Sunday, December 4, 2011

ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်ရဲ့သမိုင်းရုပ်ရှင်ကို အရမ်းခမ်းနားစေချင်တဲ့ဆန္ဒပါဗျာ...

by Pa Yit on Sunday, December 4, 2011 at 3:42pm
 
King Naresuan..................... ဒီရုပ်ရှင်ကားက ထိုင်းနိုင်ငံမှာအခမ်းနားဆုံးလို့ဆိုရမဲ့ရုပ်ရှင်ပါ ၊ ဇာတ်လမ်းကတော့ ဘုရင့်နောင်မင်းတရားကြီး လက်ထက် ဟံသာဝတီနေပြည်တော်မှာကြီးပြင်းခဲ့တဲ့ နရဲစွမ်၊ (ဗျနရစ် ၊ဖရနရေ့) မင်းသားအကြောင်း ရိုက်ကူးထားတာပါ၊ အယုဒ္ဓယကိုပြန်လည်စုစည်းပြီး မြန်မာကိုတွန်းလှန်တဲ့ ရာဇ၀င်ကိုပြန်ရိုက်ထားတာပါ၊ Part 4 အထိရှိပါတယ် ၊ တစ်ပိုင်းကို ၂ နာရီကျော်ကြာ ပါတယ်၊ ဇာတ်လမ်းရဲ့သဘောတရားကတော့ ထိုင်းက ရိုက်လို့ ထိုင်းဖက်ယိမ်းတာပေါ့ ၊ ဒါပေမဲ့ဗျာ အဲဒီမှာ ကျွန်တြော်မန်မာလူမျိုးတစ်ယောက်အနေနဲ့ ဇာတိ သွေးဇာတိမာန်တက်ကြွရပါတယ်၊ ကျွန်တော်တို့ရဲ့ ဘုရင့်နောင်မင်းတရားကြီး စိတ်ဓာတ် ၊ ဟံသာဝတီ နေပြည်တော် ရဲ့ကမ္ဘာကအထင်ကြီးလောက်အောင် ခမ်းနားမှု ၊ ဘုရားတွေ ၊ ထီးနန်းအခင်းအကျင်း ၊ မြန်မာဘုရင်ကသူ့ရဲ့လက်အောက်ခံ (အယုဒ္ဓယ၊ ပိသျှနု အပါအ၀င်) ထီးဆောင်းမင်းအပေါင်းကို ညီလာခံခေါ်တာစတဲ့ခမ်းနားမှုတွေ၊ မြန်မာဘုရင် လက်အာက်ခံစစ်ဘုရင်တွေရဲ့ စစ်အခင်းအကျင်းတွေ၊ ထောင်သောင်းချီတဲ့ဆင်မြင်းဗိုလ်ပါတွေ ခန်းနားတဲ့ စစ်နည်းပရိယာယ်တွေပါဝင်တဲ့ မြို့သိမ်းတိုက်ပွဲတွေ ၊(အောက်ကဓာတ်ပုံများကိုကြည့်ပါ)  
ကုန်ကုန်ပြောမယ်ဗျာ ဘုရင့်နောင်ရဲ့လက်အောက်ခံ စစ်ဘုရင်တပါးဖြစ်တဲ့ တောင်ငူဘုရင် နတ်သျှင်နောင် ရတုစပ်တာကအစ ပါတယ်ဗျာ၊ ......ထိုင်းက အဲဒီရုပ်ရှင်အတွက်ဒေါ်လာ သန်းပေါင်း များစွာအကုန်ခံတယ်၊ တပ်ကောအရပ်ဘက်ကော၊ စီးပွားရေးသမားတွေရော ကူညီတယ်လို့သိရ တယ်၊ လိုအပ်တဲ့နည်းပညာတွေကို အဆင့်အတန်းရှိလာပြီဖြစ်တဲ့ ထိုင်းရုပ်ရှင်နဲ့ ပြည်ပက နည်း ပညာတွေတွေကရတယ်၊ မြင်းကောင်း တွေလိုလို့ လေယာဉ်စင်းလုံးနဲ့ သြစတေးသျှက မြင်းရော မြင်း Trainer ရော ခေါ်တယ် ၊ ထိုင်းတပ်မတော်ကကူညီတယ်လို့သိရတယ်၊၂၀၀၉-၂၀၁၀ မှာ part 1,2 ထွက်လာပါတယ် ၊နောက်တော့ထိုင်းဘုရင်က ခွင့်မပြုသေးလို့ ဆိုလား ကျန်တဲ့အပိုင်း ၂ ပိုင်းကို ၂၀၁၁ လောက်မှထွက်တာပါ  ၊ မြန်မာရှေးခေတ်ဝတ်စားဆင်ယင်မှု ၊ မြန်မာနိုင်ငံရဲ့ထီးနန်းဓလေ့ ကျွမ်းကျင်သူများ နဲ့ မြန်မာ့သမိုင်းလေ့လာသူများထံက အကြံဥာဏ်ယူခဲ့တာလို့သိရပါတယ်၊ 

ပဲခူးဟံသာဝတီနေပြည်တော် ကမ္ဘောဇသာဒီနန်းတော်ပုံစံ၊ညီလာခံ ရွှေပုလ္လင်ကအစ အကွက်ပုံစံဆင်အောင် လုပ်ထားတာကို တွေ့မှာပါ၊ ဒီကားမှာပါတဲ့ မြန်မာ ဘုရင့်နေပြည်တော်ရဲ့ ခမ်းနားမှု ကို ကျွန်တော်တို့ဆီကသူတို့ခြေဖျားမှီအောင်တောင် မရိုက်နိုင်ပါဘူး၊ ရှက်လဲရှက်တယ် ၊သူတို့ရိုက်တဲ့ရုပ်ရှင်မှာပါတဲ့ကိုယ့်ဘုရင် ကိုယ့်နိုင် ငံရဲ့ ခန်းနားမှုကိုကြည့်ပြီး ကိုယ်ကဇာတိမာန်တွေ ကြွရတယ်၊ မြန်မာ့ ရုပ်ရှင်အဖွဲ့ရော ၊ ပြန်ကြားရေးဝန်ကြီးအပါအ၀င်ပြန်ကြားရေးအဖွဲ့ရော ၊မော်ကွန်းရုပ်ရှင်ရော ၊ ကကပြန်ဆိုလားဘာဆိုလား ၊အဲဒါတွေရော ရှက်တတ်ရင် လဲသေသင့်တယ် အဲဒီကားကြည့်ပြီးတော့ ၊ နှစ် ၂၀ အတွင်း မြန်မာဆိုတာဘာလဲလို့ပြောရမဲ့ ခမ်းနားတဲ့ရုပ်ရှင် ဇာတ်လမ်း မရှိခဲ့ပါ ၊ မြန်မာရုပ်ရှင်အဖွဲ့တွေ..ငွေနောက်ပဲလိုက်နေတာပါ၊ အပေါစား home made ရုပ်ရှင်တွေ မြန်မာနိုင်ငံမှာ ကြက်ဥဖေါက်စက်ကထွက်လာသလို တပြွတ်ပြွတ်နဲ့ မင်းသားမင်းသမီး တွေကလဲ သဘာဝမကျတော့ပါ ၊ ရုပ်ရှင်ရိုက်တဲ့နေရာတွေကလည်း ခြေရာခြင်းထပ်လို့ မြောင်းတောင်ဖြစ်နေပါပြီ ၊ ဆင်ဆာကိစ္စကျတော့ပြောတတ်ပါတယ် ။ မင်းသားလူမင်းရဲ့ ကျန်စစ်မင်းရုပ်ရှင်ကိုလေးစားပါတယ်၊ သူတတ်နိုင်တာလေးနဲ့ ကြိုးစားရှာပါတယ် ၊ ဒါပေမဲ့ အဲဒီမှာ လူမင်း မင်းသားမလုပ်သင့်ပါ ၊ မြန်မာနိုင်ငံရဲ့စစ်ဘုရင် တစ်ဦးရဲ့ ရုပ်ရည် ၊မြန်မာဆန်မှု နဲ့ ခန့်ငြားမှုကို စိတ်ကူးထဲပုံဖေါ်ကြည့်ပါ ၊လူမင်းကျန်စစ်သားအဖြစ်သရုပ်ဆောင်လို့ဖြစ်မဖြစ် ပုံပေါ်ပါတယ် ၊ကျန်စစ်သားသည်မင်းသားမဟုတ်ပါ ကြမ်းတမ်းသောစစ်သူကြီးပါ ၊ king naresuan သရုပ်ဆောင်နဲ့ယှဉ်ကြည့်ပါ ၊မြန်မာရုပ်ရှင်အဖွဲ့တွေ တကယ်အရည်အချင်းကိုလည်း ဖေါ်ထုတ်စေလိုပါတယ်၊ ........မနေ့တနေ့က စင်ကာပူမှာ အောက်တန်းစားဂျလေဘီဆန်တဲ့ ဗီဒီယို ရုပ်ရှင်ကိုဘယ်သူကပြခွင့်ပြုတာပါလဲ ၊နိုင်ငံခြားမှာမြန်မာကိုသွား အရှက်ခွဲကြဦးမယ်ထင်ပါတယ် ၊ ဆင်ဆာကနိုင်ငံခြားမှာပြဖို့အဆင့်ရှိမရှိ မစိစစ်နိုင်ဘူးလားလို့မေးချင်ပါတယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ခါတော်မီသာကူးသူဌေး များကလည်း မင်းသမီးများကျတော့စပွန်ဆာပေးတတ်ပြီး အမျိုးဂုဏ်တက်စေမဲ့ခန်းနားသောရုပ်ရှင်များအတွက် ငွေဘာလို့အကုန်မခံကြတာလဲ ...ကွာလို့လား...လို့မေးချင်ပါတယ် ၊ .....(ကျွန်တော့တူကို မြန်မာရာဇ၀င်ကားမပြဘူး ၊ 

မြန်မာရာဇ၀င်သမိုင်းစာအုပ်တွေကိုပဲဖတ်ပြီးရှင်းပြရတယ် ၊ ကားကောင်းလဲမရှိသလောက် ပဲလေ ၊ လူငယ်တွေရဲ့စိတ်ထဲမှာ မြန်မာရာဇ၀င်ရုပ်ရှင်တွေထဲကခမ်းနားမှု၊ အဆောင်အယောင်တွေ ကြည့်ပြီးကိုယ့်သမိုင်းရဲ့ခမ်းနားမှု ကိုအထင်သေး မှာစိုးလို့ပါ ၊စာအုပ်ဖတ်ရှင်းပြတာက သူ့စိတ်ကူးထဲမှာပုံဖေါ်သလောက် ရတယ်လေ) ထိုင်းကလေး၊ လူငယ်တွေကို king naresuan ရုပ်ရှင်ပြ ပြီး မျိုးချစ်စိတ်တွေသွင်းနေကြပြီ ၊ ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်ရဲ့သမိုင်းရုပ်ရှင်ကို အရမ်းခမ်းနားစေချင်တဲ့ဆန္ဒပါဗျာ...
(လွပ်လပ်စွာရှဲနိုင်ပါတယ်)
နမူနာကြည့်ချင်ရင်တော့ ..

King Naresuan 1
http://www.youtube.com/watch?v=0i1gaT7yzNo&feature=related
King Naresuan 2
http://www.youtube.com/watch?v=DOBQgnuebmI&feature=related
King Naresuan 3
http://www.youtube.com/watch?v=kBTLN-zrwV0&feature=related
King Naresuan 4 : The Nanda Bayin War
http://www.youtube.com/watch?v=sp2V90ntTwo

king naresuan ရုပ်ရှင် သရုပ်ဆောင်
King Naresuan ဘုရင် အစစ်ပုံတူပန်းချီပါ ၊သရုပ်ဆောင်ပုံနှင့် နှိုင်းယှဉ်ကြည့်ကြပါ၊
ဇတ်ဝင်ခန်းများ
ဇတ်ဝင်ခန်းများ

  1 comment:

  1. ရုပ်ရှင် ဂျဘိုးDecember 4, 2011 at 4:29 AM

    ပြည့်စုံလွန်းတော့ ကွန့်မန့်တောင်မပေးနိုင်ပါဗျာ...
    ဗြနရာဇ်အကြောင်းရိုက်တဲ့ကားတွေကို မလွတ်တမ်းကြည့်ပီးပါပီ..စစ်လှေကြီး တစ်စီးလုံးတောင် သေချာဆောက်လိုက်သေးတာပါ..တတိယကားမှာ..
    ဗိုလ်ချုပ်ကားကိုရိုက်ရင် မြန်မာက ပညာရှင်များ ဘယ်လိုအစွမ်းပြမလဲမသိပါ..မကောင်းခဲ့ရင် နောက်တစ်ခါ ရိုက်လို့ မသင့်တော်သလိုဖြစ်သွားနိုင်ပါတယ်...ပညာရှင်များကို အထင်သေးတာမဟုတ်ပေမယ့်.... မြန်မာ့ဇတ်လမ်းကို မြန်မာတွေ ရိုက်သင့်သေးတယ်လို့မထင်သေးပါဘူး....အများကြီးလိုပါသေးတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...