The rule of law and not of men
by Kyaw Aye on Saturday, November 12, 2011 at 11:30am
Rule by Law (ဥပဒေဖြင့်အုပ်စိုးခြင်း) ၊Rule of Law (တရားဥပဒေစိုးမိုးမှု)
by နဒီ ဧရာ on Saturday, November 12, 2011 at 1:00pm
Rule by Law(ဥပဒေဖြင့်အုပ်စိုးခြင်း)
ဥပဒေဖြင့်အုပ်စိုးခြင်းသည် တရားဥပဒေစိုးမိုးမှု(rule of law)နှင့်မတူချေ။တရားဥပဒေကို စိုးမိုးရေးလက်နက်အဖြစ်အသုံးချ၍
အုပ်ချုပ်ခြင်းကို ဆိုလိုသည်။rule of law တွင် တရားဥပဒေ၏အထက်၌ မည်သူမှမရှိချေ။ rule by law မှာမူ ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေး
အကြောင်းများအားဖြင့် ဥပဒေများတစ်ခုပြီးတစ်ခု ထုတ်ပြန်ကာ အုပ်ချုပ်ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံတွင် မင်းမဲ့စရိုက်များဖြစ်ပေါ်လာချိန်မျိုး၌ rule by law ကိုအသုံးပြုသည်။
Rule of Law (တရားဥပဒေစိုးမိုးမှု)
နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေသည်အမြင့်ဆုံး။တရားဥပဒေအထက်နဲ့ မည်သူမျှမရှိစေရ( supremacy of law) ဟူသောစကားအတိုင်း အမှန်တကယ်ကျင့်သုံးနေသည်ဟု ဆိုလျှင် rule of law ဟုခေါ်သည်။ တရားဥပဒေစိုးမိုးမှု၏ အနှစ်သာရကို ဖရိုက်ဒရစ်ဟေယက် (Frieddrich Hayek) က သူ၏ “The Constitution of Liberty ” (1961) တွင် ရှင်းလင်းဖွင့်ဆိုထားရာအဓိကအားဖြင့် တရားဥပဒေသည် ကျောသား ရင်သားမခွဲချရ၊ လူတိုင်းသည် ဥပဒေပါအခွင့်အရေးများကို တန်းတူခံစားခွင့်ရှိသည်။ ထို့အတူ ဥပဒေချိုး ဖေါက်လျှင်လည်းမည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းဖြစ်၍ ချွင်းချက်ဖြင့် ကင်းလွတ်ခွင့်ရှိသည်ဟု မဖြစ်စေရဟူ၍ ဖော်ပြပါရှိသည်။ လူ့အဖွဲ့အစည်းတိုင်းတွင် rule of law ထွန်းကားစေရန် လိုလားအပ်သည်။ ယင်းသို့ တရားဥပဒေစိုးမိုးမှု ထွန်းကားစေရန် အရေးကြီးသော လိုအပ်ချက်နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ဥပဒေများသည် သာမာန်လူများ နားလည်အောင် ရှင်းလင်းလွယ်ကူ (transparent)ရမည်။ မည်သည့်ဥပဒေ များကိုတားမြစ်ထားသည်၊ မည်သည့်ဥပဒေကိုချိုးဖောက်လျှင် မည်သို့သော ပြစ်ဒဏ်ကို ခံရမည်စသည် တို့ကို အရွယ်ရောက်ပြီးသော နိုင်ငံသားတိုင်း သိစေရမည်။ ဒုတိယအချက်မှာ ဥပဒေများသည် နည်းနိုင် သမျှနည်းပါးစေရမည်။ နိုင်ငံသားနှင့်ဥပဒေကြပ်မတ်ရသူများ နှစ်ဖက်စလုံးသည် ပြဌာန်းထားသော ဥပဒေများကို လွယ်လင့်တကူ သတိရနေရမည်။ပြည်သူများသည် ထိန်းချုပ်မှုမျာနှင့် တားမြစ်မှုများ အလွန်နည်းပါးစွာဖြင့် လွတ်လပ်နိုင်သမျှလွတ်လပ်စွာ ကြီးပြင်းလာနိုင်ရမည်ဟူ၍ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်“တရားဥပဒေ၏ အုပ်စိုးမှုဖြစ်ရမည်၊ လူများ၏အုပ်စိုးမှုမဖြစ်စေရ” (the rule of law and not of men) ဟူသောစာပိုဒ်ကိုအထူးပြု ဖော်
ပြထားသည်။
အမှတ် (၂၃၆) နိုဝင်ဘာ ၂၀၁၁ ထုတ် အတွေးအမြင် မဂ္ဂဇင်းပါ ဆရာမောင်ဝံသ ၏ဆောင်းပါးမှကောက်နုတ်ဖော်ပြပါသည်။

0 comments:
Post a Comment