ဥပဒေ စိုးမိုးရေးသည်သာ ပြသာနာအားလုံးအတွက် သော့ချက်ဖြစ် Rule of Law is key for all problem
- ဒေါ်အောင်ဆန်းစုကြည်
by Yangon PressInternational on Monday, November 14, 2011 at 6:03pm
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
တရားဥပဒေစိုးမိုးရေးရှိဖို့ လွတ်လပ်ပြီး သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် ရှိရန်လည်းလိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထိုသို့ လွတ်လပ်ပြီး သန့်ရှင်းသည့် တရားရေးမဏ္ဍိုင်ရှိမှသာ လူအများ စိတ်ချလုံခြုံမှုရှိပြီး နိုင်ငံတိုးတက်မည်ဟုလည်း တရားဥပဒေ စိုးမိုးရေ၊ တရားရေးမဏ္ဍိုင်နှင့် လူအများ စိတ်ချလုံခြုံမှုတို့ ဆက်စပ်ပုံကိုလည်း ရှင်းလင်း ပြောဆိုသည်။
တရားဥပဒေ စိုးမိုးရေး ရှိလာဖို့ အတွက် ပြည်သူများနှင့် နိုင်ငံရေးပါတီများ၏ တာဝန်သည် အစိုးရမှ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စများကိုလုပ်ဖို့ နည်းအမျိုးမျိုးနှင့် တိုက်တွန်းပြောဆိုသွားသင့်ကြောင်းလည်း ၎င်းကထောက်ပြခဲ့သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမှု ရလဒ်သည် အပြောင်းအလဲများကိုဖြစ်စေခဲ့ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲအစပိုင်းတွင် ပြောဆိုသွားသည်။ လက်ရှိပြည်သူများ စိတ်ဝင်စားနေသော နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းနှင့် ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချမည့် ကိစ္စနှင့်ပတ်သတ်၍ ၁၈ ရက်တွင် ဆုံးဖြတ်ချက်ချမည် ဖြစ်သဖြင့် ၎င်းကိစ္စကိုမမေးရန် မီဒီယာများအား ကြိုတင်ပြောခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်သာမက ဒီမိုကရေစီ လိုလားသူများအားလုံး၏ ရည်မှန်းချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခြင်း တစ်နှစ်ပြည့်သည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လည် ၁ နာရီတွင် အန်အယ်လ်ဒီရုံးချုပ်တွင်ပြုလုပ်ခဲ့သည်။
၂၀၀၃ခုနှစ် မေလ ဒီပဲယင်းအရေးအခင်းဖြစ်ပျက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခဲ့ပြီး ၂၀၁၀ နိုဝင်ဘာ ၁၃ရက်နေ့တွင် နေအိမ် အကျယ်ချူပ်မှ လွတ်မြောက်ခဲ့သည်။ ၂၀၀၃ မှ ၂၀၁၀ ခုနှစ်အတွင်း စုစုပေါင်း ခုနှစ်နှစ်ခွဲကြာ နေအိမ်အကျယ်ချူပ်နှင့် အင်းစိန် အကျဉ်းထောင် တို့တွင်ထိန်းသိမ်း ထားခြင်းခံခဲ့ရသည်။
ပြီး//
0 comments:
Post a Comment