Friday, December 9, 2011

မိအိုဖအို လူနာများ

Cloud Cuckoo Land created a doc.
မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တစ်မြို့မှ အသက် ရှစ်ဆယ်ကျော် သက်ကြီးရွယ်အို အမျိုးသမီး လူနာ တစ်ယောက် ဆေးရုံတက်ရန် မကြာခဏ ပေါက်ချလာလေ့ရှိသည်မှာ နှစ်အတော် အတန်ကြာပြီဖြစ်သည်။ လွယ် လွယ်ကူကူ လာသည်တော့မဟုတ်။ လူနာက အသိနှင့် သတိမရှိ။ မိသား စုနှင့် သား၊ သမီးများကို မသိ။ နှာခေါင်းပိုက်တန်းလန်း၊ ဆီးပိုက်တန်း လန်းနှင့်ဖြစ်သည်။ ပုံမှန်သွားလာစား သောက်နိုင်စွမ်းမရှိ၊ အိပ်ရာပေါ် အမြဲလဲနေသည်။ အသက်ပုံမှန် ရှူသည့် သဘောသာရှိသည်။
ထို့ကြောင့်လည်း ဆေးရုံလာတိုင်း ကားစင်းလုံးငှားလာ သည်။ သား၊ သမီး မိသားစု သုံး၊ လေးဦးခြံရံပြီး ပါလာလေ့ ရှိသည်။ လူနာအနည်းငယ် ဖျားလျှင် အနည်းငယ် ရင်ကျပ်ချွဲထလျှင်ပင် ပေါက်ချလာတတ် သည်။ အချိန်စေ့လို့ ဆီးပိုက်လဲ ရန်၊ နှာခေါင်းပိုက်လဲရန် လည်း ရောက်လာတတ်သည်။ ဤမျှ နှစ်ကြာရှည်ပြု စုကြသော်လည်း သားသမီးများမှာ မနေ့တစ်နေ့ကမှ လတ်လတ်ဆတ် ဆတ်ဖြစ်သည့် လူနာလို ပြုစု ကြသည်။ မိခင်လူနာ တစ်ခုခု ဖြစ်လျှင် ပျာနေကြသည်။
နှစ် ရှည်ကြာကုရသဖြင့် ပန်းသွား သည်ဟူ၍မရှိ။ ငြီးငွေ့သွားသည့် အရိပ်အရောင် စိုးစဉ်းမျှမတွေ့ရ။ သား၊ သမီးများမှာလည်း လူ လွတ်များမဟုတ်၊ အိမ်ထောင် သည်များ ဖြစ်ကြသည်။ မိသားစုမှာ သိပ်ချမ်းသာလှသည့်ပုံမဟုတ်။ မိခင် ကြီးကို မကြောင့်မကြ ဆေးကုနိုင် လောက်အောင်တော့ စီးပွားရှိသည်။ ဈေးဆိုင်ရှိသည်။ ချောင်ချောင်လည် လည်ရှိသည့်ပုံဖြစ်သည်။
မိခင်ကြီးကို နှစ်ချီ ဆေးရုံတင် ကုသနေသော မိသားစုတစ်စုလည်း ရှိသေးသည်။ လေနှစ်ခါဖြတ်ထား သော၊ သူငယ်ပြန် အသိချို့ယွင်းနေ သော လူနာ မကြာခဏ ဖျားလိုက်၊ ချွဲကျပ်လိုက်၊ သွေးချိုတက်လိုက်ဖြစ် နေသောကြောင့် ဆေးရုံတွင် နှစ်ပေါက် တင်ပြီး ကုကြသည်။ တတ်နိုင်သဖြင့် ဆေးရုံတင် ကုသည်ဟု အကြမ်းဖျင်း ဆိုနိုင်သော်လည်း သားသမီးများ၏ ဂရုစိုက်ပုံက ဩချရလောက်သည်။ အိမ်ထောင်သည်သမီးက နေ့ခင်း ရက်ခြား စောင့်သည်။ အိမ်ထောင် သည် သားများက ညပိုင်းရက်ခြား စောင့်သည်။
အမေဖြစ်သူ လန်းလန်း ဆန်းဆန်းဖြစ်သည့်နေ့ သား၊ သမီး များ မျက်နှာကြည်ရွှင်နေတတ်သည် ကို အကဲခတ်မိသည်။ အမေဖြစ်သူ တစ်ခုခု ချူချာလျှင်တော့ သား၊ သမီးများ မျက်နှာမကောင်းတော့။ ဤကဲ့သို့ မိအို၊ ဖအို လူနာများ ကို အစဉ်အမြဲ အရိပ်တကြည့်ကြည့် ပြုစု စောင့်ရှောက်ကြသော မိသားစု များ၊ သားသမီးများ မကြာခဏတွေ့ ရသည်။
မိအို၊ ဖအို လူနာများကို အခြေအနေ အရပ်ရပ်ကြောင့် မကြည့် ရှု၊ မပြုစု၊ မစောင့်ရှောက်နိုင်၊ ဘာသိ ဘာသာ နေသည့် သား၊ သမီးများ မရှိမဟုတ်၊ ရှိသည်။ သို့သော် ရှား သည်။ မိအို၊ ဖအို လူနာများကို တတ် စွမ်းသလောက်၊ ကိုယ်ဖိရင်ဖိ ပြုစု စောင့်ရှောက်သည့် သား၊ သမီး၊ မိသားစုက မြန်မာနိုင်ငံတွင် ပိုများ သည်။
မြန်မာနိုင်ငံရှိ မိအို၊ ဖအိုလူနာ များ ကံကောင်းကြပုံကိုတွေ့ရတော့ စာရေးသူ အ နောက် နိုင်ငံတွင် ပညာသင်၊ အလုပ်လုပ်စဉ်က သိခဲ့ရသည့် သက်ကြီးရွယ်အို လူနာ များအကြောင်း တရေးရေး တွေးမိ သည်။ သူတို့ဆေးရုံတွင် သက်ကြီး ရွယ်အို လူနာများကို သီးသန့်ကုသည့် လူနာဆောင်ရှိသည်။
အားလုံး ခုနစ် ဆယ်၊ ရှစ်ဆယ်ကျော် လူနာများ ဖြစ်ကြသည်။ နာတာရှည် ရောဂါသည် များက အများစုဖြစ်သည်။ လေဖြတ် ထားသူများ၊ အာရုံကြောအားနည်း တုန်တုန်ချည့်ချည့် ဖြစ်နေကြသူများ၊ သူငယ်ပြန်မေ့လျော့တတ်သူများက များသည်။ လူနာများအတွက် ဆေးရုံ က အားလုံး တာဝန်ယူသည်။ ဆေး၊ အစားအစာအားလုံး ဆေးရုံကပေး သည်။ သို့မှလည်း ဖြစ်မည်။
လူနာ အများစုမှာ တစ်ဦးတည်းနေသူ၊ သက် ကြီးရွယ်အို ဂေဟာတွင်နေသူများ ဖြစ်ကြသည်။ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်အား ကိုယ်ကိုးနေခဲ့သည့်အကျင့်၊ ကြီးတော့လည်းကိုယ့်အားကိုယ်ကိုး တစ်ယောက်တည်းနေလေ့ရှိကြသည်။ တစ်ခုခုဖြစ်လျှင် သက်ဆိုင်ရာ အထွေ ထွေရောဂါကုဆရာဝန်ကိုအကြောင်းကြား၊ တော်ရုံရောဂါ အထွေထွေရောဂါကု ဆရာဝန်ကကု၊ရောဂါ ဆိုးရွားသ ဖြင့် လိုအပ်လျှင်ဆေး ရုံတင်၊ ဆေးရုံသို့ လူနာတင်ယာဉ်နှင့် တစ်ယောက်တည်းရောက်လာတတ် သည်။
တစ်ခါတစ်ရံ မိသားစုဝင်၊ သား၊ သမီး ပါလာတတ်သည်။ လူနာ တစ်ယောက်တည်း ရောက်လာတတ် သည်က ပိုများသည်။ ဆေးရုံမှာလည်း ဆေးရုံဝန်ထမ်းနှင့် အခြားလူနာများမှ လွဲ၍ တစ်ယောက်တည်း။ တစ်ခါတစ် ရံမှ မိသားစု၊ သားသမီးများ ညနေ စောင်း လာကြည့်ကြသည်။ တချို့ သက်ကြီးရွယ်အို လူနာများ ဧည့်မျှော် နေတတ်ကြသည်။ မိမိတို့ဆရာဝန် ငယ်များကိုလည်း စကားပြောဖော် ဖွဲ့ တတ်ကြသည်။ ဆေးရုံဆင်းတော့ လည်း တစ်ယောက်တည်း။
ဆေးရုံ ဆင်းခါနီး ဆရာဝန်၊ သူနာပြု၊ ကိုယ် လက်လေ့ကျင့်ပြုစုပညာရှင်၊ လူမှု ဝန်ထမ်းအရာရှိ စသည်တို့ ဝိုင်းဖွဲ့ပြီး လူနာကို အိမ်တွင် ဆက်လက်ပြုစု ရေး၊ အဆင်ပြေစေရေး စီမံကြသည်။ ဆေးရုံက အစစ အရာရာ ပံ့ပိုးပေး သဖြင့် ရုပ်ပိုင်းဆိုင်ရာ အားလုံးနီးပါး အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း သူတို့ဆီက သက်ကြီးရွယ်အို လူနာ များ အထီးကျန်နေလေ့ရှိကြသည်။
မိအို၊ ဖအို လူနာများကို ပြုစု စောင့်ရှောက်နိုင်ရန် စီးပွားရေး၊ မိသားစု အရေးစသည်တို့ပါဝင်ပတ် သက်သည်ဟု ဆိုနိုင်သော်လည်း မြန်မာ သားသမီးများ၏ မိဘကျေးဇူး ကို သိတတ်၊ ချစ်ခင်၊ ရိုသေသဖြင့် ပြုစုစောင့်ရှောက်လိုစိတ်က အဓိက ကျသည်ဟု ထင်ပါသည်။ စီးပွားရေး တောင့်တင်းသူက မိမိတတ်နိုင်သလို ပြုစုကြသကဲ့သို့ စီးပွားသင့်တင့်ရုံ၊ သာမန်ဝင်ငွေရှိသူကလည်း မိမိတတ် နိုင်သလောက် ကြိုးစားကြလေ့ရှိ သည်။
စာရေးသူထံလာရောက် ဆေးကုသမှုခံယူသော မိသားစုများ တွင် သာမန်၊ ပုံမှန်ဝင်ငွေသာရှိသူ များဖြစ်လင့်ကစား မိအို၊ ဖအိုလူနာ များကို ကြည်ကြည်ဖြူဖြူ ဆေးခန်း လိုက်ပို့၊ လိုအပ်သမျှကို တတ်နိုင် သမျှ ပံ့ပိုးကြသည့် သားသမီးများ အများအပြားတွေ့ရသည်။ မြန်မာမိဘနှင့် သားသမီး ဆက် ဆံရေးကလည်းထူးခြားသည်။
မိဘ ကို ရတနာသုံးပါးနှင့် တစ်ဂိုဏ်း တည်းထားသည်။ ဘုရားဟော တရားကလည်း သားသမီးဝတ် ကျေရန် ညွှန်ပြသည်။ ပတ်ဝန်း ကျင်မှ မိဘကို ရိုသေ၊ ပြုစု၊ စောင့်ရှောက်သော သား၊ သမီး ကောင်းတို့ကလည်း အခြားလူများကို စံပြဖြစ်စေသည်။ မြန်မာ့ဓလေ့တွင် မိဘက သား သမီးကို ငယ်စဉ်ကတည်းက ရင်အုပ် မကွာ ပြုစုစောင့်ရှောက်၊ ဘွဲ့ရ၊ အလုပ်အကိုင်ရသည်ထိ မိဘအိမ်တွင် နေ၊ အိမ်ထောင်ရက်သားကျလျှင် လည်း မိဘနှင့် အနေဝေး၊ အဆက် ပြတ်သည်မရှိ။ နှစ်အိမ့်တစ်အိမ် အမြဲဝင်ထွက် သွားလာနေကြသည်။
ဤသည်မှာ တစ်မူထူးခြားသည့် မြန်မာတို့၏ မိသားစုပုံစံဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်နေရာ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံတော်၏ စီးပွားရေးနှင့်အတူ မြန်မာတို့၏ လူနေမှုပုံစံလည်း ပြောင်းလဲလာမည်မှာ အမှန်ဖြစ်သည်။ မည်သို့ပင် ပြောင်းပြောင်း မြန်မာ တို့၏ တစ်မူထူးခြားသည့် မိအိုဖအို တို့ကို တတ်နိုင်သလောက် ပြုစု စောင့်ရှောက်သည့် ဓလေ့ကတော့ မပြောင်းမလဲ အမြဲရှိနေမည်ဟု ယုံ ကြည်ပါသည်။


written by ဆရာနေ
Health Digest
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...