Saturday, December 3, 2011

အခန်း ၆၊ လက်ရှိပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ်အပေါ် ဝေဖန်သုံးသပ်ခြင်း


     
က၊ ဥပဒေပြုခြင်း၊ ဥပဒေစိုးမိုးရေး၊ တရားမျှတသောဥပဒေနှင့် ဥပဒေကို ပြည်သူအများ လက်ခံ ကျင့်သုံးရေး။

ဥပဒေပြုခြင်း

တရားဥပဒေသည် လူတစုအတွက်၊ အုပ်ချုပ်သူအစိုးရအတွက် မဟုတ်။ အများပြည်သူများအတွက်ဖြစ်ရမည်ဆိုသည့် သဘော တရားကိုအခြေခံ၍ ဥပဒြေုပနိုင်သည့်အခွင့်အာဏာကို ပြည်သူများ ၏ ကိုယ်စားလှယ်များပါဝင်သည့် ပါလီမန် သို့မဟုတ် လွှတ်တော်သို့ လွှဲပြောင်းအပ်နှင်းခဲ့သည်။ ပြည်သူတို့၏အကျိုးစီးပွားအတွက် အခါ အားလျော်စွာ ဥပဒေများသတ်မှတ်ပြဌာန်းခြင်း၊ ဥပဒေဟောင်းများ အား ပြင်ဆင်ခြင်းစသည်တို့ကို ပါလီမန်လွတ်တော် ၂ ရပ်က ပြုကြ သည်။
          ဓလေ့ထုံးတမ်းဥပဒေဆိုသည်မှာ လူတို့နှစ်ပေါင်းကြာရှည်စွာ အစဉ်တစိုက် လိုက်နာကျင့်သုံးလာသော ရိုးရာဓလေ့ထုံးတမ်းများ ဥပဒေသဘော သက်ရောက်သွားခြင်းကို ဆိုလိုသည်။ ပြဌာန်းဥပဒေဆိုသည်မှာ သက် ဆိုင်ရာတိုင်းပြည်၏ ဥပဒြေုပပိုင်ခွင့်ရှိသော အဖွဲ့အစည်းမှ ပြဌာန်းလိုက် သော ဥပဒေကိုခေါ်ဆိုသည်။ ပြဌာန်း ဥပဒေကိုတရားရုံးမှ လေးစားလိုက်နာရသည်။ ဓလေ့ထုံးတမ်းဥပဒေ ကိုမူ မည်သည့်အခြေခံဖြင့် ချဉ်းကပ်ရမည်ကို တရားရုံးမှစဉ်းစားရသည်။

 ကာလရှည်ကြာစွာ ဆက်လက်အသုံးပြုမည်လား။ ဓလေ့ထုံးတမ်းကို ဥပဒေသဖွယ် တရားရုံးက ကျင့်သုံး သင့်၊ မသင့်ကို မည်သည့်ဘက်မှ စဉ်းစားမည်နည်း။ ဥပဒေပယ်ဖျယ်သည့်ကိစ္စကို လွှတ်တော်မှ ပြုလုပ်သည်။ ဥပဒေ ပယ်ဖျက်ရေး၊ ပြဌာန်းရေးကို တရားရုံးမှမလုပ်ဆောင်ပေ။ ဥပဒေကို ပြဌာန်းရခြင်း ၏ရည်ရွယ်ချက်မှာ တရားမျှ တမှု ပေါ်ပေါက်စေရန်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သုများနှင့် ရွေးချယ်တင်မြှောက်ခံပြည်သူ့ ကိုယ်စားလှယ်များအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်ဖြစ်သည်။ ပြည်သူများကရွေးချယ်တင်မြှောက် ထားသော အစိုးရအဖွဲ့သည် ပြည်သူများ၏သဘောတူညီမှုဖြင့်သာ ဥပဒေများ ထုတ်ပြန်ပြဌာန်းနိုင်သည်။ အစိုးရ အနေဖြင့် ပြည်သူအများ၏အကျိုးစီးပွားနှင့် လူပုဂ္ဂိုလ်တဦးချင်းစီ၏လွတ်လပ်မှုကို တာဝန်ခံရသည့်အပြင် ကိုယ်တိုင်လည်း လေးစားလိုက်နာရသည်။
ထိုကဲ့သို့ အကောင်အထည်ဖေါ်ရာတွင် သက်ဆိုင်ရာအစိုးရနှင့် တရားရုံးများ၊ ဥပဒေဌာနများကလည်း ပြဌာန်း ဥပဒေပါအချက်များကို အတိအကျလိုက်နာဆောင်ရွက်မှသာ တရားဥပဒေစိုးမိုးမှုရှိလိမ့်မည်။ ဥပဒေပြုအဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ခွင့်ပြုချက်များမှတပါး ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖေါ်ပြမထားသည့်အခွင့်အရေးကိုရယူ၍ မိမိတို့ထင်သလို၊ သို့မဟုတ် အစိုးရအဖွဲ့စည်းတရပ် အဆင်ပြေ စေရန် လိုအပ်သည့်အထောက်အကြူုပ ဥပဒေများကို ရေးဆွဲပြဌာန်း ခြင်းမျိုး မြုပလုပ်နိုင်စေရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ကန့်သတ်ထားသည်၊၊

ဥပဒေစိုးမိုးမှု          
ရပ်ရွာအေးချမ်းသာယာစေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် မရှိမဖြစ်သောဥပဒေများကို နိုင်ငံတော်ကပြဌာန်း ပေးရသည်။ ထိုပြဌာန်းဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းများက ဥပဒေပြဌာန်းချက်များ နှင့်အညီ  ဆောင်ရွက်ကြရသည်။ တနည်းဆိုသော် ပြဌာန်းထားသည့်ဥပဒေဘောင်အတွင်းမှ တရားမျှတမှုကို အကောင်အထည်ဖေါ်ကြရသည်။ ဥပဒေချိုးဖေါက်သူများကို တရားစွဲအဖွဲ့အစည်းများက တရားစွဲဆိုခြင်း၊ ကျူး လွန်သည့်ပြစ်မှုများအလိုက် ပြစ်ဒဏ်ပေးရန် တရားသူကြီး များအနေဖြင့် ပြစ်ဒဏ်၏အတိမ်အနက်ကိုကြည့်၍ ဆုံးဖြတ်ခြင်းစသည်တို့ကို ဆောင်ရွက်ပေးရသည်၊၊
ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်မှာ တရားမျှတမှုဖြစ်စေရေးအတွက်ဖြစ်သည်။ ဥပဒေကို အကောင်အထည် ဖေါ် ဆောင်ရွက်သူများဖြစ်သည့် စီမံခန့်ခွဲရေးဝန်ထမ်းများနှင့် တရားသူကြီးများမှာ လူသားများဖြစ်၍ အဂတိ တရား တပါးပါးနောက် လိုက်ပါပြီးဆုံးဖြတ်ပါက တရားမျှတမှုကို ရာနှုံးပြည့်ဖေါ်ဆောင်နိုင်မည် မဟုတ်ပါ။
တခါတရံတွင် တရားဥပဒေနှင့် တရားမျှတမှုတို့ ထပ်တူမဖြစ်နိုင်သည်ကိုလည်း တွေ့ရှိရသည်။ အယူခံတရားရုံး အဆင့်ဆင့်က မူလတရားရုံးများ၏ ဆုံးဖြတ်ချက်များ မှန်ကန်မှုမရှိသည့်အခါ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ပေးရခြင်း များ ရှိနေခြင်းကပင် မူလတရားရုံးများတွင် တရားမျှတမှုကို ပြည့်စုံအောင် ရှာဖွေဆောင်ရွက်ပေးနိုင်ခြင်းမရှိ ကြောင်း ထင်ရှားသည့် သာဓကတရပ်ဖြစ်သည်။
ပြစ်မှုကျူးလွန်သူတရားခံများကို ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌာန်းချက်များအတိုင်း ပြစ်ဒဏ်ချမှတ်ပေးခြင်းဖြင့် တရား မျှတမှုကို အပြည့်အ၀ရရှိစေနိုင်သည်ဟုဆိုရန် ခဲယဉ်းသည်။ ဥပမာအားဖြင့် လူသတ်မှုကျူးလွန်သည့်တရားခံကို သေဒဏ် သို့မဟုတ် တသက်တကျွန်းဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်သည်ဆိုစေ ကာမူ အသတ်ခံရသူ၏ မိသားစုအတွက် တရားမျှတမှုကို ဖေါ်ဆောင်ပေးသည်ဟု မဆိုနိုင်ပါ၊၊ အိမ်ထောင်ဦးစီး ဖြစ်သူ အသက်ဆုံးရှုံးသည့်အတွက် ကျန်ရစ်သူမိသားစု၌ စားဝတ်နေရေး အခက်အခဲကျရောက်သွားနိုင်သည်။ သို့သော်လည်း တရားရုံးများအနေဖြင့် ရပ်ရွာအတွင်း၊ မြို့နယ်များအတွင်း၊ ပြည်နယ်များနှင့် တိုင်းများအတွင်း၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုရှိသည်ကို ပြည်သူအများ ယုံကြည်ကိုးစားလာစေရန် ဆောင်ရွက်ပေးရမည့် တာဝန်သည် တရားသူကြီးများ၊ အစိုးရရှေ့နေများ၊ အကျိုးဆောင်များနှင့် အစိုးရအဖွဲ့အစည်းများတွင် အဓိက တာဝန်ကျရောက်ပေသည်။ တရားဥပဒေစိုးမိုးမှု ရှိသည်၊ မရှိသည်ကို သာမန်အားဖြင့် အုပ်ချုပ်သည့်အစိုးရနှင့် အာဏာပိုင်အဖွဲ့အစည်းများ ကိုယ်တိုင်က ဥပဒေပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမှသာ နိုင်ငံ အတွင်း တရားဥပဒေစိုးမိုးမှုရှိသည်ဟု ဆိုနိုင်ပေမည်။
တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့်အချက်များတွင် မျှတသောတရားဥပဒေများ ပြဌာန်းခြင်းသည်လည်း အရေးပါသည့် ကဏ္ဍတရပ်ဖြစ်သည်။ ပြည်သူများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ မှန်ကန်မျှတသည့် ဥပဒေများ ပြဌာန်းမှလည်း တရားဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်နိုင်မည်ဖြစ်သည်။ ပြည်သူလူထုနှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိပါးဖေါက်ဖျက်နေပါက တရားမျှတသည့်ဥပဒေဟု မခေါ်ဆိုနိုင်။ လွတ်လပ်သည့်တရားစီရင်ရေးနှင့် မျှတသည့်တရားခွင်တို့ကို ဖေါ်ဆောင်နိုင်သည်ထားဦး၊ မမျှတသည့် တရားဥပဒေပြဌာန်းချက်များကို အခြေခံ၍ ဆုံးဖြတ်နေသည်ဆိုပါက တရားဥပဒေစိုးမိုးမှုကို ဖေါ်ဆောင်နိုင် လိမ့်မည် မဟုတ်ပေ။
အစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်၏ လုပ်ဆောင်မှုများအား တရားမျှတမှန်ကန်မှုရှိ၊ မရှိ ဥပဒေအရ သုံးသပ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပြဌာန်းထားရမည်။ ထိုသို့မဟုတ်လျင်  အစိုးရ သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းများကို ထင်သလိုလုပ်နိုင်သည့် အခွင့်အရေးပေးထားသလိုဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ်ထိခိုက်နိုင်သည်။
မျှတမှန်ကန်သည့်တရားရုံးများ၌ စစ်ဆေးစီရင်ရုံမျှနှင့် မပြည့်စုံ၊ စွပ်စွဲခံရသည့်တရားခံအနေဖြင့်လည်း ဥပဒေ အရခွင့်ပြုထားသည့် ခုခံချေပခွင့်ကိုပေးရမည်။ ထိုသို့ခုခံချေပရာတွင် တရားခံကို ထိုက်သင့်သောအကုအညီ အထောက်အပံ့များ ပေးရမည်မှာ အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်ဖြစ်သည်။ ခုခံချေပခွင့် ရှိသည်ဟု ဥပဒေတွင် ထည့်သွင်းပြဌာန်းထားရုံမျှနှင့် မလုံလောက်။ လက်တွေ့အကောင်အထည်ဖေါ် ဆောင် ရွက်ပေးရန်လိုအပ်သည်။
ပြစ်မှုဆိုင်ရာဥပဒေပါ ပြဌာန်းချက်များကိုချိုးဖေါက်လျင် အဓိကအားဖြင့် တာဝန်ယူစုံစမ်းစစ်ဆေးရသည့်ကိစ္စမှာ နိုင်ငံတကာတွင် ပြည်သူ့ရဲများ၏တာဝန် ဖြစ်သည်၊၊ ထိုသို့အရေးယူပေးရန် တိုင်တန်းလာသည့်ကိစ္စများတွင် သက်ဆိုင်ရာရဲစခန်းများက နှောင့်နှေးကြန့်ကြာမှုမရှိစေပဲ၊ အလျင်အမြန်စုံစမ်းစစ်ဆေး၍ စွပ်စွဲခံရသူအား တရား ရုံးတော်သို့ တင်ပို့ပေးနိုင်ရမည်။ သို့မှသာ စွပ်စွဲခံရသူ တရားခံအနေဖြင့် မမှန်မကန် စွပ်စွဲခံထားရခြင်း၊ မလိုလား အပ်သော အချိန်ကုန်ခြင်း၊ အချုပ်အနှောင်ခံရခြင်းတို့မှ လွတ်ကင်းနိုင်ပေလိမ့်မည်။ စွပ်စွဲထားသည့်အတိုင်း မှန် ကန်ပါကလည်း တရားခံအားအပြစ်ပေးနိုင်စေရန် လိုအပ်သောသက်သေခံ အထောက်အထားများကို သက်သေ ခံမည့်သူများ မမေ့ပျောက်သေးခင် အတိအကျ ရယူနိုင်ဖို့လိုသည်။ လူ့သဘာဝအလျောက် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ရသူများသည် အမှုကြာရှည်လာပါက အရေးကြီးသည့်အချက်များအား မေ့လျော့သွားတတ် သည်ကို သတိပြုရပေလိမ့်မည်။ အမှန်တရားကို အချိန်တိုတိုအတွင်း ရှာဖွေပေးနိုင်ပါမှ ပြည်သူများကလည်း တရားရုံးကို ယုံကြည်ကိုးစားလာပေမည်။ တရားရုံး၏အဆုံးအဖြတ်ကို တန်ဖိုထား လေးစားလိုက်နာကြပေမည်။ ဥပဒေကို လေးစားလိုက်နာကြမှသာ လူ့လောကအတွင်း တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖေါ် ကျင့် သုံးနိုင်မည်ဖြစ်ပါသည်။

ပါလီမန်၌ ဥပဒေပြုနိုင်မှသာ တရားမျှတသောဥပဒေများ ပေါ်ပေါက်လာနိုင်သည့်အနေအထား
ဥပဒေပြုပိုင်ခွင့်အာဏာသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များပါဝင်သော ပြည်သူ့လွတ်တော် သို့မဟုတ် ပါလီမန်၌သာရှိသည်၊၊ ပါလီမန်သည် ပြည်သူလူထု၏အကျိုးကို အစဉ်ရှေ့ရှု၍ ပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီသော ဥပဒေများကိုသာ အသစ်ပြဌာန်းနိုင်သည်၊၊ ထိုသို့ ဥပဒေတရပ်ကို ပြဌာန်းရာတွင်လည်း အထက်လွတ်တော်၊ အောက်လွတ်တော်စသည့် လွတ်တော် ၂ ရပ်စလုံး၏အများစု လွတ်တော်ကိုယ်စားလှယ်များက သဘောတူမှသာလျင် ဥပဒေကို ပြဌာန်းအတည်ြုပနိုင်သည်၊၊
ပါလီမန်သည် ဥပဒေပြုပိုင်ခွင့်ရှိသောအဖွဲ့အစည်းဖြစ်သလို ခေတ်နှင့်မလျော်ညီတော့သည့်ဥပဒေများကိုလည်း ပယ်ဖျက်နိုင်သည့် အခွင့်အာဏာရှိသည်၊၊ သို့သော်လည်း လွှတ်တော်အမတ်အများစု၏ သဘောတူညီမှုအရ သာ လုပ်ဆောင်နိုင်သည်၊၊ ပြည်သူလူထုအတွက် လိုအပ်သောအထူးဥပဒေများကို ပြဌာန်းပေးရသည်။ အစိုးရ အဖွဲ့၊ ဖွဲ့စည်းလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ဥပဒေပြဌာန်းချက်များကိုလည်း ရေးဆွဲပြဌာန်းပေးရသည်၊၊
အစိုးရအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒများကို ဥပဒေပြုအဖွဲ့ကပင်ရေးဆွဲ၍ အစိုးရအဖွဲ့အား ထိန်းကျောင်းလမ်း ညွှန်ပေးရသည်၊၊ အစိုးရအဖွဲ့၏ ဘတ်ဂျတ်ကို အတည်ြုပပေးရသည်၊၊ အစိုးရအဖွဲ့အနေဖြင့် သတ်မှတ်ပြဌာန်း ထားသည့် ဥပဒေများကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ။ ဥပဒေပြဌာန်းချက်ကိုကျော်လွန်၍ သုံးစွဲထားခြင်း ရှိ၊ မရှိကို အစဉ်လေ့လာ သုံးသပ်နေရမည့် တာဝန်ဝတ္တရားလည်းရှိသည်၊၊ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းသတ်မှတ်ထားသော အခွင့်အာဏာများကိုကျော်လွန်၍ သုံးစွဲခြင်းကိုတွေ့ရှိပါက အရေး ယူဆောင်ရွက်နိုင်ရန် လိုအပ်သည်၊၊
ဥပဒေပြုအဖွဲ့အစည်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့် ခွင့်ပြုချက်များမှတပါး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မပါရှိသည့် အခွင့်အရေးများကိုရယူ၍ မိမိတို့ထင်သလို၊ သို့မဟုတ် အုပ်စိုးသူအစိုးရ အဆင်ပြေစေရန်သက်သက် အထောက်အကူပေးသည့်ဥပဒေများ ရေးဆွဲပြဌာန်းခြင်းမပြုနိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ကန့်သတ်ထားသည်။ ထို့ကြောင့် ယနေ့မျက်မှောက်နိုင်ငံများတွင် ပြည်သူအများ၏ဆန္ဒဖြင့် ရေးဆွဲထားသည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်သာ နိုင်ငံ၏ဥပဒေရေးရာတွင် အထွတ်အထိပ် အဖြစ် သဘောတူလက်ခံထားကြသည်ကို တွေ့ရပေသည်၊၊

အာဏာသုံးရပ်ကို ခွဲခြားအုပ်ချုပ်ခြင်း
အာဏာခွဲဝေအသုံးပြုခြင်းဆိုသည်မှာ အာဏာပိုင်အဖွဲ့အစည်းအသီးသီးတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အောက်ခြေအဖွဲ့အစည်းအသီးသီး (နယ်မြေအသီးသီး) သို့ လုပ်ပိုင်ခွင့်အာဏာများ ဖြန့်ဝေဆောင်ရွက်ခြင်းဖြစ်သည်။
နိုင်ငံတော်အာဏာကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာဟူ၍ ခွဲခြားထား သည်။ ထိုအာဏာသုံးရပ်သည် တခုနှင့်တခု ၀င်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ သီးခြားကင်းလွတ်စွာ တည်ရှိ နေရန်လိုသည်။ သက်ဦးဆံပိုင်ဘုရင်စံနစ်တွင် အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့သည် ဘုရင်များ၏ နှုတ်ဖျားတွင်တည်သည်။
၁၇၉၁ ခုနှစ် ပြင်သစ်တော်လှန်ရေးဖြစ်ပွားပြီးနောက် ဥရောပတိုက်တွင် စာဖြင့်ရေးသားမှတ်တမ်းတင်ထားသည့် ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာသည်။ အခြေခံဥပဒေအရ ဥပဒေပြုခြင်း၊ ဥပဒေနှင့်အ ညီ အုပ်ချုပ်ခြင်း၊ ဥပဒေအတိုင်း တရားစီရင်ခြင်းဟူသော နိုင်ငံတော်အားစီမံအုပ်ချုပ်ရာ၌ အဓိကအာဏာကြီး ၃ ခုကို တဦးနှင့်တဦး လွမ်းမိုးနိုင်ခြင်းမရှိအောင် စတင်ခွဲခြားထားလိုက်သည်။

ခ၊ တရားရုံးများ ဖွဲ့စည်းတည်ထောင်ထားရှိခြင်းနှင့် စီရင်ပိုင်ခွင့်အာဏာများ  
တရားရုံးတွင်စီရင်သောမှုခင်းနှစ်မျိုးရှိသည်။ ၎င်းတို့မှာ 
          (၁) ပြည်သူအချင်းချင်းကြားတွင် ဖြစ်ခဲ့သောမှုခင်း
          (၂) နိုင်ငံသားတဦးနှင့် အစိုးရအာဏာပိုင်များကြားတွင် ဖြစ်ပွားသောမှုခင်းဟူ၍ ဖြစ်သည်။
          တရားရုံးသည် ဤမှုခင်းနှစ်ရပ်စလုံးကို ဘက်လိုက်မှုကင်းမဲ့စွာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မျှတမှန်ကန် ရဲရင့်စွာ စစ်ဆေးစီရင်ရမည်။ ပြည်သူအချင်းချင်းကြားတွင် ဖြစ်ပွားသောမှုခင်းကို တရားသူကြီးမှ ဖြေရှင်းပေးနိုင်ပြီး၊ အစိုးရအာဏာပိုင်ကို ပြည်သူမှ တရားစွဲဆိုလိုက်ခြင်းကို ကောင်းမွန်စွာစစ်ဆေးပေးခြင်း မရှိလျှင် တရားရုံးသည် မျှတသောတရားရုံးမဟုတ်တော့ပေ။ တရားရုံးဆိုသည်မှာ တရားဥပဒေစိုးမိုးမှုကို ဖော် ဆောင်ရန် ယန္တရားကိရိယာတရပ်ပင်ဖြစ်သည်။
တောင်အဖရိကသမတ နဲလ်ဆင်မန်ဒဲလ်လားသည် အသားအရောင်ခွဲခြားမှုအတွက် တိုက်ပွဲဝင်ရာ ထောင်ထဲ တွင် (၂၇) နှစ်ကြာ အကျဉ်းချခံခဲ့ရပြီး၊ သူ၏လူငယ်ဘ၀ကို ပေးဆပ်ကုန်ဆုံးစေခဲ့ရသည်။ နိုင်ငံရေးအပြောင်း အလဲ ဖြစ်ပြီးနောက် တောင်အာဖရိက၏ ပထမဦးဆုံးလူမဲသမတဖြစ်လာသည်။ တနေ့တွင် သမတမန်ဒဲလားက ရွေးကောက်ပွဲနှင့်ပတ်သက်သော စီရင်ပိုင်ခွင့်အာဏာဆိုင်ရာ ဥပဒေတခုထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲနယ် မြေ သတ်မှတ်ချက်အမိန့်ဥပဒေကို ထုတ်ပြန်ပြီးနောက်တနေ့တွင် တရားရုံးချုပ်မှ ထိုအမိန့်နှင့်ပတ်သက်၍ ဝေဖန် ထောက်ပြခြင်ြးုပခဲ့သည်။ သမတ၏အမိန့်သည် တောင်အဖရိကနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ညီညွတ်ခြင်းမရှိ။ ဥပဒေနှင့်ဆန့်ကျင်သည်ဟု ထောက်ပြပြောဆိုခဲ့ရာ သမတသည်ချက်ခြင်း သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ ရသည်။ သမတမှ “တောင်အဖရိကပြည်သူများခင်ဗျာ၊  ကျွန်တော်ဟာ တောင်အာဖရိကနိုင်ငံရဲ့ သမတကြီးဖြစ် ပါတယ်၊ ဥပဒေကို ကောင်းကောင်းနားမလည်ပါဘူး၊ ကျနော့်စိတ်ထဲမှာ ဒီလို ဥပဒေထုတ်ပိုင်ခွင့်ရှိတယ်ထင်လို့ ထုတ်ခဲ့တာပါ၊ တရားရုံးချုပ်က ချက်ချင်းပဲကျနော့်ရဲ့အမှားကိုထောက်ပြခဲ့ပါတယ်၊  ကျနော်အနေနဲ့ တရားရုံးချုပ်ရဲ့ အမိန့်ကိုနာခံပါတယ်၊ ကျနော် ဒီဥပဒေကို အခုချက်ချင်းပဲရုတ်သိမ်းလိုက်ပါတယ်။ တောင်အဖရိကနိုင်ငံသားများ ခင်ဗျာ၊ ခင်ဗျားတို့ရဲ့ခေါင်းထဲမှာ မှတ်ထားဖို့က ခင်ဗျားတို့ရဲ့သမတကြီး နဲလ်ဆင်မန်လ်ဒဲလားကိုယ်တိုင် ဥပဒေ စိုးမိုးမှုအောက်မှာရှိနေပါတယ်။ ခင်ဗျာတို့အားလုံးဟာလဲ ဥပဒေစိုးမိုးမှုအောက်မှာ ရှိရမှာဖြစ်ပါတယ်။ ဒီအခြေခံ ကနေ ကျနော်တို့ရဲ့နိုင်ငံတော်ကို တည်ဆောက်ရမှာဖြစ်ပါတယ်၊ ဟုပြောကြားခဲ့သည်။ ထို့ကြောင့် အာဏာပိုင် အဖွဲ့အစည်းတရပ်ကဖြစ်စေ၊ အာဏာပိုင်တဦးကဖြစ်စေ တရားဥပဒေစိုးမိုးရေးအခြေခံများကို ဖောက်ဖျက်ခဲ့ လျှင် အရေးယူနိုင်ရန် တရားရုံးရှိဖို့လိုအပ်သည်။
နိုင်ငံသားတိုင်းသည် တရားရုံးကို လက်လှမ်းမှီနိုင်ရမည်။ အသုံးချနိုင်ရမည်။ တရားစွဲဆိုပိုင်ခွင့်ရှိရမည်။ ဆုံးရှုံး သွားမှုများအတွက် ရင်းစားပြန်လည်ရရှိနိုင်ရန် တရားရုံးကိုအသုံြးုပနိုင်ရမည်။ တရားရုံးကိုလွတ်လပ်စေလိုလျှင် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လိုအပ်သည်များကို တိတိကျကျပြဌာန်းပေးထားရန် လိုအပ်သည်။
တရားရုံးမှ သမာသမတ်ကျ၍ မျှတသောဆုံးဖြတ်ချက် ပေါ်ထွက်လာယုံမျှမဟုတ်။ တရားသူကြီးများအနေဖြင့် ထိုစီရင်ဆုံးဖြတ်ချက် ပေါ်ထွက်လာအောင် မည်ကဲ့သို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်ကို အများပြည်သူသိရှိ စေရန် ပြုလုပ်ပေးရန်လိုပါသည်။ သို့မှသာ လူထု၏ယုံကြည်အားထားမှုကို ရရှိနိုင်မည်ဖြစ်သည်။ ပြည်သူများ သည် ပြဿနာဖြစ်လာလျှင် ဒုတ်ဆွဲ၊ ဒါးဆွဲမပြုလုပ်တော့ပဲ တရားရုံးတော်ကို အားကိုးလာကြလိမ့်မည်။ လူ့အဖွဲ့အစည်းတွင်ဖြစ်ပေါ်နေသော ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင် ကြလိမ့်မည်။
ဥပဒေရှေ့မှောက်တွင် လူအားလုံးတန်းတူဖြစ်မှုကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်သော အရာမှာ တရားရုံးပင် ဖြစ်သည်။ တရားရုံး၏အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ လူတယောက်သည် သမ္မတ၊ ၀န်ကြီးချုပ်စသဖြင့် လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးနေရာတွင် အမြဲတမ်းရှိမနေနိုင်ပေ။ ထို့ကြောင့်လူများ၏ အားကိုး ရာသည် ဥပဒေသာဖြစ်သင့်သည်။
          တရားစီရင်ရေးမူသည် တိကျရန်လိုအပ်သည်။ တရားရုံးမှ တရားစီရင်ရေးမူကိုကျင့်သုံးခြင်းသည် နိုင်ငံ ရေးလုပ်ခြင်းမဟုတ်။ နစ်နာမှုခံစားနေရသော နိုင်ငံသားတဦး၏ တိုင်တန်းချက်အပေါ် အရေးယူဆောင်ရွက်ပေး ခြင်းသာဖြစ်သည်။ နိုင်ငံရေးမူဝါဒ မည်မျှပင်ကောင်းနေစေကါမူ တရားရုံးချုပ်သည် တက်လာသည့်အစိုးရ၏မူဝါဒ ကို အကောင်အထည်ဖေါ်ပေးရန်မဟုတ်။ လူ့အဖွဲ့အစည်းတွင် အစိုးရတရပ်ကို ရွေးချယ်ထားပြီးလျှင် ထိုအစိုးရ သည် ရာသက်ပန်အုပ်ချုပ်သွားသည် မဟုတ်ပါ။ အစိုးရဆိုသည် လူ့အဖွဲ့အစည်းတခုတွင် အမြဲတမ်းပြောင်းလဲ နေလေ့ရှိပြီး အစိုးရပြောင်းသွားတိုင်း နိုင်ငံရေးပေါ်လစီသည်လည်း ပြောင်းသွားတတ်လေ့ရှိသည်။ ထို့ကြောင့် တရားရုံးချုပ်သည် အစိုးရယန္တယားထဲမှ အစိတ်အပိုင်းတခု မဖြစ်သင့်။ ပြည်သူတို့၏ အခြေခံအခွင့်အရေးများကို မားမားမတ်မတ် ရပ်တည်ကာကွယ်စောင့်ရှောက်ပေးသည့် ကိရိယာတခုသာဖြစ်သင့်သည်။
          အစိုးရ၏လုပ်ဆောင်ချက်သည် လူတယောက်၏အခြေခံခွင့်အရေးကို ထိခိုက်သွားခဲ့လျှင် တရားရုံးချူပ်မှ အကါကွယ်ပေးရမည်။ လူတဦးချင်းစီ၏ အခြေခံလွတ်လပ်ခွင်ကို ကာကွယ်စောင့်ရှောက်ပေးရမည်။ တရားရုံး သည် နိုင်ငံရေးလက်အောက်တွင် မရှိစေရ။ တရားရုံးသည် လူတဦးချင်းအတွက် တရားမျှတမှုကိုရှာဖွေပေးရန်၊ ဆုံးရှုံးနစ်နာသွားမှုများကို ပြန်လည်ကုစားပေးရန်ဖြစ်သည်။
တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအရ စစ်ဆေးစီရင်ခြင်းကို မည်သူမျှ ၀င်ရောက်စွက်ဖက်ခြင်း မရှိစေရ။ တရားရုံး အနေဖြင့် အမှုများကိုစစ်ဆေးစီရင်ရာတွင် လွတ်လပ်သောတရားစီရင်ရေးနှင့် မျှတသောတရားခွင်ကို ဖေါ် ဆောင်နိုင်ရန် အထုးလိုအပ်သည်။ လွတ်လပ်သောတရားစီရင်ရေး မည်မျှပင် ရှင်သန်ကြီးထွားနေစေကာမူ မျှတသောတရားခွင်ကို ဖေါ်ဆောင်ပေးနိုင်ခြင်း မရှိသမျှကာလပတ်လုံး တရားစီရင်ရေးမဏ္ဍိုင်သည် တိမ်းစောင်း နေအုံးမည်သာဖြစ်သည်။

ဂ၊ စီရင်ထုံးများ
စီရင်ထုံးများနှင့် တရားစီရင်ရေးဆိုင်ရာအတွေးအခေါ်များ
စီရင်ချက်တိုင်းသည် စီရင်ထုံးမဟုတ်ပါ။ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်သောစီရင်ချက်များအနက် ဥပဒေ ပြဿနာနှင့်စပ်လျဉ်း၍ ထူးခြားသည့်စီရင်ချက်မျိုးကိုသာ ရွေးချယ်ပြီး စီရင်ထုံးအဖြစ် တရားရုံးချုပ်မှ ထုတ်ပြန် လေ့ရှိပါသည်။ တရားဝင်ထုတ်ပြန်ပုံနှိပ်သည့် အဆိုပါတရားရုံးချုပ်စီရင်ထုံးများကိုသာ စီရင်ထုံးအဖြစ် လက်ခံ လိုက်နာကြရသည်။

တရားစီရင်ထုံး၏ သဘောသဘာဝ
စီရင်ထုံးဟူသည် မှန်ကန်မျှတပြီး တရားဥပဒေနှင့် ညီညွတ်ရသည်။ အဆင့်ဆင့်သောတရားရုံးများက လိုက်နာ ရန် လမ်းညွန်ချက်များလည်းဖြစ်သည်၊၊ တရားသူကြီးတဦး၏ဆုံးဖြတ်ချက်အပေါ် ထပ်မံ၍စုံညီခုံရုံးများက ဆုံး ဖြတ်သည်လည်းရှိသည်။ ယခင် စီရင်ထုံးများနှင့်ကွဲလွဲခဲ့သော် စုံညီခုံရုံး၏အဆုံးအဖြတ်ကိုယူရသည်။ ဘက် ပေါင်းစုံမှ ပြဿနာအရပ်ရပ်ကိုလေ့လာပြီးလျင် အဆုံးအဖြတ်ပေးကြသည်။ စီရင်ထုံး၏အာနိသင်မှာ မှန်ကန် မျှတမှု၊ တရားဥပဒေနှင့်ညီညွတ်မှုတို့ကို အခြေခံသည်။ တရားစီရင်ထုံးများသည် အမှုအခင်းတခုနှင့်တခု မတူ ကြပေ။ သက်သေများကိုကောင်းစွာစစ်ဆေး၍ ယုံကြည်ထိုက်မထိုက်၊ သက်သေခိုင်လုံမှုရှိ၊ မရှိကို ချိန်ဆသုံး သပ်၍ စွပ်စွဲသည့်အတိုင်း မှန်၊ မမှန်ဆုံးဖြတ်ရန်မှာ တရားရုံးများ၏တာဝန်သာဖြစ်သည်။ သက်သေအထောက် အထားနှင့် တရားရုံးတို့၏ ဆင်ခြင်တုံတရားတို့သည် အမှားအမှန်ကိုဖေါ်ထုတ်ရာတွင် အဓိကကျသည်။ စကားနောက်တရား မပါစေဘဲ အမှန်တရားကိုသာ မျက်ခြေမပြတ်ဖေါ်ထုတ်၍ ပေါ်လာသည့်အတိုင်း ဆုံးဖြတ် ရန်လိုသည်။ ဥပဒေဆောင်ပုဒ် (Legal Maxim) စသည်တို့ကို ပုံသေလက်ခံကျင့်သုံးရန် မဟုတ်ပေ။ အမှုနှင့် ပတ်သတ်၍ အကြောင်းခြင်းရာများကို ကောင်းစွာဖေါ်ထုတ်ပြီးမှ အမှန်အမှားကို သဘာဝယုတ္တိကျစွာ စီရင် ဆုံးဖြတ်ရပေသည်။
နိုင်ငံခြားမှထုတ်ဝေသည့် စီရင်ထုံးများအား ကိုးကားခြင်းနှင့်ပတ်သက်၍ အမှီသဟဲပြုဆုံးဖြတ်မည်မဟုတ် ကြောင်း အတိအလင်းဖေါ်ပြထား၏။ တရားစီရင်ထုံးဟူသည် မှန်ကန်မျှတ၍ တရားဥပဒေနှင့်ညီညွတ်မှသာ လမ်းညွန်တရပ်ဖြစ်နိုင်သည်။ အထက် ရုံး၌ထိုင်သော တရားသူကြီးတယောက်က ဆုံးဖြတ်ကာမျှဖြင့်၊ အချိန် ကာလကြာမြင့်ခဲ့ကာမျှဖြင့်၊ စီရင်ထုံးများတွင်ထည့်သွင်း ပုံနှိပ်ကာမျှဖြင့် အာနိသင်ရှိသည်မဟုတ်။ ထို့ကြောင့် တရားသူကြီးတဦးဦးသည် ယခင်စီရင်ထုံးနှင့် ကွဲလွဲယူဆလျင် စုံညီခုံရုံးသို့တင်ပြကာ ပြဿနာကို ကျယ်ဝန်း နက်နဲစွာဖြင့် အဖက်ဖက်မှလေ့လာကြားနာပြီးလျင် အဆုံးအဖြတ်ပေးသောလုပ်ထုံးကို ကျင့်သုံးကြသည်။
စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက်အပြည့်အစုံကိုဖတ်ရှုမှသာလျင် အမှုနှင့်ပတ်သတ်သော အချက်အလက် တို့ကို သိမြင်နိုင်သည်။ ခေါင်းစည်းမှတ်ချက်တို့သည် အကြောင်းအရာဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းသာပြုနိုင် သည်။ စီရင်ထုံးပါအမှုအကြောင်းအရာနှင့် ဆုံးဖြတ်ရန်အမှုအကြောင်းအရာကို ကောင်းစွာနှိုင်းယှဉ်ရသည်။ ပြီးမှ သာ စီရင်ထုံး၏လမ်းညွန်မှုကို ယူသင့်သလောက်ယူအပ်သည်။ စီရင်ထုံးနောက်သို့ အကြောင်းအရာကလိုက်ရန် မဟုတ်။ အမှုအကြောင်းခြင်းရာကို ဥပဒေနှင့်စပ်ဟပ်ရာတွင် အခက်အခဲရှိသရွေ့သာလျင် စီရင်ထုံးက ဆီလျော် သမျှထောက်ကူရန်သာဖြစ်သည်။ နိုင်ငံခြားစီရင်ထုံးများကို လေ့လာလျင်လည်း သူတို့၏အခြေအနေ နောက်ခံ အပြင်၊ သူတို့၏ဥပဒေကိုပါ လေ့လာအပ်သည်။ ပြင်ဆင်ပြဌာန်းထားသော ဥပဒေများကိုမကြည့်ပဲ စီရင်ထုံး၏ ခေါင်းစည်းမှတ်ချက်ကိုသာလျင် အပေါ်ယံဖတ်ကာ မြန်မာနိုင်ငံမှုခင်းများကိုဆုံးဖြတ်ကြလျင် အမှားအယွင်း များ၍ မမျှတ။ မညီမညွတ်ဖြစ်မည်။ မြန်မာ့တရားစီရင်ရေး ဆိတ်သုန်းသွားမည်။ ထို့ကြောင့် နိုင်ငံခြားစီရင်ထုံး များကို ဗဟုသုတအလို့ငှာ လေ့လာကောင်းသော်လည်း အမှီသဟဲမပြုအပ်ဟု ဆုံးဖြတ်ထားသည်။
ဗုဒဘုရားရှင်ကိုယ်တိုင်ပင်လျှင် ကာလာမမင်းတို့အား ဆုံးမစကားမြွက်ကြားရာ၌ သင်တို့သည် ပြောသံကြားကာ မျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု အတည်မယူကုန်နှင့်ဦး။ အစဉ်အဆက်စကားများဖြစ်သည် ဆိုယုံဖြင့်လည်း အတည်မယူကုန်လင့်ဦး။ ဤသို့ ဖြစ်ဖူးသတတ်ဟူသောစကားမျှဖြင့်လည်း အတည်မယူကုန်လင့်ဦးစသဖြင့် သတိပေးတော်မူကာ ဤကား ကုသိုလ်တရားတည်း။ ဤကား အကုသိုလ်တရားတည်းဟု မိမိကိုယ်တိုင် သိမြင် သောအခါ၌မူ ပယ်စွန့်ခြင်း၊ ပြည့်စုံခြင်းတို့ကိုပြုအပ်ပေ၏ဟု ဟောတော်မူ၏။
တရားရုံးချူပ်သည် သာဓကလုပ်ထုံး မှားယွင်းချွတ်ချော်နေသည်ကိုမြင်ရလျင် သင့်မြတ်သလိုပြင်ဆင်ပေးရန် အဓိကတာဝန် ရှိပေသည်။ စီရင်ထုံးများကို ကိုးကားဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ လမ်းညွန်ဆုံးဖြတ်ချက် တရပ် လည်း ရှိသေးသည်။ မှုခင်းများတွင် သက်သေများကို ကောင်းစွာစစ်ဆေး၍ ယုံကြည်ထိုက်။ မယုံကြည်ထိုက်။ သက်သေခိုင်လုံသည်။ မခိုင်လုံသည်ကို ချိန်ဆသုံးသပ်၍ စွပ်စွဲသည့်အတိုင်း မှန်မမှန်ဆုံးဖြတ်ရန်မှာ တရားရုံး၏ တာဝန်သာဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် သက်သေအထောက်အထားများနှင့် တရားရုံး၏ ဆင်ခြင်တုံတရား များသည် အမှားအမှန်ကိုဖေါ်ထုတ်ရာတွင် အဓိကဖြစ်သည်။ စကားနောက်တရားမပါစေဘဲ၊ အမှန် တရားကို သာ မျက်ခြေမပြတ်ဖေါ်ထုတ်၍ ပေါ်လာသည့်အတိုင်း ဆုံးဖြတ်ရန်လိုသည်။ ဥပဒေဆောင်ပုဒ်၊ စီရင်ထုံးစသည် တို့ကို ပုံသေလက်ခံကျင့်သုံးရန်မဟုတ်။ တမှုနှင့်တမှု မတူသဖြင့် အကြောင်းခြင်းရာများကို ကောင်းစွာဖေါ်ထုတ် ပြီးမှ အမှန်တရားကို သဘာဝယုတ္တိနှင့်အညီ ဆုံးဖြတ်ရန်လိုသည်ဟု မခင်ညွန့် (ခ) မခင်ညွန့်ကြည်နှင့် နိုင်ငံ တော်အမှုတွင် ဆုံးဖြတ်ထားသည်ကို တွေ့ရှိရသည်၊
 မှုခင်းတရပ်ကိုကိုယ်တိုင်စစ်ဆေးရာတွင် ပြစ်မှုမြောက်စေသောအင်္ဂါရပ်များ စုံညီထင်ရှားခြင်းရှိ၊ မရှိကို ကောင်း စွာဖေါ်ထုတ်၍ စစ်ဆေးအပ်သည်။ ပြစ်မှုမမြောက်ပဲ၊ ကင်းလွတ်စေသောအချက်များရှိနိုင်လျင် ဖေါ်ထုတ်၍ စစ်ဆေးအပ်သည်၊၊ အချက်အလက်များ စုံလင်ထင်ရှားပိုင်နိုင်ပြီးမှ ဥပဒေနှင့်စပ်ဟပ်၍ အဆုံးအဖြတ်ြုပရာသည်၊၊ ဥပဒေကိုအဓိပ္ပါယ်ကောက်ယူရာတွင် လမ်းညွန်မှုရှိမှသာ ဆီလျော်ရာမြန်မာနိုင်ငံစီရင်ထုံးတို့ကို သုံးသပ်ကိုးကား ရသည်။ တမှု တခုနှင့်တခု အကြောင်းခြင်းရာ မှုခင်းဖြစ်အခြေအနေ ထပ်တူမညီနိုင်သဖြင့် စီရင်ထုံး၏လမ်းညွန် မှုကို ကောင်းစွာသတိဖြင့်ခံယူရာသည်။ အချက်အလက်စုံလင်ထင်ရှားစွာ မရှိသေးပဲ၊ စီရင်ထုံးကိုရှာဖွေရာတွင် ဆီလျော်ရာမတွေ့ဘဲလည်း ရှိနေတတ်သည်။ အချက်အလက်ဖေါ်ထုတ်ရာတွင်လည်း၊ ချွတ်ချော်တိမ်းပါး ဖြစ် တတ်သည်။ ဖြစ်ပျက်ခဲ့သော အချက်အလက်တို့အတွက် စီရင်ထုံးရှာခြင်းမျိုးထက် ကြိုက်နှစ်သက်ရာ စီရင်ထုံး အတွင်းသို့ဝင်အောင် သွတ်သွင်းသည့်သဘောမျိုးလည်း ဖြစ်သွားတတ်သည်ကို သတိပြု၍ဆင်ခြင်ရသည်။
ဥပဒေကိုအဓိပ္ပါယ်ဖွင့်ဆိုရာတွင် အများနားလည်လက်ခံ၍ သဘာဝကျမှသာ  ပို၍မှန်ကန်တတ်သည်။ သို့မှသာ ဥပဒေကို ပြည်သူအများနားလည်လက်ခံမည်။ လိုက်နာလေးစားကြမည်။ ဥပဒေနှင့်ပြည်သူ ရင်းနှီးကာ ဥပဒေ များ သက်ဝင်လှုပ်ရှားမည်။ တရားသူကြီးများသည် အခြားနိုင်ငံများမှ စီရင်ထုံးများကို လေ့လာကောင်းသော် လည်း  မိမိတို့ရှေ့သို့ရောက်လာသည့် မှုခင်းများကို စစ်ဆေးစီရင်ရာတွင် မှုခင်းဖြစ်ပျက်ကာလ၊ ဒေသအခြေ အနေ၊ ပတ်ဝန်းကျင်လူနေမှု၊ ဓလေ့ထုံးတမ်းစသည်တို့ကို စစ်ဆေးဆင်ခြင်၍ ဥပဒေဘောင်အတွင်းမှ မျှတမှန် ကန်ပြီး အများနားလည်သဘာဝကျသောတရားကို စီရင်အပ်သည်။ အခြားနိုင်ငံများမှ စီရင်ထုံးများကို ရှေ့ရှု ကိုးကားသော တရားစီရင်ရေးသည် မြန်မာပီသမည်မဟုတ်၊၊ မြန်မာ့အခြေအနေနှင့်ကင်း၍ ပြည်သူတို့နှင့် ဝေး ဖွယ်ရာသာရှိသည်။ ပြည်သူအများက နားလည်လက်ခံခြင်းသည် တရားစီရင်ရေး၏ အဓိက မှတ်ကျောက်ဖြစ် သည်။ 
တရားဥပဒေသည်  ထာဝစဉ်ပြောင်းလဲနေသော လူ့အဆောက်အအုံ၊ လူရေးလူမှုတို့တွင် အမြဲသက်ဝင်လှုပ်ရှား ၍ ထိရောက်စွာပါဝင်အကျိုြးုပရသည်၊၊ ထို့ကြောင့် တရားဥပဒေသည် တဖက်တွင် ဥပဒေဘောင်ကို ဖေါက်ကျော် ခြင်းမပြု။ ထုံးတမ်းလည်း ညီညွတ်စေ၍ တဖက်တွင်လည်း ပြောင်းလဲတိုးတက်မှုတွင် အင်သစ်အားသစ်ဖြင့် တက်ကြွပါဝင်လှုပ်ရှားနိုင်ရမည်။ လူ့အဆောက်အအုံတိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးမှုတို့နှင့် ကိုက်ညီစွာပြဌာန်းထား သော ဘောင်အတွင်းမှ ဥပဒေကိုမှန်ကန်မျှတစွာ အဓိပ္ပါယ်ဖွင့်ဆိုအပ်သည်။
မှုခင်းများဖြစ်ပွားရာတွင် တခုနှင့်တခု ထပ်တူဖြစ်ပွားသည်ဆိုသည့်အမှုမျိုး မရှိနိုင်၊ ထိုသို့မှုခင်းဖြစ်ရပ်ခြင်း မတူညီသည့် အခြေခံပေါ်တွင် ယခင်အမှုက ထိုသို့ဆုံးဖြတ်ပြီး၊ ယခုအမှုတွင်လည်း ထိုသို့ဆုံးဖြတ်ရမည် ဆိုသည့်မူသည် နည်းလမ်းမကျ၊ တရားမျှတမှု မရှိပေ။
ထို့ကြောင့် စီရင်ထုံးများသည် မှုခင်းဆုံးဖြတ်ရာတွင် တွေးခေါ်ယူဆခြင်းလမ်းညွန်မျှသာဖြစ်သည်။ စီရင်ထုံးများ က ပုံသေကားချအဆုံးအဖြတ်ကို ပေးနိုင်သည်မဟုတ်။ သို့သော် မြန်မာနိုင်ငံရှိ တရားရုံးများတွင် စီရင်ထုံးများ ကိုကိုးကား၍ လျောက်လဲချက်များပေးနေသည်ကို ယနေ့တိုင်မြင်တွေ့ရသည်၊ တရားရုံးချုပ်မှဆုံးဖြတ်သည့် ဆုံးဖြတ်ချက်များတွင်လည်း စီရင်ထုံးများကိုကိုးကား၍ ဆုံးဖြတ်သည့်ဖြတ်ထုံးများကိုတွေ့နေရသဖြင့် လူအများေ၀၀ါးဖွယ်ဖြစ်သည်။ စီရင်ထုံးများကို နှစ်ဖက်သောအမှုသည်များက ကိုးကား၍တင်ပြကြရာတွင် အမှုနှင့်သက် ဆိုင်သည့် စီရင်ထုံးများလည်းရှိသည်။ မသက်ဆိုင်သည့်စီရင်ထုံးများကို ကိုးကာဖေါ်ပြထား ကြသည်လည်း ရှိသည်။ ထိုအခါ တရားသူကြီးအနေဖြင့် မည်သို့သောစီရင်ထုံးကို အမှီအထောက်ပြု ဆုံးဖြတ်ပေးရမည်ဆိုသည့် ပြသနာပေါ်ပေါက်လာသည်။ တရားသူကြီးအနေဖြင့် မည်သည့်စီရင်ထုံးကိုမျှ ကိုးကားရန်မလိုပဲ၊ အမှုတွင်ပေါ် ပေါက်သည့် သက်သေခံအချက်အလက်များ၊ ဥပဒေကြောင်းဆိုင်ရာအချက်များကိုသာ အမှီအထောက်ပြု ဆုံး ဖြတ်ရန်ဖြစ်သည်။ စီရင်ထုံးများကို လိုက်နာရန်မလိုသည့်အယူအဆကို တရားရုံးများက နားလည်လက်ခံပြီးဖြစ် သည်။ သို့သော် လက်တွေ့တွင် လိုက်နာကျင့်သုံးမှုအားနည်း နေဆဲဖြစ်သည်။ အဘယ်ကြောင့်နည်း။ သိလျက် နှင့် အဂတိတရားလိုက်စားကာ မိမိ၏ဆုံးဖြတ်ချက်ကို ကာကွယ်လိုသည့်အတွက် အသုံးပြုနေခြင်းလား။ အမှန် တကယ်ကိုပင် မည်သို့ဆုံးဖြတ်ရမှန်းမသိသဖြင့် စီရင်ထုံးကိုကိုးကားပြီး ဆုံးဖြတ်ခြင်းလားဆိုသည်မှာ စဉ်းစား ဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီမူပိုင် ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...