Thursday, December 8, 2011

မေမေစု့ ခင်ပွန်းကဘယ်လိုလူလဲသိချင်လာ

ပိတောက် မြေ created a doc.
 နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနာ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။
ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။
ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။
၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသား အဖြစ် မပျက်ပြယ်တာပါ။



၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆာင်မယ်ဆိုရင် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။
မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။
အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။
မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။
အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။
အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့  အအမိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။ 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...