[mrsorcerer:13396] ကမ္ဘာ့ အသန်မာဆုံးဖခင်
ကျွန်တော် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်..ကလေးတွေကို
သူတို့အမှားလုပ်မိရင် ပြင်ဖို့ အခွင့်အရေးတစ်ခါ ထပ်ပေးတယ်..သူတို့
ဖုန်းဘေလ်တွေဆောင်ဖို့
ညဘက်အလုပ် ပိုလုပ်ခဲ့တယ်.. သူတို့သွားချင်တဲ့ ပွဲလမ်းသဘင်တွေကို
လိုက်ပို့ပေးခဲ့တယ်..
ဒါပေမယ့် ဒစ်ခ်ဟို့နဲ့ ယှဉ်မိရင် ကျွန်တော့်ကိုယ် ကျွန်တော်ရှက်မိပါတယ်..
သူ့ရဲ့ မသန်စွမ်းတဲ့သားလေး ရစ်ခ်ကို ၂၆.၂မိုင် ရှိတဲ့
မာရသွန်ပြိုင်ပွဲမှာ ၈၅ ကြိမ်အထိ တွန်းခဲ့တဲ့သူပါ..
ဒီလိုသူ့သားကို ဘီးတပ်ကုလားထိုင်နဲ့ တွန်းရုံတင်မကပါဘူး..
၂.၄မိုင်ခရီးကို ရေကူးရင်းနဲ့
ရော်ဘာလှေလေးပေါ် တင်ပြီး ကြိုးနဲ့ဆွဲပါတယ်..ပြီးတော့ စက်ဘီးလက်ကိုင်မှာ
လုပ်ထားတဲ့ခုံပေါ်ကို တင်ပြီး
၁၁၂ မိုင်ခရီးကို နင်းပါသေးတယ်..ဒါတွေအားလုံးက တစ်နေ့တည်းမှာ လုပ်ရတာတွေပါ..
ဒစ်ဟာသူ့သားကို ဆွဲပြီး ရေခဲပြင်လျှောစီးပါတယ်.. ကျောမှာပိုးပြီး တောင်တက်ပါတယ်..
တစ်ကြိမ်တော့ သူ့သားကိုတင်ပြီး အမေရိကန် နိုင်ငံကို စက်ဘီးနဲ့လှည့်လည်ပါတယ်..
ကိုယ့်သားကို ဘိုးလင်းချည်းပဲ ကစားခိုင်းနေလို့ကတော့ ဒီလို
စိတ်ဓာတ်တက်ကြွမှုမျိုးဘယ်ရပါ့
ဒါဆို ရစ်ခ် ကရော သူ့အဖေအတွက် ဘာပြန်လုပ်ပေးခဲ့လို့လဲ..မများ
သူ့အသက်ကိုကယ်ခဲ့ရုံပါပဲ..
ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ ၄၃ နှစ်က ရစ်ခ်ကို
ဝင်ချက်စတာမှာမွေးတဲ့အချိန်က စခဲ့ပါတယ်..
သူ့ကိုမွေးတဲ့အချိန်မှာ ချက်ကြိုးနဲ့ ရစ်ပတ်နေခဲ့တာမို့ ဦးနှောက်ကို
ထိခိုက်မိသွားပါတယ်..
ဥာဏ်ရည်မမှီတဲ့အပြင် သူ့ရဲ့ခြေလက်တွေကိုလဲ မလှုပ်ရှားနိုင်တော့ပါဘူး..
သူ့ဘ၀တစ်လျှောက်လုံး ဒုက္ခိတဘ၀နဲ့ (ကျပ်မပြည့်ပဲ) နေသွားရမှာပါ..
သူ့ကိုအဲလိုလူမျိုးတွေကို စောင့်ရှောက်တဲ့ ဂေဟာကို ပို့ထားလိုက်ပါလို့..
ဆရာဝန်ကသူ့ကိုပြောပါတယ်..
ဒါပေမယ့် သူတို့အဲလိုမလုပ်ခဲ့ပါဘူး.. ရစ်ခ်ရဲ့မျက်လုံးလေးတွေက သူတို့ကို
လိုက်ကြည့်တတ်နေတာကို
သူတို့သတိပြုမိပါတယ်..
ရစ်ခ်အသက် ၁၁နှစ်အရွယ်မှာ သူ့ကို တပ်ဖ် ယူနီဗာစတီရဲ့ အင်ဂျင်နီယာဌာနကို
ခေါ်သွားခဲ့ပါတယ်..
သူပြင်ပလောကနဲ့ဆက်သွယ် ပြောဆိုနိုင်ဖို့ တစ်ခုခုများလုပ်လို့ ရမလားလို့
သူတို့မေးမြန်းခဲ့ပါတယ်..
“မဖြစ်နိုင်ပါဘူး.. သူ့ဦးနှောက်ထဲမှာဘာမှမရှိဘူး”
လို့ပြောတာခံရပါတယ်..ဒီတော့ ဒစ်ခ်က
သူ့ကိုဟာသပြောကြည့်စမ်းပါ လို့ပြောလိုက်တယ်.. သူတို့ဟာသတွေပြောတော့ ကလေးက
ရယ်ပါတယ်.. သူ့ဦးနှောက်ထဲမှာ အသုံးချလို့ရတာတွေရှိတာ ပေါ်လာပါတယ်..
သူ့ခေါင်းဘေးမှာ ရှိတဲ့ခလုတ်တစ်ခုကို ထိခြင်းအားဖြင့် ကွန်ပြူတာပေါ်က ကာဆာ
ကိုထိန်းချုပ်နိုင်တဲ့
ကိရိယာကို တပ်ဆင်ပြီးတော့နောက်ဆုံးမှာ သူ လောကနဲ့ဆက်သွယ်လို့ရပါပြီ..
သူပထမဆုံးပြောလိုက်တဲ့စကားက ရေခဲပြင်ဟော်ကီ အသင်းကို အားပေးလိုက်တဲ့အသံပါ..
(အဲဒီကိရိယာကို အသုံးပြုပြီးတော့ သူကျောင်းတက်ခွင့်ရသွားပါတယ်)
နောက်ပိုင်း သူ့အတန်းထဲက သူငယ်ချင်းတစ်ယောက် မတော်တဆမှုတစ်ခုဖြစ်ပြီး
ကိုယ်အောက်ပိုင်းသေသွားတဲ့အချိ
အပြေးပြိုင်ပွဲတစ်ခုလုပ်ပါတယ်.. ရစ်ခ် ရဲ့ဆန္ဒတွေပွင့်ထွက်လာပါတယ်..
“ဖေဖေ..ကျွန်တော်လည်း ၀င်ပြေးချင်တယ်”တဲ့..
ဒစ်ခ် ကိုလည်းကြည့်ပါဦး.. ကိုယ့်ကိုကိုယ် (၀က်) လို့နာမည်ပေးထားတဲ့သူ့ခမျာမှာ
တစ်ခါမှတစ်မိုင်ထက်ပိုမပြေးဖူး
သူကတော့ကြိုးစားခဲ့ပါတယ်.. “နောက်တော့ မသန်စွမ်းတာကျွန်တော်ဖြစ်သွား
နှစ်ပတ်လောက် ကိုယ်တွေအရမ်းနာနေခဲ့တယ်” လို့ဒစ်ခ် ကပြောပါတယ်..
အဲဒီနေ့ကတော့ရစ်ခ်ရဲ့ ဘ၀ကိုပြောင်းပေးတဲ့နေ့ပါပဲ..
“ကျွန်တော်တို့ပြေးနေတဲ့အချိန်
ကိုယ့်ကိုကိုယ် မသန်စွမ်းသူလို့မခံစားရတော့ဘူးေ
အဲဒီစာကြောင်းလေးက ဒစ်ခ်ရဲ့ဘ၀ကိုပြောင်းလဲလိုက်ပါ
မကြာခဏပေးနိုင်ဖို့ပဲ သူအမြဲတွေးနေပါတယ်.. သူဟာလဲ ကြွက်သားတွေနဲ့ ကြည့်ကောင်းတဲ့
ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာပြီး သားအဖနှစ်ယောက်ဟာ ၁၉၇၉ ခုနှစ်
ဘော့စတွန်မာရသွန်ပြိုင်ပွဲ
ဝင်ဖို့ အဆင်သင့်ဖြစ်နေကြပါတယ်..
ဒါပေမယ့် ပြိုင်ပွဲကြီးကြပ်သူက သူတို့ကို ဘယ်လိုမှလက်မခံနိုင်ပါဘူးတဲ့..
သူတို့က တစ်ယောက်ချင်းအပြေးသမား မဟုတ်သလို.. ၀ှီးလ်ချဲနဲ့ယှဉ်ပြိုင်မယ့်
သူလဲမဟုတ်ဘူးလေ..
အဖေက သားကိုတွန်းပြီးပြိုင်ပွဲဝင်ရမှ
နှစ်အတန်ကြာသူတို့ပြေးနေခဲ့ေ
တရားဝင်ပြိုင်ပွဲဝင်ခွင့်ရခဲ့ပါ
ကောင်းကောင်းပြေးနိုင်ခဲ့လို့ ဘော့စတွန်ပြိုင်ပွဲဝင်ဖို့ အရည်အချင်းမီခဲ့ပါတယ်..
နောက်တော့တစ်ယောက်ကပြောတယ် “ဟေး..ဒစ်ခ်..triathlon (ရေကူး၊ စက်ဘီးစီးနှင့်
ပြေးခြင်းတို့အား မနားပဲယှဉ်ပြိုင်ရသောပြိုင်ပွဲ) ၀င်ပြိုင်ပါလား” တဲ့..
တစ်ခါမှ ရေကူးမသင်ဖူးတဲ့..စက်ဘီးလဲမစီး
ရှိတဲ့သူ့သားကို ပြိုင်ပွဲမှာဘယ်လိုဆွဲမှာလဲ.. ဒစ်ခ်ကတော့ကြိုးစားခဲ့ပါတယ်..
ခုဆိုရင် ဟာဝိုင်အီမှာကျင်းပတဲ့ ironman triathlon လေးပွဲအပါအ၀င်
သူတို့ပြိုင်ပွဲဝင်ခဲ့တာ ၂၁၂ ပွဲရှိပါပြီ..
ဒစ်ခ်ကို ကိုယ့်အတွက်တော့ ဘာမှမလုပ်တော့ဘူးလားမေးတဲ့အခါ မလိုပါဘူးတဲ့..
ဒီလိုသူလုပ်ပေးတာဟာ သူတို့အတူပြေးနေစဉ် ရေးကူးနေစဉ်နဲ့ စက်ဘီးစီးနေစဉ်မှာ ရစ်ခ်ရဲ့
ရှားရှားပါးပါးအပြုံးကို မြင်တဲ့အခါမှာ ခံစားရတဲ့ပီတိကြောင့်ပါတဲ့..
အသက်၆၅နဲ့၄၃ နှစ် အသီးသီးရှိကြပြီဖြစ်တဲ့ သားအဖနှစ်ဦးဟာ
ဒီနှစ်မှာတော့ ဘော့စတွန်မာရသွန်မှာ ပြိုင်ပွဲဝင်သူ ၂၀၀၀၀ ကျော်ထဲက
၅၀၈၃ယောက်မြောက် နေရာကိုရခဲ့ပါတယ်.. သူတို့ဘ၀ရဲ့အကောင်းဆုံးအချိန်ေ
၁၉၉၂ ခုနှစ်မှာ ၂နာရီ မိနစ်လေးဆယ်မှာ ပန်းဝင်ခဲ့တယ်..ကမ္ဘာ့စံချိန်ထက်
၃၅မိနစ်ပဲနောက်ကျတာပါ..
ရစ်ခ်က “ကျွန်တော့်အဖေဟာ ရာစုနှစ်မှာ အကောင်းဆုံးဖခင်ဆိုတာ
မေးနေစရာတောင်မလိုပါဘူး” တဲ့..
ဒစ်ခ်အတွက်လဲ သူလုပ်ပေးခဲ့သမျှအတွက် အကျိုးတစ်ခုတော့ရပါတယ်..
လွန်ခဲ့တဲ့နှစ်နှစ်က ပြိုင်ပွဲတစ်ခုမှာ သူ ဟာ့တ်အတက်ခ် ရပါတယ်..
ဆရာဝန်တွေစစ်ဆေးကြည့်တော့
သူ့နှလုံးသွေးလွှတ်ကြောတွေထဲက တစ်ခုက ၉၅% ပိတ်နေတာတွေ့ရပါတယ်..
“ခင်ဗျား ဒီလိုသာ ပြင်းထန်တဲ့အားကစားတွေ မလုပ်ခဲ့ဘူးဆိုရင် လွန်ခဲ့တဲ့
၁၅နှစ် လောက်ကစပြီး
အသက်ရှင်မှာမဟုတ်တော့ဘူး” လို့ဆရာဝန်ကပြောပါတယ်..
ဘယ်လိုပဲဖြစ်ဖြစ် ဒစ်ခ်နဲ့ ရစ်ခ် ကတော့ တစ်ယောက်ဘ၀ကို တစ်ယောက်
အပြန်အလှန်ကယ်တင်ခဲ့ကြပါတယ်.. ခုဆိုရင် ရစ်ခ်က ဘော့စတွန်တက္ကသိုလ်က
ဘွဲ့ရပြီး ဘော့စတွန်ကောလိပ်မှာ မသန်စွမ်းသူတွေအတွက် အလုပ်လုပ်ပေးနေသလို
ဒစ်ကလဲ လေတပ်က အငြိမ်းစားယူထားပါတယ်.. နိုင်ငံအနှံ့ ဟောပြောပွဲတွေသူတို့
အတူပြောကြတယ်..
တချို့ပြိုင်ပွဲတွေမှာလည်း ၀င်ပြိုင်ကြပါတယ်.. လာမယ့်အဖေများနေ့မှာ ရောပဲပေါ့ ..
အဲဒီနေ့မှာတော့ ရစ်ခ်က သူ့အဖေအတွက် ညစာဝယ်ကျွေးပါတယ်.. ဒါပေမယ့် သူ့အဖေကို
တကယ်ပေးချင်တဲ့လက်ဆောင်က သူဘယ်တော့မှ ၀ယ်လို့မရတဲ့အရာပါ.. “ကျွန်တော့်ဘ၀မှာ
အဖြစ်ချင်ဆုံးဆန္ဒက ကျွန်တော့်အဖေကို ထိုင်ခုံမှာထိုင်ခိုင်းပြီး
တစ်ကြိမ်လောက်တွန်းပေးချင်တာပါ” တဲ့..
သူတို့သားအဖရဲ့ လေးမိနစ်စာ မှတ်တမ်းလေးကိုလည်း ကြည့်ကြည့်ပါဦး..
http://www.
Ref: http://www.weboflove.org//
ကိုတင့်
0 comments:
Post a Comment