ရပ်ကွတ်ထဲမှာဗျာ
ဖဘ
ရွာ၏ အနောက် အလယ် မြောက်ပိုင်းတွင် နေထိုင်သော လူပျိုကြီး မောင်မောင်ဇွ
ဆိုသူသည် ဖဘ ရွာ၏ အရှေ့တောင်ဘက်တွင်နေထိုင်သော မစိုးမြတ်နေနံဒါဒွန်း ဆိုသော
ကောင်မလေးအား အသေရရ အရှင်ရရ ငမ်းငမ်းတက်ပင် လိုချင်လျက် ရှိနေသည် ။
ထို့ကြောင့် စိုးမြတ်နန္ဒာနေဒွန်းကို မျက်စိရှေ့က အပျောက်မခံနိုင်ပင်ဖြစ်ကာ
သူမသွားလေရာ တကောတ်ကောတ် လိုက်ပါလျက် အရိပ်တကြည့်ကြည့်ဖြင့် အရသာခံ
ကြည့်နေရ သည် ။ သို့ရာတွင် ယခုတလော ထိုကောင်မလေး မှာ အရင်လို ဖဘ
ရက်ကွတ်ထဲတွင် လတ်ယား လတ်ယား လမ်းသလားတာ သိပ်မတွေ့ရတော့သဖြင့် အပူတပြင်း
လိုက်လံစုံစမ်းလျက်ရှိလေသည် ။
ထို့ကြောင့် သူမ နှင့်နီးစပ်ရာ အိမ်နီးခြင်းဖြစ်သော ငယ်ငယ်ကတည်း တစ်ယောက်ဂုတ်ပေါ် တစ်ယောက်ခွ စီးကာ ရန်ဖြစ်လိုဖြစ် နှင့် ယခုချိန်ထိ တစ်တွဲတွဲနေလာခဲ့သော မောင်သံလွင်ထံသို့ မေးမြန်းရန် ချဉ်းကပ် ရသည်။
ထိုအချိန်က မောင်သံလွင်၊ သဲနံဒါထွဏ်း နှင့် နေဒွန်းတို့မှာ ဖဘ ရွာ၏ အရှေ့တောင်ဘက်စွန်းကျကျ တွင်နေထိုင်သော K Aung Soe ဆိုသော ကောင်လေးမှာ ကိုရီးယားမင်းသား ကပင်ရှုံးအောင် ချောကြောင်း ငြင်းခုံကြရင်း မောင်သံလွင်က ယောက်ျားခြင်း မနာလိုသောကြောင့် ငါ့လောက် မလှပါဘူးဟု အငေါ်တူးမိသဖြင့် စိုးမြတ်နန္ဒာနေဒွန်းက စိတ်ဆိုးဆိုးဖြင့် သနပ်ခါးတုံးဖြင့် ထထုလိုက်သဖြင့် နဖူးတွင် လက်သီးဆုပ်ခန့် ဘုကြီးထသွားပြီး စိတ်ကောတ်ခါ မခေါ် မပြောပဲနေသော အချိန်ဖြစ်သည် ။
မောင်မောင်ဇွမှာ မောင်သံလွင်ကိုတွေ့သော အခါ ဝမ်းသာအားရ နှုတ်ဆက်သည် ထို့နောက် ခရီးရောက်မဆိုဒ်ပင် စိုးမြတ်နန္ဒာနေဒွန်းပျောက်နေလို့ သူဘာများဖြစ်နေလဲ ဘယ်သွားနေလဲ စသဖြင့် ဟန်ပင်မဆောင်နိုင်ပဲ အငမ်း မရမေးလေရာ ဒီလူ ဘယ့်နှယ်လူတုန်းဟ ဟူသော သဘောဖြင့် ဘု ဖြင့်ကြည့်သည် ။ မောင်မောင်ဇွကတော့ သူ့လို နဖူးမှာ ဘု မရှိသဖြင့် သူ့လို ဘုဖြင့် ပြန်မကြည့်နိုင် ထို့ကြောင့် ဒေဝယက္ခ မန်းဆေးပြုံး ပြုံးကာ လုပ်ပါညီလေးရာ အစ်ကိုက သူ့ကို အရမ်းစိတ်ဝင်စားနေလို့ပါ သူ့ကို မတွေ့ရရင် သေမလောက်အောင် ခံစားနေရလို့ပါဟု သနားစဖွယ် ပြောလာသဖြင့် အညှာလွယ်သော မောင်သံလွင်ပင် စိုးမြတ်နန္ဒာနေဒွန်း အစား ပြန်ကြိုက်ချင်စိတ် ပေါက်သွားရသည် ။ နောက်မှ ကြီးမားသော သူ့နှာခေါင်းကိုကြည့်ခါ ကြက်သီးထလာသဖြင့် အာဟုတ်သေးပါဘူးလေဟုတွေးကာ လွှတ်ခနဲ ပြောလိုက်မည် ပြင်ပြီးကာမှ ဟန်ဆောင်လိုက်ရသည် ဒီ အတိုင်းတော့ ပြောလို့ ဘယ်ဖြစ်မလဲဗျ ။ ဟုဆိုက အင်တင်တင်လုပ်နေသည် ။ ဒီတော့မောင်မောင်ဇွကလဲ သဘောပေါက်ပါသည် ရပါတယ်ညီရာ ကို ညီ့ကို ဘီယာ အဝ အမူး တိုက်ပါ့မယ် ဟု ဆိုကာ ဘီယာဆိုင်သို့ ခေါ်သွားလေသည် ။
ဘီယာ အမူး တိုက်မည်ဟု ဆိုကာခေါ်လာမိသော မောင်မောင်ဇွသည် မောင်သံလွင်အား ဖုတ်ဝင်ပူးနေသလားဟုပင် ထင်မှတ်နေရသည် အဘယ့်ကြောင့်ဆိုသော် မောင်သံလွင်နွားငတ်ကို ရေချသကဲ့သို့ သောက်ထားသည်မှာ ဘီယာ ၁၀ ဂျား ကျော်နေပြီဖြစ်သော်လည်း လုံးဝပင်မူးသည့်ဟန် မရှိသေးပေ ။ ထို့ကြောင့် ပိုက်ဆံအိပ်ကို အသာအယာစမ်းရင်း တစ်ခါမှ ရှိမခိုး ဖူးသည့် ဘုရားကို တ မိလိုက်သည် ။ ကုန်ပါပြီနော် မစား စရက် မသောက်စရက် စုထားတာလေး ဒီအတိုင်းဆက်သောက်နေရင်တော့ ပါသမျှကုန်တော့မှာပဲ ဟုတွေးကာ ကောင်တာမှ ဘီယာ တစ်ဂျားကို ကိုယ်တိုင်သွားယူရင်း လမ်းမှာ သူစပ်သောက်နေကျ ဘီအီး အဆီတစ်ချို့ ရောထည့်လိုက်ရသည် ။ ဒီတစ်ဂျားကုန်တော့မှ မောင်သံလွင် မူးလာရသည် ။ ဒီတော့မှ အာလေးလျှာလေးဖြင့် အခုတစ်လော စိုးမြတ်နန္ဒာနေဒွန်းပျောက်နေရတာက ဒတ္တီး ဒါဇင် လို့ခေါ်တဲ့ လူညစ်ပါတ်ကြီးတွေ စုဝေးရာ အသင်းလေးမှာ ပါဝင်ဆင်နွဲနေကြောင်း ၄င်း အသင်းသားတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အင်မတန်ရင်းနီးပြီး ပျော်စရာလည်း အလွန်ကောင်းကြောင်း ထိုအဖွဲ့ကိုဝင်လိုပါက အသင်း ဥက္ကဌကြီးကို လျှောက်လွှာတင်ပြီး မိမိက လည်းလူညစ်ပါတ်တစ်ယောက်ဖြစ်ပါ၍ လူကြီးမင်းတို့ အသင်းသို့ ဝင်ခွင့်ပြုပါရန် လျှောက်ထားမှ ဝင်နိုင်ခွင့်ရှိကြောင်း ဖွင့်ဟ လိုက်လေသည် ။
ထို့ကြောင့် မောင်မောင်ဇွမှာ အလွန်ပင် ဝမ်းသာသွားပြီး ချက်ခြင်းပင် အသင်းဥက္ကဌ ထံသို့ လျှောက်လွှာတင်လေသည် ။
ဥက္ကဌကြီးခင်များ
ကျွန်တော်ကို လူညစ်ပါတ်ကြီးများ အသင်းသို့ ဝင် ခွင့်ပြုပါ ကျွန်တော် ဘယ်လောက်ညစ်ပါတ်သလဲ ဆိုရင် ယခုရေးလိုက်တဲ့ လျှောက်လွှာစာရွက်မှာ ကျွန်တော် အိမ်သာတက်ရင်း အီးကုန်း ထားတဲ့ စာရွက်ဖြစ်ပါတယ်ခင်မျာ ။
မောင်မောင်ဇွ
နောက်နေ့တွင် ပြန်လာသည့်စာမှာ …
မောင်မောင်ဇွ သိစေအပ်သည်
မောင်ရင်သည် ကျွန်ုပ်တို့၏ လူညစ်ပါတ်ကြီး အသင်းသားဖြစ်ရန် သင်၏ ညစ်ပါတ်မှုမှာ စံမမှီသေးပေ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ အသင်းသားများသည် သင့်ကဲ့သို့ အိမ်သာတက်သည့် အခါ ဘယ်သူမျှ အီးမကုန်းကြပေ ။
ဝမ်းနည်းပါသည် ။
ပုံ လူညစ်ပါတ်ကြီးများ အသင်း ဥက္ကဌ… ။
နောက်တစ်ပါတ်ခန့် အကြာတွင် အင်မတန် ညစ်စုတ်ပါတ်နေသော လူတစ်ယောက်သည်
“ ကမ္ဘာပေါ်မှာ ငါအညစ်ပါတ်ဆုံးကွ .. ”
ဟုအော်ကာ ဖဘ ရပ်ကွတ်ထဲတွက် လျှောက်သွားနေသည်ကို တွေ့ကြရလေသည် ...။
ယောက္ခမ အိမ်တက် သမက် မျက်နှာငယ်
တစ်ခုသော နေ့လည်ခင်းတွင် ကျွန်ုပ်၏ အိမ်ရှေ့ မန်ကျည်းပင်အောက် ကွပ်ပျက်တွင် အကြမ်းအိုးနှင့် ထန်းလျက်ခဲ နှင့် ဇိမ်တွေ့နေခိုက် မကြာသေးချင်မှ လူပျိုလူလွတ်ဘဝကို ဆုံးရှုံးခံလိုက်ရသော မောင်ဇော်နိုင်ဆိုသူ မျက်နှာငြိုးငယ်စွာနှင့်ရောက်လာလေသည် ။ ၄င်းမှာ တစ်စုံတစ်ခုကို ပြောချင်နေပုံရသဖြင့် ကျွန်ုပ်လည်း အလိုက်တသိ အသာငြိမ်နေလိုက်သည် ။ ၄င်းမှာ အလွန်ပူလောင်လှသော ရေနွေးကြမ်း ၏အပူသည်ပင် ၄င်း၏ ရင်တွင်းမှ အပူအား မမှီနိုင်သကဲ့သို့ အငမ်းမရ သောက်ချပြီးသကာလ ၄င်းရင်တွင်းမှ ခံစားချက်များကို ကျွန်ုပ် မမေးရပါပဲ မခြွင်းမချန် ဖွင့်ဟလေသည် ။
၎င်းပြောသည်မှာ … ။
“ ယောက္ခမ အိမ်တက် သမက် မျက်နှာငယ်ဆိုတာ တယ်ဟုတ်တယ်ဗျာ သူ့တို့သမီး ကျွန်တော့ပုဆိုးကို ခဏ ခဏ ယူယူပြီး ခေါင်းပေါင်းတာ ကျွန်တော် ဘာမှ မပြောပါဘူး ဒီနေ့ မနက်ကျမှ လယ်ထဲသွားခါနီး ခေါင်းပေါင်းစရာ ပုဆိုး မရှိလို့ သူ့သမီး ထမီယူပြီး ခေါင်းပေါင်းမိပါတယ် ယောက္ခမ အမယ်ကြီးက ဟဲ့ကောင် နင့်ခေါင်းပေါ်ကဟာ ခုချက်ခြင်း ချွတ်ထားလိုက်စမ်းဆိုပြီး ဆူလိုက်တာ မွန်းတဲ့ တဲ့ အထိပဲဗျာ … စိတ်ညစ်ပါတယ် ဘယ်လိုလူတွေနဲ့မှ လာတွေ့နေလဲ မသိဘူး ”
ဟူသတည်း ... ။
တဲ့ ကျွန်တော်လည်း တစ်ပူပေါ် နှစ်ပူဆင့်ဖြစ်နေမှာစိုးလို့ ဘာမှ မရှင်းပြတော့ပဲ အလိုက်သင့် အားပေးစကားပြောလိုက်ရပါကြောင်း …. ။
မောင်သြကာ တစ်ယောက် အလုပ်ထဲတွင် ဖေ့ဘုတ်သာ ခိုးခိုးသုံးနေသဖြင့် သူဌေးမှ အမျက်တော်ရှကာ အလုပ်ဖြုတ်ပစ်သဖြင့် မလေးကိုရောက်လာလေသည် ။
မလေးသို့ရောက်သော်လည်း လည်လည်ဝယ်ဝယ် မရှိလေတော့ ပွဲစားလိမ်တာနဲ့တွေ့ပြီး အလုပ်လက်မဲ့ဖြစ်နေတုန်း ထမင်းစားဖို့ ၅ ကျပ်သာကျန်တော့တဲ့ အချိန်မှာ အင်း မဖြစ်ချေဘူးဆိုပြီး အင်တာနက်ဆိုင်ဝင် ဖေ့ဘုတ်သုံးပြီး မောင်သံလွင်ပေးလိုက်တဲ့ ဒုက္ခရောက်တဲ့ အချိန်မှာ သုံးဖို့ဆိုတဲ့ အင်းကွတ်ကို စတေးတပ်မှာ ချရေးလိုက်တယ် ....။
ကယ် ....တော် ....မူ ....ကြ .... ပါ ...... ။ တဲ့
ဒီတော့ ကွန်မန့်တွေတက်လာတယ် ။
ဦးကျော်သူ ( နာရေး ) ။ ဘယ်ကိုလာခဲ့ ရမှာလည်း .... ။
ကိုလှဖေ ( ရဲသားကြီး ) ။ စခန်းကိုသာလာခဲ့ပါ ကူညီပါ့မယ် ။
Soe Min ။ အဖြတ်အတောက်ဖြတ်ရမယ်ဆို လာသာလာခဲ့ အလကားဖြတ်ပေးမယ် ။
စသဖြင့် ကယ်တော့ ကယ်ကြပါရဲ့ ဒါပေမယ့် တစ်လွဲတွေဖြစ်နေလို့ ငိုမဲ့မဲ့ဖြစ်နေတုန်း နောက်မှသူသတိယလိုက်တယ် ဟား .... ကိုရီးယားမင်းသားလိုချောတဲ့ K AUNG SOE ကိုမန်းရှင်းတပ်ပြီးခေါ်မှာပဲ လို့ အကြံရပြီး မန်းရှင်းတပ်ခေါ်တော့မှ ။ သူကလာခေါ်ပြီး သူလုပ်နေတဲ့ ကားဝပ်ရှော့မှာ အလုပ်သွင်းပေးလိုက်တယ် ။
သူစလုပ်လုပ်ခြင်းမှာပဲ လော်ရီတစ်စီး ဘရိတ်လိုင်နာတွေ ကုန်နေလို့ အသစ်ရိုက်ပြီး ပြန်တပ်ရတယ် အဲဒီတော့ လိုင်နာ အသစ်ဆိုတော့ ဘရိတ်က ဂျန့်ဖြစ်ပြီး လိုင်နာတွေညှိနေလို့ ကျွန်တော်ကသူ့ကို လိုင်နာ Eject နတ်တွေ လျှော့ခိုင်းလို့ လျှော့နေတုန်း ။ သူဌေးရောက်လာပြီး သူ့ကိုမေးတယ်
“ ဟေ့ကောင်မင်းဘာလုပ်နေတာလည်း ”
မောင်သြကာဖျားသွားသည် သူက ရောက်ခါစ မလေးလိုက မရ ပြန်မပြောရင်လည်း စကားမတတ်ဘူးဟုဆိုကာ သူဌေးက လစာနှိမ်အုံးမည် ။
ထို့ကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် အားယူပြီးပြောလိုက်သည် ။
“ ဆာ ....ဆာယာ့ Discount nut ” တဲ့ .....။
ဆာယာ = ကျွန်တော် / ကျွန်မ .....။
ကြားဖူးနားဝ ဟာသများကို ဖြည့်စွက်ရေးသား၍ ဘော်ဒါအပေါင်းတို့အား ချစ်ကြည်စွာနောက်လိုက်သည် ။
ရွှင်လန်းချမ်းမြေ့ပါစေ ... ။
K Aung Soe

0 comments:
Post a Comment