Sunday, December 4, 2011

မိမိခံယူချက်ဖြစ်တဲ့ ရည်ရွယ်ရာလမ်း ရည်ရွယ်ရာပန်းတိုင်ဆီသို့ လျှောက်လှမ်းကြတဲ့အခါဝယ်

by Ko Baloi on Sunday, December 4, 2011 at 2:43am
 
မိမိခံယူချက်ဖြစ်တဲ့  ရည်ရွယ်ရာလမ်း ရည်ရွယ်ရာပန်းတိုင်ဆီသို့  လျှောက်လှမ်းကြတဲ့အခါမှာ  မတူကွဲပြားမှုတွေရှိလာတာဟာ အမြဲတစေရှိနေမယ်လို့ပြောရင် ရပါတယ်..။ အမြင်မတူခြင်း၊ သဘောတရားကွဲပြားခြင်း၊ တွေးခေါ်ကြံစည်မှု တထပ်ထဲဖြစ်မနေခြင်းအပေါ် လူတွေဟာ  အားမလိုအားမရ ဖြစ်တတ်ကြပါတယ်..။ အဲဒီအပေါ်မှာ လူတချို့ဟာ မိမိနဲ့ သဘောထားတထပ်ထဲ မဖြစ်ရကောင်းလေရော့ သလားဟု ရှုမြင်သုံးသပ်ကာ ဒေါသ-သကြီး မိုက်မိုက်ရိုင်းရိုင်း- စော်ကားမှော်ကားနဲ့ တဖက်သားကို တုတ်ပြန်ပြောဆိုတာတွေကို တွေ့ရပါတယ်။

ရည်ရွယ်ရာခရီးကိုလျှောက်လှမ်းတဲ့အခါမှာ ပန်းတိုင်ကိုရောက်ရှိဖို့အတွက် တိုက်ပွဲပုံသဏ္ဍန်တွေက ကွဲပြားခြားနားနေမှာပဲ....ဒီအပေါ်မှာ မိမိရည်ရွယ်ရာလမ်းခရီးကို ဒီလမ်းနဲ့ရောက်မယ်ထင်ရင်.... ကိုယ့်လမ်းကို ကိုယ်လျှောက်ပါ၊ ကိုယ့်လမ်းကို ကိုယ်ဖောက်ပါ၊ တဖက်သားကို
ဘာမှ နစ်နစ်နာနာ မှိုချိုး-မျှစ်ချိုး မောက်မောက်မာမာ- ရှိုင်းရှိုင်းစိုင်းစိုင်း ပစ်တင်ဝေဖန်ရှုပ်ချစရာ အကြောင်းမရှိပါဘူး..၊။ အဲဒီလို တဖက်သားကို မှိုချိုး-မြှစ်ချိုး    မောက်မောက်မာမာ ရိုင်းရိုင်းစိုင်း ပစ်တင်ဝေဖန်    ကဲ့ရစ်ရှုပ်ချတာဟာ     အရမ်းကိုအောက်တမ်းကျလွန်းပြီး သေးတိမ်တဲ့အမြင်ရှိသူလို့ပဲ မှတ်ယူထားပါတယ်..။ ကိုယ့်နဲ့မတူ ရန်သူ- ကိုယ့်နဲ့မတည့် ရန်ဘက်ဆိုတာဟာ မဖြစ်သင့်ပါဘူး..။ သဏ္ဍန်
တိုက်ပွဲမတူတာနဲ့ ကျနောတို့တတွေ ရန်သူကြီးလို ဖြစ်ရမတဲ့လား..။ စဉ်းစားပါ- တွေးခေါ်ပါ၊ လက်ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်ခဲ့ကြတဲ့ လူတွေကြီးပါပဲ၊ ဒေါသကိုရှေ့ထားပြီး မတွေးကြပါနဲ့.... ဒေါသရဲ့နောက်ကွယ်မှာ အမှားတွေက အစဉ်သဖြင့် ကပ်ပါလာတတ်ပါတယ်..။fb အပေါ်မှာ NLD ရွေးကောက်ပွဲဝင်သွားတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မိုချိုး-မျှစ်ချိုး ရိုင်းရိုင်းစိုင်းစိုင်း မောက်မောက်မာမာ စောင့်ကောင်မလို့- ကျက်သရေမရှိဘူးတို့ သစ္စာဖောက်မတို့ဆိုပြီး  အမျိုးမျိုး  ပြစ်တင်ဝေဖန်ထားတဲ့ အမျိုးသမီးတဦးရဲ့ ရေးထားတဲ့စာကိုဖတ်ရတော့ စိတ်မကောင်းဖြစ်ရပါတယ်..။ ရေးတဲ့သူအမည်က   သင်းနီနီ   ဖြစ်ပါတယ်၊    စတုတ္ထလှိုင်း Group မှာ   သူမရေးတာကို ဖတ်ခဲ့ရပါတယ်။  fb က   လူတော်တော်များများဖတ်ရပါလိမ့်မယ်..။ အဲဒီဂရုကလည်း မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းတွေ မသုံးရဘူးလို့ရေးထားပြီး  ဒီမိန်းကလေးရေးသားထားသာကိုတော့ ခွင့်ပြုထားတာတွေ့ရတော့ ကျနော်အံသြမိပါတယ်..။
လွတ်လပ်စွာပြောဆိုရေးသားခွင့်ဆိုတာ အဲဒီလို မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်းပြောဖို့ မဟုတ်ပါဘူး....မိမိအမြင်- မိမိအယူအဆတွေကို အပြုသဘောဘောင်ထဲကနေ ဆွေးနွေးရဲရမယ်- ဆွေးနွေးနိုင်ရမယ်၊ တဖက်သူကို ရိုင်းရိုင်းစိုင်းစိုင်း စည်းမဲ့ကမ်းမဲ့ ဗရမ်း
ပတာ ဆက်ဆံပြုမူပြီး ရေးသားထောက်ပြဝေဖန်တာ တာဟာ  ဒီမိုကရေစီကျင့်စဉ်နဲ့လည်း မညီညွှတ်ဘူး....ဒီမိုကရေစီရဲ့  ကျင့်စဉ်ထဲမှာ
လည်းမပါဘူး၊  ဒီမိုကရေစီကျင့်စဉ်ဆိုတာ မိမိကြောင့် တပါးသူမထိခိုက်နစ်နာစေမှုမရှိစေရဘူး..။ (နဝတ)(နအဖ) လက်ထက် ဒေါ်စုကို ဝေဖန်တဲ့ဆောင်းပါးတွေတောင် သူ့မလောက်မရိုင်းဘူး..။ သူမရဲ့ အစီစဉ်က ဒေါ်စုကို တမင် သိက္ခာကျအောင်လုပ်လိုတဲ့ ရည်ရွယ်ချက်
လည်း ပါကောင်းပါနိုင်ပါတယ်....သူမကတော့   ထိုင်းနယ်စပ်တနေရာမှာနေတယ်လို့    သူမရေးထားတာပဲ၊ သူမ fb မှာ ဓါတ်ပုံတော့ဖော်မပြထားဘူး..။ သူ့မကိုသူမ ၈၈ မျိုးဆက်လိုလို တော်လှန်ရေးသမားလိုလို လုပ်နေပါတယ်..၊    ၈၈ မျိုးဆက်ထဲမှာကော အခြားတော်လှန်ရေးအဖွဲ့အစည်းတွေမှာကော ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို- မိုက်မိုက်ရိုင်းရိုင်း    စော်ကားမော်ကား သုံးနှုန်းပြီးရေးသား
ထားတွေ တခါမှာ မဖတ်ဘူး- ဘူး... ၈၈ မျိုးဆက်ဖြစ်ရင်တောင် ၈၈ မျိုးဆက်တွေ သူမကို ဘယ်သူမှ    အသိအမှတ်ပြုကြလိမ့်မယ်မထင်ဘူး..။ မိမိရဲ့ ဓါတ်ပုံမဖော်ပြရဲပဲ  အမှောင်ချောင်ခိုပြီး တပါးသူကို သိက္ခာကျအောင် လက်သီးပုန်းနဲ့ ထိုးတာဟာ သူရဲဘောကြောင်လွန်းသလို အောက်တန်းလည်း အရမ်းကျပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခြင်းဟာ ဖောက်ပြန်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းသွားတာမှမဟုတ်ပဲ....ဒီလောက် ပစ်ပစ်ခါခါ ဝေဖန်ရေးသားရအောင်..။ အမိယုတ်တော့ နှုတ်ကြမ်း- အဖယုတ်တော့ စိတ်ကြမ်း ဆိုသလို   မိမိရဲ့ နေထိုင်ပြောဆိုဆက်ဆံမှုကြောင့် မိခင်- ဖခင်ကို    သွားပြီးထိခိုက်စေတတ်ပါတယ်..။ ဒါကြောင့် ပြောဆိုဆက်ဆံမှုတွေ အသုံးနှုန်းတွေကို သတိထားစေလိုပါတယ်..။ ကျနော်လည်း NLD ကို NLD ခေါင်းဆောင်ပိုင်းတွေ အထိမ်းသိမ်းခံရစဉ် နိုင်ငံရေးလှုပ်ရှားမှုငြိမ်သက်နေတဲ့ NLD ကို ဆင်ဖြူတော်ကိုမှီပြီး ကြံစုတ်နေသူတွေလို့....အားမလိုအားမရဖြစ်ပြီး ဝေဖန်ထောက်ပြမှုတွေ လုပ်ဘူးပါတယ်..။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လက်နက်ကိုင်အဖွဲ့အစည်းကို ဦးစီးဦးဆောင်မြှု့ပလုပ်ပြီး လူထုနဲ့ လက်နက်ကိုင် အင်အား ပေါင်းစည်းပြီး တိုက်ပွဲဝင်ရင် တထစ်ကျ အောင်ပွဲကိုရနိုင်ကြောင်း အကြံပြုတင်ပြရေးသားဘူးပါတယ်..။    ဒေါ်အောင်ဆန်းစုကြည်ရဲ့  အချိန်ကန့်သတ်မှုမရှိပဲ ထာဝစဉ်တခါးဖွင့်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုကို အားမလိုအားမရဖြစ်ပြီး   အပြုသဘောဘောင်ထဲ
ကနေ ဝေဖန်ထောက်ပြရေးသားဘူးပါတယ်..။ ဦးဝင်းတင်အပေါ်လည်း ကျနော့်အနေနဲ့    ဒီမိုကရေစီကျင့်စဉ်နဲ့အညီ အပြုသဘောနဲ့ ထောက်ပြဝေဖန်ဘူးပါတယ်..။    အမှန်မှာ....ကျနော်တို့တတွေဟာ သဏ္ဍန်တိုက်ပွဲ       ကွဲပြားနေပေမယ့်  ရည်ရွယ်ရာတူနေတာပဲ အပြုသဘောဘောင်အတွင်းကနေ     ဆွေးနွေးညှိနှိုင်းပြောဆိုလို့ နိုင်ရမှာပေါ့..။ ရန်သူကြီးသဖွယ် ဆက်ဆံတာက မကောင်းဘူး။
ခံယူချက်နဲ့ ယုံကြည်ချက်တူကြပေမယ့်  သဘောထားကွဲလွဲမှုနဲ့ မတူညီတဲ့အမြင်တွေ- မတူညီတဲ့တိုက်ပွဲသဏ္ဍန်ဟာ   လွတ်လပ်ရေးရယူစဉ်တုန်းကလည်း အတိတ်သမိုင်းမှာလည်းရှိခဲ့သလို....အခုရော- နောင်ကောရှိနေဦးမှာပါပဲ..။ ဥပမာ ။ ။ ဗိုလ်ချုပ် ဂျပန်ကိုခေါ်
လာတာကြိုက်သူရှိခဲ့သလို....မကြိုက်သူတွေလည်းရှိခဲ့ကြပါတယ်... ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲခဲ့တာတို့ အလံဖြူ- အလံနီ ပေါ်ပေါက်ခဲ့တာဟာ မတူညီတဲ့အမြင် မတူညီတဲ့ သဘောထားတွေကြောင့်ပါ..။ ကျနော်တို့ ပြောပြောနေတဲ့ စကားတခုရှိပါတယ်...ရွှေတိဂုံဘုရားဖူးခြင်းတော့အတူတူပဲ အရှေ့ဘက်မုဒ်ကတက်တဲ့လူနဲ့ အနောက်ဘက်မုဒ်ကတက်တဲ့လူလောက်ပဲကွာပါတယ် ဘုရားဖူးခြင်း
တော့ အတူတူတွေပါပဲ..။
ကျနော့်အမြင်- ကျနော့အထင်    နိုင်ငံရေးသုံးသပ်ချက်တို့ ဆောင်းပါးတို့  ကဗျာတို့ကျနော်ရေးသားတင်ပြတဲ့ အခါ သုံးသပ်ပုံသုံးသပ်ခြင်း၊ ကိုယ့်အမြင်နဲ့ သူ့အမြင် ကွဲပြားခြားနားမှုတွေရှိပါတယ်..။     အဲဒီအပေါ်မှာအချင်းပွါးစေနိုင်မယ့်    comment    ရေးထား
တဲ့ မတူညီတဲ့ အမြင်တွေအပေါ် ကျနော်ပြန်မဖြေရှင်းချင်တော့ပါဘူး....ဒီလို- အချင်းပွါးတဲ့ နိုင်ငံရေး- တော်လှန်ရေးကာလကို တော်တော်ကြာကြာ အချိန်တွေအကုန်ခံပြီး  ဖြတ်ကျော်သန်းခဲ့လာလို့ ခေါင်းအစားခံပြီး ဖြေမရှင်းချင်တော့ပါဘူး..။ ဒါကြောင့်....မိမိအထင်နဲ့ အမြင်၊  မိမိသဘောထား အယူအဆတွေကို       မိမိရဲ့ fb စာမျက်နှာအပေါ်မှာ    ရေးသားဖော်ပြစေလိုပါတယ်..။ ကျနော်ကတော့ အချင်းပွါးတဲ့တော်လှန်ရေး- နိုင်ငံရေးအယူအဆတွေအပေါ်မှာ အာရုံမထားချင်တော့ပါဘူး.... ဒီသံသရာထဲမှာလည်း မကျင်လည်ချင်တော့ပါဘူး..။
ကျနော့်အသိ မိတ်ဆွေတွေကော- မသိမိတ်ဆွေတွေကိုပါ ဒီသံသရာထဲက ရုန်းထွက်ကြပါလို့ ဒီနေကနေ မေတ္တာရပ်ခံလိုပါတယ်..။ ကဲ- ဒါတွေထားပါ...။
ကျနော်တို့တတွေ မိမိခံယူချက်ဖြစ်တဲ့ ယုံကြည်ရာကို     အကောင်အထည်ဖော်တဲ့အခါ    မတူကွဲပြားမှုနဲ့ အခက်ခဲအတားအဆီးတွေ ရှိကြမှာပဲ...အဲဒီ-အခက်အတားဆီးတွေကို     ကျော်လွှားနိုင်ဖို့ ကျနော်တို့တတွေမှာ     ညီညွှတ်မှုအားအင်တွေလိုပါတယ်....နဂိုရှိထားတဲ့ ညီညွှတ်တည်ဆောက်မှု အားအင်တွေ မပြိုကွဲသွားအောင် သဘောထားကြီးကြီးထားပြီး တူတာလေးတွေကို တွဲလုပ်ကြပြီး-
မတူတာလေးတွေ ကို ဒီမိုကရေစီကျင့်စဉ်နဲ့ အညီ  အပြုသဘောဘောင်အတွင်းကနေ ဆွေးနွေး-တိုင်ပင်- ညှိနှိုင်းတတ်တဲ့    အကျင့်ကောင်းတွေကို မွေးမြူပြီး     အလုပ်လုပ်နိုင်ကြပါစေလို့  ဆုတောင်းရင်း.... ရည်ရွယ်ရာခရီးကို  မရောက်-အရောက်  လူတိုင်းကိုယ်စီလျှောက်လှမ်းနိုင်ကြပါစေ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...