Monday, December 5, 2011

နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိနဲ့ပတ်သက်၍ ရုပ်ရှင်ကားရိုက်ကူးခြင်းအပေါ် အကြံပြုခြင်း

 by Ko Baloi on Tuesday, December 6, 2011 at 3:40am
 
မနေ့ညက မနန္ဒာအသိပေးလို့ ကျနော့်အနေနဲ့ ဒီ- ဆောင်းပါးတိုလေးကို ရေးမိတာပါ..။ မနန္ဒာက ဘယ်လိုရေးသားထားသလဲဆိုရင်....အလွန်တရာမှ ဖော်လန်ဖားလားလုပ်၍ အလွန်အမင်းလဲ မျက်နှာပြောင်သော သရုပ်ဆောင်လူမင်းသည်...ကျွန်ူပ်တို့ တန်ဖိုးမဖြတ်နိုင်အောင် တန်ဖိုး
ထားလေးစားချစ်ခင်ရသော အနှစ်တရာတွင်တစ်ယောက်ထွန်းသော ဗိုလ်ချုပ်အောင်းဆန်း၏နေရာတွင် သရုပ်ဆောင်မည်ဟု ကြားသိရပါ၍ သူမအနေနဲ့ သဘောမတူကြောင်း...ရေးသားအသိပေးထားပါသည်။

( နအဖ ) လက်ထက် ရုပ်ရှင်ဇတ်ကားတွေမှာ ရုပ်ရှင်မင်းသားလူမင်းသည် တော်လှန်ရေးအင်အားစုတွေကို အပုပ်ချသည့် ဇတ်ကားများရိုက်ခဲ့ပြီး...ဒီ- ဇတ်ကားကို ပြည်သူတွေအထင်မှား- အမြင်မှားဖြစ်အောင် ရုံတင်ကာ ပြသခဲ့ဘူးပါတယ်..။ ကျနော်ကိုယ်တိုင်လည်း လူမင်း သရုပ်ဆောင်ခဲ့တဲ့ ယုံထင်- ကြောင်ထင်ဇတ်ကားတွေကို ကြည့်ခဲ့ဘူးပါသည်..။ အရင်က- လူမင်းသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇတ်ကားတွေ ကျနော်ကြည့်ဘူးပါသည်....ကျနော်အမှတ်ပေးတဲ့ ရုပ်ရှင်မင်းသားတွေအထဲမှာ လူမင်းလဲပါခဲ့ပါတယ်၊  ဒါပေမယ့်....တော်လှန်ရေးအင်အားစုတွေကိုစော်ကားပြီး ပြည်သူတွေ ယုံထင်- ကြောင်ထင်ဖြစ်စေတဲ့ ရုပ်ရှင်ဇတ်ကားမှာ   ကျနော်အမှတ်ပေးခဲ့တဲ့ ရုပ်ရှင်မင်းသား
လူမင်း  သရုပ်ဆောင်ထားတာကိုကြည့်လိုက်ရတော့ အံသြမိခြင်းနဲ့အတူ....အဲဒီအချိန်ကတည်းက လူမင်းသည် ကျနော်အမှတ်ပေးခဲ့သည့် မင်းသားနေရာ စာရင်းထဲတွင် ရှိမနေတော့ချေ..။


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတ္တိနဲ့ပတ်သက်ပြီးရုပ်ရှင်ရိုက်ကူးမည်ကို အကြွင်းမဲ့ထောက်ခံကြိုဆို ပါသော်လည်း....အဓိကအရေးပါတဲ့ မင်းသားနေရာမှာ သရုပ်ဆောင်မယ့် မင်းသားကိုတော့ အသေချာစီစစ်ရွေးချယ်ဖို့တော့ လိုအပ်ပါလိမ့်မယ်..။ ရုပ်ရှင်လောကမှာ နောက်ခံရာဇဝင်သမိုင်း မလှခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နဲ့ မင်းသားတွေကို ရွေးချယ်ပြီးရိုက်ကူးခဲ့မည်ဆိုလျှင်.... ရုပ်ရှင်ကားကောင်းဖြစ်ခဲ့ သည့်တိုင် ရုပ်ရှင်ကြည့်ပရိတ်သတ်ထဲ၏ စိတ်ထဲတွင် ဒီမင်းသားနဲ့မှ ရိုက်ရသလားလို့....ဟိုမင်းသားနဲ့ ဘာကြောင့်မရိုက်ကူးခဲ့သလဲလို့....ဆိုကာစိတ်ထဲမှာ တအုံနွေးနွေးဖြစ်ကာ  ရင်ထဲက မတင်မကျဖြစ်နေမိမှာ အမှန်ပါပဲ..။
ကျနော့်အနေနဲ့ ဒီနေရာမှာ အကြံတခုပြုလိုတာက  ဗိုလ်ချုပ်အတ္ထုပတ္တိံရုပ်ရှင်ကားမရိုက်မှီ  ဘယ်မင်းသားနဲ့ ရိုက်ရင်သင့်တော်မလဲဆိုတာ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေဆီမှာ စစ်တမ်းကောက်စေလိုပါတယ်။ ဒါမှမဟုတ်-ပြည်တွင်း/ပ လူထုရဲ့အသံကို နားစွင့်ပြီး ရုပ်ရှင်လောကမှာနောက်ခံရာဇဝင်သမိုင်းလှတဲ့ ရုပ်ရှင်မင်းသားဟာ ဘယ်သူဖြစ်နိုင်မလဲဆိုတာကို စစ်တမ်းကောက်စေလိုပါတယ်..။ ဘာဖြစ်လို့ စစ်တမ်းကောက်ခံရလဲဆိုရင်...ဗိုလ်ချုပ်ကို တစ်နိုင်ငံလုံးအတိုင်းတာအရ လူအများစုက ဗိုလ်ချုပ်ကို ချစ်ခင်လေးစားကြလို့ပါပဲ..။ အကယ်၍ လက်ရှိ- သရုပ်ဆောင်မင်းသားတွေမှာ ရိုက်ကူးမည့် မင်းသားအခက်ခဲရှိခဲ့လျှင်....သတင်းစာတွေနဲ့ ကြော်ငြာတွေမှာ ကြော်ငြာပြီး ယောင်္ကျားပီသတဲ့ ဗိုလ်ချုပ်နဲ့ အနီးစပ်ဆုံးတူနိုင်မယ့် ရုပ်ရှင်မင်းသားအလိုရှိသည်ဟု ကြော်ငြာရင် ဖြစ်နိုင်မလားဆိုတာကို အကြံပြုလိုပါတယ်..။
ဘာပဲဖြစ်ဖြစ် သမိုင်းဝင်ဇတ်ကားဖြစ်တဲ့အတွက်ကြောင့်မို့ နောက်ခံသမိုင်းကြောင်းကောင်းမယ့် ရုပ်ရှင်မင်းသားကိုတော့ ကျနော့်အနေနဲ့
စီစစ်ရွေးချယ်စေလိုကြောင်း အကြံပြုတင်ပြရေးသားလိုက်ရပါသည်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...