ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်စာ၊၊
by Aungzaw Win on Wednesday, December 7, 2011 at 11:17pm
ဆက်စပ်ရာ
ဒေသရှိ ပြည်သူများ အပေါ်ကြီးလေးသော ဒုက္ခ ဆိုက်ရောက်စေသည့် ဒေသဆိုင်ရာ
စစ်ပွဲများ ပြည်ထောင်စု သမတ မြန်မာ နိုင်ငံ အတွင်း အလျင်မြန်ဆုံး
ချုပ်ငြိမ်းစေရန် ပြည်သူ လူထု တစ်ရပ်လုံးပါဝင် ကြိုးပမ်းကြပါ၊၊
လက်ရှိ မြစ်ကြီးနား၊ဗန်းမော်၊ရွှေကူ၊လိုင်ဇာနှင့် တရုပ်မြန်မာ နယ်စပ်ဒေသ အချို့တွင် ရောက်ရှိနေသော ဒုက္ခ သည် အရေအတွက်မှာယခင်ရက်များ ထက်စာလျှင်၃ဆခန့် တိုးလာကြောင်း ကချင်ဒုက္ခသည် အရေး လှုပ်ရှားသူ ဒေါ်ခွန်ဂျာ ကပြောပါသည်၊၊
စစ်မက်ဘေးမှ ပြေးရှောင် ရသော လူတစ်ဦး နေထိုင်စားသောက်ရေး မှာအနည်းဆုံး ငွေ၁၀၀၀/ကျပ် လိုပါသည်၊၊ လူတစ်သောင်း ဆိုလျှင် နေ့စဉ်စားရိပ်မှာ သိန်းတစ်ရာ လိုပါသည်၊၊
ကျွန်တော် တို့ မန္တလေး ဘာသာပေါင်းစုံ ဂရုဏာရှင်များ အဖွဲ့ကောက်ခံရသော ငွေမှာ ၂ရက်စာပင်ကျွေး မရပါ၊၊
ဒေါ်ခွန်ဂျာ ပြောကြားချက် အရ နာမကျန်းသူများ နှင့်သက်ကြီးရွယ် အိုတို့မှာ မပြေးရှောင်နိုင်ကြပါ၊၊
သေသေရှင်ရှင် ကံကြမ္မာ ကိုပုံ ယုံ ၍သာနေခဲ့ရသည်၊၊
တကွဲတပြား သားပျောက် သမီးဆုံး ဝရုန်းသုံးကား ပြိုကွဲ ရသောမိသားစုတို့မှာ လဲ မနဲလှပေ၊၊
အသက်ဘေး၊အငတ်ဘေး၊ရောဂါဘေး
အစရှိသောကပ်ကြီး၃ပါးမှာ မြန်မာလူမျိုးတို့၏ နေ့စဉ် ဘုရားရှိခိုးတွင်
ထည့်သွင်း၍ ဝေးရပါစေကြောင်း ဆုပင် တောင်းရသည့် ကြောက်မက် ဘွယ်
ဘေးဆိုးဒုက္ခ များ ဖြစ်ပါသည်၊၊
ကျွန်တော် တို့ရပ်ရွာများတွင်တော့
ငြိမ်းချမ်း လှပါသည်၊၊ ညီ အစ်ကို မောင်နှစ်မ များပါဟု
ကျွန်တော်တို့ပြောဆိုခိုင်းနှိုင်း လေ့ ရှိသော ကချင် တိုင်းရင်းသား အများစု
ကပ်ကြီး၃ပါး ဘေးဆိုက်ပါပြီ၊၊
ကျွာ်တော်တို့ သည် လိမ်ညာသူ၊တစ်ကိုယ်ကောင်းဆန် သူများ မဟုတ်ကြလျင်ဖြင့် ကချင်အရေး ကို ကိုယ့်အရေး လိုတွေး လို့ပူးပေါင်း
ပါဝင် ဆောင်ရွက်ကြရပါမည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်၊၊
0 comments:
Post a Comment