လူကောင်သေးရခြင်းအကြောင်းရင်းများ
နေ့စဉ်စားသောက်သော အစားအစာများသည် ခန္ဓာကိုယ်အာဟာရအတွက်သော်လည်းကော
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့အတွက် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်ပေါင်းများစွာ နေ့စဉ်လိုအပ်ပြီး ထိုလိုအပ်သော အာဟာရ ဓာတ်များ ပြည့်စုံမှသာ ကျန်းမာသန်စွမ်း ထက်မြက်သော လူသားများဖြစ်လာမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်များကမြန်မာလူမျိုးများသည်
ငွေကြေး မလုံလောက်ခြင်း၊ အာဟာရဓာတ်များ ပါဝင်သည့် အစားအစာများအားစုံလင်စွာစားသုံး
“အရင်တုန်းကဆိုရင် ဂျပန်တွေကိုတောင် ဂျပန်ငပုတွေလို့ခေါ်ခဲ့ကြတဲ့ မြန်မာတွေက အခု တော့ တော်တော်လေးကိုကွာကျန်ခဲ့ပြီ။ ကိုယ့်ပတ်ဝန်းကျင်က အရှေ့တောင်အာရှနိုင်ငံတွင်းက လူမျိုးတွေထက်တောင် လူကောင်သေးနေတယ်”ဟု ဒေါက်တာလှိုင်စိုးဝယ်ကပြောသည်။
အခြားနိုင်ငံများရှိ နိုင်ငံ သားများမှာ နိုင်ငံအလိုက်သော်လည်းကောင်း တစ်ဦးချင်းအနေဖြင့်သော်လည်းေ
“သူတို့တွေက အသားလည်း များများစားနိုင်ကြတယ်။ ပြီးတော့ ဥတွေ၊ နို့နှင့်နို့ထွက်ပစ္စည်းတွေ၊ ဂျုံတို့ကို ကာဗွန်ဟိုက်ဒရိုတ်များတဲ့ အစားအစာတွေလည်း စားကြတဲ့အတွက် ခန္ဓာကိုယ်ကြီးထွားမှုများတယ်”ဟု ဒေါက်တာလှိုင်စိုးဝယ်ကပြောသည်။
ကိုယ်ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုသည် စားသောက်သည့် အစားအသောက်များနှင့် အဓိကဆက်နွှယ်ခြင်းဖြစ်ပြီး လူတစ်ဦးသည်နေ့စဉ် အသားဓာတ်၊ အဆီ ဓာတ်၊ ကစီဓာတ်၊ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် ရေဓာတ် တို့မျှတစွာ ပါဝင်ဖို့လိုအပ်သည်ဟု ကျွမ်းကျင်သူများမှ ပြောကြား ထားပြီး ထိုဓာတ်များမှာ နို့နှင့်နို့ထွက် ပစ္စည်းများ၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ငါးများ၊ အသားများ၊ ဥနှင့် ကျန်းမာရေးအတွက် သင့်တော်သော အဆီများတွင် ပါဝင်သည်။
“လူတစ်ယောက်ကို တစ်နေ့ ကို ကယ်လိုရီဘယ်လောက် ပမာဏ လိုအပ်တယ်ဆိုပြီး အလေးချိန်တွေနဲ့ ပြောတဲ့အခါမှာလည်း ဂရမ်တွေဘာတွေက လူတွေနဲ့ အ လှမ်းဝေးတဲ့အတွက် အတိအကျလိုက်နာဖို့ မှတ်သားဖို့လည်း ခက်တယ်”ဟု ဒေါက်တာလှိုင်စိုးဝယ် က ပြောသည်။
လူတစ်ဦး ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန် အတွက် သန္ဓေသားအချိန်မှ စတင်၍ အာဟာရဓာတ်များစွာ လိုအပ်ပြီး ထိုအချိန်မှစတင်၍ အာဟာရ ပိုင်းဆိုင်ရာရရှိမှုနည်းပါးလာလှ
လူတစ်ဦးနှင့် တစ်ဦးသည်လိုအပ်သည့် ကယ်လိုရီဓာတ်များ မတူညီသော်လည်း ပျမ်းမျှအားဖြင့် အမျိုးသမီးများထက် ကိုယ်ဝန်ဆောင်မိခင်များက အာဟာရ ဓာတ်များ ပိုမိုလိုအပ်ပြီး ကိုယ်ဝန် ဆောင်မိခင်များထက် နို့တိုက်မိခင်များက အာဟာရဓာတ်များ ပိုမိုလိုအပ်သည်။
“မိခင်မှာ လုံလောက်တဲ့ ဗီတာမင်ဓာတ်တွေ မပြည့်ဝရင် ကလေးလည်းချို့တဲ့မှာပဲ။ ကလေးကြီးလာတော့ ထပ်လိုအပ်တဲ့ ပမာဏကို မဖြည့်နိုင်ရင် ထပ်လိုထပ်လိုနဲ့ ပိုဆိုးလာမယ်။ လူတွေများ လာတဲ့အခါနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေ
အားကစားပိုင်းဆိုင်ရာတွင်လည်း မြန်မာများရှုံးနိမ့်ခြင်း၏ အကြောင်းရင်းတစ်ရပ်တွင် နိုင်ငံတကာအားကစားသမားများနှင့် ယှဉ်လျှင်ကြီးထွားမှုမရှိခြင်းမှ
လူတစ်ဦးအနေဖြင့် နေ့စဉ်စားသည့် အစားအစာများထဲတွင် ပရိုတင်းဟုခေါ်သည့် နို့နှင့်နို့ထွက် ပစ္စည်းများ၊ အသား၊ ငါး၊ ဥများ စားသုံးခြင်းဖြင့် အာဟာရ ၁၀ ရာခိုင်နှုန်း၊ အဆီဓာတ်ဖြစ်သည့် ထောပတ်၊ ဆီ၊ အခွံမာသီးများမှ အာဟာရ ၃၅ ရာခိုင်နှုန်း၊ ကာဗွန် ဟိုက်ဒရိုတ်များဖြစ်သည့် ထမင်း၊ ပေါင်မုန့်၊ အာလူး၊ ဂျုံစသည့် စိုက် ပျိုးသီးနှံများ စားသုံးခြင်းမှ အာဟာရ ၅၅ ရာခိုင်နှုန်းရရှိအောင် စားသုံးသင့်သည်ဟု နိုင်ငံတကာ လမ်းညွှန်များထဲတွင် ဖော်ပြထားသည်။
“ဒီမှာက ငွေကြေးအခြေအ နေအရ အသားဆိုလည်း တစ်ယောက်အတွက် လုံလောက်တဲ့ ပမာဏမစားနိုင်ကြဘူး။ ဒါပေမဲ့ အသားကိုလုံလောက်အောင် မစားနိုင်ပေမယ့် အဲဒီအစားနို့တွေ၊ ငါးတွေကို ဖြည့်စွက်စားပေးလို့ရတယ်။ ပေါင်မုန့်တွေ၊ ဂျုံတွေက အဆင်မပြေရင် ထမင်းတို့၊ ပဲတို့၊ အာလူးတို့ကို ပိုစားရင်လည်းရတယ်” ဟု အဆိုပါ ဆရာဝန်ကပြောကြားသည်။
မြန်မာလူမျိုးများ ခန္ဓာကိုယ်ကြီးထွားမှုရှိလာရန် ရုတ်တရက် ကြီး လုပ်ဆောင်၍ မရနိုင်သော်လည်း တဖြည်းဖြည်းအာဟာရ ဓာတ်များပြည့်စုံသည့် နိုင်ငံသား များဖြစ်လာလျှင် နောက်မျိုးဆက် များတွင်လည်း ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးသည့် နောက်မျိုးဆက်များဖြစ်လာမည် ဖြစ်သည်။
နို့တိုက်မိခင်များသည်လည်း အာဟာရဓာတ်များ ပြည့်စုံစွာစားသုံးရမည်ဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ
ဆယ်ကျော်သက်များနှင့် ကလေးငယ်များအား အသီးအနှံများ၊ အရွက်များများ စားတတ်သည့် အလေ့အကျင့်ကိုလည်း ဖန်တီးပေးသင့်ပြီး ကလေးငယ်များ
တွင် အာဟာရမဖြစ်၊ ကျန်းမာရေးနှင့် မညီသည့် မုန့်များကျွေးမည့်အစားအသီးများ
ကျန်းမာရေးကောင်းမွန်နေ စေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် များ၊ ရောဂါများ မကူးစက်စေသည့် နည်းလမ်းများဖြင့် တစ်ဦး ချင်းစီအလိုက် နေထိုင်သင့်ပြီးရရှိနိုင်သည့် အာဟာရဖြစ်စေ သည့် အစားအစာများ ၀ယ်ယူ စားသုံးနိုင်ရန် တစ်ဦးချင်းစီ၏ ၀င်ငွေများ၊ အစားအစာများ ပေါများ စေရန်အတွက်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ပံ့ပိုးဆောင်ရွက်ရမည်ဖြစ်ကြောင်
Ref: 7 Days News Journal
0 comments:
Post a Comment