Tuesday, December 6, 2011

စာပေစိစစ်ရေး မူဝါဒများအား (ဒုတိယအဆင့်) သို့ ပြောင်းလဲ ကျင့်သုံးပြီဟုဆို

by Moenge Aung on Tuesday, December 6, 2011 at 5:56pm
Yatanarpon



ယနေ့ ဒီဇင်ဘာလ ၆ ရက် မနက် ၁၀ နာရီက ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်းမှာရှိတဲ့ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရုံးရှိ အစည်းအဝေးခန်းမမှာ စာပေစိစစ်ရေး မူဝါဒများအား  ပြောင်းလဲတဲ့ စာအုပ်စာစောင်များ ဒုတိယအဆင့် ကင်းလွတ်ခွင့် ပြောင်းလဲခြင်းဆိုင်ရာ ရှင်းလင်းပွဲကို ပြုလုပ် ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေနှင့် တာဝန်ရှိသူများ၊ ပြည်တွင်းရှိ စာအုပ်ထုတ်ဝေသူများ၊ မီဒီယာအသီးသီးမှ အယ်ဒီတာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။

 အဆိုပါ ပြုလုပ်တဲ့ စာအုပ်စာပေများ စိစစ်မှုအဆင့် လျော့ချပွဲမှာ ယခင် အုပ်စု (၂) တွင် ပါဝင်သည့် မှုခင်းဆိုင်ရာ မဂ္ဂဇင်း (၈) မျိုး၊ စီးပွားရေး မဂ္ဂဇင်း (၁၄) မျိုး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ် (၄) မျိုးတို့ကို တဆင့်လျော့ပြီး အုပ်စု (၁) သို့ ပြောင်းရွှေ့ လျော့ချပေးလိုက်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုလို စာပေလွတ်လပ်ခွင့်ဆိုင်ရာ လုပ်ကိုင်ခွင့်ကို သိသာစွာ ခွင့်ပြုလာခြင်းဟာ ပြောင်းလဲလာတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ထင်သာမြင်သာအောင် လျှောက်လှမ်းနေတာ ဖြစ်ပြီး၊ စာအုပ်စာပေနှင့် ပတ်သက်သည့် ရေးသားထုတ်ဝေသူများ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ကြောင်းနဲ့ ဒီကနေ့ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်သူတွေ အင်မတန်မှ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်တွေ့ အကောင်အထည်ပေါ်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။
 အလားတူ နိုင်ငံတကာရှိ စာပေနယ်မှ စာအုပ်စာပေများနဲ့အတူ ပြည်တွင်းမှ ရေးသားထုတ်ဝေကြတဲ့ စာအုပ်စာပေများဟာလဲ အများပြည်သူအတွက် အသိပညာ၊ အတတ်ပညာများ တိုးပွားစေဖို့နဲ့ ဘက်ပေါင်းစုံမှ ဗဟုသုတများ ရရှိစေရေးကို ဦးတည်ပြီး ရေးသားထုတ်ဝေကြရန် တိုက်တွန်းကြောင်း၊ ဒါမှသာ မြန်မာ့စာပေဟာ အဓွန့်ရှည် တည်တံ့နေမှာ ဖြစ်သလို စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်ကြောင်း၊ မိမိတို့ ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ်စာပေများဟာ အများပြည်သူအတွက် အဆိပ်အတောက် မဖြစ်စေလိုကြောင်း စာပေလွတ်လပ်ခွင့် ရပြီဆိုပြီး မိမိတို့ ရေးချင်တာကို ရေးသားထုတ်ဝေပါက မိမိအတွက်လဲ အကျိုးမရှိ၊ စာဖတ်သူအတွက်လဲ အကျိုးမဲ့ရာ ရောက်နိုင်ကြောင်း စာပေရဲ့ အနှစ်သာရများကို စာရေးသူများမှ အလေးထားပြီး လေ့လာရေးသားကြရန် လိုကြောင်း၊ တိုင်းပြည်တစ်ပြည် လူမျိုးတစ်မျိုးတွင် စာပေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးကြောင်း၊ မိမိတို့က စာပေရေးသား ထုတ်ဝေသူများ ဖြစ်သလို စတုတ္ထမဏ္ဍိုင်ကို တည့်မတ်သူများသာဖြစ်ပြီး ဒီကနေ့ စာပေဟာ ပြည်သူတွေရဲ့ နားမျက်စိ ဖြစ်တာနဲ့အညီ အများပြည်သူ သိသင့်သိထိုက်သည့် ဗဟုသုတနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်များကို ရေးသားထုတ်ဝေကြရမှာ ဖြစ်ကြောင်း၊ မကြာမီ ကာလများမှာလည်း ကျန်ရှိနေတဲ့ သတင်းဂျာနယ်များကို စာပေစိစစ်ရေး မူဝါဒများအား ထုတ်/တင် စနစ်ကို ပြောင်းလဲပေးသွားမှာ ဖြစ်ကြောင်းနဲ့ စာပေစိစစ်ရေး မူဝါဒအစား ပုံနှိပ်ထုတ်ဝေသူများ ဥပဒေအဖြစ်သာ ထားရှိတော့မှာ ဖြစ်တယ်လို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေမှ ရှင်းလင်း ပြောကြားခဲ့ပါတယ်။   

စာပေစိစစ်ရေး မူဝါဒပြောင်းလဲကျင့်သုံးမည့် အခမ်းအနားသို့ တက်ရောက်သူများအား တွေ့ရစဉ်။


ရတနာပုံသတင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...