Tuesday, November 22, 2011

ဒီမို ၁၀ ပါတီက NLD ၏ မှတ်ပုံပြန်တင်မည့် အဆုံးအဖြတ် ကြိုဆို

by Yangon PressInternational on Tuesday, November 22, 2011 at 10:46pm
နိုဝင်ဘာ ၂၂၊ ၂၀၁၁၊ (YPI)

ပြန်လည် မှတ်ပုံမတင်ရသေးသည့် ၉၀ ရွေးကောက်ပွဲဝင်ပါတီ အပါအ၀င် မည်သည့်ပါတီမဆို တရားဝင်မှတ်ပုံတင်ပြီး ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက  လက်ကမ်း ကြိုဆိုသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် ဒီမိုဆယ်ပါတီက  ယနေ့ကြေငြာချက် ထုတ်ပြန်လိုက်သည်။

“၁၉၉၀ ရွေးကောက်ပွဲဝင်ပါတီမှ မဟုတ်ပါဘူး အခြားဘယ်ပါတီမဆို  တရားဝင်မှတ်ပုံတင်ပြီး ဒီမိုကရေစီအရေးအတွက်ပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးအတွက်ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ရင် ကျွှန်တော်တို့က လက်ကမ်းကြိုဆိုမှာပါ”ဟု ဒီမိုဆယ်ပါတီတွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF ) မှဒေါက်တာသန်းငြိမ်းက YPI သို့ပြောသည်။


ယနေ့ထုတ်သည့် ကြေငြာချက်သည် NLD ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ချက်ချသည့်အပေါ် ဒီမိုပါတီမှ တုံ့ပြန်လိုက်သည့် ကြေငြာချက်ဖြစ်ပြီး ယင်းကြေငြာချက်ထဲတွင် အချက်နှစ်ချက် ပါဝင်သည်။
NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း (Photo www.myanmarinterest.blogspot.com)

ပထမအချက်မှာ  NLD တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည် ဖြစ်သည့်အတွက်ဒီမိုဆယ်ပါတီမှ ၀မ်းမြောက်ကြောင်းနှင့် ဒုတိယ ထုတ်ပြန်ချက်မှာအထက်ပါ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ပါတီ အပါအ၀င် မှတ်ပုံတင်သည့် မည်သည့်ပါတီမဆို ကြိုဆို လက်ကမ်းမည် ဆိုသည့်အချက်ဖြစ်သည်။

NLD မှတ်ပုံတင်ရန်နှင့်ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ၁၉၉၀ ရွေးကောက်ပွဲတွင်အမတ် ၅ နေရာ အနိုင်ရရှိခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် လာမည့် ဒီဇင်ဘာတွင် တရားဝင် မှတ်ပုံတင် မတင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ ယာယီဥက္ကဋ္ဌ နိုင်ငွေသိမ်းက YPI သို့ ယမန်နေ့က ပြောကြားခဲ့သည်။

ယနေ့ကျင်းပသည့်ဒီမိုပါတီ ဆယ်ပါတီ အစည်းအဝေးကို  NDF ရုံးခန်းတွင်ပြုလုပ်ပြီးနောက် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယနေ့ အစည်းအဝေး မတက်ရောက်နိုင်သည့် ရှမ်း ပါတီနှင့် ချင်းပါတီတို့ကို ဖုန်းဖြင့် ဆက်သွယ် ထောက်ခံချက် ရယူ ခဲ့ကြောင်း  ဒေါက်တာသန်းငြိမ်းကပြောသည်။
ဒီမိုဆယ်ပါတီသည် ယခုလို ကြေငြာချက်များ မကြာခဏထုတ်ပြန်လေ့ရှိကာ ပြီးခဲ့သည့်မြစ်ဆုံ စီမံကိန်းကိစ္စတွင်လည်း ကြေငြာချက် ထုတ်ပြန်ခဲ့သေးသည်။

ဒီမိုဆယ်ပါတီခေါ် ရွေးကောက်ပွဲဝင် ဒီမိုကရေစီမိတ်ဆွေများ ၁၀ ပါတီတွင် အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) နှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင်ပါတီများပါဝင်သည်။          ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...