Tuesday, November 15, 2011

တရားဥပဒေစိုးမိုးရေး The Rule of Law



 မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မှ ....

နိဒါန်း ။
လူသားတို့သည် အခြားသောသတ္တ၀ါများထက် ဆင်ခြင်တုံတရားနှင့်ထူးခြား၍ ထက်မြက်သောအသိ တရားရှိသူများဖြစ်သဖြင့် မိမိအသက်ရှင်နေထိုင်သည့်ကာလအတွင်း ကောင်းမွန်သော လူ့ဘောင် အဖွဲ့အစည်းကို ဖန်တီးထိန်းကျောင်ြးုပပြင်နေထိုင်ကြမည်ဖြစ်ပေသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ဆင်ခြင်တိုင်းတာနိုင်စွမ်းရှိသလောက် အကောင်းဆုံးလူနေမှုဘ၀ကို အမြင့်ဆုံးမျှော်မှန်းပြီး ထိုမျှော်လင့်ချက် နှင့်လိုက်လျှောညီထွေစွာ အစဉ်အမြဲကြိုးပမ်းနေကြမည်ဖြစ်ပေသည်။ ထိုသို့သောရည်မှန်းချက်များ ပြည့်မှီ ပြည့်စုံစေရန်အတွက် နိုင်ငံရေးနှင့်လူမှု့အခွင့်အရေးတို့သည် မရှိမဖြစ်လိုအပ်ပေသည်၊၊
ထိုနိုင်ငံရေးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအား လူ့ဘောင်အဖွဲ့အစည်း တခုလုံးတွင် မျှတမှန်ကန်စွာ ရရှိခံစားခွင့်ရှိမှသာလျှင် တိုးတက်ဖွံ့ဖြိုး၍ငြိမ်းချမ်းသာယာမှုရှိသော လူ့အဖွဲ့အစည်းအဖြစ်မှတ်ယူ၍ ရနိုင် ပေမည်။ သို့ရာတွင်လူသားတို့သည် မိမိတို့လိုဘပြည့်ဝရေးအတွက် အကျင့်ပျက်ဖေါက်ပြားမှုများ၊  တရားမဲ့ ပြုကျင့်မှုများနှင့်အလွဲသုံးစားမှုများ အစရှိသည့် အတ္တလွန်ကဲသည့် မျိုးစေ့များသည်လည်း လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းကပင် လူ့အဖွဲ့အစည်းအတွင်း၌ ကိန်းအောင်းနေခဲ့သည်၊၊
လူ့ဘ၀၏အခြေခံ သဘာဝတရားများဖြစ်သော လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုစသည့် လောကပါလတရား များထွန်းကားမှသာလျှင် အေးချမ်း၍သာယာသော လူ့ဘောင်အဖွဲ့အစည်း တရပ်ပေါ်ပေါက်လာနိုင်မည် ဖြစ်သည်။ ထိုလောကပါလတရားများ လူ့ဘောင်အဖွဲ့အစည်းအတွင်း ထွန်းကားလာရန်အတွက် လူသားတိုင်း သည် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းများကို လေးစားလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်၊၊ ထိုကဲ့သို့ကျင့်ကြံနေထိုင်နိုင်ရန်အတွက် လူသားတို့အား ထိန်းကွပ်တည့်မတ်ပေးရန် စည်းမျဉ်းစည်းကမ်းများ လည်း လိုအပ်လာပါသည်၊၊ အဆိုပါစည်းကမ်းများအား မလိုက်နာလျှင်မနေရဆိုသည့် စည်းနှောင်အားရှိသော သတ်မှတ်ချက်များအဖြစ် ပြဌာန်းခြင်းအား ဖြင့် အဆိုပါစည်းကမ်းချက်များမှသည် ဥပဒေ ဟူ၍ဖြစ်ပေါ်လာရ ပေသည်။ ထို့ကြောင့် ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းတခုအတွင်း မရှိမဖြစ်လိုအပ်သောအရာဖြစ်ပြီး၊ လူသား ထုတရပ်လုံး၏ ကောင်းကျိုးချမ်းသာမှုအတွက် အရေးကြီးဆုံးသောလိုအပ်ချက်တရပ်လည်းဖြစ်ပေသည်။
သို့ရာတွင်ဥပဒေတို့အား တရားဥပဒေစိုးမိုးရေး ရူ့ဒေါင့်မှချဉ်းကပ်လေ့လာ၍ မှတ်ကျောက်တင်ခံနိုင်သော လူသားအကျိုြးုပဥပဒေများဖြစ်ရန်လိုပါသည်။ လူသားအကျိုြးုပဥပဒေများမဟုတ်ဘဲ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်ကိုသော်လည်းကောင်း၊ လူပုဂ္ဂိုလ်တဦးတယောက်ကိုသော်လည်းကောင်း၊ အကျိုးဖြစ်ထွန်းစေရန် အတွက်ရည်ရွယ်ပြဌာန်းထားသော ဥပဒေမျှသာဖြစ်ပါက ၎င်းဥပဒေသည် မတရားသည့်အမိန့်အာဏာ များသာလျှင်ဖြစ်နေပေမည်။ နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ဖန်တီး ပေးနိုင်လိမ့်မည်ကားမဟုတ်ပေ။ သို့ဖြစ်ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ထိမ်းသိမ်းကာကွယ်နိုင် ရန်အတွက်ဖြစ်စေ၊ ထွန်းကားတိုးတက်စေရန်အတွက် ဖြစ်စေ၊ တရားဥပဒေစိုးမိုးရေးသည် မရှိလျှင်မဖြစ် သည့်အပြင်၊ အဓိကကျ၍အရေးကြီးသော လိုအပ်ချက်လည်း ဖြစ်သည်ကိုတွေ့ရှိရပေသည်။

အခန်း( ၁ )
၁ - ၁။ ဥပဒေပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်း
သမိုင်းဦးဘုံမြေခေတ်မှစ၍ ဥပဒေ၏သဘောတရားများရှိလာခဲ့သည်၊၊ ရှေးကျသောလူသား မျိုးနွယ်စုတို့သည် ဆွေမျိုးအုပ်စုများ  အဖြစ်စုဝေးနေထိုင်လာရင်း မိမိတို့ဘ၀လုံခြုံမှုအတွက် တဖက်မှရန်သူများနှင့်လည်း အစဉ် အမြဲလိုပင်တိုက်ခိုက်နေခဲ့ကြရသည်၊၊ သမိုင်းဦးဘုံမြေခေတ်၏ နောက်ပိုင်းတွင် တိရိစ္ဆာန်မွေးမြူရေးနှင့် စိုက်ပျိုး ရေးလုပ်ငန်းများ  တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့သည့်အလျှောက် လူ့အဖွဲ့အစည်း၏ပုံသဏ္ဍာန်သည်လည်း ပြောင်းလဲလာခဲ့သည်။ နီးစပ်ရာဆွေမျိုး အုပ်စုအဖွဲ့အစည်းများ ပူးပေါင်းလာခြင်းဖြင့် လူမျိုးအုပ်စု များပေါ်ပေါက် လာလေသည်။ လူတဦးချင်းစီအလိုက် အလုပ်တာဝန်ခွဲဝေမှု့များသည်လည်း ဖြစ်ပေါ်လာကြပေသည်။ ထိုအခြေနေများအောက်တွင် အစုအဖွဲ့အတွင်းရှိ လူအချင်းချင်းတို့သည် ညီညွတ်စည်းလုံးကြပြီး မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတွက် အလေ့ကျပေါက်သောအသီးအနှံများကို စုပေါင်းဆွတ်ခူးကြခြင်း၊ အမဲလိုက်၊ ငါးဖမ်းကြခြင်းနှင့် အစားအစာများကို မျှတစွာခွဲဝေစားသုံးရန်အတွက် ခေါင်းဆောင်လုပ်သူတဦးကို ရွှေးချယ်ပြီး အုပ်ချုပ်စေခဲ့သည်၊၊ ခေါင်းဆောင်လုပ်သူက ထိုလူ့အဖွဲ့အစည်းရှိလူများအား အစားအစာရှာဖွေရေးအတွက် လုပ်ငန်းတာဝန်များခွဲဝေပေးခြင်း၊ ရရှိသောဟင်းလျှာများကို လူအများအား မျှတစွာခွဲဝေပေးခြင်း၊ အဖွဲ့အစည်း တွင်းရှိလူအခြင်းခြင်း ခိုက်ရန်ဖြစ်ပွားမှုတို့အတွက် အမှုအခင်းများကိုစစ်ဆေးစီရင်ခြင်း စသည့်အုပ်ချုပ်မှုတာဝန် များကို ယူခဲ့ရသည်။ ထို့အတူမိသားစုတိုင်း ကြုံတွေ့ရသောပြဿနာများကိုဖြေရှင်းရန် အကြီးအကဲတဦးကို ရွေးချယ်၍ ပြဿနာများကိုဖြေရှင်းစေသည်။ ကိုးကွယ်ယုံကြည်မှုအရ တားမြစ်ချက်များ၊ ဓလေ့ထုံးစံအရ တားမြစ်ချက်များသည် သမိုင်းဦးကာလ၏ ဥပဒေများပင် ဖြစ်ပေသည်။
ထိုအချိန်၌လူတို့သည် အဖွဲ့အစည်းတရပ်လုံး၏ အကျိုးစီးပွားအတွက် လူအများက၀ိုင်းဝန်း ပူးပေါင်း၍ အလုပ် လုပ်ကြရ၏။ လုပ်အားဖြင့်ရရှိသောပစ္စည်းများကိုလည်း အုပ်ချုပ်မှုတာဝန်ကို ယူထားသူက စည်းကမ်းချက်များ သတ်မှတ်ကာ ခွဲဝေစားသောက်ခဲ့ကြ၏။ တနည်းအားဖြင့်ဆိုလျှင်- အြုပအမူဆိုင်ရာစည်းကမ်းချက်များကို သတ်မှတ်၍နေထိုင်လာခြင်းမျိုးဖြစ်ပေသည်။ ထို့ကြောင့် ထိုအချိန်ကာလမှစ၍ ဥပဒေသဘောတရားများ တည်ရှိလာခဲ့သည်ဟုပြော၍ရနိုင်ပေသည်၊၊
 ကျွန်ပိုင်ရှင်စံနစ် ထွန်းကားလာသည့်ကာလ၌လည်း လူ့အဖွဲ့အစည်းများသည် မိမိတို့၏ လုံခြုံရေးကို အကြောင်း ပြု၍သော်လည်းကောင်း၊ မိမိတို့ပိုင်ဆိုင်သော နယ်မြေဒေသကို အကြောင်းပြု၍သော်လည်းကောင်း စည်းကမ်း နည်းလမ်းများသတ်မှတ်လာကာ နေထိုင်ခဲ့ကြသည်၊၊
ဥပဒေ၏ ရှေးဦးအကျဆုံးအရင်းအမြစ်သည် ဥပဒေပြူခြင်းနှင့်ဖြတ်ထုံးများမဟုတ်ပဲ၊ ဓလေ့ထုံးစံများသာဖြစ်ပေ သည်။ ဓလေ့ထုံးစံများဖြစ်ပေါ်လာရခြင်းမှာလည်း လူသားတို့အနေဖြင့် နေ့စဉ်နေ့တိုင်းဖြတ်သန်းကြုံတွေ့နေရ သော လက်တွေ့ဘ၀၌ ကောင်းမွန်သင့်လျှော်မည်ဟုယူဆသော လူ့ကျင့်စဉ် Rule of Action များကို အလို အလျှောက် ကျင့်ကြံလိုက်နာခဲ့ကြခြင်းပင်ဖြစ်သည်။ နောင် သောအခါတွင် အဆိုပါလူ့အပြုအမူကျင့်စဉ်တို့သည် လူသားတို့၏ အြုပအမူဆိုင်ရာစည်းကမ်းချက်များ ဖြစ်လာကြပြီးနောက် ထိုစည်းကမ်းချက်များသည်ပင်လျှင် ထိုဒေသတွင်နေထိုင်ကြသောလူများ၏ ဓလေ့ထုံးစံများ၊ ဓလေ့ထုံးတမ်းများဖြစ်လာကြခြင်းဖြစ်ပေသည်။ အဆိုပါဓလေ့ထုံးတမ်းများကို ကြာရှည်ကြာမြင့်စွာ လိုက်နာကျင့်သုံးခဲ့ကြရာမှစ၍ ဓလေ့ထုံးတမ်းများသည် စည်းနှောင်အားရှိလာပြီး ဥပဒေကဲ့သို့စွမ်းအင်အာနိသင်နှင့်အာဏာများသက်ဝင်လာခဲ့ခြင်းဖြစ်ပေသည်။ ယင်းအချက်သည်ပင် ဥပဒေ၏အစ၊ ဥပဒေ၏သဘာဝဖြစ်ပေသည်။ ထို့ကြောင့်ပင်လျှင် “ဥပဒေအစ၊ ဓလေ့ထုံး တမ်းက ဟုပြောစမှတ်ြုပကြခြင်းဖြစ်ပေသည်။
ဓလေ့ထုံးတမ်းများနှင့် ဓလေ့ထုံးတမ်းဥပဒေများမှာ ကမ္ဘာပေါ်တွင်ပေါ်ပေါက်ခဲ့သော၊ အချို့နေရာများတွင် ယနေ့ထက်တိုင်ကျင့်သုံးနေသော ရေးသား၍မထားသည့် ဥပဒေများပင်ဖြစ်သည်။ နောက်ပိုင်းတွင် အုပ်ချုပ် ရေးစနစ်များပေါ်ပေါက်လာပြီးနောက် အဆိုပါထုံးတမ်းစဉ်လာနှင့် ဓလေ့ထုံးစံများကိုအမြှီုပ၍ အမှုအခင်းများကို စီရင်ဆုံးဖြတ်ကြရာမှ ပေါ်ထွက်လာသော စီရင်ချက်နှင့် ဆုံးဖြတ်ချက်များကို ဆက်လက်လိုက်နာစေခြင်း အားဖြင့်၊ ဖြတ်ထုံးသို့မဟုတ်၊ စီရင်ထုံးများအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။ အများအားဖြင့် စီရင်ထုံးနှင့် ဖြတ်ထုံးများမှာ အမှုကိုစစ်ဆေးစီရင် ဆုံးဖြတ်ရသော တရားသူကြီးများကပြုလုပ်ကြခြင်းဖြစ်သဖြင့် ၄င်းတို့ကို Judge-made Law ဟုလည်း ပြောစမှတ်ပြုကြပေသည်။
နှောင်းပိုင်းကာလများသို့ ရောက်ရှိလာသောအခါတွင်မူ လူသားတို့၏ ပတ်ဝန်းကျင်အခြေအနေမှာလည်း ပြောင်းလဲတိုးတက်လာခဲ့သည်နှင့်အညီ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးကိစ္စများ မှာလည်း ကျယ်ပြန့်နက်ရှိုင်း ရှုပ်ထွေးမှုများရှိလာပြီး၊ ရှေးကကျင့်သုံးလျှက်ရှိသည့် ဓလေ့ထုံးစံများနှင့် လိုက်လျှောညီထွေမရှိသည့်ကိစ္စများ လည်း ပေါ်ပေါက်လာခဲ့ပေသည်။ လူသားတို့၏ကူးလူးဆက်ဆံမှုနှင့် ကူးသန်းရောင်းဝယ်ရေးကိစ္စများ တွင်ကျယ် လာသည့်နှင့်အတူ လူမျိုးတမျိုးနှင့်တမျိုးအကြား၊ ဒေသတခုနှင့်တခုအကြားရှိ ဓလေ့ထုံးစံများ တူညီမှုမရှိသည့် အပေါ်တွင် အခက်အခဲများ ပိုမိုများပြားလာသဖြင့် လူ့အဖွဲ့အစည်းတရပ်ရှိအုပ်ချုပ်သူ (ဘုရင်များ)က၊ အုပ်ချုပ်ခံ လူထုအားလိုက်နာစေရန် စည်းကမ်းများသတ်မှတ်ပေးခြင်းဖြင့်၎င်း၊ အမိန့်များထုတ်ပြန်ခြင်းအားဖြင့်၎င်း ဥပဒေများကိုပြဌာန်း လာခဲ့ကြခြင်းဖြစ်ပေသည်။

၁ - ၂ ။        ရှေးဟောင်းလူ့အဖွဲ့အစည်းများနှင့် ဥပဒေ
 BC ၄၀၀၀ မှ ၅၀၀၀ - အကြားတွင် အရှေ့တိုင်းအင်ပါယာများဟု ထင်ရှားခဲ့သော အာရေးဗီးယားကျွန်းဆွယ်ရှိ တီးဂရစ်နှင့် ယူဖရိတ်မြစ်ဝှမ်းနှစ်ခုကြား၌ထွန်းကားခဲ့သည့် မေဆိုပိုတေးမီးယား ပြည်၊ ဘာဘီလိုးနီးယားပြည်နှင့် အာဆီးရီးယားပြည်တို့၌၄င်း၊ အာဖရိကတိုက် အရှေ့မြောက်ပိုင်း နိုင်းမြစ်ဝှမ်းဒေသ၌၄င်း၊ တရုပ်ပြည် မြစ်ဝါမြစ် ၀ှမ်းဒေသ၌၄င်း၊ အိန္ဒိယပြည် အိန္ဒုမြစ်ဝှမ်းဒေသ၌၄င်း ယဉ်ကျေးမှု့အားဖြင့် အတည်တကျနေထိုင်ခဲ့ကြသော ရှေးဟောင်းယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးများထွန်းကားခဲ့ကြသည်၊၊ ယဉ်ကျေးမှုထွန်းကားလာသဖြင့် တိုင်းပြည်နိုင်ငံအား အုပ်ချုပ်မှုအရေးတွင် တိုင်းသူပြည်သားတို့ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် အုပ်စိုးသူတို့၏ သဘောဆန္ဒနှင့်အညီ ပြည်သူပြည်သားများနေထိုင်နိုင်ရန် စည်းကမ်းနည်းလမ်းများချမှတ်၍ အုပ်ချုပ်လာခဲ့ ပေသည်၊၊
ထိုခေတ်လူသားတို့၏ နိုင်ငံရေးစနစ်ကိုလေ့လာလျှင် ဘာသာရေးယုံကြည်စွဲလမ်းမှုက ၄င်းတို့၏ လူ့အဖွဲ့စည်း တွင် အရာရာကိုလွှမ်းမိုးနေခဲ့သည်။ ဘုရားသခင်၏အစောင့်အမကို အမြဲခံယူရရှိထားသော ဘုန်းကြီး၊ ဘုရင်များ နှင့်ဘာသာရေးတာဝန်ကို ထမ်းဆောင်သော ဘုန်းကြီးများ၏ စီမံအုပ်ချုပ်မှု့အောက်၌ ယင်းတို့၏ဘ၀ကို ထိန်း ကျောင်းနေကြရသည်၊၊ ဆူမေးရီးယန်းတို့၏ စီးပွားရေးစနစ်အရ အုပ်ချုပ်သူများသည် နိုင်ငံသားများအား စည်း ကမ်းချက်သတ်မှတ်၍ လုပ်ကိုင်စေခဲ့သည်။ အဓိကထုတ်ကုန်လုပ်ငန်းများဖြစ်သည့် လယ်ယာစိုက်ပျိုးရေးနှင့် လက်မှုလုပ်ငန်းများကို အစိုးရ၏ လယ်သီးစားများ၊ လွတ်လပ်သောလယ်သမားများနှင့် လက်မှုအလုပ်သမား များ၊ ဘုန်းကြီးများ၏ အစေအပါးများနှင့် ကျေးကျွန်များကြုပလုပ်ကြရန် စည်းကမ်းသတ်မှတ်ထားပြီး၊ အထက် တန်းလွှာမှလူများက မိမိတို့လက်အောက်ရှိ အလုပ်သမား၊ လယ်သမား၊ ကျေးကျွန်တို့၏ လုပ်အားမှရရှိသော အကျိုးစီးပွားကို ခံစားခွင့်ရှိကြောင်းပြဌာန်းထားသည်၊၊ အချုပ်အားဖြင့်ဆိုသော် ဆူမေးရီယန်းတို့၏ နိုင်ငံရေး  စနစ်မှာ ဘာသာရေးအစိုးရပင်ဖြစ်ပေသည်။    
 ဘီစီ ၃၀၀၀ နောက်ပိုင်း မက်ဆိုပိုတေးမီးယားဒေသတွင် ဘာဘီလိုနီးယားလူမျိုးများ စိုးမိုးလာခဲ့သည်။ ဘာဘီ လိုနီးယန်းလူမျိုးတို့၏ လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်ရေးစံနစ်မှာ သက်ဦးဆံပိုင် စံနစ်ဖြစ်သည်။ ဘီစီ ၂၀၀၀ တွင် မက်ဆိုပိုတေးမီးယားတိုင်းပြည်ကိုအုပ်စိုးခဲ့သော ဆဌမမြောက် ဘာဘီလိုနီးယန်းဘုရင်ဖြစ်သူ ဟာမူရာဘီ  မင်းလက်ထက်တွင် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားမဥပဒေ နှစ်မျိုးစလုံးနှင့်သက်ဆိုင်သည့် ဥပဒေကြိုပစုခဲ့သည်။ နိုင်ငံတော်ကိုအုပ်ချုပ်ရာ၌ ပုဒ်မပေါင်း (၂၈၂) ခုပါဝင်သည့် ဥပဒေတရပ်ကိုပြဌာန်းကါအုပ်ချုပ်ခဲ့သည်။ ထိုဥပဒေ သည် ဟာမူရာဘီကိုဓဥပဒေ The Code of Hammurabi အဖြစ်ကမ္ဘာ့သမိုင်းတွင်ထင်ရှားခဲ့လေသည်၊၊  ဘာဘီလိုနီးယန်း လူ့အဖွဲ့အစည်း၌လည်း ဘာသာရေးအယူအဆများက အုပ်ချုပ်ရေး၌ လွှမ်းမိုးမှုရှိသော်လည်း ဘုရင်လုပ်သူများသည် တရားဥပဒေစည်းကမ်းများနှင့်အညီ ထိုခေတ်နှင့်လျှော်ညီစွာ အုပ်ချုပ်ကြသဖြင့် ဘာသာ ရေးအစိုးရစနစ်မျိုးမဟုတ်တော့ချေ။ ဘုရင်သည်သက်ဦးဆံပိုင်ပင်ဖြစ်သော်လည်း ဥပဒေကို လူအများကသိရှိ စေရန်စီမံပြီး တရားနည်းလမ်းနှင့်အညီအုပ်ချုပ်သောစနစ်ကို ဖန်တီးထားရှိခဲ့သည်ကို တွေ့ရပေသည်။
အီဂျစ်ပြည်၌အုပ်စိုးသော ဖာရာအို  ဘုရင်များမှာ သက်ဦးဆံပိုင်ဘုရင်များဖြစ်ကြပြီး၊ နတ်ဘုရားများမှ ဆင်းသက်လာသူများဖြစ်သည်ဟူ၍ တိုင်းသူပြည်သားများကယုံကြည်ကြသည်။ ထို့ကြောင့် ဖာရာအိုဘုရင် များကိုဘုရားဘုရင်များအဖြစ်တိုင်းသူပြည်သားများက ကိုးကွယ်ကြသည်။ သို့ဖြစ်၍အီဂျစ်တို့၏ နိုင်ငံရေး အတွေးအခေါ်မှာ ဘာသာရေးနှင့်တဆက်တည်းဖြစ်နေပေသည်။ ဖာရာအိုဘုရင်တို့၏ တိုင်းရေးပြည်ရာ အုပ်ချုပ် ရေးသည်လည်း ဘာသာရေးအုပ်ချုပ်မှုစနစ်သာဖြစ်လေသည်။
အိန္ဒိယပြည် အိန္ဒုမြစ်ဝှမ်းတွင် ရှေးဟောင်းယဉ်ကျေးမှုပေါ်ထွန်းခဲ့သည်ဟု သမိုင်းသုတေသီများ၏ ရှာဖွေတွေ့ရှိ ချက်များဖြင့် သက်သေထူခဲ့ကြသည်။ အာရိယန်လူမျိုးတို့၏ အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုပျက်စီးပြီးနောက် နှစ်ပေါင်း တစ်ထောင်ကျော်ကြာမှ (ဘီစီ- ၂၀၀၀ ခန့်) ဂင်္ဂါမြစ်ဝှမ်း အာရိယန်တို့၏ယဉ်ကျေးမှုသည် အခြေခိုင်မာခဲ့သည်ဟု ဆိုကြသည်။ ထိုခေတ်တွင် ဓမ္မသျှတ္တရ  ဟိန္ဒုကျမ်းဝင် မနုမင်းဓမ္မသတ်သည် အလွန်ထင်ရှားခဲ့သည်။ နိုင်ငံသားတို့ကဘုရင့်အား အုပ်ချုပ်မှုဆောင်ရွက်ရန်အတွက် မိမိတို့လုပ်ကိုင်ဆောင်ရွက်၍ရရှိသော အကျိုးစီးပွါး ၏ ဆယ်ပုံတစ်ပုံကို ပေးကြရသည်ဟုလည်းကောင်း၊ မိမိတို့လယ်ယာ ကုန်သွယ်လုပ်ငန်းထွက်ပစ္စည်းတို့မှ ၆ ပုံ ၁ ပုံ ကို အခွန်ပေးဆောင်ရသည်ဟုလည်းကောင်း တွေ့ရှိရပေသည်။
ဟိန္ဒူတို့၏နိုင်ငံရေးမှာ ရှေးဟောင်းဘေဘီလိုးနီးယန်း၊ အာဆီးရီးယန်းနှင့် အီဂျစ်တို့၏ နိုင်ငံရေးစနစ်များနှင့်မတူ ပေ။ ဟိန္ဒူတို့၏လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးနှင့်ဘာသာရေးနှစ်ရပ်ကြားထဲ၌ ကြီးမားသောခြားနားချက်ရှိနေပေ သည်။ ရှေးဟောင်းအိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးများ၏ နိုင်ငံရေးတွေးခေါ်မှုတွင် အစိုးရ (သို့မဟုတ်) မင်း၏အာဏာ ကင်းနေပါက လူ့ဘောင်အဖွဲ့အစည်းတွင် အင်အားကြီးသူက အင်အားငယ်သူကို ညှဉ်းဆဲနိုင်မည့် အန္တရယ်ရှိ ခြင်းကြောင့် နိုင်ငံတော်အာဏာရပ်နှင့် ယင်း၏စိုးပိုင်ခွင့်သည် ပေါ်ထွန်းလာရသည်ဟု ဟိန္ဒူတို့ကလက်ခံယုံ ကြည်သည်။ အပြစ်ရှိသူကိုအပြစ်ပေးနိုင်ရန် နိုင်ငံတော်အစိုးရ (သို့မဟုတ်) အုပ်စိုးသောမင်းက တရားဥပဒေ သတ်မှတ်ကာ လူလူချင်းကျူးကျော်စော်ကားမှု လူတဦးချင်းစီ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုနှင့် ရပ်ရွာအေးချမ်းသာယာမှုတို့အတွက် ဆောင်ရွက်ရမည်ဟုဆိုသည်။
ဟိန္ဒူတို့၏နိုင်ငံရေးအတွေးအခေါ်အရ အာဏာပိုင်မှုသည် နိုင်ငံ၏အုပ်ချုပ်သူမင်းအဖြစ် ပေါ်ထွန်းလာရပြီး ထိုမင်း သည်ပင်လျှင် ဥပဒေကိုချိုးဖေါက်၍အပြစ်ကျူးလွန်ပါက သာမန်နိုင်ငံသားတဦးကဲ့သို့ပင် အပြစ်ဒဏ်ကို ခံစေရ မည်ဟု လက်ခံယုံကြည်ကြလေသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်ကပင် မြစ်ဝါမြစ်ဝှမ်း တွင်လည်း တရုပ်ယဉ်ကျေးမှု စတင်ပေါ်ပေါက်ခဲ့ သည်ဟု သမိုင်းသုတေသီတို့ကဆိုကြသည်။ သို့သော် တရုပ်ပြည်၏မော်ကွန်းဝင် သမိုင်းမှာမူ ဘီစီ ၂၀၀၀ ခန့်ကစတင်၍ဖြစ်သည်ဟု ယူဆကြသည်။ တရုပ်တို့၏ နိုင်ငံရေးအတွေး အခေါ်သည် ဟိန္ဒူတို့နှင့်များစွာ ဆင်တူပြီး၊ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ လူ့အဖွဲ့အစည်းများနှင့် ကွဲပြားခြားပေသည်။ တရုတ်လူမျိုးတွေးခေါ်ရှင်များက  လူတို့၏ ဗီဇနှင့်အတူကပ်၍ပါလာသည့် မကောင်းသောစရိုက်များကို ကွပ်ကဲထိမ်းသိမ်းရန်အတွက် တရားဥပဒေသည်လိုအပ်သည်ဟူ၍၄င်း၊ လူတို့သည်သဘာဝအားဖြင့် မိုက်မဲတွေဝေတတ်ကြသဖြင့် အသိတရားမှန်ကန်လာအောင် ပညာလည်းပေး၊ စည်းကမ်းနှင့်လည်း ကွပ်ကဲ ရမည်ဟူ၍သွန်သင်ခဲ့ကြသည်။
တရုတ်ရိုးရာဥပဒေကဏ္ဍသည် လူမှုစည်းကမ်းသတ်မှတ်ချက်များအပေါ်အခြေတည်ထားသည်။ တရုတ် ရိုးရာ ဥပဒေပေါ်ထွက်ရာသည် ဓလေ့ထုံးစံများဖြစ်ခဲ့သည်ဟု ဥပဒေသမိုင်းပညာရှင်တို့ ကဆိုကြသည်။ ဘီစီ ၁၂ ရာစု ကုန်ခါနီးတွင် ရှန်ခေတ် (Shang) ပျက်စီး၍၊ ကျိုခေတ် (Chou) သို့ ရောက်လာသည်။ ဤခေတ်သည် တရုတ် နိုင်ငံရေး အတွေးအခေါ်များ ပေါ်ထွန်းရာခေတ်ဖြစ်သည်။ ဤခေတ်တွင် တရုပ်တွေးခေါ်ရှင်များဖြစ်သော ကွန်ဖျူးရှပ်၊ မင်စီးရပ်၊ မော်တီ၊ လောင်ဇီစသော တွေးခေါ်ရှင်ကြီးများပေါ်ပေါက်လာသည်။ ရှေးဟောင်းတရုတ်လူမျိုးတို့၏ တရားသူကြီးဖြစ်ခဲ့သော တွေးခေါ်ရှင် ကွန်ဖျူးရှပ်၏ အဆိုအရမူ တရုတ်လူ့အဖွဲ့ အစည်းသည် ဥပဒေအရ စုစည်းတည်ဆောက်ခဲ့သည်မဟုတ်၊ ကိုယ်ကျင့်တရားအရသာလျှင် တည်ဆောက်ခဲ့                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         ကြသည်ဟု ရေးသားခဲ့သည်။

၁ - ၃။ ဂရိတို့၏ တရားဥပဒေစိုးမိုးရေး သဘောတရား       
ဂရိလူမျိုးများသည် ယနေ့ထိတိုင်အောင် အဖိုးထိုက်တန်လှသောယဉ်ကျေးမှုများ၊ ဥပဒေ စနစ်များကို ပေးခဲ့ သူများဖြစ်သည်။ ဘီစီ ၆၀၀ မှ ဘီစီ ၃၀၀ အတွင်း တိုတောင်းလှသောကာလ၌ ဂရိတို့သည် ယင်းတို့၏စွမ်းရည် ကို အသိပညာကြွယ်ဝရာ၌လည်းကောင်း၊ တရားမျှတသည့် လူနေမှုစနစ်များ ဖန်တီးရာ၌လည်းကောင်း၊ အစိုးရ ဖွဲ့စည်းရာ၌လည်းကောင်း၊ အနုပညာအရာ၌လည်းကောင်း၊ ရောင်းဝယ်မှုတွင်လည်းကောင်း၊ ထူးချွန်ပြောင် မြောက်စွာ ဖေါ်ထုတ်ဆောင်ရွက် နိုင်ခဲ့ကြပေသည်။
ဂရိနိုင်ငံသားတို့သည် မိမိတို့လူ့အဖွဲ့အစည်း၏ သမိုင်းတလျှောက်တွင် သက်ဦးဆံပိုင် ဘုရင်များ၏ အုပ်ချုပ်ပုံ စနစ်၊ မူးမတ်တစုတို့၏အုပ်ချုပ်ပုံစနစ်နှင့် နန်းလုမင်းများ၏ အုပ်ချုပ်ပုံစနစ် တို့ကိုကြုံတွေ့ခဲ့ကြရပြီးနောက်၊ ဂရိ နိုင်ငံသားတို့အဖို့တွင် အသိဉာဏ်အတွေးအခေါ်တို့သည်လည်း ရင့်ကျက်လာခဲ့သည်။ ထို့ကြောင့် နန်းလုမင်း များကို တော်လှန်ခဲ့ပြီး BC - ၆၀၀ ၏ နောက်ပိုင်းတွင် ဂရိမြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သည် အသွင်တမျိုးဖြင့် ပြောင်းလဲလာခဲ့ပေသည်။ ဂရိ နိုင်ငံသားများသည် မိမိတို့၏မြို့ပြနိုင်ငံများ၌ အုပ်ချုပ်ရေးစနစ်သစ်ကို ထူထောင် ရာ၌ အုပ်စိုးသူ မင်းလည်းမရှိ၊ မူးမတ်ဟူ၍လည်းမရှိပဲ မိမိတို့အချင်းချင်းစုပေါင်းကာ မြို့ပြရေးရာအုပ်ချုပ်မှုကို ဆောင်ရွက်လာခဲ့ကြသည်။ ထိုအခါမှစ၍ ဂရိမြို့ပြနိုင်ငံများတွင် ဒီမိုကရေစီစနစ်သည် ပေါ်ပေါက်လာခဲ့ပေသည်။
ဘီစီ (၄၆၁-၄၃၁) ဂရိတို့၏ထင်ရှားခဲ့သော စစ်သူကြီးပေရီကလီ (Pericles) လက်ထက်မှစ၍ ဒီမိုကရေစီ ဟူ သော သဘောတရားများ ပေါ်ထွန်းလာခဲ့ပေသည်။ အုပ်ချုပ်သူအကြီးအကဲများအား အများ၏သဘောဆန္ဒအရ ရွေးကောက်တင်မြှောက်မင်းပြုစေခဲ့ခြင်းဖြစ်သည်။ ထိုသိုသော ဒီမိုကရေစီသဘောတရားအရ ဂရိမြို့ပြနိုင်ငံ ကလေးတိုင်းတွင် သမ္မတဆန်သော ဘုရင်တဦးစီ အုပ်ချုပ်သည့် စနစ်ပေါ်ပေါက်လာခဲ့သည်။
ဒီမိုကရေစီသဘောတရားကြောင့် ဂရိမြို့ပြနိုင်ငံများတွင် ဥပဒေစည်းကမ်းအရ တူညီသော အခွင့်တရားများ ရရှိနိုင်ခဲ့သည်၊၊ ဥပမာအားဖြင့် အေသင်နိုင်ငံသားစစ်စစ်ထဲမှ အသက်(၂၀)ပြည့် ပြီးသူတိုင်း ဆင်းရဲချမ်းသာ မရွေး နိုင်ငံသားအဖြစ်ခံယူနိုင်ပြီး နိုင်ငံရေးရာတို့ကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိခြင်း၊ မြို့ပြနိုင်ငံရှိ အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မြို့ပြနိုင်ငံတ၀ှမ်းလုံး၏ သင်းလုံးကျွတ်လူထုစည်းဝေးပွဲကြီး (Assembly) တွင် ပါဝင်တက်ရောက်ခွင့်ရှိခြင်း စသည့်တန်းတူအခွင့်အရေးများ ရရှိခဲ့လေသည်၊၊
မြို့ပြနိုင်ငံ၏ အချုပ်အချာအာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် လူထုကောင်စီကိုဖွဲ့စည်းရာတွင်လည်း ပြည်သူများ တိုက်ရိုက်မဟုတ်သည့်တိုင် သွယ်ဝိုက်ပြီးပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိခဲ့ကြသည်။ လူထုကောင်စီအား ရွေးချယ် ရာတွင် အေသင်မြို့ပြနိုင်ငံရှိ လူမျိုးနွယ်စု (၁၀)စုမှ တစုလျှင် ကိုယ်စားလှယ် (၅၀) ကျစီရွေးချယ်၍ စုစုပေါင်း ကိုယ်စားလှယ် (၅၀၀) ပါဝင်သည့် ကောင်ဝင်စီများမှာ လူမျိုးနွယ်စုအလိုက် တိုက်ရိုက်ရွေးကောက်တင်မြှောက် သောပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည်။ မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ကြသည်။
လူထုကောင်စီ၏ အဓိကလုပ်ငန်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေများ တရားဥပဒေများကို ရေးဆွဲပြဌာန်းခြင်း၊ ဥပဒေ များကို အမြဲတန်းဆန်းစစ်ကာ ဥပဒေအဟောင်းများကိုရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ချမှတ်ခြင်းများပြုလုပ် ရသည်။ လူထုကောင်စီသည် မြို့ပြနိုင်ငံတွင် အချုပ်အချာအာဏာပိုင် အဖွဲ့အစည်းကြီးဖြစ်သည့်အားလျှော်စွာ တရားဥပဒေစိုးမိုးရေးအတွက် အတတ်နိုင်ဆုံးဖေါ်ဆောင်ပေးခဲ့သည်။ လူထုကောင်စီသည်၊ တရားရုံးကို စနစ် တကျ ဖွဲ့စည်းစေသည်။ တရား သူကြီးများကိုလည်းကွပ်ကဲကြီးကြပ်သည်။  တရားသူကြီးများကို ဒေသအလိုက် ရှိ လူမျိုးစု (၁၀) စုမှ တစုလျှင်(၁၀) ဦးကျ လူထုကောင်စီမှအတည်ြုပပြဌာန်းသော တရားဥပဒေနှင့်အညီ ရာဇ ၀တ်မှုများ၊ တရားမမှုများကို ဥပဒေသတ်မှတ်ချက်မူဘောင်အတွင်း တရားမျှတစွာစစ်ဆေးစီရင်ရသည်။ တရား သူကြီးများ တရားစီရင်ရာတွင် သမာသမတ်ရှိစေရေးအတွက် တရားသူကြီးများ ခန့်ထားရာတွင် လူပုဂ္ဂိုလ်၏ အရည်အချင်းကို အလေးအနက်ထား၍ ရွေးချယ်ကြသည်။ တရားသူကြီးခန့်မည့်သူသည် ဥပဒေကို လေးစား လိုက်နာသူဖြစ်ကြောင်း၊ သမာသမတ်ရှိကြာင်း၊ အဂတိတရားကင်းစင်သူဖြစ်ကြောင်း၊ စသည့် စည်းကမ်းချက် များနှင့်အညီ ရွေးချယ်ခန့်ထားခြင်းဖြင့် မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ်ကို ဖေါ်ဆောင်ပေးခဲ့သည်၊၊
 ၎င်းအပြင် တရားသူကြီးတဦးသည် မိမိသက်တမ်းအတွင်း အမှန်အကန်လုပ်ဆောင်ခဲ့ခြင်း ရှိမရှိကိုလည်း သက်တန်းကုန်သည့်အခါ၌ သူ့အားပြန်လည်စစ်ဆေးသည်။ တရားသူကြီးတဦး၏ မိမိတာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပြည်သူ့ငွေကြေးကိုသုံးစွဲရာ၌မှန်မမှန်ကို အထူးခန့်ထားသောစာရင်းစစ်အဖွဲ့က အသေအခြာ စစ်ဆေးစေသည်။ ဤနည်းအားဖြင့် တရားသူကြီးများအား တဖက်မှနေ၍ လူထုနည်းဖြင့် ကွပ်ကဲချုပ်ကိုင်ထား လေရာ တရားသူကြီးလုပ်သူအဖို့ မတရားမလုပ်ဝံ့ဘဲ တရားနည်းလမ်းကျအောင်ြုပလုပ်ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ဂရိခေတ်ပြည်သူတို့၏ ဥပဒေရေးရာအမြင်သည် တိုးတက်ကျယ်ပြန့်ခဲ့သည့်အပြင် တရားဥပဒေစိုးမိုး ၍ တရားမျှတမှုကို ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဂရိပြည်သူတို့၏ အတွေးအခေါ်အယူအဆတွင် ကိန်းအောင်း ခဲ့လေသည်၊၊
 ဂရိတို့၏ ဒီမိုကရေစီအတိုင်းအတာနှင့် ဥပဒေစိုးမိုးမှုစံချိန်စံညွှန်းတို့ကို လေ့လာသုံးသပ်လျှင် ပြည်သူတို့က တိုက်ရိုက်အုပ်ချုပ်သော ဒီမိုကရေစီထွန်းကားခဲ့သော လူပုဂ္ဂိုလ်၏တန်ဘိုးကိုလည်းကောင်း၊ လူတဦးခြင်းစီ၏ လွတ်လပ်ခွင့်ကိုသော်လည်းကောင်း လူတိုင်းလူတိုင်းနိုင်ငံအတွက် တာဝန်ရှိစွာဖြင့် ပါဝင်ဆောင်ရွက်မှုကို လည်းကောင်း၊ ကမ္ဘာ့သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ်ပေါ် ထွန်းခဲ့သည့်နိုင်ငံသည် ဂရိနိုင်ငံသာဖြစ်သည်။ ဂရိလူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေးတွင် ငွေချမ်းသာသူများ၊ လယ်ပိုင်ရှင်သူဌေးများ၊ လယ်သမားများနှင့် လက်မှု အလုပ်သမားအားလုံးပါဝင်ခဲ့ကြ၏။ ထိုခေတ်တွင် လက်မှုပညာများထွန်းကားလာသဖြင့် ကျေးကျွန်များနှင့် ဆက်ဆံရေးတွင်လည်း ရှေးခေတ်ထက်စာလျှင် အတန်ငယ်ပျော့ပြောင်းလာသည်၊၊ အချို့ကျေးကျွန်များပင် ကျွန်ဘ၀မှလွတ်လပ်ခွင့် ရရှိခဲ့ကြသည်၊၊ သာမန်လွတ်လပ်သူများကဲ့သို့ ၀တ်စားဆင်ယဉ်ခွင့်ြုပလာကြသည်၊၊ ဂရိမြို့ပြနိုင်ငံ၌ နိုင်ငံခြားသားများ၊ ကျေးကျွန်များနှင့် မိန်းမများမှအပ၊ အရွယ်ရောက်ပြီးသော မြို့သားတိုင်း၊ လူတန်း စားမရွေး နိုင်ငံရေးရာတွင် တန်းတူဆက်ဆံပါဝင်နိုင်သော အခွင့်အရေးများရှိကြသည်။
ဂရိတို့၏ ဥပဒေရေးရာ သဘောတရားများကို ပညာရှင်များကသုံးသပ်ရာ၌ ဂရိတို့၏ဥပဒေသည် ရောမတို့၏ ပုဂ္ဂလိကဥပဒေကဲ့သို့ နိုင်ငံတော်သည် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်။ နိုင်ငံသားတို့၏ အခွင့် အရေးများကို ကာကွယ်ရမည်ဆိုသည့် အယူအဆမျိုးဂရိတို့၏ အတွေးအခေါ်၌ မရှိခဲ့ဟုဆိုကြသည်။ ဂရိတို့၏ တရားဥပဒေဆိုင်ရာ အယူအဆများသည် အဆင့်ပေါင်းများစွာကျော်ဖြတ်ခဲ့ရ၏။ ဘုရင်တို့သည် ဘုရားသခင်၏ အလိုတော်အရ အုပ်ချုပ်စိုးမိုးသည်ဟူ၍ အာဏာကိုဖေါ်ထုတ်ခဲ့ကြသည်။ သို့ရာတွင် ဘုရင်စနစ်ကွယ်ပျောက်၍ မူးမတ်များအုပ်စိုးသောခေတ်တွင် မူးမတ်တို့သည်ဘုရင်များကဲ့သို့ ဘုရားသခင်ကပေးအပ်သော အခွင့်အာဏာ ဟူ၍မသုံးစွဲတော့ချေ။ မူးမတ်များသည် ရှေးရိုးစဉ်လာထုံးဓလေ့များကို ချိုးဖေါက်၍အလွဲသုံးစာြးုပလာသည့်အခါ ပြည်သူတို့က တရားဥပဒေပြဌာန်းပေးရန် တောင်းဆိုလာခဲ့ရာမှ ဥပဒေများပေါ်ပေါက်လာခဲ့ရသည်။
သို့သော် ဂရိတို့သည် ဥပဒြေုပအဖွဲ့မှ တမင်ဖန်တီးအပ်သော တရားဥပဒေမျိုးကို မည်သည့်အခါမျှ လက်ခံသူများ မဟုတ်ချေ။ အေသင်မြို့ပြနိုင်ငံတွင် ဒီမိုကရေစီထွန်းကားချိန်၌ပင်လျှင် ဥပဒေ အသစ်တခုပြဌာန်းရေးသည် အလွန်ပင်ခက်ခဲသောလုပ်ငန်းတရပ်ဖြစ်ခဲ့သည်။ နောင်သောအခါကျမှသာလျှင် တရားဥပဒေကို အစုံအလင် ပြဌာန်းရန်လိုအပ်လာကြောင်း သိမြင်လာကြသည်။ ထို့အပြင် ဥပဒေတရပ်ကို လိုလျှင်လိုသလို လူတွေက မပြောင်းလဲဖို့လိုကြောင်း ဂရိတို့သဘောပေါက်လာကြသည်။ တရားဥပဒေကိုအလေးထားလာကြသည်။ တရား စီရင်ရေးကိုလည်း ပိုမိုစနစ်တကျ အသုံြးုပခဲ့ကြသည်။ ဂရိနှင့်ရောမခေတ်တို့၏ ဥပဒေများတွင် ဥပဒေဆိုသည်မှာ နေရာဒေသအသီးသီးရှိ အားလုံးသောယောင်္ကျားနှင့် မိန်းမများအတွက် အချိန်ကာလမရွေး သက်ဆိုင်သည့် ဥပဒေ ဖြစ်ရမည်ဆိုသည့် ယူဆချက်များပေါ်ထွန်းလာခဲ့သည်။ ထိုခေတ်အချိန် အခါကပင်လျှင် တရားဥပဒေ၏ သဘောဘာဝကိုလက်ခံခဲ့ပြီး၊ ဥပဒေအရာ၌ တန်းတူညီမျှရှိစေရမည်ဆိုသည့်အယူအဆများ ပေါ်ထွန်းခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်၊၊

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...