ခေတ်သစ်လူငယ် သိကြစေ(၂)
၁၉၇၅-ခုနှစ် နိုဝင်္ဘာလ ၂၅ ရက်နေ့မှာ
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ကြောင်းသိရပါတယ်။ ရပ်ကွက်ထဲမှာ၊
ကျောင်းမှာ အဲဒီအကြောင်းဘဲပြောနေကြတယ်။ နောက်ရက်တွေမှာ ဆက်တိုက်ပဲ ဦးသန့်ရုပ်ကလာပ်ကို
မြန်မာပြည်ပြန်သယ်မယ်ဆိုတဲ့အြေ ကာင်း၊ ဦးနေဝင်း အစိုးရက နိုင်ငံတော် ဈာပနအဖြစ် လုပ်ခွင့်မပေးနိုင်ကြောင်း၊
ကြံတောသင်္ချိုင်းမှာဘဲ မြှပ်နှံရမယ်ဆိုတဲ့အကြောင်း၊ ဦးနေဝင်းကလည်း သူ့မယားဒေါ်ခင်မေသန်း
(ပထမမယားကြီးက ပြည်မြို့သူဒေါ်တင်တင်)ကိုတောင် ကြံတောမှာ သဂြိုဟ်တာဖြစ်ကြောင်းတွေကြား ရတယ်။
ကျနော်က
အဲဒီ အချိန်မှာ ရှစ်တန်းကျောင်းသား၊ ပညာသင်နေတဲ့ကျောင်းက အထက(၂) ရန်ကင်း၊ ကျနော်တို့ရင်ထဲမှာ
မကောင်းဘူး၊ နိုင်ငံရေးတွေဘာတွေလည်း နားမလည်သေးဘူး၊ သေချာပေါက် နားလည်တာက ကမ္ဘာကလေးစားတဲ့
မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာ သမိုင်းတင်ရမယ့် ပုဂ္ဂိုလ် တစ်ယောက်ကို လက်လွတ်စပယ်နှင့်
သာမန်လူတန်းစားတွေလို မြှပ်နှံမယ်ပြောတာကို လုံးဝမကျေနပ် တာဘဲ။ ဒါနဲ့ပဲသူငယ်ချင်းတစ်သိုက်
စုပြီးတိုင်ပင်ကြတယ်။ ‘‘ဒို့တတွေဘာလုပ်ကြမလဲ’’ ‘‘တက္ကသိုလ် ကျောင်းသားတွေလည်း တိုင်ပင်နေကြပြီ’’၊
‘‘ဘာလုပ်ကြမလဲသိကြလား’’၊ ‘‘မသိသေးဘူးကွသူတို့
အစီအစဉ်နဲ့သူတို့ရှိမှာပေါ့’’၊ ‘‘တတ်နိုင်တာတစ်ခုခုလုပ်မယ်ကွာ’ ’၊ ‘‘ဒါဆို ပန်းခွေတော့
သွားပို့မယ်ကွာ ပြီးမှ အခြေအနေအရပေါ့’’ ။
ဒီလိုနဲ့ သူငယ်ချင်း ခုနှစ်ယောက် မုန့်ဖိုးလေးတွေစုပြီး
ရန်ကုန်မြို့လယ်က ၂၈ လမ်းမှာ ပန်းခွေ သွားဝယ်တယ်။ အဲဒီနေ့က ဦးသန့်ဈာပနပြုလုပ်မယ့်နေ့ဖြစ် တဲ့
ဒီဇင်္ဘာလ ၅ ရက်နေ့ပေါ့။ ပန်းခွေဝယ်ပြီး ကျောင်းပြန်လာခဲ့တယ်။ ကျောင်းလည်းရောက်ရော ကျောင်းအုပ်ဆရာမကြီး
ဒေါ်လှကြည်က ရုံးခန်းထဲက နေမြင်ပြီး ကျောင်းစောင့်ကြီးကို အော်ပါလေရော။ “ကိုခင်မောင်
ဒီကောင်တွေကျောင်းထဲ မဝင်စေနဲ့ ဝန်းတံခါးလည်း ကျော်မတက်စေနဲ့”။ ကျနော်တို့လည်း လန့်သွားတယ်။
ဒါနဲ့ ကျနော်တို့ ကျောင်းနောက်ဘက်လမ်းက ကျောက်ကုန်းတောရမေဒိနီ ဘုန်းကြီးကျောင်း ထောင့်မှာရှိတဲ့
သစ်ပင်ကြီး အောက်မှာ ပန်းခွေကြီးချပြီး ကျောင်းဆင်းတဲ့အချိန်အထိ
စောင့်နေလိုက်တယ်။
အဲဒီအချိန်ဟာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊
မြို့နယ်ကောင်စီနှင့် ပါတီယူနစ်တွေ တန်ခိုးကြီးနေတဲ့အချိန်၊ တကယ်ပါ ကြောက်စိတ်လုံးဝမရှိဘူး။
နေ့လည် ၁၂ နာရီထိုး ကျောင်းဆင်းတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်(၆၅ နှစ်)ဆိုတဲ့
စာတမ်းကပ်ထားတဲ့ ပန်းခွေကိုင်ကြပြီး ကျောက်ကုန်းလမ်းမကြီးကနေ ဆင်းလာကြတုန်း ရန်ကင်းမြို့နယ်
ကောင်စီရုံးက တရုံးလုံး ထွက်ကြည့် နေကြတယ်။ ကျနော်တို့လည်း ရင်ကော့ပြီး ကျိုက္ကဆံ လမ်းအတိုင်း
တပ်မတော်မှတ်တမ်းရုံးကိုဖြတ်၊ ကျိုက္ကဆံရဲတန်းလျားကိုကျော်၊ ပြီးတာနဲ့ ကျိုက္ကဆံဝန်းကြီးထဲကို
ဝင်ခဲ့တယ်။ ဝန်းအပေါက်မှာ အတူပါလာတဲ့ စိန်ဝင်းက လှမ်းပြောတယ်။ “ဟေ့ကောင်တွေ ကြောက်ကြောက်နဲ့
စွတ်သွားနေတာလား၊ နောက်လှည့်ကြည့်ပါအုံး” ဆိုတာနဲ့ လှည့်ကြည့်လိုက်တော့ နောက်မှာ လေးယောက်တတန်း၊
ငါးယောက်တတန်း အဖြူအစိမ်းဝတ်ထားကြတဲ့ ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေပါ ပါလာတယ်။
ရင်ထဲမှာ ပျော်လိုက်တာလေ။ စည်းရုံးထားတာ လုံးဝမဟုတ်ပါဘူး။ သူတို့အသိစိတ်ဓာတ်နှင့် သူတို့
လိုက်လာကြတာ။ သြော် တို့ကျောင်းသားတွေ မညံ့ဘူးဆိုတဲ့အသိတရား အဲဒီကတည်းက ရလိုက်တာ။
ကျိုက္ကဆံဝန်းကြီးထဲရောက်တော့ ကျနော်တို့လိုပဲ
တာမွေမြို့နယ် အ.ထ.က (၃) မင်္ဂလာတောင်ညွန့် မြို့နယ် အ.ထ.က(၁) စတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ
ချီတက်လာတဲ့ အထက်တန်းကျောင်းသားတွေ တွေ့ရပါတယ်။ (အထက်တန်းကျောင်းအတော်များများ ဖော်ပြရန်ကျန်ရစ်ခဲ့ပါတယ်။
ခွင့်လွှတ်ပါ။) ဦးနေဝင်း အစိုးရက ဦးသန့်ရဲ့ အစ်ကိုဦးခန့်၊ ညီတစ်ဝမ်းကွဲ ဦးသောင်းတို့နှင့်
ဈာပနကော်မတီ ဖွဲ့ပေးပြီး ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကြံတောသင်္ချိုင်းမှာ ပို့ဆောင်သင်္ဂြိုလ်မှာ
ဖြစ်ပါတယ်။ ဦးသန့်ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ထဲရောက်တော့ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ပန်းခွေချပြီး
ဦးညွှတ်အလေးပြုကြတယ်။ ကျွန်တော်တို့လည်း ဦးညွှတ်အလေးပြုပြီးတဲ့နောက် လူစုခွဲလိုက်တဲ့အချိန်မှာပဲ
ပုခုံးကို ဆုပ်ကိုင်လိုက်တာခံလိုက်ရတယ်။ “ဟေ့ကောင်၊ မင်း ငါနဲ့လိုက်ခဲ့” တဲ့၊ ကြည့်လိုက်တော့
အလုံမြို့နယ်က ကိုတင်မောင်ဝင်း(မဆလခေတ် အခြေခံပညာ ဦးစီးဌာနက ၁၉၇၃ ခုနှစ်မှာ ရှားရှားပါးပါး
တစ်ကြိမ်တည်း ဖွင့်ခဲ့တဲ့ ကျောင်းစာကြည့် တိုက်သင်တန်း အတူတက်ခဲ့သူ) ဖြစ်နေတယ်။ သူက
ကျနော့လက်မောင်းကိုတင်းတင်း ကြပ်ကြပ်ဆုပ်ကိုင် ရင်း ကျိုက္ကဆံကွင်း(အရင် မြင်းပွဲတွေလုပ်စဉ်ကာလက
အထူးတန်း)အပေါ်ထပ်ကို ခေါ်သွားတယ်။ ကျနော် အံ့သြသွားတယ်။ များလိုက်တဲ့မှန်ပြောင်းတွေ၊
ကင်မရာတွေ မျိုးစုံပဲ၊ အဝေးကနေ လှမ်းရိုက်နေတာလေ။
၂နာရီလောက်မှာ တက္ကသိုလ်ကောလိပ်ကျောင်းပေါင်းစုံက
ကျောင်းသားတွေ အကျင်္ီအဖြူ၊ ယောလုံချည်အနက်၊ အချို့ကတော့ ကချင်ပုဆိုးတွေနှင့်၊ ကျောင်းသူတွေကလဲ
အင်္ကျီအဖြူ၊ ထမိန်အနက်၊ တူညီဝတ်ဆင်ထားကြတယ်။ လူတိုင်းရဲ့လက်မောင်းမှာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
ပိတ်စနက်တွေ ပတ်ထားကြတယ်။သူတို့တွေကိုကြည့် ရတာ အင်မတန်စည်းကမ်းရှိတယ်။ ညီညီညာညာနှင့်၊
ဦးသန့် ရုပ်ကလာပ်ရှိတဲ့ မဏ္ဍပ်ကိုလက်ချင်းချိတ်ပြီး သုံးထပ်ဝန်းရံလိုက်ကြတယ်။ ပြီးတာနဲ့
မဏ္ဍပ်မှာရှိတဲ့ စပီကာ ကနေ “မိဘပြည်သူအပေါင်းတို့ ခုချိန်ကစပြီး ကျွန်တော်တို့ ကျောင်းသားတွေနှင့်
ရဟန်းသံဃာတော် များပါဝင်တဲ့ပြည်သူ့ဈာပနကော် မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြည်သူ့ကော်မတီအသစ်က
ဆက်လက် တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် မဏ္ဍပ်အတွင်းမှ မသက်ဆိုင်သော သူများချက်ချင်း ထွက်ပေး
ကြရန်ဖြစ်ပါတယ်” လို့အထပ်ထပ်ကြေငြာလိုက်တယ်။ ပြီးတာနဲ့ ဦးသန့်ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်
ကျောင်းဝန်းထဲကိုသယ်ယူလာခြဲ့ ကတယ်။ ပြည်သူ့ဈာပနကော်မတီဆိုတာ တယ်သူတွေလဲဆိုတာ နောက်ပိုင်းစုံစမ်းလိုက်တော့
ပထမဦးဆုံး ဦးစိုတင့်(ရာဇာ) ဖြစ်ပြီး၊ နောက်တော့ဦးကြည်ဝင်း (မင်္ဂလာဒုံ) (၁၉၉၀ ရွေးကောက်ပွဲမှာ
မင်္ဂလာဒုံမဲဆန္ဒနယ်အမှတ်(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့
ရွေးကောက်ခံရပြီး ၁၉၉၉ ခုနှစ်ဇွန်လ(၁၄)ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို
ကိုယ်စားမပြုတော့ကြောင်း ပါတီ၏တရားဝင်ကြေငြာခံရသူ၊ ဒီလိုသမိုင်း ကြောင်းရှိခဲ့တဲ့ သူလိုလူကိုဘာကြောင့်?)
ဖြစ်ပြီး ဦးအောင်သိန်း(ဓါတုဗေဒ) ကလုံခြုံရေး၊ ဦးလှကြူ (ဓါတုဗေဒေ)က ဘဏ္ဍရေး နှင့် ဦးသန်းမြင့်၊ဒေါ်ချိုချိုကျော်ြ ငိမ်း၊ဒေါ်နေရီဘဆွေ၊ကိုတိတ်တို့
ပါတယ် ဆိုတာ သိလိုက်ရတယ်။
ဒီလိုနဲ့ ညနေ (၅) နာရီမှာ ရန်ကုန်တက္ကသိုလ်ကျောင်းအတွင်း
ရောက်တယ်ဆိုပါတော့။ကျွန်တော့်ကို ယာယီထိန်းသိမ်းတားတဲ့ ကိုတင်မောင်ဝင်းက ကျောင်းသားတွေ
ကျိုက္ကဆံဝန်းထဲကထွက်သွားမှ လွှတ်ပေးတယ်။ ပြီးတော့ သူက မှာလိုက်သေးတယ်။ “ငါ့ညီမင်းလျှောက်သွားပြီး
စိတ်ထင်ရာတွေ မလုပ်နဲ့နော်၊ မင်းမြင်တဲ့အတိုင်းပဲ၊ သူတို့ကို မမြင်နိုင်တဲ့နေရာက စောင့်ကြည့်နေတာ၊
တို့အကုန်လုံး သိနေတယ်”တဲ့။ သူ့ကြောင့် ကျွန်တော် နောက်ပိုင်းနိုင်ငံရေးလှုပ်ရှား မှုတွေအတွက်
သင်ခန်းစာ ကောင်းကောင်းရလိုက်တယ်။ရန်သူကို တယ်တော့မှလျှော့မတွက်ဖို့။
ကျောင်းထဲက ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ
ပထမထားကြတယ်။ နောက်တော့ခန်းမထဲသို့ ရွေလိုက် တယ်။ နေ့ရောညပါ တရားပွဲတွေ ကျင်းပကြတယ်။
ကျွန်တော်လဲနေ့တိုင်းရောက်တယ်။ အဲဒီတရားပွဲတွေက ကျွန်တော့်ရဲ့ နိုင်ငံရေးမျိုးစေ့ကနေ
အပင်ပေါက်ဖို့ စတင်တော့တာပါဘဲ။
“ဦးသန့်အုတ်ဂူဘယ်မှာ လုပ်မလဲ”
“ကန်တော်မင်ပန်းခြံပေးမှာလား”
“ကြံတောမှာတော့ မထားနိုင်ဘူး”
“ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူေ ဘးမှာ
ပေးမှာလား”
“အချိန်မ်ီအကြောင်းမပြန်ရင် သမဂ္ဂမြက်ခင်းပြင်မှာ
ဂူသွင်းမယ်”
အချိန်မီပြန်ကြားတာတွေ ညှိနှိုင်းတာတွေ
လုပ်မလာတဲ့အတွက် (၈)ရက်နေ့မှာရန်ကုန်စက်မှု တက္ကသိုလ် ဗိသုကာကျောင်းသားတွေက ဂူပုံစံဆွဲတယ်။
မြို့ပြအင်ဂျင်နိယာကျောင်းသားေ တွက ကျောင်းထဲရောက်လာတဲ့ ကျွန်တော်တို့လို ကျောင်းသားလေးတွေ၊
ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ အုတ်ဂူဆောက်တယ်။ ဆေးတက္ကသိုလ်ကျောင်းသားတွေက ဆေးခန်းဖွင့်ပေးထားတယ်။
ပြည်သူတွေ လှူတဲ့ထမင်းထုပ်တွေ ကလဲများမှများ။ ကျွန်တော်လည်း လုပ်အားပေးနေတုံး ကျွန်တော့်ရဲ့
ကျောင်းအုပ် ဆရာမကြီး ဒေါ်လှကြည်ကိုဆရာမ ဒေါ်ခင်စန်းနဲ့အတူ တွေ့လိုက်ရတော့ အရမ်းအံ့သြသွားတယ်၊
ပန်းခွေနဲ့ကျောင်းထဲဝင်ဖို့ ကြိုးစားနေတုန်း အအော်ခံထားရတော့ မထင်မှတ်ထားဖူးပေါ့၊ ဆရာမကြီးက
ကျွန်တော်ကိုခေါ်ပြီး“ဟဲ့ကောင်.. နင်တို့ကို ပန်းခွေကြီးနဲ့ ကျောင်းထဲအဝင်ခံလိုက်ရင်
ငါဘာဖြစ်သွားမလဲ၊ အခုငါလာချင်လွန်လို့လာတာ၊ လုပ်စရာရှိတာလုပ်ဟေ့ ဒါဟာအမျိုးသားရေး ဒို့နိုင့်ငံရဲ့ဂုဏ်သိက္ခာအရေး’’
ဆိုပြီးအားပေးသွားတယ်။ နောက်မှဆရာမကြီးဟာ ဂျပန်ခေတ်အာရှလူငယ်အစည်းအရုံးမှာ စည်းရုံးရေး
တာဝန်ယူခဲ့တာလို့သိရပါတယ်။
ဒီဇင်ဘာလ(၁၁)ရက်နေ့ (၉)နာရီလောက် ကျွန်တော်ကျောင်းထဲရောက်တော့
ကျောင်းသားကြီးတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ ကျောင်းကိုစစ်တပ်က မျက်ရည်ယိုဗုံးနဲ့ပစ်ပြီး
လူစုခွဲမယ်ဆိုတဲ့ စကားတွေပျံ့နေပြီ။ မျက်ရည်ယိုဗုံးနဲ့ပစ်ရင် ခံနိုင်ဖို့ လက်ကိုင်ပုဝါတွေ
စုထားရန်လိုက်ဆော်သြ နေတယ်။ ဒါနဲ့ ကျွန်တော်လည်း အိမ်ပြန်ပြီး ရသလောက်လက်ကိုင်ပုဝါတွေ
စုပြီးလာပို့လိုက်တယ်။ ပြီးတာနဲ့ အိမ်ခဏပြန်လိုက်ပါတယ်။ အဲဒီအချိန်မှာဘဲ ကျွန်တော့်အိမ်ကို
အမေနဲ့ရင်းနှီးတဲ့ ပါတီကောင်စီက ပုဂ္ဂိုလ်တွေရောက်လာပြီး အခုကစပြီးအိမ်ထဲမှာပဲနေဖို့
လာပြောတာကြောင့် အိမ်မှာခြေချုပ်မိသွားတယ်။
ဒီဇင်ဘာလ(၁၂)ရက်နေ့ အိပ်ယာကနိုးတာနဲ့
ချက်ချင်းပဲမျက်နှာသစ်ပြီး အိမ်အပြင်ထွက်လိုက်တာနဲ့ သတင်းဆိုး ကြားရတော့တာပဲ။ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်း
ခြင်္သေ့နှစ်ကောင် ရှိတဲ့တံခါးမကြီးကို ဆောက်လုပ်ရေးက ယန္တယားကြီးတွေနဲ့ဖျက်ပြီး ဦးသန့်အုတ်ဂူကို
ဘူဒိုဇာနဲ့ထိုးကလော် သွားတယ်တဲ့။ ကျောင်းသားတွေကိုလည်း သေနတ်နဲ့ပစ်ဒုတ်နဲ့ ရိုက်တယ်တဲ့။
အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့  ကျောင်းသူကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ်တဲ့။
နောက်တော့ဦးကြည်ဝင်းကို နံပါတ်တစ်တရားခံသတ်မှတ်ပြီး ကျောင်းသားခေါင်းဆောင်(၅၃)ယောက် ကို
ထောင်ချပစ်လိုက်တယ်။
ပြောချင်တာက ကျွန်တော်တို့မြန်မာပြည်က
ကျောင်းသားလူငယ်တွေဟာ နိုင့်ငံဂုဏ်သိက္ခာ အရေးနဲ့ပတ်သက်ပြီး ဘယ်တော့မှနောက်မတွန့်ခဲ့ကြဘူး။
သတ္တိအပြည့်ရှိတယ်။ရာဇဝင်မှာထွန်းပြောင် တယ်လို့ ရဲရဲကြီးပြောချင်တာပါ။ ဒါကြောင့် အခုလိုမြန်မာနိုင်ငံမှာမျှော် လင့်ချက်လမ်းစတွေ
ပေါ်ထွက်နေတဲ့ အချိန်မှာလူငယ်တွေကို ညီညွှတ်စေချင်တယ်။ ပါတီစွဲ၊အဖွဲ့အစည်းစွဲ၊လူပုဂ္ဂို လ်အစွဲအလမ်းတွေ
မထားဘဲ ကျရာနေရာမှာ တတပ်တအား ပါဝင်စေချင်တယ်။
ယနေ့ခေတ်မြန်မာပြည်မှ လူငယ်များ ကိုယ့်တိုင်းပြည်ကို
နိုင်ငံတကာက ရိုသေခန့်ညားအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ကြပါစေလို့....
ဦးသန့်အရေးအခင်း(၃၇)နှစ်ပြည့် အထိမ်းအမှတ်
သန့်စင်အောင်(ရန်ကင်း)
၁၁-၁၂-၂၀၁၁
အုတ်ဂူကိုမှောက်ပြီးကာကွယ်ထားတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ရောပြီးနင်းပစ်လိုက်တယ်တဲ့။
ReplyDelete