Saturday, December 10, 2011

မေတ္တာတရားကို ခွေးစားခဲ့ဘူးသည်။

ချစ်စရာကောင်းတဲ့ သမီးလေး တီဗွီ ရှေ့ လက်ထောင်ကာ တီဗွီ ကိုကောင်းကောင်း
မကြည့်နိုင်ရန် ဆန္ဒပြနေပြီ။ အသက် ၂နှစ်၈လမပြည့်သေးသော်လည်း
စကားမပီကလာပီကလာ နှင့် လိုချင်တာကို ရအောင်လုပ်တတ်နေပြီ။
မယုံကြည်နိုင်လောက်အောင် ခံစားမူ၊ နားလည်မူ၊ အသိစိတ် တို့သည်
ဖွင့်ဖြိုးလွန်းပါသည်။ သမီးတစ်ဦး တည်းမဟုတ် သမီးနှင့် သက်တူ ကလေးများ ၊
တခြားကလေးများ သည်အသိစိတ် ဖွင့်ဖြိုးလွန်းပါသည်။
နယ်မှ ဧည့်သည်များ ရှေ့မှာ သမီး ယခုကဲ့သို့ အားလုံး ကြည့်နေသော တီဗွီ ကို
မကြည့်ရအောင် လက်နှင့်ကာလိုက်၊ အ၀တ်နှင့်ကာလိုက်၊ နည်းအမျိုးမျိုးဖြင့်
ဆန္ဒပြနေသည်ကို ဘာလုပ်ရမလဲ စဉ်းစားကြည့်လိုက်သည်။


စစ်အစိုးရ လိုပဲ ရိုက်နှက်ပစ်လိုက် အသေသတ်ပစ်လိုက် စဉ်းစားမိတာနဲ့
ရင်ထဲဆို့နှင့်သွားတယ်၊ ခုအစိုးရလိုပဲ သမီးလေး မကျေနပ်တာရှိလို့ ဆန္ဒပြရင် ၅
ရက် ကြိုတင်အကြောင်းကြားပါ။ နေရာသတ်မှတ်ပါ။ လို့သမီးကို ပြောရင် စိတ်တိုနေတဲ့
သမီး ဒီ ကန့်သတ်ချက်ကို ထပ်ကန့်ကွက်မှာ
အမှန်ပဲ၊ ကိုယ့်အတွက် ကြည့်ပြောတာကိုး မိဘ ဘယ်ပီသပါမလဲ၊ ကိုင်မပြီး
နောင်ဒါမျိုး မလုပ်ရဲအောင် ဆရာကြီး တွေ လုပ်သလို ၆၅ ရက်လောက်
အခန်းထဲ ပိတ်လှောင်ထားရင် ကောင်းမလား၊၊။
ရင်ထဲမှာ သမီးလေးကို သနားလာသည် ကျနော်ဘာလို့ ဒီလိုတွေးမိပါလိမ့်၊ ကျနော်
အတွေးသည် သမီးလေးကို အုပ်ထိန်းသူ ဖခင်မပီသတာကို ကျနော်
သိသည်၊ ကျနော်တို့ကို နှစ်ပေါင်း ရာစုဝက်မျှ မင်းမူသွားသော် အုပ်ချုပ်သူ
အုပ်ထိန်းသူတို့၏ လုပ်ရပ်များ လုပ်ဇတ်များက ကျနော်အသိတရားထဲ
မမှန်မကန် နေရာယူနေပြီ အရာရာကို သူတို့လို တုံပြန့်ချင်နေပြီ၊ ကျနော်တို့ကို
ထိန်းချုပ် သင်ကြားပေးခဲ့သော မေတ္တာမဲ့ အာဏာရှုးတို့၏ အကျင့်ဆိုး
ကြောင့် မေတ္တာငတ်ခဲ့ရသည်၊။ မေတ္တာတရား ဆိုဒါ ခွေးစားခံလိုက်ရပြီ။

သမီးလေး ကိုကြည့်ပြီး ငါဘာမှားနေလဲ ဆိုဒါကို စဉ်းစားမိသည်၊
ပြန်ရောက်ရောက်ခြင်း သမီးကို ဖက်လှဲတကင်း မနှုတ်ဆက်ပဲ ဧည့်သည် များကို
စကားပြောနေမိသည်၊ အမြဲ သူအတွက်ပါနေကြ မှန့် မပေးမိသေး၊ကျနော် ဧည့်သည်တွေ
ရှေ့မှာပဲသမီးကို ကောက်ချီုလိုက်သည်၊ သမီးသည် တွန့်လိမ်
ရုန်းရင် ကျနော်ကို ထုရိုက်ပါတော့သည်၊ ၁၉၈၇ ခုနှစ် ကျောင်းမှာ
စာမေးပွဲဖြေချိန် မှာ ကျောင်းသားတွေရဲ့ ခံစားမူကို လစ်လျူရှုပြီး
ငွေစက္ကူဖျက်သိမ်းခြင်း ပြုခဲ့သလိုမျိုး ၊ ရောက်ရောက်ခြင်း သမီးလေးရဲ့
ချစ်ခြင်းကို တန်းဖိုးမထားပဲ ဧည့်သည်ကို အလေးပေးမိတဲ့
ကျနော် သမီးလေး၏ ထုရိုက်ခြင်းကို ကျေကျေနပ်နပ် ခံယူမိပါသည်၊ သမီးလက်မနာ
သွားအောင်ဖေးမပြီး မိမိလိုအပ်ချက်ကို ပြန်ဖြည့်မိပါသည်။
ကိုဘုန်းမော်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီး ရပ်ကွက်က သတ်သလိုလို ကြေငြာသလို
မဖြစ်ရအောင် သမီးပေါ်ဧည့်သည်တွေ အဆိုးလေးလို့ မမြင်အောင် ကျနော်အပြင်က
ပြန်လာရင်သူကို ချီပွေ့ပြီး နှုတ်ဆက်နေကြ၊ သူကိုလည်း မှန့်ပေးနေကြ၊ မေ့သွားလို့
သမီးက ကြမ်းတာပါ၊ သမီးက
ချစ်ဘို့ကောင်းပါတယ်။ အဲ ကနဲ အသံ ထွက်လာပြီး  သမီးလေးက ရှိုက်ကြီးတငင်ငင် နဲ့
ငိုချလိုက်ပါတော့သည်။
ကျနော် ကိုယ်ပေါ်မှာ အိပ်ပျော်သွားသော သမီးလေးကို ကျနော် မဟေသီ မမျိုးမျိုးက
မချီရင်း သူသမီးက ၈၈ ကျောင်းသားတွေလိုပဲ
သိပ်ဆန္ဒပြတာဟု နောက်သလိုလိုနဲ့ လာဖအေတူလေး ဆိုပြီး ခေါ်သွားပါတော့သည်၊ သမီးလေး
လုပ်တာကို ၈၈ ကျောင်သားတွေနဲ့ မနှိုင်းပါနဲ့
မိန်းမရာ ဟုလှမ်းပြောလိုက်မိသည်။
သူတို့က သူတို့အတွက် လုပ်တာမဟုတ်ဘူး မတရားခံနေရတဲ့ သူတွေအတွက် မတရား မူ ကို
တိုက်ဖျက်တာပါ။
မင်းတို့ငါတို့ ခုလို လူလိုသူလို မဲလေး ထည့်ရဖို့ ၈၈ တုံးက အဖြူအစိမ်း
ဝတ်ထားတဲ့ ကလေးတွေ သေခဲ့ရတယ် အသတ်ခံခဲ့ရတယ်၊ မဲထည့်ရတော့
လည်း ပြည်သူရွေးတဲ့ အစိုးရကို အသိအမှတ်မပြုဘူး၊ သေသွားတဲ့ ခလေးတွေ၊
ကျဆုံးသွားတဲ့ မြန်ပြည်သားတွေရဲ့ အသက်ကို တန်းဖိုးမထားသလို
ဖြစ်နေလို့ ၈၈က ဆက်အသက်ရှင်နေရတာ။
သမီးက ကိုယ့်ခံစားချက်ကို ဆန္ဒပြတာပါ လိုဘပါ။ ၈၈ က ပြည်သူ မေတ္တာကို
ခွေးမစားအောင် ဆန္ဒပြတာကွ လို့အော်လိုက်မိသည်။

၅ ထပ်တိုက် ပေါ်ကနေ နေ့လည့် ၂ နာရီ အပြင်နေရောင်ကို ကြည့်ရင်း သူတို့ကို ၈၈
တွေကို  အားနာစိတ် ဖြစ်လာမိသည်။
ဒီနေ့ ညတော့ သမီးလေးကို ဘယ်သူသားသမီး ဆိုတဲ့ ဖိနပ်ကလေး တဖက်ကြောင့်
နန်းတော်ရောက်သွားတဲ့ စင်ဒရဲလား ပုံပြင် မပြောတော့ပါ၊
ပြုစုစောင့်ရှောက်ထားသော လူပုလေးများကို စွန့်ခွါပြီး အနမ်းရှင်နောက်ကို
ကောက်ကောက်ပါအောင် လိုက်သွားတဲ့ စနိုးဝိုက် ပုံပြင်မပြောတော့ပါ။
စစ်ဘီးလူးကြီး၏ မာယာ လိမ်လည်မူ စသည်များကို တွန်းလှန်ရင်း အဝေးရောက်နေတဲ့ ၈၈
တွေ၊ ထောင်ထဲ ရောက်နေတဲ့ ၈၈၊ ရောက်ရာ အရပ်ကနေ
အာဏာဆိုးကို ဖယ်ရှား နေတဲ့ ၈၈ အကြောင်းကို ပြောပြရတော့မည်။
ဒါမှ ငါသမီးလေး လည်း သူသမီးကို အနိုင်မကျင့်မိမှာ

ကိုပီတာ
စမ်းချောင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...