည်လိုကြသည်။
ကျောင်းသားသည် ကျောင်းသားအရေးသာလုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီတစ်ခု၏
အောက်တွင် လှုပ်ရှားရသည်ကို ဘောင်ကျဉ်းသည်ဟု ပြောသူကပြော၊ တစ်နေ့တစ်နေ့
ဆွေးနွေးရင်းစည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေးသင်တန်းဆန်ဆန် ပို့ချနှင့်
မအားလပ်ရပါ။
ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့
အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီလောက်ရှိပါသည်။ မင်းနိုင်သူက
“ကျွန်တော်တို့ ဆွေးနွေးစရာရှိလို့ပါ” ဟု ဆိုလာသည့်အတွက် ကျွန်တော်က
ဆွေးနွေးပါလို့ တုံ့ပြန်လိုက်ပါသည်။ ထိုအခါ သူက “ကျွန်တော်တို့
လူ့ဘောင်သစ်ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်ဝါဒဘက်ကို
ယိမ်းတဲ့သူတွေ ပါတယ်ဆိုတာလက်ခံပါသလား’’ ဟု မေးပါသည်။ ကျွန်တော်က “အေးလေ
အဲဒါဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့အချိန်မှာ လေ့လာစရာဆိုလို့
လက်ဝဲစာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး
ပြောချင်တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ ကိုမိုးသီး၊
ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင်တို့လေ”
ဟုပြောပါသည်။ ကျွန်တော့်စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို
ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား
ဆိုတဲ့အတွေး။ ဇာတ်ကြောင်းနည်းနည်း ပြန်ကောက်ပါရစေ။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါသည်။ ထုတ်ပြန်ပြီးတာနဲ့
ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက်(၄)ဦးစီ ပေါင်း
(၁၂)ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က (၄)ဦးဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့်
ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင်
အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက်
ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပါဝင်ခွင့်ရသူတွေကတော့
ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊
ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊
ဒေါက်တာငွေစိုး စသည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။
ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ
ရောက်နေပါပြီ” “ကွန်မြူနစ်တွေကို ဖယ်ရှားပစ်ရမယ်” လို့ ပြောရင်း
ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD
ပါတီ၏ ထိပ်ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး
ဖယ်ရှားပစ်လိုသည့် သူများမှာ ဦးဝင်းတင်အပါအဝင် ဒေါ်မြင့်မြင့်ခင်၊
ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ
တို့တတွေဖြစ်ပါသည်။
နောက်ဆုံးတွင် အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် ဗဟိုဦးစီအဖွဲ့ဝင်
(၃၀) စုစုပေါင်း (၄၂)ဦးရဲ့ ရှေ့မှာ အစွပ်စွဲခံရသူများဘက်မှရှုံးလျှ င်
နှုတ်ထွက်ပေးရေး၊ စွပ်စွဲသူဘက်မှရှုံးနိမ့်လျှင် လည်း နှုတ်ထွက်ပေးရေး သဘောတူ
ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ်
ရှုံးနိမ့်သွားပါသည်။
ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက်ပေးရပြီး
“ပြည်ထောင်စုအမျိုးသားဒီမိုကေ ရစီပါတီ”ဟူ၍ ပါတီတစ်ခု ထူထောင် သွားပါသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဦးအောင်ကြီး၏ပါတီထဲသို့
တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့်
ပညာရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်းဖြစ်ပါသည်။
ဤဖြစ်စဉ်သည် NLD ပါတီတည်ထောင်ကာစ၌ဖြစ်ခဲ့သော ဖြစ်စဉ်အကျဉ်းဖြစ်ပါသည်။ ယခု
၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်းအရှိန်အဟုန်ဖြင့်
မြို့နယ်ပေါင်း (၂၀၀) ကျော်တွင်ပါတီရုံးများ
ဖွင့်လှစ်ပြီးနေပြီးဖြစ်ပါသည်။ လာချေပြီလား NLD လိုဖြစ်ရပ်ဟု တွေးရင်း
အလိုက်သင့်မျှောပေးလိုက်ပါသည်။ “အေးလေ ပါတီထိပ်ပိုင်းမှာတော့ ခင်ဗျား
သိတဲ့အတိုင်းပါပဲ” ဟု ပြောလိုက်သောအခါ၎င်းတို့ ကျေနပ်သွားကြသည်။
သူတို့ဘက်သား ရပြီပေါ့လေ။ ကျွန်တော်က တစ်ဆက်တည်း “ခင်ဗျားတို့
ဘာလုပ်ကြမလဲ”ဟု မေးလိုက်သောအခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု
ပြန်ဖြေပြီးဒေါ်အောင်ဆန်းစုကြည်၏ ခြံထဲတွင် ရှင်းလင်းပွဲ လုပ်ရန်
စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။
ကျွန်တော်အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့လက်ချက်လဲ၊ ဘယ်သူနောက်ကွယ်က
ကြိုးကိုင်နေတာလဲ၊သိအောင် စုံစမ်းမယ်” ဆို၍မည်သူ့ကိုမျှ
ကျွန်တော်မပြောတော့ပေ။ မတ်လ တတိယအပတ် ညနေပိုင်းတွင်
မင်းနိုင်သူ(တောင်ဥက္ကလာပမြို့ နယ်)၊ ဝင်းမောင်(လှိုင်မြို့နယ်) တို့
အိမ်ရောက်လာ၍ စာအုပ်တစ်အုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ်
ကြိုးမဲ့လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီဥက္ကဋ္ဌ မိုးသီးဇွန်အား
အထွေထွေအတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက်အတွင်းရေးမှုး ရဲနိုင်အောင်
တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။ သူတို့က ဆက်ပြီးပြောသည်မှာ
“မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့
ပြန်သွားသည်နှင့် ကျွန်တော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။
ကျွန်တော့်စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တစ်ရက်ရက်ပါပဲ၊ မနက်(၇)
နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင်
ခန်းမလို အခန်းကြီး တစ်ခန်းရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျွန်တော့်ကို
အခန်းထဲ ဝင်ဖို့ ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင်လိုက်ပါသည်။
မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀)ခန့် ရောက်လာသည့်
အချိန်တွင် မိုးဟိန်းနှင့်ရဲနိုင်အောင်မှ ကွန်မြူနစ်အန္တရာယ်
ကြောက်စရာကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျွန်တော်
အရမ်းအံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD
တွင်ဦးအောင်ကြီးက ကွန်မြူနစ်ပြဿနာလုပ်၍ထွက်သွားရြ ပီ။ ယခု ကျွန်တော်တို့
ပါတီထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံနေသည်ဆိုပြီး
ဦးအောင်ကြီး၏လမ်းကြောင်းအတိုင်း ခင်းလာနေပြန်သည်။ သူတို့ခင်းသည့်နေရာမှာ
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းကြီးထဲမှာဗျာ။
(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည်ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။
ကျွန်တော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက်ထိုင်နေပါသည်။ မကြာခင်မှာ
NLD လူကြီးမင်း (၃)ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တစ်ဦးတော့
ကျွန်တော်မသိပါ၊ ကျွန်တော်သိတာ NLD ၏ အထွေထွေအတွင်းရေးမှုး
ဦးချစ်ခိုင်(ဒုတိယဗိုလ်မှုးကြီး ဟောင်း)နှင့် ဦးရွှေ(ဗိုလ်မှူးကြီးဟောင်း)
(မကြာခင်မှာပင် မိခင်ပါတီ အဖွဲ့အစည်းသို့ ကြိုတင်
အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ခံရသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်မှ နှုတ်ထွက်ခဲ့သည့်အတွက် ၁၉၉၁
ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD တီမှာ
ထုတ်ပယ်ခဲ့ပါသည်။)တို့က ကျွန်တော့်ကို စူးစမ်းသည့် အကြည့်ဖြင့်
ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့လူပါ” ဆိုတော့မှ
သူတို့က “ပိုက်ဆံလောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော်များများ
ထုတ်ပေးပါသည်။ ကျွန်တော်သဘောပေါက်သွားသည်။
နေ့လည် (၁၂)နာရီ ထိုးတွင်မိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။
ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့လည်း ပါလာကြသည်။
ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာရေးရလျှင်
ဗဟိုနှင့် အောက်ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထား
ဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊
အလုပ်အမှုဆောင်ကော်မတီအားလုံးသည် လည်း စိတ်ဝမ်း ကွဲပြားကြမည်မဟုတ်ဘဲ
ရှေ့ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ
ဖြန့်ဝေလိုက်ပါသည်။
နိုင်ငံရေးလောကတွင် ရန်သူမည်သည် မထင်မှတ်သည့် နေရာမှ ပုံစံအမျိုးမျိုးနဲ့
ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ အတွင်းစည်း
လုံခြုံ၍ မည်သည့် အမှောင့်ပယောဂကိုမျှ နားမယောင်ဘဲ
စည်းလုံးနေခြင်းသည်သာအဓိကဖြစ်ြေ ကာင်း ဗဟိုကော်မတီတရပ်အနေနှင့်လည်း
ဗဟိုကော်မတီများအတွင်းသာ ညှိနှိုင်း၍ အမြင်မတူပါက တစင်ထောင်ခြင်း၊
ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေပါတီဝင်များ၏ ဆန္ဒကိုပါ
အရေးတယူဆွေးနွေးပြီး ဆုံးဖြတ်ကြမှသာ ဒီမိုကရေစီ အမြည်းလေး
လက်ရှိခံစားနေကြရသည့် ပြည်သူလူထု၏ အမြင်လွဲမှားမှုများကို
ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ခေတ်သစ်လူငယ်များကို ပြောလိုပါသည်။
သန့်စင်အောင်(ရန်ကင်း)
၁၇-၁၂-၂၀၁၁
အပေါ်မကျေနပ်ကြ၊ ဗကသ၊ ရကသ၊ အကသ များအဖြစ်ဖြင့်သာ ရပ်တည်လိုကြသည်။
ကျောင်းသားသည် ကျောင်းသားအရေးသာလုပ်ရမည်ဟု ဆိုသူကဆို၊ ပါတီတစ်ခု၏
အောက်တွင် လှုပ်ရှားရသည်ကို ဘောင်ကျဉ်းသည်ဟု ပြောသူကပြော၊ တစ်နေ့တစ်နေ့
ဆွေးနွေးရင်းစည်းရုံး၊ စည်းရုံးရင်း နိုင်ငံရေးသင်တန်းဆန်ဆန် ပို့ချနှင့်
မအားလပ်ရပါ။
ထိုစဉ် တောင်ဥက္ကလာပမြို့နယ်မှ မင်းနိုင်သူနှင့် မောင်မောင်တို့
အိမ်သို့ရောက်လာသည်။ အချိန်ကား ညနေ(၅) နာရီလောက်ရှိပါသည်။ မင်းနိုင်သူက
“ကျွန်တော်တို့ ဆွေးနွေးစရာရှိလို့ပါ” ဟု ဆိုလာသည့်အတွက် ကျွန်တော်က
ဆွေးနွေးပါလို့ တုံ့ပြန်လိုက်ပါသည်။ ထိုအခါ သူက “ကျွန်တော်တို့
လူ့ဘောင်သစ်ဗဟိုကော်မတီမှာ ကွန်မြူနစ်တွေ၊ ကွန်မြူနစ်ဝါဒဘက်ကို
ယိမ်းတဲ့သူတွေ ပါတယ်ဆိုတာလက်ခံပါသလား’’ ဟု မေးပါသည်။ ကျွန်တော်က “အေးလေ
အဲဒါဘာဖြစ်လဲ? တို့တတွေ ကြီးပြင်းလာတဲ့အချိန်မှာ လေ့လာစရာဆိုလို့
လက်ဝဲစာပေတွေပဲ ရှိတာပဲ။ မင်းတို့က ဘယ်သူတွေကို ဦးတည်ပြီး
ပြောချင်တာလဲ’’ ဟု ပြန်မေးလိုက်သည့်အခါ သူက “ ကိုမိုးသီး၊
ကိုသက်ထွန်းနှင့် နိုင်ငံရေးဦးဆောင်အဖွဲ့က ကိုဋ္ဌေးအောင်တို့လေ”
ဟုပြောပါသည်။ ကျွန်တော့်စိတ်ထဲမှာ အတွေးများ တရစပ် ဝင်လာပါသည်။ တို့ကို
ဗိုလ်မှုးချုပ်ဟောင်း အောင်ကြီးက NLD ကို ဖြိုခွဲသလို လုပ်ပြန်ပြီလား
ဆိုတဲ့အတွေး။ ဇာတ်ကြောင်းနည်းနည်း ပြန်ကောက်ပါရစေ။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့မှာ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေကို နဝတ အဖွဲ့မှ ထုတ်ပြန်ပါသည်။ ထုတ်ပြန်ပြီးတာနဲ့
ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါ တဖက်(၄)ဦးစီ ပေါင်း
(၁၂)ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး မှတ်ပုံတင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က (၄)ဦးဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
ဦးဝင်းတင် (ဟံသာဝတီ)၊ ဒေါ်မြင့်မြင့်ခင် (ဘားကောင်စီရှေ့နေကြီး) နှင့်
ဦးအောင်လွင် (ရုပ်ရှင်မင်းသား) တို့ဖြစ်ပါသည်။ နောက်ပိုင်းတွင်
အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် မလုံလောက်တော့သည့်အတွက်
ဗဟိုဦးစီအဖွဲ့ဝင် (၃၀) ဦး တိုးချဲ့ဖွဲ့စည်းပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ပါဝင်ခွင့်ရသူတွေကတော့
ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ (မုံရွာ)၊
ဦးမိုးသူ၊ ဦးဝင်းခက်၊ ဦဘသော်(မောင်သော်က)၊ ဦးစိုးသိန်း(မောင်ဝံသ)၊
ဒေါက်တာငွေစိုး စသည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်။
ထိုအချိန်တွင် ဥက္ကဋ္ဌ ဦးအောင်ကြီးက အဖွဲ့ချုပ်အတွင်းမှာ “ကွန်မြူနစ်တွေ
ရောက်နေပါပြီ” “ကွန်မြူနစ်တွေကို ဖယ်ရှားပစ်ရမယ်” လို့ ပြောရင်း
ပြဿနာမီးပွား စတင်လိုက်ပါသည်။ တနည်းအားဖြင့် အရှိန်ရစဖြစ်လာသည့် NLD
ပါတီ၏ ထိပ်ပိုင်းကို ဖြိုခွဲလိုက်ခြင်း ဖြစ်ပါသည်။ ဦးအောင်ကြီး
ဖယ်ရှားပစ်လိုသည့် သူများမှာ ဦးဝင်းတင်အပါအဝင် ဒေါ်မြင့်မြင့်ခင်၊
ဦးအောင်လွင်၊ ဦးချမ်းအေး၊ ဦးထွန်းတင်၊ ဦးကိုယု၊ ဦးတင်ရွှေ၊ ဦးမိုးသူ
တို့တတွေဖြစ်ပါသည်။
နောက်ဆုံးတွင် အလုပ်အမှုဆောင်ကော်မတီဝင် (၁၂) ဦးနှင့် ဗဟိုဦးစီအဖွဲ့ဝင်
(၃၀) စုစုပေါင်း (၄၂)ဦးရဲ့ ရှေ့မှာ အစွပ်စွဲခံရသူများဘက်မှရှုံးလျှ
နှုတ်ထွက်ပေးရေး၊ စွပ်စွဲသူဘက်မှရှုံးနိမ့်လျှင်
ညီချက်နှင့် မဲခွဲ ဆုံးဖြတ်ကြပါသည်။ ဥက္ကဋ္ဌ ဦးအောင်ကြီး အပြတ်အသတ်
ရှုံးနိမ့်သွားပါသည်။
ဥက္ကဋ္ဌ ဦးအောင်ကြီး နှုတ်ထွက်ပေးရပြီး
“ပြည်ထောင်စုအမျိုးသားဒီမိုကေ
ဝမ်းနည်းစရာကောင်းသည်မှာ ဦးအောင်ကြီး၏ပါတီထဲသို့
တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းဆရာဟောင်းများ စသည့်
ပညာရှင်၊ ပညာတတ်ပေါင်းများစွာ ပါဝင်သွားခြင်းဖြစ်ပါသည်။
ဤဖြစ်စဉ်သည် NLD ပါတီတည်ထောင်ကာစ၌ဖြစ်ခဲ့သော ဖြစ်စဉ်အကျဉ်းဖြစ်ပါသည်။ ယခု
၁၉၈၉ ခုနှစ် မတ်လတွင် လူ့ဘောင်သစ် သည်လည်းအရှိန်အဟုန်ဖြင့်
မြို့နယ်ပေါင်း (၂၀၀) ကျော်တွင်ပါတီရုံးများ
ဖွင့်လှစ်ပြီးနေပြီးဖြစ်ပါသည်။ လာချေပြီလား NLD လိုဖြစ်ရပ်ဟု တွေးရင်း
အလိုက်သင့်မျှောပေးလိုက်ပါသည်။ “အေးလေ ပါတီထိပ်ပိုင်းမှာတော့ ခင်ဗျား
သိတဲ့အတိုင်းပါပဲ” ဟု ပြောလိုက်သောအခါ၎င်းတို့ ကျေနပ်သွားကြသည်။
သူတို့ဘက်သား ရပြီပေါ့လေ။ ကျွန်တော်က တစ်ဆက်တည်း “ခင်ဗျားတို့
ဘာလုပ်ကြမလဲ”ဟု မေးလိုက်သောအခါ သူတို့က “မကြာခင်မှာ သိမယ်” ဟု
ပြန်ဖြေပြီးဒေါ်အောင်ဆန်းစုကြည်၏
စီစဉ်ထားကြောင်း ပြော၍ ပြန်သွားကြသည်။
ကျွန်တော်အလေးအနက် စဉ်းစားရပြီ။ “ဘယ်သူ့လက်ချက်လဲ၊ ဘယ်သူနောက်ကွယ်က
ကြိုးကိုင်နေတာလဲ၊သိအောင် စုံစမ်းမယ်” ဆို၍မည်သူ့ကိုမျှ
ကျွန်တော်မပြောတော့ပေ။ မတ်လ တတိယအပတ် ညနေပိုင်းတွင်
မင်းနိုင်သူ(တောင်ဥက္ကလာပမြို့
အိမ်ရောက်လာ၍ စာအုပ်တစ်အုပ် ပေးပါသည်။ “မိုးသီးဇွန် သို့မဟုတ်
ကြိုးမဲ့လေတံခွန်” ဆိုသည့် စာအုပ်၊ ပါတီဥက္ကဋ္ဌ မိုးသီးဇွန်အား
အထွေထွေအတွင်းရေးမှုး မိုးဟိန်းနှင့် တွဲဘက်အတွင်းရေးမှုး ရဲနိုင်အောင်
တို့မှ ဝေဖန်ထားခြင်း ဖြစ်နေသည်။ သူတို့က ဆက်ပြီးပြောသည်မှာ
“မနက်ဖန်မနက်(၇) နာရီမှာ ကားနဲ့လာခေါ်မယ်၊ စောင့်နေပါ”။ သူတို့
ပြန်သွားသည်နှင့် ကျွန်တော်လည်း စာအုပ်ကို ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသည်။
ကျွန်တော့်စိတ်အထင် မတ်လ(၁၇) ရက်နှင့် (၁၈) ရက် တစ်ရက်ရက်ပါပဲ၊ မနက်(၇)
နာရီ ထိုးသည်နှင့် မင်းနိုင်သူ ကားဖြင့်လာကြိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ခြံရှေ့တွင် ကားရပ်ပေးသည်။ အိမ်ကြီး၏ ဘေးတွင်
ခန်းမလို အခန်းကြီး တစ်ခန်းရှိပါသည်။ အစည်းအဝေးခန်းပေါ့၊ ကျွန်တော့်ကို
အခန်းထဲ ဝင်ဖို့ ပြောတော့ ဒုတိယတန်း ထောင့်ဆုံးတွင် ဝင်ထိုင်လိုက်ပါသည်။
မိုးဟိန်းနှင့် ရဲနိုင်အောင် ရောက်လာပါသည်။ လူ (၅၀)ခန့် ရောက်လာသည့်
အချိန်တွင် မိုးဟိန်းနှင့်ရဲနိုင်အောင်မှ ကွန်မြူနစ်အန္တရာယ်
ကြောက်စရာကောင်းကြောင်း စသည်ဖြင့် ပြောကြသည်။ ကျွန်တော်
အရမ်းအံ့သြသွားသည်။ “ဘာတွေ ဖြစ်ကုန်ပြီလဲ” မကြာသေးခင် လအနည်းငယ်၌ NLD
တွင်ဦးအောင်ကြီးက ကွန်မြူနစ်ပြဿနာလုပ်၍ထွက်သွားရြ
ပါတီထိပ်ပိုင်းမှာ ကွန်မြူနစ်တွေ ဝန်းရံနေသည်ဆိုပြီး
ဦးအောင်ကြီး၏လမ်းကြောင်းအတိုင်
ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းကြီးထဲမှာဗျာ။
(၁၁) နာရီ ထိုးလျှင် ထမင်းစား နားမည်ဆိုပြီး၊ ထမင်းစားရန် ခေါ်သည်။
ကျွန်တော် မလိုက်ချင်ကြောင်း ငြင်းဆိုပြီး ဆက်ထိုင်နေပါသည်။ မကြာခင်မှာ
NLD လူကြီးမင်း (၃)ဦး မင်းနိုင်သူ ဆီသို့ ရောက်လာကြသည်။ တစ်ဦးတော့
ကျွန်တော်မသိပါ၊ ကျွန်တော်သိတာ NLD ၏ အထွေထွေအတွင်းရေးမှုး
ဦးချစ်ခိုင်(ဒုတိယဗိုလ်မှုးကြီး
(မကြာခင်မှာပင် မိခင်ပါတီ အဖွဲ့အစည်းသို့ ကြိုတင်
အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ခံရသည့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ဦးစလုံးအား NLD တီမှာ
ထုတ်ပယ်ခဲ့ပါသည်။)တို့က ကျွန်တော့်ကို စူးစမ်းသည့် အကြည့်ဖြင့်
ကြည့်ကြသည်။ မင်းနိုင်သူမှ “ကိစ္စမရှိပါဘူး၊ ကျွန်တော်တို့လူပါ” ဆိုတော့မှ
သူတို့က “ပိုက်ဆံလောက်ရဲ့လား၊ ထပ်ယူလေ” ဆိုပြီး ငွေတော်တော်များများ
ထုတ်ပေးပါသည်။ ကျွန်တော်သဘောပေါက်သွားသည်။
နေ့လည် (၁၂)နာရီ ထိုးတွင်မိုးသီးတို့ အုပ်စုလိုက် ဝင်လာကြသည်။
ကိုယဉ်ထွေး၊ ကိုဂျင်မီ၊ ကိုတင်ထွန်းလှိုင် တို့လည်း ပါလာကြသည်။
ခန်းမကြီးသည်လည်း ဆူညံ၍သွားသည်။ ဤသို့ဖြင့် လိုရင်းကိုသာရေးရလျှင်
ဗဟိုနှင့် အောက်ခြေ အပြန်အလှန် ညှိနှိုင်း၍ အောက်ခြေ ပါတီဝင်များ၏ သဘောထား
ဆန္ဒနှင့် အညီ လူ့ဘောင်သစ်သည် မည်သည့်အခါမျှ ပြိုကွဲမည်မဟုတ်ကြောင်း၊
အလုပ်အမှုဆောင်ကော်မတီအားလုံးသည်
ရှေ့ဆက်၍ တိုက်ပွဲ ဝင်ကြမည် ဆိုသည့်အကြောင်း စာရေးလက်မှတ်ထိုးကာ
ဖြန့်ဝေလိုက်ပါသည်။
နိုင်ငံရေးလောကတွင် ရန်သူမည်သည် မထင်မှတ်သည့် နေရာမှ ပုံစံအမျိုးမျိုးနဲ့
ဝင်လာတတ်ကြောင်း၊ မိမိတို့ မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ အတွင်းစည်း
လုံခြုံ၍ မည်သည့် အမှောင့်ပယောဂကိုမျှ နားမယောင်ဘဲ
စည်းလုံးနေခြင်းသည်သာအဓိကဖြစ်ြေ
ဗဟိုကော်မတီများအတွင်းသာ ညှိနှိုင်း၍ အမြင်မတူပါက တစင်ထောင်ခြင်း၊
ဂိုဏ်းခွဲခြင်းများ မပြုကြဘဲ အောက်ခြေပါတီဝင်များ၏ ဆန္ဒကိုပါ
အရေးတယူဆွေးနွေးပြီး ဆုံးဖြတ်ကြမှသာ ဒီမိုကရေစီ အမြည်းလေး
လက်ရှိခံစားနေကြရသည့် ပြည်သူလူထု၏ အမြင်လွဲမှားမှုများကို
ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ခေတ်သစ်လူငယ်များကို ပြောလိုပါသည်။
သန့်စင်အောင်(ရန်ကင်း)
၁၇-၁၂-၂၀၁၁
0 comments:
Post a Comment