ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်၌ လူတန်းစားပေါင်းစုံပါဝင်နိုင်သော လမ်းကြောင်းပေါင်းစုံသံတမာန်နည်းလမ်း
by Nay Oo-People on Thursday, November 24, 2011 at 11:59pm
အဲဒါနဲ့ပတ်သက်လို့ အချို့တွေကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ ရှုတ်တွေးမှုတွေဖြစ်ကုန်တယ်။ ကျနော့်အမြင်က တိုင်းပြည်အကျိုးစီးပွားနဲ့ပတ်သက်လာရင် ထာဝရရန်သူ ဆိုတာမရှိဘူး ( "There are no permanent allies, no permanent friends, only permanent interests")။ မိမိကိုဖိနှိပ်တဲ့သူ လူတန်းစားလည်း ပြည်သူ့ဘက်ကိုကူးပြောင်း လာနိုင်ခွင့်ရှိ တယ်.
အခြေအနေအရသော်လည်းကောင်း ယံကြည်မှုရသော်လည်းကောင်း ယခင်ကစစ်အစိုးရနဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေး စတဲ့နေရာတွေမှာ ဆက်ဆံလုပ်ကိုင်နေတဲ့သူတွေ နေခဲ့သူတွေလည်း ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းထဲ ပါဝင်ကူးပြောင်းလာနိုင်ခွင့်ရှိတယ်..ကူးပြောင်းလာရင်လည်း ၀မ်းပန်းတသာနဲ့ ကိုကြိုဆိုရမယ်။ အဲဒီအတွက်သဘောထားကြီးဘို့လိုတယ်.။ ရင်ခွင်ကျယ်ကြဘို့လိုတယ်.။ ယခုလို မြန်မာ့နိုင်ငံရေးမှာ အုပ်စိုးသူနဲ့ အတိုက်အခံတို့ရဲ့ ယနေ့လိုစကားပြောပွဲမျိုးတွေက နောက်ဆုံးမှာဖြစ်လာမှာပဲ။ တိုင်းပြည်အကျိုးအတွက် ယုံကြည်မှုတည်ဆောက်ရေး ရင်ကြားစေ့ရေးလုပ်ငန်းတွေကို အတူတကွလုပ်လာကြမှာပဲ။ လူထုလူတန်းစားအလွှာအသီးသီးရဲ့ အောက်ခြေပိုင်းမှာ အလယ်ပိုင်းမှာ အထက်ပိုင်းမှာ အထက်နဲ့အောက်ခြေပိုင်းမှာ ရင်ကြားစေ့ရေး၊ နားလည်မှုယူရေး၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေဖြစ်ပေါ်လာမှာပဲ။ လူထုလူတန်းစားအလွှာအသီးသီးမှာ ပြတ်တောက်နေတဲ့ ဆက်ဆံရေးတွေကို ပြန်တည်ဆောက်ရမှာပဲ.။ ဒါနဲ့ပတ်သက်လို့ အံ့သြစရာဘာတခုမှမပါဘူး။ လုပ်စရာရှိတာလုပ်ရမှာပဲ။
အဲဒီလိုတွေဖြစ်လာခဲ့ဖို့ အားလုံးက တောင်းဆိုမျှော်လင့်ထားခဲ့တာတောင် ယခုလိုစကားပြောပွဲတွေ အပေးအယူကိစ္စ တွေ ရင်ကြားစေ့ရေးကိစ္စ တွေဖြစ်ခဲ့တဲ့အခါ အချို့သောအတိုက်အခံတွေ နိုင်ငံရေးအရ အတွေးအခေါ်အရ ရပ်တည်မှုအရေ၀၀ါးထွေပြားကုန်မှုတွေဖြစ်ကုန်ခဲ့တယ်.။ ဦးတည်ချက်တွေ လမ်းကြောင်းတွေတစုံတရာပျောက်ကုန်တယ်.။ ဒါကိုလည်းနိုင်ငံရေးမှာ ဖြစ်တတ်တဲ့သဘောတခုအနေနဲ့ နားလည်ပေးလို့ရနိုင်ပါတယ်.။ သို့သော် ရည်မှန်းချက်၊ ဦးတည်ချက်လမ်းကြောင်းမလွဲသွားကြဘို့ မလိုလားအပ်တဲ့ပြသနာတွေကိုမရှင်းရဘို့လိုတယ်.။
ကမ္ဘာပေါ်က လွတ်လပ်ရေး ဒီမိုကရေစီရေးတိုက်ပွဲတွေကို ပြန်ကြည့်ရင်..ဥပမာ..တောင်အာဖရိက ကနိုင်ငံရေးခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလား Nelson Rolihlahla Mandela ကနောက်ဆုံးသူ့ရန်သူတော်ကြီး ဖက်ဒဘလျူဒီကလပ် F. W. de Klerk နဲ့စကားပြောပြီး ငြိမ်းချမ်းရေးလမ်းကိုလျှောက်တယ်။ မြောက်အိုင်ယာလန်က အင်္ဂလိပ်နဲ့စကားပြောပြီး လွတ်လပ်ရေးယူတယ်။ အင်္ဂလိပ်နဲ့ဥပမာတွေကကမ္ဘာနဲ့အ၀ှမ်းမှာအများအပြားပါ.။ လက်ရှိအစ္စရေးပါလစတိုင်းတို့ စကားပြောကြတယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရဘို့ ဗြိတိသျှအစိုးရနဲ့စကားပြောတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတို့စကားပြော ကြ တိုင်းပြည်အတွက် နားလည်မှုယူကြ အလုပ်အတူတူလုပ်ကြတယ်။ ဒါပါပဲ။ လုပ်နေရင်းနဲ့ မတူတာတွေက ရှိနေဦးမှာပဲ..ဖြေရှင်းနေရဦးမှာပဲ ဒါကပြသနာမဟုတ်ဘူး။
ကိုယ့်အနီးအနားမှာရှိတဲ့ ကမ္ဘာ့နိုင်ငံရေး ကိစ္စတွေကိုလေ့လာအကဲခတ်ကြည့်ပါဦး.. ။ အမေရိကန်ကတရုတ်နဲ့ပူးတွဲအလုပ်လုပ်နေတယ်.. တရုတ်နဲ့ ရုရှားတို့လည်းပူးတွဲလုပ်နေတယ်.. အိန္ဒိယက ရုရှား အမေရိကတို့နဲ့ပူးတွဲလုပ်ဆောင်နေတယ်.။ တဖက်မှာလည်း တရုတ်က အီရန် ပါကစ္စ္စ တန်တို့ နဲ့ပူးပြီး အလုပ်လုပ်နေတယ်။ ပါကစ္စ တန်ကအမေရိကန်နိုင်ငံ ကနစ်စဉ်ငွေကြေးထောက်ပံ့မူပေးထားတဲ့ တိုင်းပြည်ဖြစ်တယ်။ အခု ပါကစ္စ တန်က တရုတ်ကိုသွားကပ်နေတယ်.။ အမြင်ပန်းအရ အပေါ်ယံအရဆို နိုင်ငံရေးဟာ သပွတ်အူလိုရှုတ်ရှက်ကို ခက်နေတာပဲ..အဲ.. အတွင်းပိုင်းအရပြောရ ရင်တော့..ဒါဟာသိမ်မွေ့တဲ့နိုင်ငံရေး...ယဉ်ကျေးတဲ့နိုင်ငံရေးပဲ.။ အဲဒီအောက်မှာ တိုင်းပြည်တွေဟာ ကိုယ်ဦးတည်ချက်ရည်မှန်းချက်တွေ ကိုအကောင်အထည်ဖေါ်တာပဲ။
ပြည်ပနိုင်ငံကကျူးကျော်တာမျိုးကိုဖြေရှင်းရတာမျိုးတွေမဟုတ်ပဲတိုင်းပြည်မှာရှိတဲ့ပဋိပ္ခကိုဖြေရှင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကိုတည်ဆောက်ကြတဲ့အခါမှာ အတူတကွပူးပွဲတည်ရှိမှု (Co-existence) ဆိုတဲ့ စဉ်းစားမှုအောက် မှာ မိမိယုံကြည်ရာတွေကို နစ်ဦးနစ်ဘက်နားလည်မှုရှိရှိနဲ့ အကောင်အထည်ဖေါ်ကြရင်း အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ် (National Reconciliation Process) ကို အကောင်အထည်ဖေါ်ရတာပဲ။ အဲဒီလိုအမျိုးသားရင်ကြားစေ့ရေးလုပ်ရင်းလူထုလူတန်းစားပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းကိုလုပ်သွားရတာဖြစ်တယ်.။ ပြောရရင် အဲဒီခရီးစဉ်မှာ လူထုလူတန်းစားပေါင်းစုံပါဝင်နိုင်စေဖို့အတွက် ဒေါက်တာ လူ့ဝစ်စ်ဒိုင်းမွန်းသုတေသနပြုပြီးရေးသားထားတဲ့ လမ်းကြောင်းပေါင်းစုံကိုသုံးတဲ့ သံတမာန်နည်းလမ်း Multi-Track Diplomacy ကိုနဲနဲမိတ်ဆက်ပေးပါရစေ.။ အဲဒီလမ်းကြောင်းကိုသွားတဲ့အခါမှာ.......
- အစိုးရနဲ့ဆက်ဆံလုပ်ကိုင်တာရှိမယ်။
- အစိုးရမဟုတ်သောအဖွဲ့အစည်းများနဲ့ဆက်ဆံလုပ်ကိုင်တာရှိမယ်.။
- စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ဆက်ဆံလုပ်ကိုင်တာရှိမယ်.။
- အနုပညာကမ္ဘာက အနုပညာသမားတွေနဲ့ ဆက်စပ်လုပ်ကိုင်တာရှိမယ်.။
- တသီးပုဂ္ဂများနဲ့ ဆက်ဆံလုပ်ကိုင်တာရှိမယ်။
- ငြိမ်းချမ်းရေးတည်ဆောက်တာနဲ့ပတ်သက်တဲ့ သင်တန်းတွေလုပ်တာတွေ..သုတေသနလုပ်ငန်းတွေပါမယ်။
- ဘာသာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်ဆံလုပ်ကိုင်တာရှိမယ်။
- အကူအညီပေးနိုင်တဲ့နိုင်ငံ အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရယူဆောင်ရွက်ရတာတွေရှိမယ်. (မြန်မာနိုင်ငံအပေါ်တကယ်စေတနာရှိတဲ့တိုင်းပြည်တွေဆီကနဲ့ World bank တို့ ကုလတို့ ကနေပဲဖြစ်ဖြစ်ယူသင့်တယ်.)
- ဆက်သွယ်ရေးဆိုင်ရာအဖွဲ့အစည်းတွေ မီဒီယာတွေနဲ့ ဆက်ဆံလုပ်ကိုင်တာရှိမယ်။
- ပြည်သူပြည်သားတွေနဲ့ တိုက်ရိုက်ထိတွေ့လုပ်ဆောင်တာရှိမယ်။
- ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတာရှိမယ်။
ငြိမ်းချမ်းရေးတည်ဆောက်ကြတာကို မြစ်တစီးနဲ့ဥပမာပေးလို့ရတယ်.။ မြစ်တစီးလိုပေါ့. မြစ်ကြောင်းတလျှောက်မှာ အကွေ့တွေ အကောက်တွေရှိနေပေမယ့် အဲဒီရေစီးကြောင်းမှာဦးတည်ချက်ရှိနေတယ်.။ အဲလိုပါပဲ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာလည်း လမ်းခရီးတလျှောက်မှာ အခက်အခဲတွေ အတားအဆီးတွေ စိန်ခေါ်မှုတွေ ကတော့ရှိမှာပဲ ဒါပေမယ့်ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ ဦးတည်ချက်ရှိနေဖို့ ရည်မှန်းချက်မပျောက်ဘို့လိုတယ်.။ မြစ်ထဲကိုဆင်းလိုက်ရင် ရေစီးကြောင်းက ခြေထောက်တွေကိုတိုးထိနေတာကို ခံစားရသလိုပဲ ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းထဲမှာလည်း လူထုပါဝင်လှုပ်ရှားမှုဟာ အရှိန်တခုနဲ့အတူ အဆင့်ဆင့်အကောင်အထည်ဖေါ်မှုတွေရှိနေမှာဖြစ်တယ်.။
အောက်မှာ ပုံကလေးကိုထည့်ပေးလိုက်တယ်..လေ့လာနိုင်ကြဘို့ပါ.. နိုင်ငံခြားဖြစ်ဆိုပေမယ့် အတော်ကောင်းပါတယ်.. လက်တွေ့လုပ်တာကတော့. သူပြောထားတဲ့နည်းအတိုင်းချည်းမဟုတ်ပါဘူး. ကိုယ့်တိုင်းပြည်ထုးခြားချက်အရပဲလုပ်ရတာပေါ့။ ဥပမာ-ကျနော်တို့တိုင်းပြည်မှာဆိုရင်..တိုင်းရင်းသားလူမျိုးစုတွေရဲ့အခန်းကို ပါစဉ်းစားလုပ်ဆောင်ရတာမျိုးပေါ့.။ ဘာမှခက်ခက်ခဲခဲမရှိပါဘူး လေ့လာကြည့်ပါ.ငြိမ်းချမ်းရေးတည်ဆောက်တယ်ဆိုတာ..မခက်ပါဘူး။ နိုင်ငံသားအားလုံးလုပ်နိုင်တဲ့အလုပ်တခုပါ။ ပြောခဲ့ပြီးတဲ့အတိုင်းပဲ သဘောထားကြီးဘို့လိုတယ်.။ ရင်ခွင်ကျယ်ကြဘို့လိုတယ်.ဦးတည်ချက် ရည်မှန်းချက်မပျောက်ဘို့လိုတယ်.။ လင့်ခ်လေးပါထည့်ပေးလိုက်တယ်။
သုတေသနပြုစုရေးသားသူ Multi-Track Diplomacy (by Dr. Louis Diamond) အားကျေးဇူးအထူးတင်ပါသည်.။
ကျေးဇူးပြုပြီးပြန်လည်ဖြန့်ဝေပေးကြပါရန်.။
http://imtd.server295.com/?page_id=119
0 comments:
Post a Comment